လီဒိုလမ်းမကြီး

ဘဲဥJune 21, 20121min9724

ဒုတိယကမာ္ဘစစ်အတွင်းက ကျော်ကြားခဲ့သော လီဒို-မြန်မာ လမ်းမကြီးမှာ ကမာ္ဘပေါ်တွင် ထူးခြားထင်ရှားတဲ့လမ်းတစ်ခုဖြစ်ပါတယ်။အဲ့ဒီ လီဒိုလမ်းမကြီးဟာ တစ်တောင်ဆစ်ချိုး အကွေ့ပေါင်း နှစ်ဆယ့်တစ်ကွေ့ ၊ ပေတစ်သောင်းကျော်နက်တဲ့ချောက်ကမ်းပါးတွေနဲ့ တောင်အသွယ်သွယ်ပေါ်မှာဖောက်လုပ်ထားတာဖြစ်ပါတယ်။

အဲ့ဒီလမ်းပေါ်မှာ အမေရိကန်စစ်တပ်က ထရပ်ကားတွေက ဂျပန်တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ဖို့အတွက် လက်နှက်ခဲယမ်းမီးကျောက်တွေ၊ အစားအစာနဲ့ အခြားလိုအပ်တဲ့ ပစ္စည်းအမြောက်အများသယ်ဆောင်ခဲ့တယ်လို့ မှတ်သားခဲ့ဖူးပါတယ်။ အဲ့ဒီ သမိုင်းဝင် လီဒိုလမ်းမကြီးက အန္ဒိယ ၊ မြန်မာ ၊ တရုတ်နိုင်ငံယူနန်ပြည်နယ် တို့ကိုဆက်သွယ်ထားတဲ့ တစ်ခုတည်းသောလမ်းမကြီးဖြစ်ပါတယ်။

24 comments

  • Khaing Khaing

    June 21, 2012 at 3:39 pm

    အဲဒီလမ်းမကြီးကဖွင့်ပြီးသားလားကိုဘဲဥ သွားရတာကြောက်စရာတော့ကောင်းမယ်နော်

    • ဘဲဥ

      June 21, 2012 at 3:55 pm

      မေမေ ဘယ်ပျောက်နေဒုံးဗျ

  • shwe kyi

    June 21, 2012 at 3:51 pm

    ကြောက်စရာကြီးရယ်။ အိန္ဒိယ-မြန်မာနယ်စပ်မှာလားဟင်။

  • စိန်ဗိုက်ဗိုက်

    June 21, 2012 at 3:59 pm

    ဟုတ်တယ်ဘဲအုမရေ
    ကြောက်ရှာကြီးဟ..
    သေရှာကြည့်တာ ကားလေးတွေ သွးနေတာတွေ ့တယ်..

  • ညလေး

    June 21, 2012 at 4:12 pm

    တိန်……အကွေ.ပေါင်းနှစ်ဆယ်များတောင်လား…..
    ကြောက်တယ်…..လိုက်တော့ဝူး…….ကားမူးတတ်လို..
    အန်………ဂလွတ်…

  • Shwe Tike Soe

    June 21, 2012 at 4:16 pm

    အေးလေနော် …ကြည့်ရတာ အသည်းယားထာ…. ဖြေးဖြေးချင်းမောင်းရမှာပဲနော်…….

  • mamanoyar

    June 21, 2012 at 4:50 pm

    ကြောက်ကြောက်

    • ဘဲဥ

      June 21, 2012 at 4:53 pm

      ကြောက်ပါနဲ့ ဥဥလေးရှိဒယ်နော်

  • water-melon

    June 21, 2012 at 4:51 pm

    မြွေလိမ်မြွေကောက်လမ်းကလေးများ
    ပတ်ကာ လျှောက်မောင်းမယ်

    • ဘဲဥ

      June 21, 2012 at 4:58 pm

      ဟဲ့ဟဲ့ ဘိုက်ဘိုက်ကိုတော့ မမောင်းခိုင်းနဲ့နော် အဲ့ကောင်မက အချိန်တိုင်းမူးနေတာရယ် 😆

