မုန်း စ ရာ ကောင်း သည့် ဦး- အ ပိုင်း (၁၁)

aye.kkJune 22, 20121min22117

ကျ မ အား နှုတ် ဆက် ပြီး ပြန် သွား သည့် ……….
ဦး ၏ နောက် ကျော ပြင် ကို ကြည့် ပြီး ၊ ရင် ထဲ တွင် ဟာ တာ တာ နှင့် ကျန် ခဲ့ ပါ သည် ။
ဒိုင် ယာ ယီ စာ အုပ် က ဦး နှင့် ကျ မ ကို လုံး ဝ ပြီး ဆုံး သွား စေ နိုင် သည် ဟု လည်း ထင် မိ ပါ သည် ။

နောက် ဆုံး တွေ ့ ဆုံ ခြင် း နေ ့ တ နေ ့လည်း ဖြစ် မည် ဟု စိတ် ထဲ တွေး မိ သော အ ခါ ၊ နာ ကျင် မှု ဝေ ဒ နာ များ ၏ ထိုး နှက် ခြင်း ကို တစ် ပြုင် တည်း ခံ စား နေ ရ မိ ပါ သည် ။
မ ပြီး ဆုံး သေး သည့် အ တိတ် ပန်း ချီ ကား ချပ် တ ခု ၊ အ လွမ်း များ နှင့် အ ဖော် ပြု လျှက် အ ပြီး အ ဆုံး သတ် သွား ခဲ့ ပါ သည် ။ တ သက် လုံး လည်း နာ နာ ကျင် ကျင် အ လွမ်း များ ကို ရင် ထဲ သယ် ဆောင် ခံ စား ပြီး နေ သွား ရ မည့် အ လုပ် ကို ကျ မ ကိုယ် ၌ က ရွေး ချယ် ခဲ့ မိ ခြင်း ဖြစ် ပေ သည် ။ သံ ယော ဇဉ် ရှိ ပြီး မှ ခွဲ ခွာ ရ သည့် အ တွက် လွန် စွာ လည်း စိတ် ထိ ခိုက် မိ ခဲ့ ပါ သည် ။
ဒိုင် ယာ ယီ ကို ဦး အ မှန် တ ကယ် ဖတ် ကြည့် မိ မည် ဆို ပါ က ၊ ဦး စိတ် ထိ ခိုက် ခံ စား သွား ရ မှာ ကို ပြေး ကြည့် စ ရာ မ လို တွေး ကြည့် ယုံ မျှ နှင့် သိ ပါ သည် ။ မ လျှော့ သော ဇွဲ ၊ မ လျှော့ သော မေတ္တာ က အောင် မြင် မှု ကို ရ ယူ သွား နိုင် ကြောင်း ခံ စား သိ မြင် လာ နိုင် မည် ဟု လည်း ကျ မ မှ ယုံ ကြည် မိ ပါ သည် ။

ဦး ၏ ညာ လက် ဖ ဝါး ပြင် တွင် ပါ ရှိ သည့် အ ရံ နှ လုံး လမ်း ကြောင်း က ၊ ပ ထ မ ပင် မ လမ်း ကြောင်း လို အ ချစ် မေ တ္တာ စိတ် က ၊ ထပ် တူ ထပ် မျှ မ ကျ သည် ကို ၊ ဦး ကိုယ် တိုင် သိ ရှိ မည် ဟု လည်း ကျ မ မှ ထင် မြင် နေ မိ ပါ သည် ။ ဒါ ကြောင့် သာ ညီ လေး လို နေ ထိုင် ဝတ် ဆင် ပြီး အ တူ တ ကွ နေ ထိုင် သွား ချင် သည် ဟု ဆို သည့် စ ကား က ရင် ထဲ က မ ပါ ပဲ ထုတ် ဖော် ဖွင့် ဟ နိုင် ဖို ့ မ လွယ် ကူ ပါ ။ ပ ထ မ လမ်း ကြောင်း ထက် အား ဖျော့ ကာ မှေး မှိန် နေ ခြင်း ဖြစ် ၍ ထို သို ့ သော သံ ယော ဇဉ် မေ တ္တာ မျိုး ဖြင့် တောင်း ဆို မှု တ ခု ဖြစ် သည် ကို ကျ မ မှ ခံ စား နား လည် မိ ပါ သည် ။

