ရင်ဖွင့်ချင်တာ ဖွင့်ကြမယ်

king zawgyiJune 22, 20121min31445

ဒီပိုစ့်လေးက ဒီနေ့ခံစားနေရတာလေးကို ရင်ဖွင့်ချင်လို့ တင်လိုက်တာပါ.

 

ဖွင့်ဟခြင်း အပိုင်း(၁)

ဪရန်ကုန် ရန်ကုန်. တစ်ယောက်တည်းငါ့အတွက်တော့ သောင်ပြင်မှာလွတ်တဲ့

ရွှေင်္ဟသာလေးလို ဖြစ်နေပါရောလား…. 🙂

… ကိုယ့်နှလုံးသားဆီက ရင်ခုန်သံကြားလား
အိုအတိတ်ဖူးစာရှင်ရယ် အိတ်နေသလားကွယ်

မျှော့်လင်းရင်နဲ့ မောပန်းလွန်းလို့…
တမင်းများနှိပ်စက်…… နေသလား….

———————————————

ဖွင့်ဟခြင်း အပိုင်း(၂)

 

ဪ အတုအတု… ရန်ကုန်မှာ အတုတွေ တော်တော်များပါလား…

အချစ်တု. အပြုံးတု….

မင်းတို့ရန်ကုန်မြို့မှာ အသဲနှလုံးကို အတုလုပ်ရောင်းတာ

မောင်မကြားမိလို့မှားခဲ့ပါပြီကွယ် ရန်ကုန်သူရယ်…

မင်းတို့ရန်ကုန်မြို့မှာ အချစ်ကို ခါးပိုက်နှိုက်တတ်တာ

မောင်မကြားမိလို့မှားခဲ့ပါပြီကွယ် ရန်ကုန်သူရယ်…

အညာပြန်အသဲမပါပေမယ့် ငိုမယ်မထင်နဲ့

ရန်ကုန်မြို့သူမိညာကြီးရယ်

တစ်ဂေါက်ဖာ လေးကိုမောင်ဖွင့်ပြမယ်

မင်းရဲ့ပုံတွေ မင်းရဲ့စာတွေ…..

 

သူငယ်ချင်းတွေလည်း ရင်ဖွင့်ချင်တာရှိရင် ရင်ဖွင့်စေဗျား

ခံစားနားလည်ပေးမယ်ဗျာ…

45 comments

  • mamanoyar

    June 22, 2012 at 10:26 am

    ဒီအခါ အညာပြန်ရှုံး အသဲနှလုံးမပါဘူးကွယ်။
    သီချင်းဆိုတာနော်………

    • king zawgyi

      June 22, 2012 at 10:30 am

      နင်ဟာ အသဲနှလုံးမရှိတဲ့သူ… money မချေးတဲ့သူ
      နောက်ပြီး သီးချင်းဆိုတာနော် အမ… 🙂

      • mamanoyar

        June 22, 2012 at 10:40 am

        ငါဟာ အသဲနှလုံးမရှိတဲ့သူ နင်ဟာဦးနှောက်မရှိတဲ့သူ
        သီချင်းဆိုတာနော် ..

        • ဘဲဥ

          June 22, 2012 at 10:55 am

          အူးနှောက်မရှိလို့ အသဲနှလုံးမရှိသူကို ချစ်တာပေါ့လို့

    • ရှင်းသန့် နွယ်

      June 22, 2012 at 11:33 am

      မင်းနဲ့အတူသွားခဲ့တဲ့
      သမ္မတရုံနားမှာ
      ပျောက်ကျခဲ့လေသလားးး????????

      • ဘဲဥ

        June 22, 2012 at 11:55 am

        ဟုတ်ဘူးလေ ရှင်းသန့်လေးနဲ့ တူတူသွားခဲ့တဲ့ ……. ကန်တော်ကြီးက ခုံတန်းလျှားလေးပေါ်မှာ ကျန်နေခဲ့တာ 😀

      • king zawgyi

        June 22, 2012 at 3:00 pm

        အမ ပေါ်ပြီဗျ..
        ဘယ်တွေသွားခဲ့တယ်ဆိုတာ….