  • Davit

    June 21, 2012 at 4:57 pm

    စာရေးဆရာနာမည်မေ့နေလို့ဗျ….. “မဟာလီဒို” ဆိုတဲ့စာအုပ်ကျွန်တော့်မှာရှိတယ်…..လီဒို လမ်းမကြီးဖေါက်တုန်းကဖြစ်ခဲ့တဲ့ ထူးဆန်းတဲ့ဖြစ်စဉ်တွေကိုရေးထားတာလေ…. ဖက်လို့အရမ်းကောင်းတယ်ဗျာ….. နောက်နေ့ကျရင် စာရေးဆရာနာမည်နဲ့ ဒေါင်းလို့ရနိုင်မရနိုင် ….. ရနိုင်ရင်လည်း ဒေါင်းလို့ရမဲ့လင့်လေးကို ဒီ Post မှာပဲရေးတင်ပေးပါ့မယ်။
    (ဖက်ရတာအရမ်းကောင်းလွန်းလို့ပါ………..ကျွန်တော်ဆိုဖက်တာ 10 ခေါက်လောက်ရှိမလားပဲ )

    • Davit

      June 21, 2012 at 5:11 pm

      ရေးတာကတော့ ဖိုးကျော့ဗျ……ဒေါင်းလို့ရနိုင် မရနိုင် ရှာကြည့်လိုက်ဦးမယ်

      • ဘဲဥ

        June 21, 2012 at 5:27 pm

        ပါဝင်အားဖြည့်ပေးတာ ကျေးကျေးပါနော်

  • မောင်ပေ

    June 21, 2012 at 9:08 pm

    ဟယ် လမ်းမကြီး ပုံ ကြည့်ပြီး ယားတာ ။ အသဲပြောပါတယ် ဟီဟိ

  • kai

    June 22, 2012 at 7:17 am

    အမှတ်မမှားရင်.. မြန်မာပြည်ထဲ..ဂျပန်ဝင်လာတာ.. အဲဒီလမ်းမကြီးကြောင့်ပဲ..
    ဦးအောင်ဆန်းသွားခေါ်တော့.. ဂျပန်တွေက.. ချိုင်းနားကိုထောက်ပို့လုပ်နေတဲ့.. အဲဒီလမ်းကို.. ဖြတ်တောက်ချင်လို့.. သူတို့တွက်ကိန်းနဲ့..သူတို့.. ဦးအောင်ဆန်းကိုလက်ခံခဲ့တာလို့.. မှတ်ဖူးတယ်..

    လွန်ခဲ့တဲ့.. ၂လလောက်က.. နယူးယောက်ဖက်က.. နာမယ်ကြီးမဂ္ဂဇင်းအယ်ဒီတာတယောက်ဖုန်းဆက်ပြီး.. အဲဒီလမ်းအကြောင်းကျုပ်ကို.. လာမေးတယ်..
    ဆိုတော့..
    ယူအက်စ်က.. စိတ်ဝင်စားနေတာ.. သေချာတယ်..

    တခုခုတော့.. တခုခုပဲ.. 🙂

  • hein latt

    June 22, 2012 at 9:17 am

    သေမင်းတမန် မာရဏလမ်းမကြီးဆိုလားပဲ…..လမ်းဖောက်တုန်းကလုပ်သားများစွာသေခဲ့လို.တဲ့…..။

    • kai

      June 23, 2012 at 1:28 am

      ဒုတိယကမ္ဘာစစ်က.. ထိုင်းနဲ့…မြန်မာဆက်တဲ့.. ရထားလမ်းတခုရှိခဲ့ဖူးတယ်..
      သံဖြူဇရပ်ကစတာ..
      အဲဒီလမ်းကိုတော့.. သေမင်းတမန်ရထားလမ်းခေါ်ကြတယ်..

