သစ်ပင်စိုက်နေတဲ့ The Lady & Future King (သတင်း ဓာတ်ပုံ)

မြစပဲရိုးJune 21, 20122min24229

အိုင်တီဗီ သတင်း မှ  Print Screen လုပ်ပြီး ယူထားပါသည်။

http://www.itv.com/news/story/2012-06-18/suu-kyi-given-freedom-of-dublin/

Aung San Suu Kyi has planted a tree to commemorate her visit to Clarence House. The Burmese pro-democracy leader met Prince Charles and the Duchess of Cornwall during her historic return to the UK.

29 comments

  • cum min

    June 21, 2012 at 8:09 pm

    တို့အမေစုလက်တွေရှကုန်မှာဖြင့်……..

  • မောင်ပေ

    June 21, 2012 at 8:46 pm

    အရီးလတ်ရေ ၊ ဘာအပင်အမျိုးအစား စိုက်တာလဲဗျ…

    • Thel Nu Aye

      June 21, 2012 at 9:41 pm

      တတိုင်းမွှေးတဲ့ကိုပေရေ။

  • padonmar

    June 21, 2012 at 9:12 pm

    မလတ်ရေ
    နိုင်ငံ့အပြင်ထွက်လိုက်မှ ဒေါ်စုကို ချစ်တဲ့ လေးစားတဲ့လူတွေ ဘယ်လောက်များတယ်ဆိုတာ ပိုသိသာလာသလိုပါပဲ။ဒေါ်စုရဲ့ အရည်အချင်းတွေ ပိုပေါ်လွင်လာသလိုခံစားရတယ်။
    ..ဆိုတော့ စိတ်ထဲမှာ အားနာသလို inferiority ဝင်မိတယ်။
    ဒီလို စိတ်ဓာတ် မြင့်မြတ်တဲ့လူတစ်ယောက်ကို ကိုယ့်တိုင်းပြည်ကဆက်ဆံပုံတွေနဲ့ လားလားမှမဆိုင်ဘူးနော်။

    • ကြောင်ကြီး

      June 22, 2012 at 9:01 am

      ပုရှ်ဂလေး အားငယ်နေရင် ဦးကြောင်ရင်ခွင်ထဲ ခိုဝင်လှဲ့… အပြတ်အားပေးမယ် 😎

      • စိန်ဗိုက်ဗိုက်

        June 22, 2012 at 12:00 pm

        အုကြောင့်
        မွှားနေဘီ..
        အဲဒါ ပုရှ်လေးမဟုတ်ဘူး..
        ကိုကြာ..ကိုကြာ
        😀

        • ရဲစည်

          June 22, 2012 at 11:47 pm

          တောက် ကကြောင်ကြီး မူးများနေလားမသိ
          မိုးကြိုးတော့ အတုံးလိုက် ပစ်တော့မှာဘဲ …. ဟိုက် သူ့ကွန်းမင့်နား ငါကပ်ရေးတော့ စက်ကွင်းက မလွတ်ပြန်ဘူး မြန်မြန်လစ်မှာ ……ပလစ်ပလစ်
          ဪ တဏှာ တဏှာ ဘာမှမမြင်တော့ပါလား….. 🙁

          ဆောရီးပါ အရီးလတ်ရေ
          ပို့စ်ဖတ်ပီး အောက်ကကွန်းမင့်ကြည့်ပီး လမ်းကြောင်းနဲနဲလွဲသွားတယ် …. 🙂
          ဒါနဲ့ ဘာပင်စိုက်တာတုန်းဗျ ကျွန်းပင်လား ညောင်ပင်လား ဟိုဂမီ္ဘရအစီအရင်တွေရော ပါသေးလားဗျ…

