မာတာမြတ်သို ့….ဦးခိုက်ခြင်း

maung khinminJune 22, 20121min14611

 တုနှိုင်း ရာမဲ့…မေတ္တောဓါတ်နှင့်

မွန်မြတ် စင်ကြယ်…ကြင်နာလွယ်သူ

တွယ်ကပ် ရင်ခွင်…နို ့ချို မင်စ

လူမမယ် လေး…ငယ်နုသေးချိန်

ယုယ ပိုက်ထွေး…ရင်ငွေ ့ပေးလျှက်

တေးဆို ချော့သိပ်…မေ့သား အိပ်ရန်

ညဉ့်ယံ သန်းခေါင်…ပင်ပန်းမထင်…

ခုနှစ်စင်ကြယ်…မြီးထောင် ပြန်လည်း…

ညည်းပေါင် ဆင်းရဲ….မေတ္တာ ကဲသူ

အိပ်ယာ မဝင်…မိုးစင်စင် လင်း

လင်းကြက် တွန်မှ..ခဏထထိုင်

ငုတ်တုတ် ငိုက်မြည်း…သားအနီးမှာ

အနှီး အပုံ….အညစ် စုံကြား

မအား မအပ်…သားဇော ကပ်ခါ

လူလား မြောက်ရေး…အမေ ပေးဆပ်

ကြီးမြတ် ကျေးဇူး…ဂုဏ်အင် ထူးကို

ဦးချ ခါခါ…မြတ်မာတာ အား

လက်ဖြာ စုံမိုး…ကျိုးနွံ ရိုသေ

တောင်းဆု ဝေသည်….အမေ ချမ်းမြေ့

မွေ ့ကြည်စေ…။။။

 

 

 


 

 




 

 

 

 



 

11 comments

  • မောင်ပေ

    June 22, 2012 at 12:48 pm

    ဘယ်အသက်အရွယ်ဘဲရောက်ရောက်
    ကိုယ့်မိခင်ကိုကိုယ် ချိုချိုသာသာ နဲ ့“မေမေ” လို ့ဘဲ ခေါ်ကြပါစို ့။
    (ဆြာခင်မင် ၊ ကျုပ် သဘောထားလေးပါခင်ဗျား)

    • maung khinmin

      June 22, 2012 at 12:59 pm

      ဝေါဟာရအသုံးတွေ ဟာ…သာမညလို ့ထင်ပါတယ် ဆြာ….
      မေမေဖြစ်ဖြစ်…အမေဖြစ်ဖြစ်….မိခင်ရဲ့မေတ္တာဓါတ်ကို
      လေးစားတတ် ဖို့သာအဓိကမဟုတ်ပါလား…ခင်ဗျာ….

      (ဆြာ…ကြိုက်သလို ခေါ်နိုင်ပါ၏)

  • mamanoyar

    June 22, 2012 at 1:25 pm

    ကဗျာလေးအတွက် ကျေးဇူးတင်ပါတယ်

    • maung khinmin

      June 23, 2012 at 10:08 am

      မမနိုရာ ကိုလဲ..ကျေးဇူးပါ..ခင်ဗျားးးး

  • marblecommet

    June 22, 2012 at 2:11 pm

    ကဗျာဆရာရေ့……
    အခုတလော မာတာမိခင်ကို
    အတော့်ကို လွမ်းနေတဲ့အချိန်
    ဒီကဗျာလေး ဖတ်လိုက်ရလို့
    ငိုချင်လျှက် လက်တို့ ဖြစ်သွားရပါကြောင်း..
    ……
    အမေ့ရဲ့ဒုက္ခအိုးလေး….
    မောင်ကမ်း….

    • maung khinmin

      June 23, 2012 at 10:03 am

      မောင်ကမ်း ကငိုချင်တယ်တဲ့….ငိုသာချလိုက်ဗျား….

  • မမ အညာသူ

    June 22, 2012 at 2:13 pm

    မိဘကျေးဇူးကအရမ်းပဲကြီးမားလှပါတယ်………
    မိဘကျေးဇူးကိုဆက်ဖို့မမေ့သင့်ပါဘူး…..
    မိဘကျေးဇူးကိုမဆက်ချင်ရင်နေပါ ကျေးဇူးတော့မကန်းမိပါစေနှင့်………..
    ခင်တဲ့ညာ

    • maung khinmin

      June 23, 2012 at 10:07 am

      ကျေးဇူးပါ…မမညာ

  • စောင့် ကြည့်သူ

    June 22, 2012 at 5:22 pm

    ဖေဖေနဲ့ မေမေ
    မာပါစေ
    ကျေးဇူးဆပ်မည်
    ဦးခိုက်သည်။။။။။။။။။။။

  • သားဦး၊မြေးဦး

    June 22, 2012 at 6:10 pm

    အမေ့ အတွက်ကဗျာလေး အရမ်းကောင်းပါတယ်။အကိုက ကျွန်းချောင်းကဆိုတော့
    တန် ့ကြည်တောင် ခြေရင်းကပေါ့နော်။

    • maung khinmin

      June 23, 2012 at 10:06 am

      ဟုတ်ပါတယ်…တန့်ကြည်တောင်ခြေရင်းကပါ..
      သို့ပေမင့်…ငယ်စဉ်ကနေခဲ့တာပ…ခုတော့မြို့မှာနေလို ့..
      အညာကိုလွမ်း..တစ်ခါတစ်လေများဆို…ကဗျာနဲ့ပဲလွမ်းမိနေရဲ့….

Leave a Reply