ဒုတိယကမာ္ဘစစ်အတွင်းက ကျော်ကြားခဲ့သော လီဒို-မြန်မာ လမ်းမကြီးမှာ ကမာ္ဘပေါ်တွင် ထူးခြားထင်ရှားတဲ့လမ်းတစ်ခုဖြစ်ပါတယ်။အဲ့ဒီ လီဒိုလမ်းမကြီးဟာ တစ်တောင်ဆစ်ချိုး အကွေ့ပေါင်း နှစ်ဆယ့်တစ်ကွေ့ ၊ ပေတစ်သောင်းကျော်နက်တဲ့ချောက်ကမ်းပါးတွေနဲ့ တောင်အသွယ်သွယ်ပေါ်မှာဖောက်လုပ်ထားတာဖြစ်ပါတယ်။

အဲ့ဒီလမ်းပေါ်မှာ အမေရိကန်စစ်တပ်က ထရပ်ကားတွေက ဂျပန်တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ဖို့အတွက် လက်နှက်ခဲယမ်းမီးကျောက်တွေ၊ အစားအစာနဲ့ အခြားလိုအပ်တဲ့ ပစ္စည်းအမြောက်အများသယ်ဆောင်ခဲ့တယ်လို့ မှတ်သားခဲ့ဖူးပါတယ်။ အဲ့ဒီ သမိုင်းဝင် လီဒိုလမ်းမကြီးက အန္ဒိယ ၊ မြန်မာ ၊ တရုတ်နိုင်ငံယူနန်ပြည်နယ် တို့ကိုဆက်သွယ်ထားတဲ့ တစ်ခုတည်းသောလမ်းမကြီးဖြစ်ပါတယ်။

About ဘဲဥ

has written 82 post in this Website..

နေချင်သလိုနေ၍ လိမ့်ချင်ရာလိမ့်နေသူကို ဥဥဟုခေါ်သည်