  • Thel Nu Aye

    June 21, 2012 at 9:47 pm

    Westminster Hall မှာမိန့်ခွန်းပြောခွင့်ရလောက်အောင်ကြီးကျယ်မြင့်မြတ်တယ်ဆိုတာ ဘယ်သူ့ကို ဘယ်လိုလိုက်ကြွားရမှန်းတောင်မသိတော့ပါဘူးအရီးရယ်။ အိမ်ပြင်ထွက်ပြီးအော်လိုက်ချင်တယ်။ Future King ကတောင် လက်ခံတွေ့ရတယ်ဆိုတဲ့အဆင့်က ဘယ်လိုပြောရမှန်းတောင်မသိပါဘူး။ စိုးရိမ်မိတယ် အရီးရယ်။ မနာလိုသူတွေပေါလာမှာကို။ ဘာပဲဖြစ်ဖြစ်တော့ ဂုဏ်အကြီးကြီးယူပါတယ်။ မြန်မာကွလို့ အကျယ်ကြီးအော်လိုက်ချင်တယ်။ [:-bd]
    အရီးကျွန်မကိုယ်စားအဲဒီမှာအော်ပေးပါလား။ [:*] စတာနော်။ ချစ်လို့။ [♥]

  • htet way

    June 21, 2012 at 9:48 pm

    ဝမ်းသာဂုဏ်ယူ စွာ ကြည့်ရှု့ မှတ်သားလိုက်ပါတယ်။

  • ငပွကြီး

    June 22, 2012 at 8:28 am

    မှန်လိုက်လေဗျာ…တကယ်ကိုဂုဏ်ယူစရာပါ…ဒီလို လူမျိုးကျုပ်တို့နှိင်ငံမှာ နောက်တစ်ယောက်ဆိုတာ တော်တော်နဲ့တော့ မလွယ်ဘူးထင်တယ်…
    ဒါပေမယ့်လေ..ကျုပ်တို့ကသာ ဂုဏ်ယူနေတာ..ဒီလိုပုံစံကို မကြည့်ချင် မကြည့်နှိင်တဲ့သူတွေလဲ ဒီနှိင်ငံမှာအများကြီးရှိနေသေးတယ်ဆိုတာတော့ သေချာတယ်…

  • ဆူး

    June 22, 2012 at 8:59 am

    ဘာ အပင် စိုက်တာလဲတော့ မသိဘူး..
    ကျွန်း တို့ သစ်မွှေးတို့ လိုမျိုး ကြာလေ တန်လေ အပင်မျိုး စိုက်ရမှာ.. ဟိဟိ..
    အသက်လည်း ရှည်တယ်။ မြန်မာမျိုးရင်းတွေက ကမာ္ဘမှာ ထိပ်တန်း စာရင်းဝင်တဲ့အပင်တွေထဲမှာ အဲဒါတွေပါတယ်။

    ဒေါ်စုရဲ့ မြန်မာဝတ်စုံကလေးကို အရမ်း ဂုဏ်ယူမိနေတော့တာပါပဲ။

    • Wai Aung

      June 22, 2012 at 12:23 pm

      ကြည့်ရသလောက်တော့ သစ်မွှေးမဟုတ်ပါဘူး မဆူးရေ

      ဒီနေ့ ကျနော်တို့က စာသင်ပေးတဲ့ British လူမျိုး Mr. Barry က ပြောတယ်။
      မနေ့က သူတို့သမိုင်းမှာကမ္ဗည်းတွင်မယ့် ကိစ္စတခုဖြစ်ခဲ့တယ်တဲ့ သူ့တသက်မှာ ဒုတိယမြောက် မိန်းမ တစ်ယောက်က British Parliament မှာ မိန့်ခွန်းပြောတာပါပဲ။
      ပထမက သူ့တို့ဘုရင်မတဲ့။
      သူ တော်တော်တုန်လှုပ်မိပြီး အင်မတန်း ချီးမွမ်းဖို့ကောင်းပါတယ်တဲ့
      ကျနော်စာသင်နေရင် ရင်ထဲမှာ မျက်ရည်ကျမိပါတယ်
      ပြီးတော့ ကိုယ့်မြန်မာပြည်အတွက် အရမ်းဂုဏ်ယူမိပါတယ်.

    • ရဲစည်

      June 22, 2012 at 11:49 pm

      လေဒီရှူးခေါ်မလားဘဲ အဲသည်ဒေါက်ဖိနပ်တော့ မကြိုက်ဘူးရယ် ပုံတော်ဖိနပ် မထူမပါးလေးတွေဆို သိပ်လှမှာ ကျုပ်အမြင်ပေါ့…..

