ရှုပဗေဒဌာနမှာဒီဇိုင်းထုတ်ထားတဲ့ ဒစ်ဂျစ်တယ်အိုင်စီထရိန်နာအခြေခံအထက်တန်းတွေအတွက် ရည်ရွယ်ဟုဆို

klnJune 25, 20101min430

အခြေခံပညာအထက်တန်းကျောင်းတွေရဲ့လက်တွေ့စမ်းသပ်ခန်းတွေမှာ သင်ထောက်ကူပစ္စည်းအဖြစ် သုံးလို့ရမယ့်ရှုပဗေဒ လက်တွေ့ခန်းသုံးပစ္စည်း Digital IC (ဒစ်ဂျစ်တယ်အိုင်စီ) ကို ရန်ကုန်တက္ကသိုလ်၊ ရူပဗေဒဌာနမှာ တစ်ခုကို ကျပ်ငါးသောင်းနဲ့ ဆက်သွယ်မှာယူနိုင်တယ်လို့သိရတယ်။ ရန်ကုန်တက္ကသိုလ်၊ရူပဗေဒဌာနမှ ပါမောက္ခဒေါက်တာနွယ်ဦးခင်က ‘ရူပဗေဒလက်တွေ့စမ်းသပ်သုံးတဲ့ သင်ထောက်ကူပစ္စည်းလေးပါ၊ IC Trainer လို့ခေါ်တယ်၊ အိုင်စီက အမျိုးမျိုးရှိတယ်၊ အဲဒါကို ကလေးတွေကို လက်တွေ့ရှင်းပြနိုင်အောင် ကိုယ်တိုင်ဒီဇိုုင်းဆွဲပြီး ထုတ်ထားတာ’လို့ပြောပါတယ်။ အခြေခံပညာအထက်တန်းရဲ့သင်ရိုးညွှန်တမ်းမှာပါတယ်။ အိုင်စီလေးတစ်ခုဂိတ်( gate) လေးတွေသင်ကြားနိုင်အောင် လုပ်ထားတာလို့ဆိုပါတယ်။ ဥပမာ L L=No Light ၊ L H=No Light ၊ H L= No Light ၊ H H= Light တွက်တာမျိုးကို အသေးစိတ်အိုင်စီထရိန်နာလေးကိုပြပြီး ရှင်းပြနိုင်အောင်ပြုလုပ်ထားတာလို့သိရတယ်။ ဆယ်တန်းရူပဗေဒမှာ ဂိတ်(gate) ငါးခုသင်ပါတယ်။ ဒေါက်တာ ဒေါ်နွယ်နီခင်က ‘နိုင်ငံကလက်တွေ့ခန်းသုံးပစ္စည်းရှားလို့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ရည်ရွယ်တာ၊ ၂၀၀၅ခုနှစ်ကတည်းက စလုပ်ဖြစ်ပေမဲ့ လူသိပ်မသိကြသေးဘူး၊အခု တော့သိပ္ပံမှူးတင်က အထက်တန်းကျောင်းတစ်ခုကို လှူချင်လို့ဆိုပြီး လာမှာထားတယ်’လို့ပြောပါတယ်။ Digital IC Trainer လေးကိုမှာရင် ပစ္စည်းဖိုးကျပ် ၅၀,၀၀ဝယူပြီး ဒီအိုင်စီပြုလုပ်နည်းကိုပါထည့်သွင်းပေးမှာဖြစ်သလို ကျောင်းတွေမှာသင်ကြားဖို့ဆရာတွေအနေနဲ့ လိုအပ်ရင်ရက်တိုမွမ်းမံသင်တန်းကို အခမဲ့ သင်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။