    • king zawgyi

      June 22, 2012 at 3:01 pm

      မသိအောင် အသာလေးပြပေါ့ အကိုရ

  • Shwe Ei

    June 22, 2012 at 11:13 am

    အညာခံမဲ့လူရှိလို့ ညာတဲ့လူရှိတာပါကွယ် တရာနဲ့သာဖြေလိုက်ပါ။ အဲလေ ယောင်လို့ တရားနဲ့သာဖြေလိုက်ပါ 😀

    • king zawgyi

      June 22, 2012 at 3:04 pm

      အမရေ တစ်ရာတော့နဲတယ်…
      တစ်သောင်းတန်တွေထွက်နေပြီလေဗျာ…

  • ရှင်းသန့် နွယ်

    June 22, 2012 at 11:37 am

    အညာပြန်အသဲမပါပေမယ့် ငိုမယ်မထင်နဲ့

    ရန်ကုန်မြို့သူမိညာကြီးရယ်…………
    မျက်ရည်ခိုင်တယ်ပေါ့နော်….

    • king zawgyi

      June 22, 2012 at 3:05 pm

      အမရဲ့ အဲဒါသီချင်းဗျ
      တစ်ကယ်တော့ ငါးနှစ်လောက်ကို မျက်ရည် ကျနေခဲ့ဖူးတာ..

  • နွေဦး

    June 22, 2012 at 12:12 pm

    ဘယ်ရင်တွေများဖွင့်ကြမလဲလို့ ကြည့်လိုက်ရတာ…….

    • ရဲစည်

      June 22, 2012 at 9:21 pm

      အဟင့် …… သားလဲ ရင်ဖွင့်လိုက်ပီ…
      ရန်ကုန်ကလူတွေ သားကို ညာတယ်
      အဟင့်…. power light မှာ ချစ်တယ်၊ သတိရတယ်၊ လာတွေ့ပါဆိုလို့ ပန်းသီး ၁လုံးထဲ ၂၂သိန်းနဲ့ ဝယ်ကျွေးလိုက်ရတယ်.. 🙁
      အဟင့်…. ပီးကျ ဟိုပေါက်ဖော်ကြီးက သိန်း၆ဝနဲ့ အိမ်လိုက်ပို့ပေးသွားတယ်…..
      အဟင့်…. အဟင် ့x အခါတသန်း….

      ကိုယ်တွေ့ဖြစ်ရပ်မှန်ဇာတ်လမ်းပါဗျာ…. အဓိကဇာတ်ကောင်ကတော့ သားရဲ့ဘော်ဘော်ပါ… 🙂
      ဪ တဏှာဒွေ ရာဂဒွေ အတောမသတ်နိူင်ပါလား
      ဒီကိလေသာတဏှာကို မဖြတ်နိူင်မှတော့ …… ကိုယ့်ဟာကိုဘဲ ဖြတ်လိုက်တာ ကောင်းပါတယ် … ဂိန်..

  • htoosan

    June 22, 2012 at 12:37 pm

    သူလည်း အသဲနှလုံးအတုကြီး နဲ့ ပါလား ..ပြောတော့ ရှမ်း မလေးတွေမှ ရင်ခုန်ပါတယ်တဲ့ ..ပြီးရန်ကုန်သူကို လည်း အသဲတွေ ကွဲနေပြန်ပြီတဲ့ ..
    ဘာတွေယုံရမလဲ အညာသားရယ် .. 😀
    (အခုမှ ရန်ကုန်သူ ရှမ်းမလေးလို့ လာမပြောနဲ့ နော် .. ယုံဘူး )

