အသက်မွေးမှု ့လိုင်းမျာ;

zaylayJune 25, 20101min530

Computer Operate အပိုင်းနှင့် အခြား

ကွန်ပျူတာအသက်မွေးဝမ်းမှုလိုင်းများနှင့် ပတ်သက်ပြီး ကွန်ပျူတာဟာ နေရာတိုင်းလူတိုင်းအတွက် ဖြစ်နေပြီဆိုတဲ့

အကြောင်းကို ပြောပြချင်ပါတယ်။ တနည်းအားဖြင့် ကွန်ပျူတာ အခြေခံသင်တန်းနှင့် ဆက်နွယ်နေတဲ့ အကြောင်းတွေကို

ပြောပြမှာဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ ဖော်ပြပေးမှာကတော့ Computer ကို Operate လုပ်တဲ့အပိုင်းပဲ ဖြစ်ပါတယ်။

ဒီနယ်ပယ်ကို ပြောရမယ်ဆိုရင်-

(၁) Super Market မှာ (Point of Sale) ကွန်ပျူတာဖြင့် ဘောက်ချာဖြတ်၍ အရောင်းစာရင်းဖွင့်သည့် အရောင်းစာရေး

များ

ပုံ – ၁

အထက်ပါပုံဟာဆိုရင်တော့ Super Market တစ်ခုရဲ့ ငွေရှင်းကောင်တာမှာ ကွန်ပျူတာဖြင့် ဘောက်ချာဖြတ်ပြီး ငွေရှင်းနေ

တာဖြစ်ပါတယ်။ ယနေ့ခေတ်မှာဆိုရင် Super Market ကြီးတွေမှာ သာမက Mini Market များ၊ စတိုးဆိုင်များ၊ အသေးစား

ကုန်စုံဆိုင်များမှာပင် ကွန်ပျူတာဖြင့် ဘောင်ချာဖြတ်သည့်စနစ်ကို တွင်ကျယ်စွာ အသုံးပြုနေကြပြီ ဖြစ်ပါတယ်။

ကွန်ပျူတာဖြင့် ဘောင်ချာဖြတ်၍ ငွေရှင်းသည့် စနစ်ဟာ လုပ်ငန်းမှာ လွန်စွာမှ စနစ်ကျတဲ့အပြင် ကုန်ပစ္စည်းလက်ကျန်ကိုပါ

တခါတည်းကြည့်လို့ရတာကြောင့် ကွန်ပျူတာကို ဒီ့ထက်ပိုပြီး တွင်ကျယ်စွာ အသုံးပြုသင့်ကြပါတယ်။

(၂) သင်္ဘောသားများ

ပုံ – ၂

အထက်ပါပုံကတော့ သင်္ဘောအင်ဂျင်ခန်းအတွင်းမှာ ကွန်ပျူတာအသုံးပြု တပ်ဆင်ထားပုံပဲ ဖြစ်ပါတယ်။ သင်္ဘောများတွင်

ကွန်ပျူတာအသုံးပြုခြင်းမှာ ကြာပြီဖြစ်ပါတယ်။ သင်္ဘောများကို ကွန်ပျူတာဖြင့် ထိန်းချုပ်နေကြပါပြီ။ ယနေ့ခေတ်မှာတော့

သင်္ဘောကြီးများ၊ သင်္ဘောလေးများ၊ မော်တော်များ၊ စက်လှေများတွင်သာမက သင်္ဘောသားတိုင်း (မည်သည့်ရာထူးပင်

ဖြစ်စေ) ကွန်ပျူတာကို အသုံးပြုနေကြပါပြီ။ ဒါကြောင့် သင်္ဘောသားများဟာလည်း ကွန်ပျူတာကို တတ်ထားသင့်ပါတယ်။

(၃) ကိုယ်ရေးအရာရှိ Secretary များ

ပုံ – ၃

ရုံးလုပ်ငန်းများမှ ကိုယ်ရေးအရာရှိ Secretary များမှာလည်း ကွန်ပျူတာကို မသုံးမဖြစ် အသုံးပြုကြရပါတယ်။ Secretary

များဟာ ကွန်ပျူတာကို သုံးတတ်ရုံတင်မျှမကဘဲ လုပ်ငန်းကြီးရင်ကြီးသလောက် ကျွမ်းကျင်ပိုင်နိုင်ဖို့ လိုအပ်ပါတယ်။ E-Mail &