စ ကား တစ် ခွန်း ကို အ လေး နက် ထား သူ ၊ တန် ဖိုး ထား သူ ဆို လျှင် ၊ အ ကျ ကောက် ပြီး အ ဓိ ပ္ပါ ယ် တစ် မျိူး သက် ရောက် ခါ အ ထင် လွဲ မှား သွား စေ နိုင် ပါ သည် ။ ထို စ ကား ပြော ချိန် က ဦး ကို စိတ် ဆိုး မိ ပါ သည် ။ ကျ မ ၏ အုံ ပုံး စိတ် ( အ ငုံ ့စိတ် ) ၊ အ ရှိုက် မိ စေ သွား ခဲ့ သ ဖြင့် လည်း ရှက် စိတ် ဖြင့် မ ရ မ က (မ ပြော မ ချင်း ) ဘာ လို ့ အဲ သည် လို ပြော ရ တာ လည်း ဟု မေး မိ ခဲ့ ရ ခြင်း ပဲ ဖြစ် ပါ သည် ။
အ သိ စိတ် နှင့် မ သိ စိတ် တို ့ လွန် ဆွဲ လျှက် မေး မိ ပါ မှ ငါး ပါး မှောက် ခဲ့ ရ သူ က ကျ မ ပင် ။ အ ချစ် တော် ထား ဘူး ကာ ဘ ဝ ၏ အ လွဲ အ မှား များ ဖြင့် ၊ ဆုံး ဖြတ် ချက် မှား ယွင်း ခါ ၊ ပ ညာ တစ် ပိုင်း စ ဖြစ် သွား ရ ခဲ့ ခြင်း ကို ဦး က တိ တိ ကျ ကျ သိ ထား နေ ခြင်း မှာ ၊ အ ဖေ ကိုယ် ၌ က ထုတ် ဖော် ပြော ပြ ထား ၍ သာ ဖြစ် မ ည် ဟု ထင် ပါ သည် ။

ညီ လေး လို လည်း နေ ချင် သည် ဟု ဆို ပါ လျှင် ၊ အံ့ ဩ ထူး ဆန်း စွာ မိန်း ခ လေး သ ဘာ ဝ တ ရား စိတ် တို ့ ဖြစ် ပေါ် ခံ စား လာ ရ သည် မှာ လည်း ဘာ မျှ မ ကြာ သေး ပါ ။ ယ ခင် လို စိတ် နှင့် ဆို က ဦး နှင့် အ တူ တူ နေ ထိုင် ဘို ့ ရုူး သွတ် မိ မှာ အ မှန် ပင် ဖြစ် ပါ သည် ။
အ သက် တ မျှ တန် ဘိုး ထား ခါ ၊ ချစ် မိ ခဲ့ ရ သော သူ ငယ် ချင်း (ဝါ) အ ချစ် တော် တ နည်း ပြော ရ ပါ လျှင် (လိင် တူ အ ချစ် ) ဇတ် လမ်း က ပြီး ဆုံး သွား ခဲ့ ပြီး ၊ အ ချိန် အ တော် အ တန် ကြာ စိတ် လေ ခဲ့ မိ မှု များ က လည်း ရှက် စ ရာ ကောင်း လွန်း လှသည့် ၊ ခ လေး ဘ ဝ က အ တိတ် တ ခု ပင် ဖြစ် ပါ သည် ။

