ကံဆိုး၊ ကံကာင်း ဆိုတာ ဒီလိုလား?…

Ko out of...June 21, 20121min1104

ဆရာသမားတွေ ပြောပြလို့ ပြန်လည်မျှဝေ ပေးကြည့်တာပါ ..
သိပ်တော့ ကောင်းကောင်း မမှတ်မိတော့ဘူး..ဒါပေမဲ့ ဆိုလိုရင်း
ကို ရောက်အောင်တော့ ကြိုးစားပြီးရေးပါ့မယ်…

(၁) တခါက အလွန်ဆင်းရဲ့ တဲ့ သားအဖ နှစ်ဦးသည် ငါသားရေ ငါတို့က အရင်ဘဝတုံးက ဘာများလုပ်ခဲ့ မိလဲ မသိဘူး..အခုဘဝမှာ
ငါတို့ရဲ့ ဘဝကိုကြည့်ပါလား သူများလိုကောင်းကောင်းလည်းမစားရ၊ မဝတ်ရ၊ ကောင်းကောင်းလည်း မနေရ စသည်ဖြင့် နေ့စဉ် ငြီးတွားလေ၏…

– နောက်ကြည့်ပါလားသား သူများတွေက သွားလေရာ ကားတွေနဲ့ ဆိုင်ကယ်တွေနဲ့ ငါတို့ကတော့ သူတို့လို မစီးနိုင်ပါလား ဆိုပြီး
ထပ်ပြီး ငြီးတွားပြန်လေ၏..

– ထိုအခါ မကြာခင် တိုက်တိုက် ဆိုင်ဆိုင် ထိုးထားတဲ့ ထီလေးပေါက်လို့ သူတို့လိုချင်သောဆိုင်ကယ်လေး လည်း ဝယ်စီးနိုင်သွားတယ်..
ထိုအခါ ဖခင်က အေးသား .ငါတို့ အရင်ဘဝက ကောင်းမှု
လေးလည်းရှိခဲ့လို အခုလို ထီပေါက်တာ..ငါတို ကံတော့ အကျိုးပေးချိန်တန် ပြီထင်တယ်သား..ဆိုပြီး ပြောသတဲ့..

ဒီလိုနဲ့ တနေ့ကျတော့ သူသား ဆိုင်ကယ်စီးပြီး accident တခုဖြစ်သွားတယ်…သူ့သားလေးလည်း ခြေ
ထောက် ကျိုးသွားတယ်တဲ့..ထိုအခါ သူ့ဖခင်က ..အေး…
သားရေ အရင်ဘဝက ဝဋ်ကြွေးတွေရှိနေသေး လို့ပေါ့သား..ဒို့
ခံရဦးမှာပေါ့သား ရယ်…လို့ပြန်ပြောသတဲ့…

ထိုနောက် မရှေးမနှောင်းဆိုသလို နိုင်ငံကလည်း မအေးချမ်းတော့ အမျိုးသားတွေ စစ်မှု မထမ်းမနေရ ဆိုပြီး အရွှယ်မှန်တဲ့ အမျိုးသားတွေကို စာရင်းကောက်ပြီး
စစ်မှုထမ်းရန် ခေါ်သတဲ့..

– ထိုအခါ ဖခင်ဖြစ်သူက သူ့ သားခြေထောက်ကျိုး သဖြင့် စစ်မှု
ထမ်းရန် စာရင်းသွင်း ခြင်းမခံရတော့ပါ..အေး..သားရယ် မင်း
ခြေထောက် ကျိုးတာ ကံကောင်းတယ်..အခု မင်းစစ်မှု မထမ်းရတော့ဘူး..ဒါကြောင့် အရင်ဘဝက ကောင်းတဲ့ ကံကိုလုပ်ခဲ့ လို့အခုလို စစ်မှုမထမ်းရတာ
လို့ပြန်ပြော သတဲ့…

ပြောချင်တာ..

ကနေ့ ဒို့ တတွေလက်ခံ နေကြတဲ့ ကံဆိုတာ အဲဒီသား အဖလိုမျိုး
ကံကောင်းလိုက် ကံဆိုးလိုက် အဲလိုမျိုးများ ဖြစ်နေမလား?
နေရာ တကာလည်း ကံ ကံ ဆိုပြီး တော်တော် ကြတယ်..
ပြီးတော့ ကံကို သေသေချာချာ မေးရင် ဘယ်သူမှ သိပ်မသိကြပါ
ဘူး..သူများတွေ ပြောလို့သာ ကိုယ်က လိုက်ပြောနေကြတာ..
ဘာတခု မှ ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်..
ကပြား အမြင်နဲ့သာ ဘဝကို ရေလိုက် ငါးလိုက်နေကြတယ်…
ကိုယ်ပိုင် အမြင်ဆိုတာ ဘဝမှာ ရှိဖို့ လိုပါတယ်…
သို့မဟုတ်ရင် တော့ကျွန်ဘဝက လွတ်မြောက် နိုင်ကြမှာ မဟုတ်ဘူး..