    • king zawgyi

      June 22, 2012 at 3:08 pm

      ရန်ကုန်မှာတွေပြီး ချစ်ခဲ. ကွဲခဲ့ ရက်စက်ခဲ့တဲ့ ရှမ်းမလေးပါ အကိုရ
      ကျွှန်တော်ကတော့ မိန်းမမရရင်နေ ရှမ်းမကနေ တစ်ပြားမှ မလျှော့ဘူးဗျ..
      🙂 🙂 🙂

  • မွန်မွန်

    June 22, 2012 at 12:44 pm

    ခံစားချက်လေးကိုတော့ စာနာမိပါတယ်ရှင်။
    အိတ် ကိုတော့ အိပ် လို့ ပြင်လိုက်ပါလား။ နောက်ပြီး ထန်းခေါက်ဖာ လို့ ပြောချင်တာလားဟင်။ 🙂

    • amatmin

      June 22, 2012 at 1:05 pm

      ပြောနေသားပဲ…
      သတ်ပုံအဖွဲ့ မဖျက်သေးပါဘူးဆို.. 😛

      • မွန်မွန်

        June 22, 2012 at 2:22 pm

        MaMa ပြန်ပြီး ကြေညာထားတယ်လေ..ပြန်ဖွဲ့ထားပါတယ် ဆိုမှ… ကြည့်နေတယ်နော်… တွေ့နေရတယ်… 🙂

        • king zawgyi

          June 22, 2012 at 3:11 pm

          မြန်မာလိုသိပ်မရလို့ ကြိုးစားပြီးရိုက်ထားတာပါ
          အမှာပါရင်ခွင့်လွတ်…
          ကို မှားတာရှိရင် တောင်းပန်ပါတယ်…
          အရင်လိုမင်းရဲ့အနားမှာပဲ…. ဟဟ
          ဆိုရင်းနဲ့ ဘယ်တွေရောက်ကုန်မှန်းမသိ…. 🙂 🙂 🙂

  • water-melon

    June 22, 2012 at 1:12 pm

    ဖွင့်မယ်ဗျ
    သူငယ်ချင်းတွေ မကောင်းဘူး
    တားတား သဘောကောင်းတာကို အသုံးချတယ်
    အကြွေးလည်းလာမဆပ်ကြဘူး
    အခုတားတား ဘိုင်ပြတ်အသုံးလိုတော့
    တစ်ပြားမှမရှိတော့ ငုတ်တုတ်ထိုင်နေရတယ်

    • mayjuly

      June 22, 2012 at 1:22 pm

      ငုတ်တုတ်ထိုင်တာများ ဖျဲတီးလေးရယ်..ဒီအတိုင်းထိုင်နေရတလားး..
      ရော့ အင့် ခွက်ကလေးယူထားနော် ..ဟိဟိ ချေတနာနဲ့ကျောဒါ …
      ချိတ်ချိုးနဲ့နော် … 😀

    • king zawgyi

      June 22, 2012 at 3:13 pm

      အဲဒီသူငယ်ချင်းတွေ အကုန်ဖြတ်ပစ်
      ပိုက်ပိုက် မချေးနဲ့တော့ဗျာ..
      ကျွှန်တော့ကိုပဲ ချေးပေတော့ ကိုဖရဲ

  • ညလေး

    June 22, 2012 at 1:25 pm

    တယ်ဟုတ်ပါလား…….ဟယ်…
    ကောင်းပါတယ်….ဆက်လက်အားပေးလျက်ပါ…

    • king zawgyi

      June 22, 2012 at 3:15 pm

      ကျေးဇူးပါသူငယ်ချင်း

  • Thit Sar Lin

    June 22, 2012 at 1:54 pm

    နေမြန်မြန်ကောင်းချင်တယ်….ထမင်းမစားရတာ 3ရက်ရှိပြီ……..
    သိန်း 1500ထီဆုကြီးပေါက်ချင်တယ် …
    ပေါက်ခဲ့ရင် ပေါက်ခဲ့ရင် ရွာထဲကလူအားလုံးကို ဘုန်းကြီး မယ်သီလရှင်ဝတ်ပေးမယ်..
    စိတ်ပါဝင်စားသူများ စာရင်းကြိုတင်ပေးနီု်င်ပါသည်…….

