♥♥ရွက်ကြွေတော မှ ချစ်သက်သေ♥♥

ရော်ရွက်တွေလည်း ဆုံဆည်းခဲ့တဲ့
ဇာတ်လမ်းအစမှာလေ…..
ငှက်ငယ်လေးတွေလည်းလေ
သံသာသံချို ညည်းကာဆိုလို့
ချစ်ခွန်းဖွဲ့သီကျူးလို့နေ………
ကို …တို့နဲ့ချစ်ခြင်းပြိုင်ကာနေ။
အကြင်နာဟူသမျှ
အတူတူ မျှခံစားဝေ
တစ်ယောက်လက်တစ်ယောက်တွဲကာ
ပျော်မဆုံးခဲ့ပေ………
အသက်နှင့်ထပ်တူညီတူ
ပမာယူကာ
ချစ်ခဲ့ပေမယ့်……..
ကို….က ရော်ရွက် ဘဝ ပါ
ဒါကို……
ငှက်ငယ်လေးတွေ သိပါတယ်
ဒါကိုတော့ဖြင့်……
ကို့…ရဲ့ ချစ်သူ သိပါစေ…
တောင်းဆုချွေသော်လည်း
ကို့……ရင်ထဲမှာ
အလွမ်းမျက်ရည်တွေ
ဝန်းရံလို့နေပြီလေ………
တစ်သက်လုံး အတွက် ချစ်နေမယ့်
ကို

17 comments

  • မမ အညာသူ

    June 21, 2012 at 2:37 pm

    အရင့်ရောင်ရဲ့အချစ်တွေကို
    ရော်ရွတ်ဝါလေးတွေကတဆင့်
    ပြောပြပေးနေမှာပါ…….

    • အရင့်ရောင်

      June 21, 2012 at 2:39 pm

      ကျေးငှက်ကလေးတွေကလည်း
      သံသာသံချို ညည်းကာ
      အရင့်ရောင်ရဲ့ချစ်သူသိအောင်
      ဟြေပြမယ်လို့ ထင်ပါတယ်

  • မောင်ပေ

    June 21, 2012 at 2:40 pm

    အားပါး ဖတ်ရင်းနဲ့တင် မျက်ရည်တွေလည်သွားသလိုပါလား

    • အရင့်ရောင်

      June 21, 2012 at 2:55 pm

      စေ့စေ့တွေ ရေးရေးတော့ပေါ်လာမှာပါနော်
      အလွမ်း……….အလွမ်း
      အလွမ်း အရသာ ကို
      အရင့်ရောင် ကတော့ ချိုမြိန်တယ်ထင်နေမိတယ်
      အဟိ

  • mamanoyar

    June 21, 2012 at 2:47 pm

    ဒါကို ငှက်ကလေးတွေသိသလို
    ငါလဲသိပါတယ်

    • အရင့်ရောင်

      June 21, 2012 at 2:58 pm

      ရော်ရွက်ဝါလေးလို
      ကျေးငှက်ငယ်လေးတွေ
      သိနေတာပဲလားနော်
      ဟီးးးးးးးး

  • myanmarcitizen

    June 21, 2012 at 2:48 pm

    ဟိဟိ ကို တဲ့။ ဘူလဲမသိဘူး။ အဲ့သီချင်းကိုကျွန်တော်လဲကြိုက်တယ်။

  • စိန်ဗိုက်ဗိုက်

    June 21, 2012 at 2:52 pm

    ငှက်ကလေးတွေ အပြင် ကျုပ်လဲ သိသွားပါပြီ..
    ချစ်သက်သေလိုရင်ခေါ်ပါနော်..

    • အရင့်ရောင်

      June 21, 2012 at 2:57 pm

      ဟုတ်ကဲ့
      လိုအပ်ရင်ပေါ့ဗျာ…………
      ရုံတော်ကို တက်ခွင့်ပြုပါ့မယ်နော်………
      နောက်ထှာနော်
      ခင်တဲ့
      အရင့်ရောင်

  • shwe kyi

    June 21, 2012 at 3:15 pm

    ကိုအရင့်ရေဆုတောင်းတိုင်းသာပြည့်စေချင်တော့တာပါပဲ။
    ခင်တဲ့
    ဂျူနီယာရွှေကြည်

  • manawphyulay

    June 21, 2012 at 3:24 pm

    ဟေး ဒုကို ကျောတာလဲဆိုတာ နာတိတယ်နော်…

    ကဲ ကိုယ်တဲ့ ခေါင်းမပါဘူးနော်… 😛

    • အရင့်ရောင်

      June 21, 2012 at 3:28 pm

      မမ မနောရေ…………..
      တကယ်လွမ်းတယ်ဗျာ………..
      သူ့ကိုဟြေပေးနော်
      အရင့်ရောင် တအားလွမ်းနေပါတယ်လို့နော်…….မမမနော

  • king zawgyi

    June 21, 2012 at 3:59 pm

    အကိုလွမ်းချက်က ၉ လောက်ရှိတယ်ဗျာ
    ကျွန်တော်တောင်လွမ်းချင်လာပြီ.
    ဘယ်သူ လွမ်းရမှန်းမသိတာခက်တယ်…

    ရွာထဲက အပျိုကြီးတွေ အကုန်လွမ်းတယ်ဗျာ. (ကိုယ်ပိုင်အလွမ်စတိုင်) 🙂

    ဗီဒီယိုရုံက ဦးတုတ်ကြီးလည်းလွမ်းတယ်
    မယ်တင်ငါလည်း နင့်ကိုလွမ်းပါရဲ့.. (ဟန်ထူးလွင်သီချင်းခဏဌားပြီးလွမ်းတဲ့စတိုင်) 🙂

    • အရင့်ရောင်

      June 21, 2012 at 4:06 pm

      ဦးတုတ်ကြီး တောင်အလွတ်မပေးတဲ့ သူပဲနော်
      အာဟိ

  • ရှင်းသန့် နွယ်

    June 21, 2012 at 4:53 pm

    ကောင်းပါတယ်
    အလွမ်းဓါတ်အခံရှိတဲ့သူဆို
    မျက်ရည်ကျနိုင်တယ်…….
    ဆက်လက်အားပေးပါတယ်….

  • snow white

    July 9, 2012 at 3:06 pm

    မျက်ရည်မိုးတွေကျအောင် တို့အကိုကိုဘယ်သူလုပ်တာလည်းပြော ….

Leave a Reply