မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်းမှာ ရင်းနှီးမြှပ်နှံဖို့ ဗီယက်နမ် စိတ်ဝင်စား

klnJune 25, 20101min581

ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်တွေက မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေလုပ်ငန်းတွေကို စိတ်ဝင်စားပြီး ရင်းနှီးမြှပ်နှံနိုင်ခြေရှိတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တချို့ထံမှ သိရပါတယ်။ “ UMFCCI မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ဗီယက်နမ်လုပ်ငန်းရှင်တွေက သူတို့ရင်းနှီးမြှပ်နှံဖို့ စိတ်ဝင်စားတဲ့ လုပ်ငန်းတွေကို ဆွေးနွေးကြတယ်။ အိမ်ခြံမြေလုပ်ငန်းလဲ အပါအဝင်ပဲ၊ အဓိကတော့ စက်မှုဇုန်မြေတွေ အကြောင်းပါ၊ ဒီစီးပွားရေးလုပ်ငန်းထဲဝင်တဲ့အခါ ဘယ်လိုလုပ်ရမလဲ၊ စက်မှုဇုန်မြေတွေ ဝယ်ရမလား၊ ဌားရမလား၊ ဈေးတွေဘယ်လိုရှိသလဲ စုံစုံလင်လင် ဆွေးနွေးခဲ့ပါတယ် ” လို့ မြန်မာနိုင်ငံ အိမ်ခြံမြေအသင်း (MREA) ရဲ့ နာယက ဦးသန်းဦးက ပြောပါတယ်။ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင် ဦးသန်းဦးက “ ဗီယက်နမ် စီးပွားရေးလုပ်ငန်းရှင်တွေ ရင်းနှီးမြှပ်နှံမှုကို ကြိုဆိုပါတယ်၊ မြန်မာနိုင်ငံအိမ်ခြံမြေဈေးကွက်က ပြည်တွင်းမှာ ကျင်လည်တာမျိုးမဟုတ်ဘဲ နိုင်ငံတကာတန်း (standard) ဝင်လာတာပဲ ” လို့ သူ့အမြင်ကိုပြောပါတယ်။ မြန်မာနိုင်ငံအိမ်ခြံမြေအသင်း (Myanmar Real Estate Association) ကို UMFCCI ရဲ့ ညီနောင်အသင်းအဖြစ် ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၃ဝရက်နေ့က ဖွဲ့စည်းခဲ့ပါတယ်။ အသင်းအနေနဲ့ သည်လိုနိုင်ငံတကာစီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တာ ဒါဟာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

One comment

  • chitsayar

    June 26, 2010 at 7:04 pm

    နောင်လာမည့်နှစ် အနည်းငယ် တွင် မြန်မာနိုင်ငံသှ် မြင်းမိုရ်တောင်သို ့ ပြောင်းမည် ဖြစ်သည့် အတွက်
    မြေနေရာများကို အခြားတိုင်းပြည် များသို ့နိုင်ငံခြားဝင်ငွေ ရရန်အလို ့ငှာ တိန် တိန်

Leave a Reply