အသက်မွေးမှု ့လိုင်းများ၄

zaylayJune 25, 20101min370

IT ကို နေရာတကာတွင် အသုံးပြုလာ (ယခင်အပတ်မှ အဆက်)

(၂၁) ကျောက်မျက်ရတနာလုပ်ငန်းတွေမှာ

ကျောက်မျက်ရတနာလုပ်ငန်းတွေမှာလည်း ကွန်ပျူတာကို အသုံးပြုနေကြပါတယ်။ ကျောက်မျက်ရတနာရဲ့ အရည်အသွေး

ကို စစ်ဆေးတဲ့အခါမှာလည်း ကွန်ပျူတာကို အသုံးပြုကြပါတယ်။

ပုံ – ၂၁

ကျောက်မျက်ရတနာတွေကို ဒီဇိုင်းဆွဲတဲ့အခါမှာလည်း ကွန်ပျူတာကို အသုံးပြုကြပါတယ်။ ယနေ့ခေတ် ကျောက်မျက်

ရတနာလုပ်ငန်းများမှာလည်း ကွန်ပျူတာကို မရှိမဖြစ်အသုံးပြုလာကြပါတယ်။ ဒီလုပ်ငန်းတွေနှင့် ပတ်သက်ပြီးတော့

ကွန်ပျူတာသင်တန်းတွေမှာ သီးခြားသင်တန်းမရှိပါဘူး။ ဒီတော့ ဦးစွာကွန်ပျူတာသင်တန်းကိုပဲတတ်ပါ။ Microsoft Word

တို့၊ Excel တို့ ကိုယ်နဲ့ ကိုက်ကိုက် မကိုက်ကိုက်ဒါပဲတတ်။ အချိန်သိပ်မပေးရပါဘူး။ တစ်လလောက်ပါပဲ။ အဲ့ဒါဆို ကွန်ပျူ

တာနှင့် သိပ်ရင်းနှီးသွားလိမ့်မယ်။ အဲ့ဒီလို ရင်းနှီးသွားတာဟာ အခြေခံပဲ။ မလောနဲ့။ အလုပ်ဆိုတာ အသက်ရှင်သရွေ့

လုပ်ရမှာ။ အခြေခံခိုင်ဖို့ကို အရင်လုပ်ပါ။ ပြီးရင် သက်ဆိုင်ရာလုပ်ငန်းခွင်က သင့်ကိုဒီအလုပ်မှာ ဘယ်လို Program သုံး

တယ်။ ဘယ်လိုသုံးရတယ်ဆိုတာကို သင်တန်းပေးပါလိမ့်မယ်။ အဲ့ဒီအတွက် သင်ဟာအခြေခံကောင်းရဖို့ လိုအပ်တယ်။

သင်္ဘောသားတွေလည်း ဒီအတိုင်းပဲ။ ဘယ်လိုပဲဖြစ်ပါစေ။ ဘယ်လိုလုပ်ငန်းခွင်ပဲဖြစ်ပါစေ။ ကွန်ပျူတာအခြေခံသင်တန်း

တတ်ပြီး ကိုယ်ဘာသာကိုယ် Self – Study လုပ်သွားရမှာ ဖြစ်ပါတယ်။ ကိုယ့်မှာ ဘာအသက်မွေးဝမ်းကြောင်း ဘွဲ့တို့၊

ဒီပလိုမာတို့မှ မရှိဘဲ ကွန်ပျူတာအခြေခံကို လေ့လာတာဟာ Office Staff လောက်ပဲနေရာရနိုင်ပါတယ်။ ဒါကြောင့်

ဒီနေ့ခေတ်မှာ ကွန်ပျူတာအခြေခံသင်တန်းတတ်ပြီးတာဟာ သိပ်မပြောပလောက်သေးဘူး။ ဒါကို လူငယ်တွေသိရမယ်။

နောက်တစ်ခုက ကိုယ်ကကွန်ပျူတာကို သုံးရုံသုံးတာ ကိုယ်အသက်မွေးဝမ်းကြောင်းက ရှေ့နေတို့၊ ဆရာဝန်တို့ ဆိုရင်လည်း

ဝါသနာကလွဲလို့ အခြားအများကြီးသုံးစရာ လေ့လာစရာလည်းမလိုပြန်ဘူး။ ကွန်ပျူတာစာစီစာရို်က် DTP သင်တန်းဟာ

ကလေးတွေအတွက် ထွက်ပေါက်တစ်ခုဖြစ်ပါတယ်။ သူဟာအကောင်းဆုံးတော့ မဟုတ်ပေမယ့် မိဘကသိပ်မတတ်နိုင်တဲ့

အခါဖြစ်စေ၊ ကလေးကသိပ်မလိုက်နိုင်တာဖြစ်စေ၊ သူကအလုပ်ရဖို့လည်းလွယ်တယ်။ ငွေလည်း အသင့်အတင့်ရတယ်။

