အလွမ်း….ဘယ်သို ့ရှိပါ ့မယ်………….

အလွမ်း……..

ကောင်းမွန်စွာခံစားတတ်ဖို ့တော ့တကယ် ့ကိုလိုအပ်ပါတယ်……..

ကျွန်တော်ရည်းစား(ချစ်သူ)စထားတတ်တဲ ့အရွယ်တုန်းက..အလွမ်း…ဟင်အင်းအလွမ်ဆိုတာ…ဘာမှန်းမသိ..။

ရည်းစားတွေတစ်ယောက်ပြီးတစ်ယောက်….ထားတတ်လာခဲ ့တဲ ့အရွယ်မှာလည်းဘာမှန်းမသိခဲ ့…(တကယ်)။

မျက်နှာများတဲ ့လူ..ရည်းစားကိုမှိုလိုပေါက်အောင်ထားတတ်သူ…ဒသဂီရိဘီးလူးခေါင်းနဲ ့လူ…လို ့

အမည်တွေတစ်မိူးပြီးတစ်မိူးမရိုးနိုင်အောင်ကန်းပွန်းတပ်ခဲ ့ကြသည်….။

တကယ်တန်းဆန်းစစ်ကြည် ့တော ့လည်းဟုတ်သလိုလိုပင်..

ကျွန်တော်ကိုယ်တိုင်ကလည်းသာယာသလို…ရှိခဲ ့သား…..

နောက်..မာယာများတတ်သော(အခို ့)ကောင်မလေးများကိုလည်းလက်တဲ ့စမ်းချင်တဲ ့သဘော……

တစ်ခုတော ့ပြောရဦးမယ်….ကျွန်တော်ရည်စားထားခဲ ့သမျှကောင်မလေး(ရည်းစား)ဟုသတ်မှတ်ခံရသောမိန်ကလေးများထံမှ…ခွင် ့ပြု

ချက်မရပါပဲ..လက်ကိုတောင်မကိုင်ခဲ ့ပါ…(ပါးလေးနုတ်ခမ်းလေးကို…နမ်းဖို ့ဆိုတာ..ဝေးလေစွ)…ယုံပါ။

တစ်နေ ့..အစ်ကိုတစ်ယောက်လိုချစ်ခင်ရသော…ကိုသက်ဆိုသူနှင် ့တွေ ့တော ့…သူ ့ကောင်မလေးကအဆက်ဖြတ်သွားတဲ ့အကြောင်းကို..စီကာပတ်ကုံး

ပြောပြလေသည်..။သူတကယ်ချစ်ခဲ ့တဲ ့ကောင်မလေးက..ကျောင်းပိတ်ရက်နွေရာသီမှာ“သီလရှင်ဝတ်မှာမို ့..သူ ့ကိုမေ ့လိုက်ပါတဲ ့”။

ဘယ်လောက်ရီစရာကောင်းတဲ ့အကြောင်းပြချက်လဲ…..။

ကျွန်တော်..ကိုသက်ကို..သနားလည်းသနား…ရီလည်းရီချင်မိတယ်..

ကျွန်တော် ့ကိုကျွန်တော်..ဆန်းစစ်ကြည် ့တော ့….ကျွန်တော်ကိုသက်ကို..ကိုယ်ချင်းမစာနိုင်သေးတဲ ့အရွယ်မို ့လို ့..ထင်မိပါတယ်…

ထားပါ…ကိုသက်ကောင်မလေးကို..လိုက်ကြည် ့မိရဲ ့…မချောပေမဲ ့..ချစ်စရာလေးဗျ…

ဥပမာ…ထက်ထက်မိုးဦး..လိုပုံစံလေးဗျာ…..။

ဘာရယ်မဟုတ်ပါပဲ…ကိုသက်ဆီကခွင် ့ပြုချက်တောင်း(အမှန်တကယ်တော ့အလောင်းအစားသဘော)….