      Railway of Death
      http://www.anzacday.org.au/history/ww2/anecdotes/deathrailway.html

      လမ်းဖေါက်ရင်း.. မြန်မာတွေရော.. စစ်သုံ့ပန်းတွေရော.. သောင်းချီသေခဲ့လို့လေ…။

      • Mလုလင်

        June 23, 2012 at 1:34 am

        အဲ့ဒါကြီးကို ပြန်သုံးလို့ ရ/မရ .. စစ်နေကြပြီတဲ့ သူကြီးရေ့ …။

        • kai

          June 23, 2012 at 2:59 am

          အဲဒီလမ်းကိုသာ.. ရှေးကျောက်မီးသွေးရထားနဲ့.. ရှေးအပြင်အဆင်တွဲနဲ့.. ပြန်မောင်းနိုင်အောင်လုပ်လိုက်ရင်.. ထိုင်းကိုတနှစ်ဝင်တဲ့.. တိုးရစ် ၁၂သန်းလောက်ရဲ့.. ၁ဝရာခိုင်နှုန်း… အဲဒီလမ်းကနေ.. .မြန်မာပြည်ထဲဝင်လာမယ်.. အာမခံကြောင်း…

          တိုးရစ်တယောက် ဒေါ်လာ၁၀၀ဝ သုံးမယ်ဆိုရင်.. တနှစ်ဒေါ်လာ ၁ဘီလီယံ အပိုဝင်မှာဖြစ်ကြောင်း..
          မြန်မာလူထုလက်ထဲ..တိုက်ရိုက်ရောက်သွားမယ်..ပိုက်ပိုက်တွေဖြစ်ကြောင်း…
          အလုပ်တွေလည်း.. သန်းချီရကြမှာဖြစ်ကြောင်း..
          …မှာဖြစ်ကြောင်း..
          ..မှာဖြစ်ကြောင်း.. 🙂

  • kyeemite

    June 22, 2012 at 9:18 am

    ဟုတ်ပ..ပုံထဲမှာရေကြည့်တော့
    နှစ်ဆယ့်တစ်ကွေ့အတိဘဲ..ဓါတ်ပုံကတော့
    ခုခေတ်ပုံ ဟုတ်ပုံမရဘူး…

  • ရဲစည်

    June 22, 2012 at 11:23 pm

    လွန်ခဲ့တဲ့ ၃နှစ်လောက်ကတော့ ရောက်ဖူးတယ် ဟိုဘက် ချီဗွေ-လောက်ခေါ်အထိပေါ့
    ဒီလမ်းကြီးက ဒီနေ့အထိ ကောင်းကောင်းမွန်ရှိနေသေးတာ အံ့ဩစရာပါ

  • MaMa

    June 23, 2012 at 7:22 am

    အခုအချိန်မှာ အဲဒီလမ်းကို အသုံးပြုနေသေးသလား မသိဘူး။
    ဓာတ်ပုံကြည့်ရတာတော့ ဟိုးတုန်းက ရိုက်ထားတဲ့ပုံထင်တယ်။
    လေယာဉ်နဲ့ ရိုက်ထားတာလား မသိ။
    ဒေးဗစ်ပြောတဲ့ “မဟာလီဒို” ဆိုတဲ့ စာအုပ်ကို စိတ်ဝင်စားတယ်။
    ဒေါင်းလို့ ရနိုင်ရင် လင့်ခ် ပေးပါဦး။
    မရနိုင်ရင်လည်း ပြောလက်စနဲ့မို့ အားလုံးအတွက်
    အလင်းဆက် တိမ်ယံသစ္စာကို တင်ပေးသလိုမျိုး
    စိတ်ရှည်လက်ရှည်နဲ့ ရိုက်တင်ပေးလိုက်ပေ့ါ။ 😀

    • ဘဲဥ

      June 23, 2012 at 10:07 am

      သားသား ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့သွားရိုက်ထားတာ :mrgreen:

  • သားဦး၊မြေးဦး

    June 23, 2012 at 9:30 am

    စတီးဝဲလ် လမ်းမကြီး သို ့မဟုတ် သံမဏိ ပိုး လမ်းမကြီး ဆီကို ရောက်ဖူးအောင် သွားပါမည်။

Leave a Reply