အရက်ဖြတ်နည်း

zaylayJune 25, 20101min1013

အရက်ဖြတ်နည်း

သင်သည် အိမ်ထောင်ရှင်တစ်ဦးဖြစ်ပြီး အရက်မသောက်ရလျှင် မနေနိုင်သော အရက်စွဲသူဖြစ်ခဲ့လျှင်၊ သင့်အိမ်တွင် သင့်တစ်ဦးတည်းအတွက် အရက်ဆိုင်ဖွင့်ပါ။ ထိုဆိုင်သည် သင်တစ်ဦးတည်းအတွက် ဖွင့်သောဆိုင်ဖြစ်၍ ဆိုင်ဖွင့်ဖို့ လိုင်စင်ခွင့်ပြုချက် ရယူရန်မလိုတော့ပါ။ အရက်တစ်ဂါလံဝယ်ယူတိုင်း သင့်ဇနီးအား နှစ်ဒေါ်လာပေးပါ။ အရက်တစ်ဂါလံတွင် ခွက် ၉၆ ခွက် ရှိသည်ကို မမေ့ပါနှင့်။ သင်သောက်ဖို့အရက်ကို သင့်ဇနီးထံမှသာ ဝယ်သောက်ပါ။

သင်သောက်သောအရက် ပထမ ၁ ဂါလံ ကုန်သွားသောအခါ သင့်ဇနီးသည် ဘဏ်တွင် ၈ ဒေါ်လာ သွင်းထားနိုင်ပြီး၊ နောက်ထပ် အရက်ဆိုင်ဖွင့်ဖို့ ၁ ဂါလံ ဝယ်နိုင်သော ငွေ ၂ ဒေါ်လာ ရှိလာပါလိမ့်မည်။ သင်သည် ဤနှုန်းအတိုင်း ၁ဝ နှစ်ဆက်တိုက် သင့်ဇနီးထံမှ အရက်ဝယ်သောက်ခဲ့ပြီး ကွယ်လွန်သွားခဲ့သော် ကျန်ရစ်သော သင့်ဇနီးနှင့် ကလေးများအတွက် ပူစရာ ဘာမှမလိုတော့ပါ။ ကျန်ရစ်သော သင့်ဇနီးမုဆိုးမတွင် သင့်အလောင်းကို ကောင်းကောင်းမွန်မွန် သဂြိုဟ်ဖို့အတွက် ငွေ အလုံအလောက် ရှိနေပါလိမ့်မည်။ သားသမီးတွေကို ဆက်လက်ပြုစု ပျိုးထောင်ဖို့အတွက်လည်း ငွေအလုံအလောက် ရှိပါလိမ့်မည်။ အိမ်တစ်ဆောင်၊ မြေတစ်ကွက်ကိုလည်း ဝယ်နိုင်သောငွေ စုဆောင်းပြီး ဖြစ်ပါလိမ့်မည်။ ထို့နောက် သင့်မိန်းမသည် လူကောင်းတစ်ဦးကို လက်ထပ်ပြီး သင့်ကို မေ့သွားနိုင်ပါလိမ့်မည်။

3 comments

  • yannaingech

    June 25, 2010 at 8:45 am

    တော်ပြီဗျာ၊ ငတ်ပြီးသေရင်သေသွားပါစေ…လုံးဝမသောက်တော့ဘူး

  • chitsayar

    June 26, 2010 at 6:35 pm

    တိုက်ဆိုင်လိုက်တာဗျာ ကျွန်တော် ဒီဆိုက်ကိုဖတ်နေချိန်မှာ တကယ်မူးနေတယ်ဗျာ

  • doekalay

    October 5, 2010 at 6:19 am

    တော်တော်ကောင်းတဲ ့အကြံပါပဲ…….သောက်တဲ ံ့
    သူလဲအကျိုးရှိမိသားစုလည်းအကျိုးရှိဆိုတော ့ကောင်းပါတယ်

Leave a Reply