ဘုရားဟာ ကျွန်တော်တို့ကို အရှင်သခင်ဖြစ်အောင် လမ်းညွှန်းပေးတာ..
သခင်စိတ်ဖြစ်အောင် မွေးပေးတာပါ.. မင်းတို့လုပ်သမျှ ကံ မင်းတို့ခံ
လို့မပြောပါဘူး..ကံကို မြင်တတ်ကြည့်တတ်အောင် သင်ပေးတဲ့ ပညာ
ရပ်ပါ..အဲဒီကံကိုသာ မြင် အောင်ကြည့်တတ် လို့ကတော့ဗျာ ..
အန်မတန်မှတန်ဖိုးရှိတဲ့ ဥတ္တရိမနုဿ ဆိုတဲ့ လူ့ အဖြစ်ကို ပြန်ရပြီ…

သူများပါးစပ်က လမ်းဆုံးတဲ့ အလုပ်မျိုးကို မလုပ်ကြတော့ဘဲ..
ကိုယ်ပိုင် ဉာဏ်ဖြင့် မိမိ၏ ကံဆိုး ကံမှား ကံပျက်တွေကို မြင်
အောင်ကြည့်နိုင်ရင် .. မိမိ၏ ကံကြမ္မာကို မိမိ ကြိုက်သလို စီမံဖန်တီး နိုင်ပါကြောင်း…

4 comments

  • mamanoyar

    June 21, 2012 at 4:49 pm

    တင်ပေးတာ ကျေးဇူးတင်ပါတယ်ရှင်

  • Thel Nu Aye

    June 21, 2012 at 5:39 pm

    အဲလိုပါပဲ အဆင်ပြေနေတဲ့အချိန်ကျတော့လဲကံကောင်းတယ်ပေါ့ရှင်။ အဆင်မပြေတော့လဲကံဆိုးတယ်ပေါ့။ ကံဆိုတာယုံလို့ရသလိုမယုံလဲရပါတယ်။ မြန်မာစကားပုံတောင်ရှိသေး။

    ကံကိုယုံလို့ဆူးပုံမနင်းရ
    ကံသာအမိကံသာအဖ
    လှံထမ်းလာတာမြင်ရတယ် ကံထမ်းလာတာမမြင်ရ
    ကံဆိုတာအလုပ်
    ကံကံ၏အကျိုး တဲ့

    ကြည့်သာလုပ်ကြပါတော့ ရွာသူားတို့ရေ။

  • Ko out of...

    June 21, 2012 at 6:13 pm

    Thel Nu Aye ရေ..

    ကံကိုယုံ ဆူးပုံ မနှင်းနဲ့ လို့လည်း ပြောကြတယ်..ကံထားရာနေ ကံစေရာသွားလို့လည်းပြောကြတယ်..

    ဒါဟာ အမြင် မပြတ်သားတဲ့ လူတွေရဲ့ အမြင်ပါ..ဘုရားဟာ နှစ်ခွန်းသေားစကားကို မပြောပါဘူး..

    တခုကို တခုလည်း crossing မဖြစ်ရပါဘူး… တချို့သော စကားလုံးတွေဟာ နောက်မှ အမြင် မရှင်းတဲ့
    လူတွေ ပြော ထားတာ အများကြီးပါ..

    လှံထမ်းလာတာမြင်ရတယ် ကံထမ်းလာတာမမြင်ရဘူး ဆို တာလည်း ဘုရားစကားမဟုတ်ပါဘူး..

    တဏှာယောင်္ကျား လက်သမားကို ငါတွေ့ပြီလို့ ဥဒါန်းကျူးတာ …ကာမ၊ရူပ၊အရူပ ကံ ကိုငါတွေ့ ပြီလို့ပြောတာဘဲ..ဒါကြောင့် ကံကို မြင်နိုင်ပါတယ်..မြင်မှ သူ့ကို ချိုးဖျက်လို့ ရပါတယ်…

    လှံထမ်းတာကမှ လှံလိုလို ဒုတ်လိုလို မှားနိုင်သေးတယ်..ကံကတော့ဗျာ ကိုယ်လုပ်တဲ့ အလုပ်ဘဲ ဘာဖြစ်လို့ မ
    မြင်ရမလဲ.. နည်းလမ်းမှန်ကို ညွှန်ပြတဲ့ ဆရာသာတွေ့အောင်ရှာပါ…ကံဆိုတာ မြင်နိုင်ပါတယ်..

Leave a Reply