အသက်မွေးမှု ့လိုင်းများ(ခ)-၁

zaylayJune 25, 20101min410

Programmer

Software Developer, System Intergrator, System Analyst အကြောင်း…

Progrmmer ကတော့ Program အသစ်တွေကို ဖန်တီးရတာ ဖြစ်ပါတယ်။ မရှိသေးတာ မဖြစ်သေးတာကို ဖြစ်အောင်

လုပ်ရတာ ဖြစ်ပါတယ်။ Computer မှာဆိုရင်တော့ Programmer ဆိုတာ ဘုရင်လို့တောင် တင်စားခေါ်ဝေါ်လေ့ ရှိပါတယ်။

ကျွန်တော်တို့ငယ်ငယ်တုန်းကလည်း Programmer ဘဝကို အရမ်းအားကျခဲ့တာ။ အရမ်းလည်း ဖြစ်ချင်ခဲ့တာ။

လစာကလည်း ကောင်းမှကောင်းကိုးဗျ။ ဒါပေမယ့် Programmer က သချင်္ာတော်ဖို့ လိုပါတယ်။ ဒါဟာ ကိုယ့်ကိုကိုယ်

သိရမယ့်အချက်တစ်ခုပဲ။ ကျောင်းသားဘဝမှာကိုယ်ဟာ သချင်္ာတော်တယ်။ မတော်ဘူးဆိုတာ ကိုယ်ကိုယ်တိုင်သိလိမ့်မယ်။

ဒီနေရာမှာ တစ်ခုသတိထားရမှာက ကျောင်းသားဘဝမှာ ကိုယ်ဟာစာကို ကြိမ်ဖန်များစွာလေ့ကျင့်လို့ သချင်္ာမှာအမှတ်ကောင်း

ရုံနဲ့ သချင်္ာတော်တယ်လို့ ပြောလို့မရဘူး။

ဒီကလေးရဲ့ဦးနှောက်ကိုက သချင်္ာဘက်မှာထူးချွန်နေတာမျိုးကို ဆိုလိုချင်တာ။ အဲ့ဒီအပြင် နောက်တစ်ချက်ရှိသေးတယ်။

ကလေးက သူများကလေးတွေနှင့် မတူဘူး။ တစ်မူကိုထူးနေတယ်။ မသိရင် အကဲမခတ်တတ်ရင် ငါ့ကလေး ရူးနေလားလို့

တောင် ထင်နေရတယ်။ အများနှင့်မတူဘဲ အပြုအမူတွေ၊ စကားတွေ ပြောတတ်တယ်။ ထိန်းချုပ်တတ်မှ မထိန်းချုပ်တတ်ရင်

ကလေးကို ဆိုးတယ်ဟု မိဘကထင်တတ်တယ်။ ဥပမာ သူများကလေးတွေက ဘုရားရှိခိုးလို့ မင်းလည်းရှိခိုးရမယ်လို့ ပြောရင်

လုပ်ချင်မှလုပ်မယ်။ သူ့ဘာသာသူစိတ်ပါရင် လုပ်လိမ့်မယ်။ သူ့ကို သူများနှင့် နှိုင်းပြီး အတင်းအကျပ်လုပ်ခိုင်းရင် လုပ်ချင်မှ

လုပ်တယ်။ မိဘက သားသမီးအကြောင်းမနပ်ရင် လူလယ်ကောင်မှာ အရှက်ကွဲနိုင်တယ်။ အဓိက သူတို့ရဲ့ အမူအကျင့်က

ကိုယ့်လမ်းကိုယ်ဖောက်မယ့်သူတွေ။ သူတို့စိတ်ကူးတွေကို ဖန်တီးမယ့်သူတွေ ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဒါကိုမသိဘဲ

လမ်းကြောင်းမှားပြီး ကလေးတွေဟာ အတော်ဆုံးဖြစ်မယ့်အစား ကလေးဆိုးတွေဖြစ်သွားတတ်ကြပါတယ်။ ဒါကြောင့်