ဒါ ကြောင့် လည်း အစ် မ ကြီး ကျယ် က ကျ မ ၏ လက္ခ ဏာ အား ကြည့် မြင် ပြီး ထူး ဆန်း သည် ။ နှ လုံး လမ်း ကြောင်း (ဝါ) အ ချစ် မေ တ္တာ လမ်း ကြောင်း က ပုံ မှန် မ ဟုတ် ပဲ ၊ တ နင်း င်္ဂ နွေ ဂြိုလ် ခုံ အောက် ပြတ် ပြီး နှစ် ကြောင်း ဟ လျှက် ၊ တစ် ကြောင်း မှာ မှေး မှိန် ဖျော့ လျှက် နှစ် ကြောင်း ပြိုင် လျှက် ရှိ နေ သ လို ဖြစ် ခြင်း မှာ ၊ စိတ် ခံ စား မှု နှစ် မျိုး ဖြစ် ပေါ် နေ သည် က ဦး နှင့် ဆင် တူ နေ သည် ဟု ပြော ပါ သည် ။

ကျ မ အား လည်း အ ချစ် မေ တ္တာ ရေး တွင် ၊ ကျ မ အား သေ လောက် အောင် ချစ် သည့် သူ နှင့် မည် သည့် နည်း နှင့် မျှ ဖူး စာ ဆုံ မည့် ကံ အ ခွင့် အ ရေး မ ပေါ် နိုင် ဟု သူ ၏ ထင် မြင် ချက် ဟော ကိန်း တ ခု အား ထုတ် ဖော် ပြော ပြ ခဲ့ ဘူး ပါ သည် ။ အ ချစ် ရေး တွင် မ အောင် မြင် ၊ ရှုံး နိမ့် ပျက် စီး ရ သော လ က္ခ ဏာ ရှင် သာ ဖြစ် သည် ဟု အစ် မ ကြီး ကျယ် က ပြော ပြ ပါ သည် ။ အ တိတ် က ပြု ခဲ့ သည့် ကံ ကြ မ္မာ ဝဋ် ကျွေး များ ပင် ဖြစ် သည် ဟု လည်း အစ် မ ကြီး ကျယ် က ဆို ပါ သည် ။

ဦး ပြန် လာ ခါ နီး အ လို စာ တစ် စောင် ရေး ထဲ့ လာ ပါ သည် ။
စာ ပါ အ ကြောင်း အ ရာ များ က……….
ကောင် လေး ၏ အ ချစ် မေတ္တာ တ ရား က ဦး ထက် သာ လွန် လျှက် ရှိ နေ သ ဖြင့် ၊ ပြန် ချစ် သင့် ကြောင်း…
သ္မီး မှ မ ရက် စက် သင့် ကြောင်း ….
မိ ဘ များ က သ ဘော မ တူ လျှင် ၊ သ္မီး ၏ မိ ဘ များ အား နား ချ ပေး မည် ဖြစ် ကြောင်း …
သ္မီး သ ဘော တူ ပါ က ၊ နယ် သို ့ ဦး ကိုယ် တိုင် လိုက် ပြော ပေး မည် ဖြစ် ကြောင်း ၊ ရေး သား လာ ပါ သည်။

ဦး မ ကြာ ခင် ပြန် လာ မည် ၊ လာ တွေ ့ ပြီး ဆွေး နွေး မည် ဟု ဆို ပါ သည်။
ဆွေး နွေး မည် ဆို သည့် ကိ စ္စ က မ ဖြစ် နိုင် မှန် း ၊ ကျ မ သိ နေ ပါ သည် ။ ကောင် လေး က လက် ထပ် တောင်း ရမ်း ယူ နိုင် သည့် အ ခြေ အ နေ မ ရှိ ပဲ ၊ ဘယ် နည်း နဲ ့ မျှ မိ ဘ တွေ က သ ဘော တူ နိုင် မည် မ ဟုတ် ပါ ။ ကျ မ က လည်း အ မှန် တ ကယ် ချစ် မြတ် နိုး မှု နှင့် အ တူ မိ ဘ တွေ သ ဘော တူ လာ သည် အ ထိ စောင့် နိုင် သည့် သူ မျိုး ဖြစ် ပါ သည် ။