    • king zawgyi

      June 22, 2012 at 3:19 pm

      အမလေးဗျာ…
      သူလုပ်မှပဲ ဂတုံးကြီးနဲ့ အသဲကွဲနေရမလို ဖြစ်နေပါလား..
      ဘာစားချင်လဲ… သုံးမိနှစ်ပဲစောင့်..
      ဟိုဘက်ပိုစ့်ကနေ လာပို့ထားတဲ့ ကြွက်တစ်ကောင်ရှိတယ်… 🙂

    • etone

      June 22, 2012 at 3:32 pm

      ဆန္ဒကို သိက္ခာနဲ့ ထိန်းပါ ဒကာမလေး …… ဟိဟိ 😆

      (ထမင်းမစားရတာ သုံးရက်ရှိပြီ ဆိုလို့ပါ .. ဟီးဟီး )

  • မမ အညာသူ

    June 22, 2012 at 2:06 pm

    ဂေဇက်ရွာကြီးထဲကို….ယောင်လည်လည်ရောက်လာခဲ့တယ်……
    မျက်လုံးလေးကလယ်ကလယ်………..

    • king zawgyi

      June 22, 2012 at 3:22 pm

      ဟိုနေ့က မျဉ်းကျားမကူးလို့ ရဲဖမ်းခံရတာ အမပဲဖြစ်မယ်
      မျက်လုံးလေး ကလယ်ကလယ်နဲ့ဆိုတော့
      စတာနော် မမ.
      သမင်မျက်လုံးလေး…. 🙂

  • စိန်ဗိုက်ဗိုက်

    June 22, 2012 at 2:13 pm

    ဒီအူးလေးဂျီး ရွာအကြောင်းတွေပဲရေးနေဒါ..
    ရွာဂိုဒေါင် သဒိရတွားဘီ..

    • king zawgyi

      June 22, 2012 at 3:24 pm

      အူးလေးဂျီးမဟုတ်ရပါဘူးဗျာ
      လူပျိုနုနုထွတ်ထွတ်လေးပါ
      မယုံရင်ကြည့်…:)

      • sugar sugar

        June 22, 2012 at 4:57 pm

        ဘာပြတာလဲ ဗျ မသိလို့နော် ဟီး

  • Nyein Nyein

    June 22, 2012 at 2:30 pm

    ဪ………………….. ညောင်းလိုက်တဲ့ ခါး၊ စားလိုက်ရတဲ့ ဦးနှောက်၊ ကြည့်လိုက်ရတဲ့ monitor၊ မျက်မှန်တွေလည်း ပါဝါတိုးလို့ ဇက်ကြောတွေလည်း တက်လိုက်တာနော်……………….

    • king zawgyi

      June 22, 2012 at 3:26 pm

      သိတယ် မပြောလည်းသိနေတယ်…
      စံရိပ်ငြိမ်မှာ တစ်ဆိုင်. ရွေဘုံသာလမ်းမှာ တစ်ဆိုင်…
      နောက်ဆုံးပေါ်စက်ကြီးတွေနဲ့ စစ်ပေးမှာ…
      မျက်မှန်ဆိုင် ကြော်ငြာတာနော်…

      • Nyein Nyein

        June 22, 2012 at 3:36 pm

        ဟုတ်တယ် ကိုဇော်ဂျီရေ…. မကြာခင် အဲဒီ့ဆိုင်တွေကိုသွားပြီး မျက်စိသွားစမ်းရတော့မယ်။ အခုမျက်မှန်က ကြည့်ရတာမကောင်းတော့ဘူးလေ။

  • အရင့်ရောင်

    June 22, 2012 at 3:22 pm

    မြစ်ဧရာ နံဘေးက အလွမ်းသမားလေးပါ ဗျာ………….