  • kyeemite

    June 22, 2012 at 9:19 am

    ကျေးဇူးပါကိုခင်လတ်ရေ..အန်တီစုဒီတခါ
    ဝမ်းဆက်ဝတ်လို့ပါလား…ဘယ်လိုဖြစ်ဖြစ်
    ကျက်သရေရှိပါ့…

  • PaLote Tote

    June 22, 2012 at 9:32 am

    အရမ်းကို ဂုဏ်ယူစရာကောင်းလိုက်တာ ။
    (ဒီလို ဂုဏ်ယူစရာကောင်းတဲ့သတင်းကို ကမ္ဘာတစ်ဝှမ်းလုံးက မီဒီယာတွေမှ ဖော်ပြပေးပေမယ့် တို့မြန်မာနိုင်ငံက အစိုးရပိုင် မီဒီယာတွေမှာ မဖော်ပြတာ တစ်မျိုးကြီးနော် ။ )

  • shwe kyi

    June 22, 2012 at 11:43 am

    ဂုဏ်ယူဝမ်းမြောက်မှုများစွာနဲ့ ကြည်ကြည်နူးနူးလေးခံစားနေရပါတယ်။
    အန်တီစုရယ် လို့ပဲ တိုးတိုးလေးညည်းတွားမိပါတယ်။

  • Ma Ei

    June 22, 2012 at 11:53 am

    ဂုဏ်သရေရှိရှိနဲ့
    ကျက်သရေရှိစွာ
    လှပတဲ့ နေတဲ့ စု…
    အားလုံးချစ်တဲ့ စု…
    ပုံကလေးတွေ တင်ပေးလို့
    ကျေးဇူးပါ မလတ်ရေ…

  • စိန်ဗိုက်ဗိုက်

    June 22, 2012 at 12:02 pm

    အရီးခင်ညား
    နောက်လဲ မီကြာမီကြာ တင်ပေးပါဦး.
    များတို ့ကွန်နက်ရှင်က သုံးစားလို ့ရဘူးရယ်..
    အရီးတင်ပေးမှ လိုက်ဖ်ကြည့်ရတာကလား..

  • Azzurri

    June 22, 2012 at 12:17 pm

    ဒါပီးရင် ပြင်သစ်သွားမှာတဲ့ ….
    အဟိ….
    နာစရီတို့လူသိုက်ကလည်း တွေ့ချင် ဂါရဝပြုချင် ရှာပေတော့မယ်….
    😀

  • Nyein Nyein

    June 22, 2012 at 12:27 pm

    အမေစုက ဘယ်အချိန်ကြည့်ကြည့် ကျက်သရေရှိလိုက်တာနော်…………….. မြန်မာဝတ်စုံလေးနဲ့ဆိုတော့ ပိုပြီးဂုဏ်ယူမိတယ်။ အမေစုကိုကြည့်နေတာ ဘယ်အချိန်ပဲဖြစ်ဖြစ် မြန်မာဝတ်စုံကိုပဲ အမြဲဝတ်တာတွေ့ရတယ်။ အရမ်းကို ဂုဏ်ယူပါတယ် အမေရယ်။ အခုခေတ် မြန်မာဝတ်စုံကိုတန်ဖိုးမထားသော မိန်းကလေးများ အတုယူသင့်ပေသည်…………….
    ကျေးဇူးကမာ္ဘပါ အရီးရေ………….. အရီးတင်ပေးလို့ကြည့်ရတာလေ

  • သမီး ကြီး

    June 22, 2012 at 1:39 pm

    အရီးရေ..အခုတလော အမေစု သတင်းတွေ..ဓာတ်ပုံတွေ ကြည့်မိရင် ကျွန်တော် တွေးမိတာ တစ်ခုရှိတယ်…အမေစု ရဲ့မြန်မာဝတ်စုံတွေက အရမ်းလှပီးကျက်သရေ ရှိလွန်းလို့ ….အမေစု ရဲ့
    designer ဘယ်သူ့များ ဖြစ်မလဲလို့….

