Love mirror

marblecommetJune 22, 20121min10313

ကောင်းကင်ကို အလင်းဖွဲ့
ပင်လယ်ပြင်ကို Principal axis လုပ်
မင်းရဲ့ . . .
ချစ်ခြင်းမေတ္တာ ရိုက်လင်းတန်း
သက်ငြိမ် နွေးထွေးမှုနဲ့
အလင်းပြန်တဲ့အခါ
ငါ့ . . .နှလုံးသားမှာ
ဆုံချက် (Focus) ဖြစ်ပါစ . . .။
ဒါပေမဲ့ . . .
လွဲမှားခြင်းတွေနဲ့ ဖွဲ့သီ
ငါ့ဘဝ ပုစ္ဆာကိုယ်က
သီဝရီ . . .အချိုးမညီဘူး
ဘဝဆိုတာ…
အစက်ပြ မျဉ်းတစ်ကြောင်းလို
လမ်းစ ပျောက်သွားမှာကို
ထိတ်လန့်နေရ
ဝတ္ထုဖြစ်စဉ်က
(Virtual image) တစ်ခုသာ
ရင်မှာ ဒဏ်ရာဖြစ်ခဲ့ပေါ့ . . .။ ။
………..
………
ဟဲဟဲ….ဆယ်တန်းတုန်းက light အခန်းသင်ရတဲ့အခါ ကြေးမုံခုံးခွက်တွေသင်ရတော့ ဒီကဗျာအတွေးလေးဝင်လာတယ်။ ပြီးတော့ Physics ဆရာက အရိုက်ကြမ်းတယ်.။
ကျနော်ကလည်း ခပ်တုံးတုံးကောင်ဆိုတော့ Concave / Convex ကို ဆြာရှင်းပြတာ တော်တော်နဲ့မပေါက်ဘူး ….ပေါက်ချင်းပေါက်ရော အတန်းထဲမှာကဗျာစာအုပ်ထုတ်ကြရော ဒီကဗျာကထပေါက်သွားရော…..
အဲဒါနဲ့ အနော်လည်း လက်မောင်းမှာဆြာပေးတဲ့တပ်ကြပ်ကြီး ရာထူးရခဲ့ဘူးတယ် နည်းတဲ့ကြိမ်လုံးဟုတ်ဘူးဗျ…
အခုတလော စာရေးလို့မရတာနဲ့ ရွာထဲလည်း သိပ်မရောက်ဖြစ်တာနဲ့
စာအုပ်ဟောင်းလေး ပြန်ရှာတွေ့တာနဲ့ ရွာသားတွေကို စိတ်ညစ်အောင်လုပ်လိုက်တော့မယ်….
ရှက်ထှာ…..

13 comments

  • kyeemite

    June 22, 2012 at 8:21 am

    ဂွတ်တယ်ဗျာ..
    “လွဲမှားခြင်းတွေနဲ့ ဖွဲ့သီ
    ငါ့ဘဝ ပုစ္ဆာကိုယ်က
    သီဝရီ . . .အချိုးမညီဘူး”….အမှန်ဘဲ ကိုကမ်းကြီးရေ…
    လွဲမှားနေသေးတဲ့…
    ကြီးမိုက်။

  • မောင်ပေ

    June 22, 2012 at 8:42 am

    ၁ဝတန်း ရူပဗေဒနဲ့ပတ်သက်ပြီး မှတ်မိတာ တစ်ခုဘဲရှိတယ်
    mirror ကိုဖြတ် တည့်တည့်ထွက်… တဲ့
    ကမ်းဝေးအတွက် ဆိုရင်
    အရက်ကိုဖျက် waterမှတ်…. ပေါ့ဗျား။

  • mamanoyar

    June 22, 2012 at 10:34 am

    (Virtual image) တစ်ခုသာ
    ရင်မှာ ဒဏ်ရာဖြစ်ခဲ့ပေါ့ . . .။ ။
    ………..

  • surmi

    June 22, 2012 at 11:04 am

    ပြန်သတိယပါရဲ ့ ကျောင်းပြေးခဲ ့တာလေးတွေ

  • ရှင်းသန့် နွယ်

    June 22, 2012 at 11:49 am

    ဘဝဆိုတာ…
    အစက်ပြ မျဉ်းတစ်ကြောင်းလို
    လမ်းစ ပျောက်သွားမှာကို
    ထိတ်လန့်နေရ……….good!

  • Ma Ei

    June 22, 2012 at 12:10 pm

    ဆယ်တန်းမှာ ရေးတဲ့ကဗျာလေး
    ခုချိန်မှာကော အသုံးတည့်ပါသေးလား…
    စာအုပ်ဟောင်းလေးဆိုတော့
    နောက်ထပ်ကဗျာတွေ
    ရှိအုံးမယ်မို့လား…

  • Khaing Khaing

    June 22, 2012 at 12:39 pm

    ကိုကမ်းရဲ့ကဗျာလေးကိုအားပေးသွားပါတယ် ……..အားလုံးအဆင်ပြေအနည်ထိုင်သွားပီလားကိုကမ်း …… ကိုကမ်းဆံပင်ရောင်းထားတဲ့ငွေနဲ့ ဝမ်းသာရွှေကျောင်းမှာ ကျောင်းဆောက်တဲ့ဟာကိုလှူထားပါတယ် ဆံပင် ရောင်းရငွေက တစ်သောင်းရပါတယ်ကိုကမ်း …… ဖြတ်ပိုင်းကို စကန်ဖတ်ပြီး တစ်နေ့တော့မေးကနေ ပို့ပေးလိုက်ပါမယ် ……