သတိထားပေးပါ။ သူများနှင့်သိပ်မရောတဲ့ကလေး၊ အများနှင့် မဆော့တဲ့ကလေး၊ တစ်ယောက်တည်း ဆော့နေတတ်တဲ့

ကလေးရှိရင် ဂရုစိုက်ပါ။ အမျိုးမျိုးတော့ ဖြစ်နိုင်တာပေါ့နော်။ တစ်ခုသတိထားရမှာက ကလေးက ဉာဏ်ရည်သိပ်ထက်နေမယ်

IQ အရမ်းမြင့်နေတဲ့အခါ သူနှင့်ရွယ်တူတွေနှင့်အတူ ဆော့လို့မရဘူး ဖြစ်နေတတ်တယ်။ ကျွန်တော် Programmer တွေနှင့်

အများကြီးပေါင်းဖူးပါတယ်။ သူတို့တွေနှင့် စကားပြောရင် တစ်ခါတစ်လေတစ်မျိုးပဲဗျ။ မသိရင် လူဂေါက်တောက်တောက်

ပေါ့ဗျာ။ ကိုယ်ကသိနေတော့ ပြဿနာမရှိဘူးပေါ့။ ကဲထားပါတော့။ ကိုယ်ဟာ Programmer တစ်ယောက်ဖြစ်ထိုက်တယ်။

မဖြစ်ထိုက်ဘူး လိုက်နိုင်တယ် မလိုက်နိုင်ဘူးဆို သိလောက်ပါပြီ။ ကျွန်တော်ကွန်ပျူတာအကြောင်း အများကြီးသိတယ်။

အတွေ့အကြုံလည်း အများကြီးရှိတယ်။ Programmer Project တွေလည်း ရေးဖူးတယ်။ ကျွန်တော်ဟာ Programmer ကို

တစ်ခြားသူတွေကို သင်ပေးပါဆို သင်ပေးတတ်တယ်။ ရှင်းပြနိုင်တယ်။ ဒါပေမယ့် Programmer တစ်ယောက်မဖြစ်နိုင်ဘူး။

Creative မဖြစ်ဘူးပေါ့ဗျာ။ နို့မို့ရင်မနိုင်ဝန် ထမ်းရတတ်ပါတယ်။ ဒါပေမယ့် သိပ်စိတ်ဓာတ်ကျမသွားနဲ့ဦး။ Programmer

ဖြစ်ချင်သူတွေအတွက် ထွက်ပေါက်တစ်ခုရှိသေးတယ်။ အဲ့ဒါက တကယ့်လုပ်ငန်းကြီးတွေမှာ Programmer တွေ အများကြီး

ရှိတာ။ သူတို့က အပိုင်းလိုက်ဖြတ်ထုတ်ပြီး ရေးရတာ။ အဲ့ဒါမျိုးမှာဆို ကိုယ်ကနည်းနည်း Follow လိုက်သွားရင် ရတယ်ပေါ့

ဗျာ။ Programmer တွေမှာ

(၁) Junior Programmer

(၂) Senior Programmer တို့အပြင် ရေးထားတဲ့အပိုင်းတွေကို ပြန်ပေါင်းစည်းတဲ့

(၃) System Integrator တို့ ဘာတို့ရှိသေးတယ်။

လစာလည်း ပိုကောင်းသွားတာပေါ့ဗျာ။ အတွေ့အကြုံလည်း အများကြီးလိုတာပေါ့။ နောက်ပြီး အလုပ်အပ်တဲ့ Customer

လုပ်ငန်းတွေကို ကွင်းဆင်းပြီး ဒီအလုပ်မှာ လိုအပ်တဲ့ Software တွေကို ဘယ်လိုရေးရမယ်ဆိုပြီး သုံးသပ်တဲ့သူကိုတော့

System Analyst လို့ဆိုပါတယ်။ သူကတော့ ပိုပြီးအထာကျ ပိုပြီးဆရာကျပါတယ်။ သူများလုပ်ငန်းတွေမှာတွေ့ကြုံနေရတဲ့

ပြဿနာတွေကို ကွန်ပျူတာ Software နှင့် ပြေလည်သွားအောင် ပြုလုပ်ပေးတာမို့ မျက်စေ့ထဲမြင်အောင် ပြောရရင် စာရွက်

