အသက်မွေးမှု ့လိုင်းများ၃

zaylayJune 25, 20101min510

IT ကို နေရာတကာတွင် အသုံးပြုလာ (ယခင်အပတ်မှ အဆက်)

(၁၆) ရဲစခန်းတွေမှာ၊ မီးသတ်စခန်းတွေမှာ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ

ပုံ (၁၆)

ယခုအခါ ရဲစခန်းတွေ၊ မီးသတ်စခန်းတွေ၊ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာလည်း ကွန်ပျူတာကိုအသုံးပြုနေကြပါပြီ။ ရဲစခန်းများ၊

မီးသတ်စခန်းများ၊ ကယ်ဆယ်ရေးလုပ်ငန်းများမှာ ကွန်ပျူတာကို အသုံးပြုခြင်းအားဖြင့် သတင်းအချက်အလက်များကိုလျှင်မြန်

စွာ ရယူနိုင်ပြီး ပြည်သူများရဲ့ အသက်အိုးအိမ်စည်းစိမ်များကို ပိုမိုကာကွယ်စောင့်ရှောက်နိုင်နေပြီဖြစ်ပါတယ်။

ဒါကြောင့် အထက်ပါလုပ်ငန်းများတွင်လည်းကွန်ပျူတာကို ပိုမိုကျယ်ပြန့်စွာ အသုံးပြုနေကြပြီဖြစ်ပါတယ်။ ကွန်ပျူတာဟာ

လည်း ၎င်းလုပ်ငန်းများတွင် မရှိမဖြစ်အခန်းကဏ္ဍမှ ပါဝင်နေပြီ ဖြစ်ပါတယ်။ အောက်မှာ တွေ့မြင်ရတဲ့ ပုံကတော့ မီးလောင်မှု

တစ်ခုရဲ့ အခင်းဖြစ်ပွားရာနေရာ မီးငြိမ်းသတ်ရာမှာ ကွန်ပျူတာကို အသုံးပြုနေတာကို သရုပ်ပြနေခြင်းဖြစ်ပါတယ်။

(၁၇) သုတေသနလုပ်ငန်းတွေမှာ၊ ရှေးဟောင်းသုတေသနလုပ်ငန်းတွေမှာ

ပုံ (၁၇)

သုတေသနလုပ်ငန်းတွေ၊ ရှေးဟောင်းသုတေသနလုပ်ငန်းတွေမှာလည်း ကွန်ပျူတာကို အသုံးပြုကြပါတယ်။ အသစ်သစ်တွေ

ရှာဖွေသုတေသန ပြုကြတဲ့အခါမှာလည်း ကွန်ပျူတာဟာ မရှိမဖြစ်လိုအပ်လာပါတယ်။ ကွန်ပျူတာကို အသုံးပြု၍ သုတေသန

ပြုလုပ်ခြင်းအားဖြင့် တိကျမှန်ကန်တဲ့ အဖြေများကိုလည်း ရရှိနိုင်ပါတယ်။ ရှေးဟောင်း သုတေသနပြုလုပ်ကြတဲ့အခါမှာလည်း

ကွန်ပျူတာဟာမရှိမဖြစ်လိုအပ်လာပါတယ်။ ယခုအခါ အထက်ပါလုပ်ငန်းများတွင်လည်း ကွန်ပျူတာကိုပိုမို၍ အသုံးပြုလာ

ကြပါတယ်။

(၁၈) မွေးမြူရေးလုပ်ငန်းတွေမှာ

မွေးမြူရေးလုပ်ငန်းများမှာလည်း ကွန်ပျူတာကို အသုံးပြုလာကြပါတယ်။ မွေးမြူထားတဲ့ စာရင်းများပြုစုခြင်း၊ ထွက်ရှိလာသော

အသား ငါး၊ နို့နှင့် နို့ထွက်ပစ္စည်းများ၏ အရောင်းစာရင်းများပြုစုခြင်း၊ စသည်ဖြင့် ကွန်ပျူတာကို မရှိမဖြစ်အသုံးပြုလာ ကြပါ တယ်။

