ဆရာသမားတွေ ပြောပြလို့ ပြန်လည်မျှဝေ ပေးကြည့်တာပါ ..
သိပ်တော့ ကောင်းကောင်း မမှတ်မိတော့ဘူး..ဒါပေမဲ့ ဆိုလိုရင်း
ကို ရောက်အောင်တော့ ကြိုးစားပြီးရေးပါ့မယ်…

(၁) တခါက အလွန်ဆင်းရဲ့ တဲ့ သားအဖ နှစ်ဦးသည် ငါသားရေ ငါတို့က အရင်ဘ၀တုံးက ဘာများလုပ်ခဲ့ မိလဲ မသိဘူး..အခုဘ၀မှာ
ငါတို့ရဲ့ ဘ၀ကိုကြည့်ပါလား သူများလိုကောင်းကောင်းလည်းမစားရ၊ မ၀တ်ရ၊ ကောင်းကောင်းလည်း မနေရ စသည်ဖြင့် နေ့စဉ် ငြီးတွားလေ၏…

– နောက်ကြည့်ပါလားသား သူများတွေက သွားလေရာ ကားတွေနဲ့ ဆိုင်ကယ်တွေနဲ့ ငါတို့ကတော့ သူတို့လို မစီးနိုင်ပါလား ဆိုပြီး
ထပ်ပြီး ငြီးတွားပြန်လေ၏..

– ထိုအခါ မကြာခင် တိုက်တိုက် ဆိုင်ဆိုင် ထိုးထားတဲ့ ထီလေးပေါက်လို့ သူတို့လိုချင်သောဆိုင်ကယ်လေး လည်း ၀ယ်စီးနိုင်သွားတယ်..
ထိုအခါ ဖခင်က အေးသား .ငါတို့ အရင်ဘ၀က ကောင်းမှု
လေးလည်းရှိခဲ့လို အခုလို ထီပေါက်တာ..ငါတို ကံတော့ အကျိုးပေးချိန်တန် ပြီထင်တယ်သား..ဆိုပြီး ပြောသတဲ့..

ဒီလိုနဲ့ တနေ့ကျတော့ သူသား ဆိုင်ကယ်စီးပြီး accident တခုဖြစ်သွားတယ်…သူ့သားလေးလည်း ခြေ
ထောက် ကျိုးသွားတယ်တဲ့..ထိုအခါ သူ့ဖခင်က ..အေး…
သားရေ အရင်ဘ၀က ၀ဋ်ကြွေးတွေရှိနေသေး လို့ပေါ့သား..ဒို့
ခံရဦးမှာပေါ့သား ရယ်…လို့ပြန်ပြောသတဲ့…

ထိုနောက် မရှေးမနှောင်းဆိုသလို နိုင်ငံကလည်း မအေးချမ်းတော့ အမျိုးသားတွေ စစ်မှု မထမ်းမနေရ ဆိုပြီး အရွှယ်မှန်တဲ့ အမျိုးသားတွေကို စာရင်းကောက်ပြီး
စစ်မှုထမ်းရန် ခေါ်သတဲ့..

– ထိုအခါ ဖခင်ဖြစ်သူက သူ့ သားခြေထောက်ကျိုး သဖြင့် စစ်မှု
ထမ်းရန် စာရင်းသွင်း ခြင်းမခံရတော့ပါ..အေး..သားရယ် မင်း
ခြေထောက် ကျိုးတာ ကံကောင်းတယ်..အခု မင်းစစ်မှု မထမ်းရတော့ဘူး..ဒါကြောင့် အရင်ဘ၀က ကောင်းတဲ့ ကံကိုလုပ်ခဲ့ လို့အခုလို စစ်မှုမထမ်းရတာ
လို့ပြန်ပြော သတဲ့…

ပြောချင်တာ..

ကနေ့ ဒို့ တတွေလက်ခံ နေကြတဲ့ ကံဆိုတာ အဲဒီသား အဖလိုမျိုး
ကံကောင်းလိုက် ကံဆိုးလိုက် အဲလိုမျိုးများ ဖြစ်နေမလား?
နေရာ တကာလည်း ကံ ကံ ဆိုပြီး တော်တော် ကြတယ်..
ပြီးတော့ ကံကို သေသေချာချာ မေးရင် ဘယ်သူမှ သိပ်မသိကြပါ
ဘူး..သူများတွေ ပြောလို့သာ ကိုယ်က လိုက်ပြောနေကြတာ..
ဘာတခု မှ ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်..
ကပြား အမြင်နဲ့သာ ဘ၀ကို ရေလိုက် ငါးလိုက်နေကြတယ်…
ကိုယ်ပိုင် အမြင်ဆိုတာ ဘ၀မှာ ရှိဖို့ လိုပါတယ်…
သို့မဟုတ်ရင် တော့ကျွန်ဘ၀က လွတ်မြောက် နိုင်ကြမှာ မဟုတ်ဘူး..

ဘုရားဟာ ကျွန်တော်တို့ကို အရှင်သခင်ဖြစ်အောင် လမ်းညွှန်းပေးတာ..
သခင်စိတ်ဖြစ်အောင် မွေးပေးတာပါ.. မင်းတို့လုပ်သမျှ ကံ မင်းတို့ခံ
လို့မပြောပါဘူး..ကံကို မြင်တတ်ကြည့်တတ်အောင် သင်ပေးတဲ့ ပညာ
ရပ်ပါ..အဲဒီကံကိုသာ မြင် အောင်ကြည့်တတ် လို့ကတော့ဗျာ ..
အန်မတန်မှတန်ဖိုးရှိတဲ့ ဥတ္တရိမနုဿ ဆိုတဲ့ လူ့ အဖြစ်ကို ပြန်ရပြီ…

သူများပါးစပ်က လမ်းဆုံးတဲ့ အလုပ်မျိုးကို မလုပ်ကြတော့ဘဲ..
ကိုယ်ပိုင် ဥာဏ်ဖြင့် မိမိ၏ ကံဆိုး ကံမှား ကံပျက်တွေကို မြင်
အောင်ကြည့်နိုင်ရင် .. မိမိ၏ ကံကြမ္မာကို မိမိ ကြိုက်သလို စီမံဖန်တီး နိုင်ပါကြောင်း…

About Ko out of...

Ko out of... has written 91 post in this Website..