Internet အသုံးပြုမှုများမှာပါ ကျွမ်းကျင်ပိုင်နိုင်ရမှာ ဖြစ်ပါတယ်။

(၄) တရားသူကြီးများ၊ ရှေ့နေများ

့ တရားရုံးများတွင်လည်း ကွန်ပျူတာကို အသုံးပြုလာကြပြီဖြစ်ပါတယ်။ ရှေ့နေရဲ့ လျှောက်လဲချက်များကို တရားသူကြီးမှ

မှတ်တမ်းတင်ရာမှာ အသုံးပြုခြင်းဖြစ်ပါတယ်။ တရားရုံးများတွင်လည်း ကွန်ပျူတာဖြင့် တရားလို၊ တရားခံ၊ သက်သေ၊

ရှေ့နေများရဲ့လျှေက်လဲချက်များကိုမှတ်တမ်းတင်ကြပါတယ်။ နောက်တစ်ခုက အမှုတွဲဖိုင်များကို ဟိုတစ်ဖိုင်၊ ဒီတစ်ဖိုင်

လိုက်ရှာနေစရာမလိုဘဲ သူ့ဖိုင်နှင့်သူသိမ်းထားနိုင်တဲ့အတွက် အလုပ်လုပ်ရာမှာလည်း လွယ်ကူမြန်ဆန်စေပါတယ်။

ကွန်ပျူတာဖြင့် မှတ်တမ်းတင်ခြင်းအားဖြင့် တိကျမှန်ကန်သော အဖြေများရရှိနို်င်ပါတယ်။ မှတ်တမ်းမှတ်ရာများကိုလည်း

လုံခြုံစွာ သိမ်းဆည်းနိုင်ပါတယ်။ မပျောက်မပျက်စေပဲ ကြာရှည်စွာ သိမ်းဆည်းထားနို်င်ပါတယ်။ ယခုအခါတရားရုံးများ

တွင်လည်းကွန်ပျူတာကို တွင်ကျယ်စွာ အသုံးပြုလာကြပါပြီ။

(၅) ရုံး Staff များ

ပုံ – ၅

အစိုးရရုံးဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများဟာလည်း ကွန်ပျူတာကို တတ်မြောက်ထားကြရမှာ ဖြစ်ပါတယ်။ လက်ရှိမှာ

ကို်ယ်ကသာမန် ရုံး Staff ဖြစ်သော်ငြားလည်း နောက်ပိုင်း ရာထူးတိုးတဲ့အခါမှာ ရုံးတွင်း လစ်လပ်နေရာပေါ်တဲ့အခါများမှာ

ကွန်ပျူတာတတ်မြောက်ထားတဲ့သူက တစ်ဗန်းသာပါတယ်။ အရည်အချင်းချင်း တူတယ်။ ဒါပေမယ့် ကိုယ်နဲ့ လုပ်သက်

ကွာတယ်ဆိုရင်တောင်မှ ကွန်ပျူတာတတ်မြောက်ထားတဲ့သူကသာ ရာထူးတိုးမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့

ယခုအခါရုံးတိုင်းမှာ ကွန်ပျူတာနဲ့ပဲ အလုပ်လုပ်ကြပါတယ်။ ကွန်ပျူတာကို အသုံးပြုခြင်းအားဖြင့် အလုပ်လည်း ပိုမိုတွင်ကျယ်

လာကြပါတယ်။ ဥပမာ – ရုံးတစ်ရုံးရဲ့ ဝန်ထမ်းရေးရာဌာန၊ လုံခြုံရေးဌာနများမှအစ ကွန်ပျူတာကို မသုံးမဖြစ် အသုံးပြုနေကြ

ပါပြီ။ ဒါဆိုရင်တော့ ကွန်ပျူတာဟာ အသုံးဝင်လား၊ မဝင်ဘူးလားဆိုတာကိုတော့ စာဖတ်သူတို့သုံးသပ်နိုင်လောက်ပြီလို့လည်း

ထင်တဲ့အတွက် ဒီတစ်ပတ်အတွက်ကို ဒီမှာပဲ ရပ်နားလိုက်ပါရစေ။ နောက်ထပ် ဘယ်လို လုပ်ငန်းမျိုးတွေဟာလည်း ကွန်ပျူ

တာ မရှိမဖြစ် လိုအပ်ပါတယ် ဆိုတဲ့အကြောင်းလေးကိုတော့ နောက်တစ်ပတ်မှာ ဆက်လက်ဖော်ပြပေးသွားပါဦးမယ်။