“တစ်ပတ်အတွင်းလိုက်ပြမယ်…အဖြေရခဲ ့ရင်ယေကျ်ားလေးတွေဆိုတော ့..one..tableပေါ ့ဗျာ”

အဖြေရပြီးတစ်လဆိုရင်..ကျွန်တော်သူ ့ကိုထားခဲ ့မယ်ပြောတော ့…ကိုသက်က..ရက်ရက်စက်စက်တော ့မလုပ်နဲ ့ကွာလို ့ပြောတယ်။

ကျွန်တော်လည်းတစ်ရက်နဲ ့မရ…နှစ်ရက်လည်းမထူး..သုံးရက်မြေက်မှစကားပြန်ပြောတယ်….

ပြန်ပြောတဲ ့စကားကိုလည်းနားထောင်ပေးကြပါဦး….“youတို ့ယောကျင်္ားလေးတွေက..မိန်ခလေးတစ်ယောက်ကိုကြိုက်ရင်မရှက်တော ့ဘူးတဲ ့”

ခံပြင်းစရာပါ….

တစ်ပတ်အတွင်း..ကြိုးစားတော ့ရလဒ်ကောင်းလေးတော ့..ရခဲ ့ပါတယ်…ကိုသက်ကိုတော ့မျက်နှာပူမိပါတယ်….

ကိုသက်ကိုပေးထားတဲ ့ကတိ…တစ်လပြည် ့တော ့နွေရာသီကျောင်းပိတ်ရက်မှာ“ဘုန်းကြီးဝတ်မှာမို ့လို ့”

မေ ့လိုက်ပါလို ့…စာတစ်စောင်ရေးပေးလိုက်မိတယ်း…..။

ကိုသက်ကပြောတော ့ကောင်မလေးကငိုသတဲ ့……

ဩ….ကိုသက်ရယ်…

ကိုသက်ကိုထားခဲ ့တုန်းက…ကိုသက်ကရှိုက်ကြီးတငင်နဲ ့ကျွန်တော ့ကိုလာပြောတာကြတော ့မေ ့သွားပြီးလားလို ့……

စိတ်ထဲကမေးခဲ ့မိပါတယ်……..
ကိုယ်ချင်းစာနာစိတ်လေးများ…ထားနိုင်ကြပါစေလို ့ဆန္ဒပြုရင်း………………………..

ချစ်ခြင်းမေတ္တာဖြင် ့

9 comments

  • အလင်းဆက်

    June 21, 2012 at 7:11 pm

    “youတို ့ယောကျင်္ားလေးတွေက..မိန်ခလေးတစ်ယောက်ကိုကြိုက်ရင်မရှက်တော ့ဘူးတဲ ့”

    ယောကျာ်းလေးတွေက မိန်းမ တစ်ယောက်ကို ကြိုက်ရင် မရှက်မှ ..ရမှာပေါ့ကွယ် ။ ရှက်နေရင် အဲဒီမိန်းကလေးက စ..လာမှာမှ မဟုတ်တာ ။

    ရှက်သလို ကြောက်သလို လုပ်နေပြန်ရင် လည်း..အဲဒီ ယောကျာ်းလေးကို သတ္တိမရှိတဲ ့ကောင်လေး..
    ရေခဲတုန်းကြီး..ဒီကလေ မိန်းကလေး…အော် ။ သီချင်းနဲ ့တောင် ရော သွားပြီ… အဲင်္ဒီလို ငကြောက်ကလေး လို ့ ပြောဦးမယ် ။

    သမိုင်းပေးတာဝန်အရ…ယောကျာ်းလေးတွေက ရှက်ရှက်နဲ ့ပဲ..မျက်နှာပြောင်တိုက်ပြီး.လိုက်နေရတာပါ..လို ့
    အဲင်္ဒီကောင်မလေးကို ပြောပြလိုက်ပြီးရော..မိုးမင်းသားရယ်..။

