သတင်းဆိုတာ

ကို သာJune 22, 20121min1009

သတင်းဆိုတာ ဘာပါလဲ။

ဝါရင်.သတင်းစာဆရာကြီးတစ်ဦး ပြောသွားဖူးတာက

လူကိုခွေးကကိုက်တာ သတင်းမဟုတ်၊ ခွေးကို လူကကိုက်တာသတင်း။

မြန်မာနိုင်ငံ ပြန်ကြားရေးဌာန ရဲ.တာဝန် အရှိဆုံးဝန်ထမ်း အကြီးအကဲကို ပြောပြချင်လိုက်တာ။

 

မြန်မာအစိုးရပိုင် သတင်းစာတွေမှာနေ.တိုင်းနီးပါး တွေ.နေရတဲ.   တစ်ချက်တည်းကျင်းဝင်တာ သတင်းလားလို.။

ငွေကြေးအများကြီးကုနံ်ပြီး သုံးမရတော.တဲ.ဆည်ကြီး တွေ၊စက်ကြီး တွေအကြောင်းက

သတင်းမဟုတ်ဖူးပေါ.နော်။ ဒါကဖြစ်နေကြပဲလေ။

ဘောလုံးသမား နောက်မီးလင်းတာ၊ကလပ်မှာ မူးပြီးရန်ဖြစ်တာ သတင်းပေါ.နော်။

ဆရာကြီး ဦးရဲထွဋ် ပြောတဲ. သာမာန် မြန်မာပြည်သူ အမျိုးသမီး တစ်ဦး ကို နိုင်ငံတကာက

လေးစာတဲ.ဘွဲ.တွေပေးအပ်တာ၊လွှတ်တော်တွေမှာ မိန်.ခွန်း ပြောစေတာ၊နိုင်ငံတကာ က

အကြီးအကဲတွေ နဲ.တွေ.တာ ဘယ်မှာသတင်းဟုတ်လို.လဲ  နော။။

 

9 comments

  • ဘဲဥ

    June 22, 2012 at 10:57 am

    အဲ့ဒီသတင်းစာတွေကို စိတ်လေနေတာတော်တော်ကြာဘီပေါ့ မောင်ရာ

  • စိန်ဗိုက်ဗိုက်

    June 22, 2012 at 12:08 pm

    မနာလိုကြလို ့နေပေါ့ဗျာ..

  • နွေဦး

    June 22, 2012 at 12:30 pm

    အော်..သတင်းဆိုတာ
    သူတို့ ပြောတာတွေမှ သတင်းလား
    ငါတို့ ပြောတာတွေက အတင်းလား……..။

  • Mon Kit

    June 22, 2012 at 12:43 pm

    သတင်းစာဆိုရင် နောက်ဆုံးစာမျက်နှာဘဲ ကြည့်တယ်…
    အဲဒါမှ သတင်းအစစ်အမှန်လေ.. နာရေးသတင်းတွေပေါ့…
    ကျန်တာ သတင်းလို့မမှတ်တော့ဘူး…

  • myanmarcitizen

    June 22, 2012 at 1:06 pm

    ကျွန်တော်လဲပြောချင်နေတာကြာပြီ အဲ့ဒီကျင်းဝင်တဲ့ကိစ္စ။ ပြောရရင်တော့ ဒါကြက်ကန်းပဲ။ ဒါကိုအရေးတယူလုပ်ပြီးရေးနေတယ်။ နောက်ပြီး အလုပ်ချိန်အတွင်းမှာ ဂေါက်သွားရိုက်တဲ့ အစိုးရအရာရှိ တွေကိုလဲ အရေးယူသင့်တယ်။ အားအားယားယားဗျာ။ စောက်လုပ်မလုပ်ပဲ

  • ဂဂျီဂဂျောင် ပျိုတို့မောင်

    June 22, 2012 at 4:02 pm

    ဒို့လဲ နေ့တိုင်း ကျင်းဝင် သပေါ့ . . ဒါလေးများ . .
    ဂေါက်ရိုက်မှ မဟုတ်ပါဘူး . . ဒို့လဲ သတင်းတင်ရမလား စဉ်းစားမိတယ် ။

  • etone

    June 22, 2012 at 4:27 pm

    ဪ … ကို သာရယ် ..သူတို့မှာ ဒါမှ မပြလျှင်လည်း ပြစရာက မရှိတော့ဘူးကိုး … ။ ဟီးဟီး …

    ပြောမယ့်သာပြောရတာ … ကျွန်မဆို တချက်တည်းမပြောနဲ့ အချက်တစ်ရာလောက်ရိုက်လျှင်တောင် ကျင်းမဝင်ဘူးမှတ် … ဟိဟိ 😛

  • သားဦး၊မြေးဦး

    June 22, 2012 at 6:16 pm

    အစိုးရ ကောင်းကြောင်းပြောမယ့် သွားပုပ်လေလွင့် သတင်းစာတွေ။
    ထွီ—-
    ကိုသာတော့ အားနာပါ၏။

  • the best

    June 22, 2012 at 6:25 pm

    ဂေါက်ကွင်းထဲမှာ ဂေါက်သီး တစ်ချက်တည်း ကျင်းဝင်တာ သတင်းလား။
    ဂေါက်ကွင်းထဲမှာ “ဟို” လူကြီး တစ်ချက်တည်း “ငွေ”ဝင်တာ သတင်းလား။

Leave a Reply