ကိုယ် က လည်း ချစ် ပြီး နှစ် ဖက် မိ ဘ တွေ သ ဘော တူ ပြီး တင့် တယ် စွာ လက် ထပ် ချင် သည် က ကျ မ ၏ ရင် ထဲ က ဆန္ဒ အ မှန် သာ ဖြစ် ပါ သည် ။
လက် တွေ ့ မ ကျ နိုင် သေး မှု အ ပေါ် ဦး က အ ထင် မြင် လွဲ ကောင်း လွဲ နိုင် ပါ သည် ။ ကျ မ ရင် ထဲ က ဆန္ဒ အ မှန် ၊ မ အောင် မြင် သေး သည့် အ ပေါ် မည် သည့် နည်း နှင့် မျှ ထုတ် ဖော် ပြော ဆို ပြ ၍ မ ဖြစ် နိုင် ပါ ။

ပို ဆိုး သည် က ကျ မ ကိုယ် ၌ က ဒိုင် ယာ ယီ ကို ဖတ် ပြီး နှ လုံး သား ဝေ ဒ နာ ဒု က္ခ ဆင်း ရဲ မှု ကို သိ မြင် ခံ စား မိ ခဲ့ ရ သ ဖြင့် ၊ မ ခံ စား နိုင် ပါ ဘဲ  ချစ် မိ ရ ခြင်း ဖြစ် ပါ သည် ။
ဦး ပြန် ရောက် လာ ပြီး ကျ မ အား လာ တွေ့ခဲ့ ပါ သည် ။

17 comments

  • Novy

    June 22, 2012 at 9:30 am

    အပိုင်း1 မှ 11 အထိ ကော်ပီကူးပြီး
    တစိမ့်စိမ့် ဖတ်နေပါကြောင်း

    • ကြောင်ကြီး

      June 22, 2012 at 9:58 am

      နိုဗွီဂလေး အသက်အရွယ်နဲ့ ဒီလိုစာမျိုး ဖတ်ရဘူးလေ…။ လူဂျီးတွေရဲ့ကိစ္စ မသိဂျင်ဇမ်းဗာနဲ့..။

  • aye.kk

    June 22, 2012 at 9:34 am

    နိုဗီရေ..
    အားပေးတာ..
    ဝမ်းသာမိပါတယ်..
    အပိုင်း၁၂မှာအဆုံးသတ်ပါမယ်။

  • မောင်ပေ

    June 22, 2012 at 10:12 am

    သားလဲကူးသွားပါပြီ နော်။
    အားပေးသွားပါတယ်ခင်ဗျ။

  • Shwe Ei

    June 22, 2012 at 10:40 am

    အင်း ဒီလိုဆိုတော့လဲ အူးလေးဘဝက မုန်းစရာမကောင်းတော့ဘူး။ သနားစရာဂျီး။ 🙁

  • ဆူး

    June 22, 2012 at 10:47 am

    အပိုင်း ၁၂ မှာ အဆုံးသတ်မယ် ဆိုတော့ အလွမ်း ဇတ်နဲ့ သိမ်းရတော့မှာပေါ့။
    ဇတ်သိမ်းပြီးရင်တော့ နှစ်ပါးသွား တခန်းရပ် ဇတ်လမ်းလေးတွေ လာပါအုန်း။
    ဖတ်ရင်းနဲ့ ကြေကွဲနေတာတွေ အမောပြေသွားအောင်လို့.. ဟိဟိ..