    မိုးမင်းသားရဲ ့ဇာတ်လမ်းလေးကလည်း..တညိုးလေးပါပဲ.။

  • စိန်ဗိုက်ဗိုက်

    June 21, 2012 at 7:20 pm

    ဟိုက်စ်..
    အူးလေးက နာမည်နဲ ့ လူနဲ ့လိုက်မဲ့ ဒီဇိုင်းပဲဗျာ..
    ကျုပ်တို ့လို ဂေါ်မစွံ လပြိုဂျီးတွေအနေနဲ ့ အူးလေးဆီမှာ တပည့်လာခံသင့်တယ်နော..
    ခမ်မလေးနဲ ့ အိုစခေဖို ့ တစ်ပတ်မပြောနဲ ့တစ်လ တစ်နှစ်လဲ စောင့်နိုင်ပါတယ်ဗျာ..
    ပညာလေးတွေ..အထာလေးတွေ..သိချင်စမ်းပါဘိ..
    ဪ..
    မိန်းမဒွေ..မိန်းမဒွေ..
    အင်း..
    သေချာဒါဂဒေါ့..
    မိန်းမဒွေက..ယောက်ျားဒွေလို မဟုတ်ဘူးဆိုဒါဘာဘဲဗျာ..

  • မောင်ပေ

    June 21, 2012 at 8:50 pm

    စကီဝိုက်နည်း နိဿရည်း ဆိုပြီး ၊ မိုးမင်းသား ကို သင်တန်းဖွင့်ဖို ့တောင်းဆိုလိုက်တယ်ဗျား။
    တက်မယ့်လူတွေထဲမှာ
    နံပါတ်၁ အုကြောင်
    ၂ အုဗိုက်
    ၃ အုကမ်း
    …. အစရှိသဖြင့် တိုးပွားလာပါလိမ့်မယ်။

  • mamanoyar

    June 22, 2012 at 1:34 pm

    ဘာပဲဖြစ်ဖြစ် အလောင်းအစားသဘောနဲ့တော့
    မလိုက်သင့်ဘူးလို့ ထင်ပါတယ်
    မိန်းကလေးမို့ မိ်န်းကလေးဘက်က ပါပြောတာမဟုတ်ပါဘူး

  • shwe kyi

    June 22, 2012 at 4:16 pm

    ဪ အနိစ္စ၊ ဒုက္ခ၊ အနတ္တ။

  • မိုး မင်းသား

    June 22, 2012 at 5:59 pm

    အလင်းဆက်……

    ကိုပေ….

    စိန်ဗိုက်

    mamanoyar…….

    shwekyi…………ရေအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ………

    နားလည်ခံစားပေးတဲ ့အတွက်ပါ…….

    မမနုိုရာကိုတော ့…မပြောလိုပါဘူး……

    ရွှေကြည်လေးကတော ့….သခါင်္ရသဘောတွေရနေတယ်ပေါ ့………

  • မိုး မင်းသား

    June 23, 2012 at 6:16 pm

    သားဦးရေ……သင်တန်းခကဈေးကြီးတယ်နော်…………

    တော်ကြျာမှ…မိုးမင်းသားကမတရားယူလိုက်တာလို ့….မပြောနဲ ့နော်……

    ကိုပေ…တောင်မနည်းစဉ်းစာသွားတယ်…….

    ဈေးကြီးသတဲ ့လေ……ဒေါ်ဖရဲနဲ ့ဒေါ်အလင်းဆက်တို ့ကတော ့စာရင်းပေးပြီးသွားပြီ…..

    ဟီး……ဟီး

  • အလင်းဆက်

    June 23, 2012 at 8:14 pm

    တတ်ပါဘူး..။ တို ့က အပျိုကြီး..အဲ..လူပျိုကြီးပဲ..လုပ်မှ ာ။တားတာက ဖေ တို ့မေတို ့နဲ ့ပဲ.တစ်တက်ရုံးနေမှာ..

Leave a Reply