    • king zawgyi

      June 22, 2012 at 3:29 pm

      ဧရာဝတီမြစ်ကမ်းနဘေးက အေးချမ်းတဲ့ငါတို့ရွာ
      နေညိုချိန်မှာ. ဆည်းဆာအလှလေးနဲ့
      ပိုလို့သတိယမိတယ် နန်းသူဇာရယ်… 🙂
      မင်းနဲ့ငါသူငယ်ချင်းများနဲ့ ဝိုင်းဖွဲ့ကာ တူးပုန်းကစားတဲ့
      ရွာထိပ်က ကောက်ရိုးပုံနားမှာ…..

  • ဂဂျီဂဂျောင် ပျိုတို့မောင်

    June 22, 2012 at 4:04 pm

    နှလုံးသားတင် အတု ဟုတ်ဖူးဗျ . .
    ဟိုဟာတွေလဲ အကုန် အတု ။ ဒီဟာတွေလဲ အတု ဖြစ်နေတဲ့ ခေတ်ကို
    ရောက်ရှိနေကြောင်းပါ ။
    ဒီတော့ ဒို့လဲ အားကျမခံ တု ထည့်လိုက်သကွဲ့ ။

  • ဖွတ်ငပျင်း

    June 22, 2012 at 4:30 pm

    ဟင် ဘယ်လို အတု လဲ ရှင်းပြပေး
    ဒီလိုပြောပြီး ထွက်မသွားနဲ့ ဒါဗြဲ

  • ဖိုးထောင်

    June 22, 2012 at 5:02 pm

    အနော်လဲ ရင်ဖွင့်မယ် ကဲ – – ဗျိ
    အကျိုအားရုံးတို ချစ်တယ် ကဲ

  • we R one

    June 22, 2012 at 5:12 pm

    ပြုသူ အသစ်ဖြစ်သူ အဟောင်းတဲ့..။

  • သားဦး၊မြေးဦး

    June 22, 2012 at 7:16 pm

    အင်းး ရန်ကုန်သူဆိုလို ့ရွာထဲက အမကြီးတွေ စိတ်ခုနေမှဖြင့်—ကိုယ့်ဆရာရေ။
    ရင်တော့ မဖွင့်ပါရစေနဲ ့ဗျာ။တေးမြုံငှက် နှစ်(၅၀)ထဲကလို ဝိုင်ဝိုင်းသီချင်းလိုပေါ့။
    ငါ. ရင်ဖွင့်ပြလိုက်ချင်တယ်——

  • snow white

    June 23, 2012 at 2:31 pm

    ရန်ကုန်သူတွေလို့တော့မပြောစေချင်ပါဘူး အသဲမခွဲတဲ့ရန်ကုန်သူတွေလည်းရှိပါတယ်နော် ဟိဟိ ဆရာ လိုလိုပြောကြည့်လိုက်အုံးမယ် ရင်ဖွင့်တော့ပါဘူး ပြောကြည့်တာနော် လက်ထဲပိုက်ပိုက်များများရှိချင်တယ် အလှူအတန်းလည်းလုပ်ချင်တယ် မိဘတွေကိုလည်းအေးအေးဆေးဆေးနဲ့ နေသွားစေချင်တယ် ကိုယ့်လည်း အလုပ် တခုကိုယ်ပိုင်အလုပ် ဖြစ်ချင်တယ် သူများတွေကိုလည်းကူညီများကြီးပေးချင်တယ် ပညာရေးဖောင်ဒေးရှင်းလေးလည်းလုပ်ချင်တယ် ဆင်းရဲနွမ်းပါးတဲ့သူတွေကိုလည်းကူညီပေးချင်တယ် ko king zawgyi လည်းအသဲမကွဲဘဲ နဲ့ တကယ့် ချစ်တဲ့သူနဲ့တွေ့ပါစေနော် တခုတော့ မှတ်ထားပေးနော် အမှားပါရင်ခွင့်လွတ်နော်။

Leave a Reply