(၁၉) မိုးလေဝသနှင့် ပတ်သက်သောလုပ်ငန်းတွေမှာ

ပုံ (၁၉)

မိုးလေဝသနှင့် ပတ်သက်သောလုပ်ငန်းများမှာလည်း ကွန်ပျူတာကို အသုံးပြုကြပါတယ်။ ဥပမာ – ဂြိုလ်တုလွှတ်တင်ခြင်း

မှအစ မိုးရေချိန်တိုင်းတာခြင်း၊ ငလျင်တို်င်းတာခြင်း၊ မုန်တိုင်းဖြစ်ပေါ်နို်င်မှုအခြေအနေ တိုင်းတာခြင်းများအထိ အသုံးပြုကြပါ

တယ်။ ယနေ့ခေတ်မှာတော့ မိုးလေဝသနှင့် ပတ်သက်သော လုပ်ငန်းတွေမှာ ကွန်ပျူတာကို ပိုမိုအသုံးပြုလာကြပါတယ်။

မိုးလေဝသနှင့် ပတ်သက်၍ ကွန်ပျူတာအသုံးပြုနေတဲ့ပုံများကိုလည်း ဖော်ပြပေးထားပါတယ်။ ပုံမှာတော့ ရေကြီးနေမှုအခြေ

အနေများကို တွေ့မြင်နိုင်ပြီး ကွန်ပျူတာကို အသုံးပြု၍ လေတိုက်နှုန်းဘယ်လောက်ရှိတယ်၊ ရေဘယ်လောက် ထပ်ကြီးနိုင်

တယ် စသည်ဖြင့် တိုင်းတာသိရှိနိုင်ပါတယ်။ မိုးလေဝသလုပ်ငန်းများတွင် ကွန်ပျူတာကို အသုံးပြုခြင်းအားဖြင့် မိုးလေဝသ

အခြေအနေများကို တိကျမြန်ဆန်စွာ သိရှိနိုင်တယ်။

(၂၀) ပန်းချီ၊ ပန်းပု၊ အနုပညာ၊ ဓါတ်ပုံဆရာတွေ အသုံးပြုတဲ့နေရာမှာ

ပုံ (၂၀) – က

ပန်းချီ၊ ပန်းပု၊ အနုပညာလုပ်ငန်းများ၊ ဓါတ်ပုံဆရာများ၊ ဓါတ်ပုံဆိုင်များမှာလည်း ကွန်ပျူတာကို အသုံးပြုကြပါတယ်။ ယခုအခါ

ဓါတ်ပုံလုပ်ငန်းများမှာဆိုရင် ကွန်ပျူတာဟာမရှိမဖြစ်တဲ့အခန်းကဏ္ဍက ပါဝင်လာပြီဆိုတာ လူတိုင်းသိပြီး ဖြစ်ပါတယ်။ ဓါတ်ပုံ

ပြင်ဆင်မှုအပိုင်းမှာလည်း ကွန်ပျူတာကို သုံးဆွဲ၍ ပြင်ဆင်နိုင်ကြပါပြီ။ အနုပညာ လုပ်ငန်းများတွင် အသံဖမ်းကူးပြောင်းခြင်း၊

ကွန်ပျူတာဖြင့် ဂီတသံစဉ်ဖန်တီးခြင်း၊ ရုပ်ရှင်ကားကူးကားဆက် ပြုလုပ်ခြင်းများ၊ ရုပ်ရှင် ဗွီဒီယို Effect များထည့်သွင်းခြင်း

များတွင် ကွန်ပျူတာကို အသုံးပြုရတာ ဖြစ်သောကြောင့် အနုပညာနှင့် ပတ်သက်သောလုပ်ငန်းများမှာလည်း ကွန်ပျူတာဟာ

မရှိမဖြစ် လိုအပ်လာပါတယ်။ ၎င်းလုပ်ငန်းတွေမှာဆိုရင် ကွန်ပျူတာဟာ မရှိမဖြစ်တဲ့အခန်းကဏ္ဍက ပါဝင်နေပါပြီ။

ပုံ (၂၀) – ခ