  • marblecommet

    June 22, 2012 at 1:43 pm

    လွဲမှားနေသေးတဲ့ ကိုကိုမိုက်…
    တစ်ရက်လောက် အရှင်လတ်လတ်
    တွေ့ချင်သေးသလေ မတွေ့တာကြာပြီဗျ….
    ……..
    ရဲဘော်ကပ္ပတိန်ပေ
    ယူရိုမှာ….ပုံရိပ်ယောင်နဲ့ ပုံရိပ်စစ်ကို
    မှန်မှန်ကန်ကန်မြင်တတ်ပါစေ…..
    ……..
    ရှင်းသန့်နွယ်…….
    mamanoyar ခင်ဗျား
    ကျနော့်လက်ဆော့ထားတာကို
    ဝင်ဖတ်ပေးတာ ကျေးဇူးပါ
    …….
    ကိုဆာမိရေ့….
    ကျောင်းပြေးခဲ့တာကို ပြန်ပြောင်း
    သတိရတယ်ဆိုလည်း
    အမှတ်တရပို့(စ်)လေးတွေ
    ချီးမြှင့်ပါဦးလားဗျာ..
    …….
    မအိရေ့……
    ဆယ်တန်းတုန်းက
    လက်ချုပ်စာအုပ်လေး ပြန်တွေ့တယ်ဆိုတော့
    ငယ်တုန်းက ရေးခဲ့တဲ့ကဗျာဦး
    စာဦးလေးတွေ အများကြီးကျန်ပါသေးတယ်ဗျ
    ဒါပေသိ…ရွာသားတွေကို အားနာလို့
    တင်တော့ဘူးဗျာ..ဟဲဟဲ..
    ဒီကဗျာတောင် အသက် (15)နှစ်လောက်
    ရှိရောပေါ့…
    အားပေးတာ ရှဲရှဲဗျို့.
    …..
    ညီမခိုင်လေးရေ့..
    ဆံပင်ကိစ္စအတွက် ရှဲရှဲဗျာ…..
    အခြားဝေယျာဝစ္စတွေကတော့
    ထုံးစံအတိုင်းပဲဆိုပါတော့
    ဟဲဟဲ သိတယ်မလား
    ကိုကြီးကမ်းပဲလေ….

  • Nyein Nyein

    June 22, 2012 at 2:16 pm

    ကိုကမ်းရေ ကဗျာလေးကမိုက်တယ်နော်။
    ဘဝဆိုတာ…
    အစက်ပြ မျဉ်းတစ်ကြောင်းလို
    လမ်းစ ပျောက်သွားမှာကို
    ထိတ်လန့်နေရ
    အဲဒီ့အပိုဒ်လေးကို ပိုကြိုက်တယ်။

  • mocho

    June 22, 2012 at 2:59 pm

    ပိုစ့် နဲ့ မဆိုင် တာ ပြောလိုက် အုံးမယ်၊ ဆံပင် ရောင်းတာ ၁ သောင်း တောင် ရတယ် ဆိုတော့ မနည်းဘူးပဲ ။ ကို ကမ်း ကို ပန်းတနော် ဓာတ်ပုံ တွေ ထဲမှာ ဂတုံး ဆံပင်နဲ့ တွေ့ ဖူးတာ ဆိုတော့ အဲဒီ မတိုင် ခင် က ဆံပင် ရှည် နဲ့ ပေါ့။

  • marblecommet

    June 22, 2012 at 3:22 pm

    မှန်ပါ့
    အဲဒီ စနက်ပေါ့ခင်ဗျာ…..
    အခုတော့ ကီတုန်း မဟုတ်တော့ပါဘူး
    နောက်ထပ် ဆံပင်စိုက်ပျိုးရေး
    ပြန်လည်စတင်နေပါပြီ…ဟိ..

  • သားဦး၊မြေးဦး

    June 22, 2012 at 8:46 pm

    Concave,Convex ကို lens နဲ ့mirror ရောဖတ်လိုက်ပါ။လည်သွားတာပေါ့။
    ဟီးးး ကဗျာ အရေးကောင်းလို ့ကြိမ်လုံးကြီးကြီး ရဖူးသွားပေမယ့် ဘဝမှာ အမှတ်
    တရပေါ့ဗျာ။နော့—

  • pan pan

    June 22, 2012 at 9:42 pm

    သက်ငြိမ် နွေးထွေးမှုနဲ့
    အလင်းပြန်တဲ့အခါ
    ငါ့ . . .နှလုံးသားမှာ
    ဆုံချက် (Focus) ဖြစ်ပါစ . . .။

    ဒီတခါတော့ ဖိုးကပ်ကပ် မကပ်ကပ် မရရအောင်ကပ်ပါစေအူးလေးရေ
    အင်း…အူးလေးက ကဗျာဆြာပီသထှာ
    ၁ဝတန်းတည်းက ဇကရှိနေတာပဲ
    တော်ထှာ၊ သများသားသ္မီးတွေများ :mrgreen:

Leave a Reply