တစ်ရွက်ပေါ်မှာ ဘောပင်နှင့်ချရေးလိုက်၊ ခေါင်းကိုသပ်လိုက်၊ ဖော်မြူလာတွေ ချရေးလိုက်၊ မေးစေ့ကလိုပွတ်လိုက်၊ စာရွက်ပေါ်

ချရေးလိုက်၊ ခေါင်းကိုတဗျင်းဗျင်းကုတ်လိုက် ဒါမျိုးတော့ ဖြစ်တတ်ပါတယ်။

ပုံ၁.၁၃

နောက်တစ်ခုပြောပြဦးမယ်။ တစ်ချို့ Software ထုတ်လုပ်တဲ့ကုမ္ပဏီတွေက အလုပ်တွေမနိုင်လို့ ဆင့်ပွားကန်ထရိုက်ပြန်ပေး

တာတွေလည်းရှိတယ်။ တစ်ချို့ကုမ္ပဏီတွေဆို သူက နိုင်ငံတကာကနေ ဆင့်ပွားကန်ထရိုက် ပြန်ပေးတာတွေလည်း ရှိတယ်။

တစ်ချို့ကုမ္ပဏီတွေဆို သူူကနိုင်ငံတကာကနေ ဆင့်ပွားကန်ထရိုက်ရတယ်။ ကိုယ်ကိုယ်တိုင် ဘာမှတီထွင်စရာမလိုဘူး။

သူတို့ကန်ထရိုက်ပေးပြီးခိုင်းတာကို ကိုယ်ကပြည့်စံကောင်းမွန်အောင် ရေးပေးရုံပဲ။ ဘာပဲဖြစ်ဖြစ် ဒီအလုပ်က ပိုက်ဆံအရမ်း

ရတယ်ပေါ့ဗျာ။ ဒီအလုပ်ရဖို့ ဘာတွေလေ့လာရမလဲဆိုတော့ ကွန်ပျူတာသိပ္ပံဘွဲ့ပေါ့ဗျာ။ အဲ့သလိုမှ ကွန်ပျူတာသိပ္ပံဘွဲ့မရ

ခဲ့ရင်လည်း မြန်မာပြည်မှာ ကွန်ပျူတာ Programming ပိုင်းဆိုင်ရာ ဒီပလိုမာသင်တန်းတွေလည်း ရှိပါတယ်။ အဲ့ဒီ ဒီပလိုမာ

ရထားရင်လည်း ကောင်းပါတယ်။ Programmer တစ်ယောက်ဟာ Program ရေးတတ်ရုံပဲမဟုတ်ဘဲ လုပ်ငန်းခွင်နှင့် ပတ်

သက်နေတဲ့ စာရင်းပိုင်း၊ ကွန်ပျူတာနှင့် ဆက်နွယ်နေတဲ့ သီချင်းပိုင်းတွေကို အဲ့ဒီ Diploma တန်းတွေမှာ သင်ပေးပါတယ်။

ကဲ Programmer ဆိုတာ လစာကောင်းတယ်၊ ရာထူးကောင်းတယ်ဆိုပေမယ့် Programmer ဟာ သူများထက် သချင်္ာပို

တော်ရတယ်။ IQ ပိုမြင့်ရတယ်ဆိုတာပြောရင်း ဒီအကြောင်းကို နိဂုံးချုပ်ပါတယ်။

ဒီအခန်း (၁) ရဲ့ အပိုင်း (က) သင်ခန်းစာဟာ မိဘတွေကိုယ်ရဲ့သားသမီးတွေကို ကွန်ပျူတာဖြင့် ဘယ်လို

အသက်မွေးဝမ်းကျောင်းကိုလိုက်ရင် သင့်တော်မယ်ဆိုု ဆုံးဖြတ်လို့ရအောင် Information တွေ ပေးထားတာ ဖြစ်ပါတယ်။

လူငယ်တွေရဲ့ဦးနှောက်ကို မီးညှိပေးတဲ့ အခန်းလို့ပြောရင်လည်း ရပါတယ်။