  • Thel Nu Aye

    June 22, 2012 at 11:27 am

    ကူးထားပြီးပြန်ပြန်ဖတ်နေပါတယ်။ အင်မတန်ကို စိတ်ဝင်စားကြေကွဲစရာဇာတ်လမ်းလေးမို့ ရုပ်ရှင်တောင်ရိုင်ကလို့ရမယ်ထင်ပါတယ်။

  • Nyein Nyein

    June 22, 2012 at 12:22 pm

    အန်တီအေးရေ…………ဖတ်လို့အရမ်းကောင်းတယ်သိလား။ လက္ခဏာနဲ့ ပတ်သက်ပြီးတော့လည်း ဗဟုသုတတွေရလို့ ကူူးထားပါကြောင်း………
    မေးစရာတစ်ခုရှိလို့ပါ အန်တီအေးရေ……….. သမီးရဲ့ ဘယ်ဘက်လက်မှာပါ။ လက်ညှိုးနဲ့ လက်မကြား ကနေ မျဉ်းတစ်ခုထွက်ပြီး လက်ညှိုးနဲ့ လက်ခလယ်ကြားမှာဆုံးသွားတယ်။ (အမှန်တော့ ဘယ်ကအစ ဘယ်ကအဆုံးလို့တော့ ပြောလို့မရဘူး။) လက်ညှိုး ကို ဝှိုက်ထားသလိုဖြစ်နေတာ ဘာသဘောလဲဟင်။ တစ်ဖက်တည်းပဲဖြစ်နေတာ။ ညာဘက်မှာက မရှိဘူး။ ပြောပြပေးပါနော်။

  • aye.kk

    June 22, 2012 at 5:11 pm

    ဲံဥပါဒ်လမ်းကြောင်းပါ..။
    မမျှော်လင့်ထားတဲ့ဘေးဥပါဒ်အန္တရယ်အချိန်မရွေးကြုံနိုင်ပါတယ်။
    ညာမှာမရှိတော့ကြုံခဲ့ရင်တောင်ကိုယ်ကလုံးဝအလွတ်ကြီးပါ။

    • Nyein Nyein

      June 22, 2012 at 5:22 pm

      ဪ……..ဒီလိုလား။ ဟူး……………… တော်သေးတာပေါ့ အန်တီအေးရယ်။ ဒါနဲ့ နိုင်ငံခြားသွားရမယ်လို့ ပြောတာ ဘယ်လိုမျိုးကြောင့်လဲဟင် အန်တီအေး။ ကြားဖူးတာက ငါးကြင်းကွက်လိုမျိုးပါရင် သွားရတယ်ဆို။ ဟုတ်လားဟင်။

  • aye.kk

    June 22, 2012 at 5:39 pm

    ဉာဏလေခလမ်းကြောင်းကာင်းမွန်ပြီး…
    တနင်းလာဂြိုလ်ခုံအစတွင်အဆုံးသတ်ခြင်း။
    ကံကြမ္မာလေခလမ်းကြောင်းက
    တနင်းလာဂြိုလ်ခုံကနေအစပြုပြီး
    လက်ခလယ်ဂြိုလ်ခုံနေရာထိရောက်အောင်ဖြောင့်တန်းစွာတက်နေခြင်းတို့ဟာ
    နိုင်ငံရပ်ခြားခရီးတွေကိုသွားရောက်မှာဧကန်အမှန်မလွဲပါပဲ။
    တနင်းလာဂြိုလ်ခုံဟာစိတ်ကူးစိတ်သန်းများနဲ ့
    သက်ဆိုင်ပြီးခရီးသွားလာခြင်းကိုကိုယ်စားပြုပါတယ်။
    ကံကြမ္မာလေခလမ်းကြောင်းဟာ(အလုပ်ကို)ပြဆိုပြီး
    တနင်းလာ(ခရီးသွား)ဂြိုလ်ခုံလွင်ပြင်ကနေတက်ပြီး
    ဉာဏလေခ(စိတ်ပိုင်းဆိုင်ရာ)လမ်းကြောင်းက..
    တနင်းလာဂြိုလ်ခုံအစတွင်အဆုံးသတ်ခြင်းဟာ…
    နိုင်ငံရပ်ခြားတွေကိုမကြာခဏသွားရောက်ရခြင်းကိုဖြစ်စေပါတယ်။။