ကျွမ်းကျင်သွားရင် ကိုယ်ပိုင်စာစီစာရိုက်လုပ်ငန်းလေးလည်း ထောင်နိုင်မယ်။ ဒီလုပ်ငန်းဟာ ဘဝတစ်ခုလုံးဖူလုံဖို့ မလွယ်

ပေမယ့် မိသားစုဝင်ငွေကို အထောက်အကူတော့ ဖြစ်စေပါတယ်။ တစ်ချိန်လုံး စာထိုင်ရိုက်ရတဲ့အလုပ်မို့ ရေများများသောက်

တဲ့အကျင့် မျက်စေ့ကို ၄၅မိနစ်လောက် တစ်ကြိမ် ခပ်စိမ်းစိမ်းနေရာတွေကို ကြည့်ပေးခြင်း၊ စာရိုက်မည့်နေရာထိုင်ခင်းကို

သက်တောင့်သက်သာဖြစ်စေခြင်း တို့ကိုတော့ လုပ်ဆောင်ရမှာဖြစ်ပါတယ်။

(၂၂) စာရင်းကိုင်လုပ်ငန်းတွေမှာ

ပုံ – ၂၂

အခုဒီတစ်ခါပြောပြမှာကတော့ စာရင်းကိုင်တွေအတွက်ဖြစ်ပါတယ်။ စာရင်းကိုင်ဆိုတာ အဓိကလုပ်ရမှာက စာရင်းတွေကို

ထိန်းချုပ်ဖို့ပဲ ဖြစ်ပါတယ်။ ကွန်ပျူတာဆိုတာ ဒီလုပ်ငန်းကို လွယ်ကူအောင်လုပ်ဖို့၊ တိကျဖို့အတွက် အထောက်အကူပြုတဲ့

ပစ္စည်းပဲ ဖြစ်ပါတယ်။ ဒီအလုပ်နှင့် ပတ်သက်ပြီး သင်တန်းတက်ရင် စာရင်းကိုင်အဖြစ်အလုပ်ရတယ်ဆိုပေမယ့် တစ်ဖက်

တစ်လမ်းက စာရင်းကိုင်အောင်လက်မှတ် ဒီပလိုမာတွေရရှိထားမှ Junior Accountant ဖြစ်နိုင်တာပါ။ LCCI ကပေးတဲ့

Diploma တွေရထားရင်ကောင်းပါတယ်။ CPA တို့ ဒါမှမဟုတ် တက္ကသိုလ်က ဘွဲ့တို့ဆိုရင်တော့ တကယ့် Senior Acco-

untant ကြီးဖြစ်နိုင်ပါတယ်။ ကျွန်တော်ပြောချင်တာက ဒါမဟုတ်ပါဘူး။ ကွန်ပျူတာစာရင်းကိုင်သင်တန်းဟာ ယခင် Man-

ual စာရင်း တွက်နေရာကနေ ကွန်ပျူတာနှင့် ပြောင်းလုပ်တာဖြစ်ပါတယ်။ ဒီတော့ သင်တန်းဟာ စာရင်းကိုင်တွေအတွက်

ဖြစ်ပါတယ်။ ယနေ့ လူငယ်တွေဟာ ကွန်ပျူတာ စာရင်းကိုင်သင်တန်းတတ်ရင် အလုပ်ရပြီထင်ကြတယ်။

ရကောင်းရမယ်ဗျ။ Chance နည်းတယ်။ ရသွားရင်လည်း တက်လမ်းနည်းတယ်။ ဒီတော့ တစ်ဖက်တစ်လမ်းက စာရင်းကိုင်

ပညာတတ်မြောက်ထားမှ ကွန်ပျူတာစာရင်းကိုင်သင်တန်း တတ်သင့်ပါတယ်။ ငွေကုန် လူပန်း ဖြစ်မှာစိုးလို့ ပြောတာပါဗျာ။

တော်ကြာ ကွန်ပျူတာသင်တန်းတွေက မေတ္တာပို့နေပါဦးမယ်။ ရန်ကုန်မှာ ကွန်ပျူတာဖြင့် စာရင်းကိုင်သင်တန်းတက်မယ်

ဆိုရင် MYOB တို့ ACCPAC Plus တို့ စသဖြင့်တတ်လို့ရပါတယ်။ ဒီသင်ခန်းစာဟာ လူငယ်တွေရဲ့ သက်မွေးဝမ်းကြောင်းကို

အဓိကထားပြောချင်တာမဟုတ်ဘဲ နေရာတိုင်း၊ လုပ်ငန်းတိုင်းမှာ ကွန်ပျူတာကို အသုံးပြုနေပြီဖြစ်ကြောင်းနှင့် မိမိအသုံးမပြု

သေးပါက အသုံးပြုဖို့လိုအပ်ကြောင်း တိုက်တွန်းတဲ့ သင်ခန်းစာဖြစ်ပါတယ်။