  • ba gyi

    June 22, 2012 at 2:57 pm

    ဒေါ်စု က သည်အပင်ကလေးတင်မက၊တိုင်းပြည်အတွက်အသီးအပွင့်တွေပါမှန်မှန်ကန်ကန်သီးလာနိုင်ဘို့ —
    နိုင်ငံတစ်ကာလှည့်လည်ပြီး၊အပင်မျိုးစေ့ကလေးတွေပါလိုက်ချနေတာပါဗျား။

  • etone

    June 22, 2012 at 3:40 pm

    ဓါတ်ပုံကြည့်ပြီး သံဝေဂရလိုက်တာ ….
    သုံးဆယ့် ရှစ်ဖြာ မင်္ဂလာ တရားတော်တွေထဲက ကလေးတွေ ဆိုတာလေ … ကိုယ့်ကို နှိမ့်ချအမြဲနေ ဆိုတာလေ … ။ ဒီပုံထဲမှာ ကြည့်ပါဦး … အမေစုသစ်ပင်စိုက်တာ .. ပေါက်တူးကိုလည်း ရွေစက္ကူ ၊ ငွေစက္ကူတွေ ကပ်မထားသလို ၊ ဘေးကနေပေါက်တူးကိုင်ပေးမယ့်လူ ၊ မြေဩစာထုတ်ကိုင် စောင့်မယ်လူ ၊ ရေပုံးကိုင်စောင့်နေမယ့်လူလည်း မရှိဘူး …. ။ ကော်ဇောနီတွေတောင် မြက်ခင်းပေါ်မှာမရှိဘူး ။

    နိုဘယ်ဆုရှင်တစ်ယောက်အဖြစ်နဲ့ရော ကမာ္ဘက အသိမှတ်ပြုတဲ့ မြန်မာနိုင်ငံရဲ့ လူထုခေါင်းဆောင်တစ်ယောက် … ဟိတ်ဟန်မပါတဲ့ သွင်ပြင် ….. ဘယ်လောက် မြင်ရတာကျေနပ်စရာကောင်းသလဲနော် …. ကျေးဇူးပါ အရီးလတ်ရေ 🙂

  • စစ်ကဲ

    June 22, 2012 at 5:01 pm

    အဲဒါ ဘယ်နေရာမှာလဲဟင် …..

    • Nyein Nyein

      June 22, 2012 at 5:07 pm

      Clarence House မှာပါဆိုနေ။ စာလည်းသေချာဖတ်ဘူး။ ဟိဟိ တစ်ဆယ်ယူပြီးလစ်ပြီ။

  • စောင့် ကြည့်သူ

    June 22, 2012 at 5:16 pm

    တစ်တိုင်းပြည်လုံးမွှေးတော့မဲ့ အတိတ်နိမ်ိတ်များပေလား

  • Phaung Phaung

    June 22, 2012 at 5:30 pm

    အမေစုအတွက် ဂုဏ်ယူပြီး မြန်မာဟေ့လို့ အခုမှပဲ မျက်နှာပန်းပွင့်လာတော့တယ်။ မြန်မာသတင်းစာမှာ မဖော်ပြတာက “ပုဂိ္ဂုလ်ရေးသွားတဲ့ခရီးဖြစ်နေလို့ လွှတ်တော်နဲ့သက်ဆိုင်ပြီးသွားရတဲ့ခရီးမဟုတ်လို့ သတင်းစာမှာဖော်ပြခွင့်မရှိပါဘူးတဲ့” ။ ဘယ်လိုပဲဖြစ်ဖြစ် မဖော်ပြချင်တာက မဖော်ပြချင်တာပါပဲ။

    မြန်မာနိုင်ငံမှာ လူထုကထောက်ခံလို့ အမေစု ခေါင်းဆောင်ဖြစ်နေတာပါလို့ ပြောချင်တဲ့သူတွေ ပါးစပ်ပိတ်သွား တာပေါ့။ နိုင်ငံတစ်ကာမှာ အမေစု ဘယ်လောက်အရည်အချင်းပြည့်ဝပြီး လူရာဝင်သလဲဆိုတာ
    အခုတော့ သိသွားကြပြီလား။ လွှတ်တော်ထဲမှာ အမေစုကို ခြေရာတိုင်းချင်တဲ့သူတွေ နဲနဲတော့ ရှိန်သွားလောက်ပြီ ထင်ပါတယ်။

  • သားဦး၊မြေးဦး

    June 22, 2012 at 10:23 pm

    အမှန်ဘဲဗျ လွှတ်တော်လို နေရာမှာ အမေစုလို လူတစ်ယောက်က စစ်သားတွေ၊မျက်ကန်းမျိုးချစ်
    အမတ်စုတ်တွေနဲ ့ထိုင်စကားပြောရမှာ မတတ်ဘူးဗျ။

Leave a Reply