  • pooch

    June 22, 2012 at 6:00 pm

    ဇာတ်လမ်းလေးက စိတ်မကောင်းစရာပဲ။ အချစ်ရေးကို လက္ခဏာမှာပေါ်နေတာလေးကလည်း အဆန်းပဲ။
    သိနေတော့လည်း ဆင်ခြင်နိုင်တာပေါ့ အန်တီအေးရယ်။

  • MaMa

    June 22, 2012 at 6:39 pm

    ကိုရီးယားဇာတ်လမ်းတွဲတွေလိုဆိုရင် ဇာတ်လမ်းက အပိုင်း ၅ဝ လောက်တောင် ဆက်ရေးရင်ရနိုင်မယ့်ပုံပဲ။
    😀

    • aye.kk

      June 22, 2012 at 6:57 pm

      မမ…
      အားပေးတာ၊ကျေးဇူးပါ။

  • Hnin Hnin

    June 23, 2012 at 1:29 am

    ဇာတ်သိမ်းကို ရှာနေတာ အခုထိ မတင်သေးဘူးပေါ့နော်….
    ဒါဆို ညနေကျမှပဲ ပြန်လာလာချင်း ရှာဖတ်ရတော့မယ်…
    တကယ်လို့ ”ဦး” က ”သမီး” ရဲ့ ရင်ထဲက ကောင်လေးနဲ့ကြားဝင်စေ့ပေးလို့
    မဖြစ်နိုင်ဘူးဆိုရင် ”ဦး” နဲ့ ”သမီး” အပြန်အလှန်ထားကြတဲ့ သံယောဇဉ်ကြိုးတွေကနေ
    ဦးအနေနဲ့ သူ့လက္ခဏာအတိုင်း သမီးအပေါ် ဇွဲကောင်းကောင်းနဲ့ နောက်ထပ်
    ချဉ်းကပ်-ချစ်ခွင့်ပန်ပြီး တူနှစ်ကိုယ်နီးစပ်ကြဖို့ အခွင့်အရေး ရနိုင်ကောင်းရဲ့နော်….
    နှစ်ခါ ချစ်ကံခေသူ “ဦး” ကို သနားသွားလို့ ”ဦးနဲ့သမီး” အဆုံးသတ်လေး လှသွားစေချင်မိတယ်…း)…

  • aye.kk

    June 23, 2012 at 6:47 am

    Hnin Hnin
    လက်ဖဝါးပြင်ပေါ်ရှိ..
    ှနှလုံးလမ်းကြောင်း(ဝါ)အချစ်မေတ္တာလမ်းကြောင်းသည်…
    အချစ်ရေးနှင့်သာသက်ဆိုင်ပြီး…
    အိမ်ထောင်ရေးလမ်းကြောင်းသည်..
    အိမ်ထောင်ပြုခြင်း/မပြုခြင်းနှင့်သာသက်ဆိုင်ပါသည်။

  • etone

    June 24, 2012 at 6:31 pm

    အန်တီအေးရေ …. ဦးဆိုတဲ့ လူကလေ … သူရဲ့ အနေထားတဲ့ ဂုဏ်သိက္ခာ၊အသက်ရွယ်တွေအရ မာနလေးတောင် နည်းနည်းမှ မရှိတော့ဘူးလားနော် … ။
    အစ်မကြီးယောကျာ်းယူသွားတာတောင် ၊ ညီမဖြစ်သူကို ဖွင့်ပြောရဲတဲ့ သတိ္တ၊ အိမ်ဝင်ထွက်ရဲတဲ့ သတိ္တ ၊ မိဘတွေကို နားပါဖောက်ရဲတဲ့ သတိ္တ … ဒါတွေရှိခဲ့တယ် … ။ အခုလည်းကြည့် ကောင်လေးနဲ့ အိမ်က သဘောမတူလျှင် သူက လိုက်ပြောပေးဦးမယ်တဲ့ …. ဘယ်လိုမျက်နှာမျိုးတင်းပြီးလိုက်ပြောမှာပါလိမ့် 🙄

Leave a Reply