21.6.2012 ကြာသပတေးည (သို့ မဟုတ်) သောကြာနံနက် ၁.၁၅ အချိန်က စလို့ ယူရိုပါလိဂ်ကွာတားဖိုင်နယ် ပွဲစဉ်စပါပြီ ။ သည်ကနေ့ မှာတော့ “ပေါ်တူဂီ – ချက်” ပွဲ ကန်မှာ ဖြစ်ပြီး ၊
22.6.2012 သောကြာည(သို့ )စနေနံနက် ၁.၁၅ မှာ ဂျာမနီ – ဂရိ
23.6.2012 စနေည(သို့ )တနင်္ဂနွေနံနက် ၁.၁၅ မှာ စပိန် – ပြင်သစ်
24.6.2012 တနင်္ဂနွေည(သို့ )တနင်္လာနံနက် ၁.၁၅ မှာ အင်္ဂလန် – အီတလီ
တစ်ရက်တစ်ပွဲဆီ ကစားကြမှာ ဖြစ်ပါတယ် ။
သည်နေ့ ညမှာ ကန်ကြမယ့် “ ပေါ်တူဂီ – ဂရိ ” ပွဲစဉ် ကို ပွဲကြိုအထောက်အကူပြု နဲနဲရေးပြချင်ပါတယ်။
ပေါ်တူဂီ အသင်းဟာ အုပ်စုအဆင့်ပွဲစဉ်များကစားခဲ့တုန်းက
9.6.2012 ဂျာမနီ ၁-၀ ပေါ်တူဂီ
13.6.2012 ဒိန်းမတ် ၂-၃ ပေါ်တူဂီ
17.6.2012 ပေါ်တူဂီ ၂-၁ နယ်သာလန်
ပေါ်တူဂီ အသင်းဟာ အုပ်စု ဘီ ရဲ့ ဒုတိယ အနေနဲ့ ကွာတားကို တက်လာတာပါ
ချက်အသင်း ဟာ အုပ်စုအဆင့်ပွဲစဉ်များ ကစားခဲ့တုန်းက
8.6.2012 ရုရှား ၄-၁ ချက်
12.6.2012 ဂရိ ၁-၂ ချက်
16.6.2012 ချက် ၁-၀ ပိုလန်
ချက် အသင်းဟာ အုပ်စုအေ ရဲ့ အုပ်စုဗိုလ် အနေနဲ့ ကွာတားကို တက်လာတာပါ
သည်နှစ်သင်း 11.6.2008 ယူရို၂၀၀၈တုန်းက တွေ့ ဆုံခဲ့ဖူးပြီး ၊ “ ပေါ်တူဂီ ” က “ ချက် ” ကို ၃-၁ နဲ့ နိုင်ခဲ့ပါတယ် ။
ချက်ရဲ့ ဖြစ်နိုင်ဖွယ် ကစားသမားများမှာ
ဂိုး ပီတာဆက်
နောက် Roman Hubnik ၊ Marek Suchy ၊ David Limbersky ၊ Michal Kadlec
လယ် Jaroslav Plasil ၊ Jan Rezek ၊ Petr Jirácek
လယ် Tomas Hubschmann ၊ Tomas Rosicky
ရှေ့  Milan Baros
ပေါ်တူဂီ ရဲ့ ဖြစ်နိုင်ဖွယ် ကစားသမားများမှာ
ဂိုး Eduardo
နောက် Fabio Coentrao ၊ Bruno Alves ၊ Pepe ၊ João Pereira
လယ် Miguel Veloso ၊ Raúl Meireles ၊ Joao Moutinho
ရှေ့  Cristiano Ronaldo ၊ Hugo Almeida ၊ Nani
ဈေးအနေအထားအရ အာရှမှာ ပေါ်တူဂီ တစ်ဂိုး၅၀ အနိုင် နဲ့ ဂိုးဈေးက နှစ်ဂိုး ၅၀ အရှုံး အနေအထားဖွင့်ထားပါတယ် ။
သည်ဘက်မှာ လဲ အာရှအတိုင်းဘဲ ဖွင့်ထားတာကို တွေ့ ရပါတယ် ။
ဆော်ကာဟော့ ၊ အေရှန်ဘူကီ ၊ နဲ့ လင်ဆို ဆိုက်များက ပေါ်တူဂီအသင်း ကို အနိုင် ခန့် မှန်းပေးထားပါတယ် ။
သည်နှစ်သင်း ကစားသမားအင်အားချင်း ယှဉ်ရင် ပေါ်တူဂီ က ချက် ထက် အများကြီးသာပါတယ် ။
စိတ်ဓါတ်အင်အားနိုင်လိုစိတ်မှာတော့ နှစ်သင်းလုံး ညီတူပါဘဲ ။
ကျုပ်မောင်ပေ့အကြိုက်ကို ပြောရမယ်ဆိုရင်တော့ “““ ပေါ်တူဂီ ””” နဲ့  “““ဂိုးအနဲ””” ပါဘဲ ။
…………………
နောက်ရက်တွေကြမှ တစ်ရက်ချင်း တစ်ပွဲစီရဲ့ အနေအထားကို သည်ပို့ စ်မှာဘဲ အက်ဒစ်လုပ်ပြီး ထပ်ရေးတင်ပါဦးမယ် ။
……. အားလုံး အောင်မြင်ရွှင်လန်းပါစေ …….

About မောင် ပေ

မောင် ပေ has written 396 post in this Website..