သူ့ ကို သူမ အတော် တင်းနေ သည်။ ဒါ့ ကြောင့် ညနေ စာ ပြင်ဆင်ပေးပြီး တာ နှင့်  ကွန်ပျူ တာရှေ့ သွားထိုင် ၊အကျင့် ပါနေတဲ့ လက်က ၀င်နေကြ ၀က်ဘ်ဆိုဒ်  ကိုဖွင့် ၊ စာထိုင် ဖတ် နေလိုက်၏။ ခဏနေတော့ သူလည်းဝင်လာ၊ သူ့ စက် သူဖွင့် ၊ အလုပ်နဲ့ ပတ်သတ်တာ နည်းနည်းပါးပါးကြည့် ပြီး အပြစ်လုပ်ထားသူ (သူမသတ်မှတ် ချက် အရ) ပီပီ သူမ ကို ကွက်ကြည့် ကွက်ကြည့်နဲ့ စကား စပြောဖို့ ကြံနေတာ သိတဲ့ သူမက လက်က မောက်စ် ကိုင်၊ မျက် စေ့ က စာဖတ်၊ အားနေတဲ့ ပါးစပ် နဲ့ သူ့ ထက် အရင် ဦးအောင်ပေါက်ပေါက် ဖောက် …/%&%*#!%^&*%^%^”
သူ (လေသံပျော့ လေးဖြင့်) ။ ။ ကိုယ့် ကို ရုပ်ရှင်လေးဘာလေး မဖမ်း ပေးတော့ ဘူးလား။
သူမ                                         ။ ။ရှင်ကြည့် ချင် တာ ရှင့် ဘာရှင် ဖမ်း ပေါ့…!@##$%^^*^$$**%#
သူ                                           ။ ။ ဒီနေ့ ဘာသတင်းတွေ ထူးလဲ ပြောပြပါအုံး။
သူမ                                        ။ ။ ရှင့် စက် ဖွင့် ထားတာပဲ ၊ ကိုယ့် ဘာ ကို ဖတ်ပေါ့….%#$^&&**(*%
သူ                                          ။ ။လာပါ ၊ ကိုယ် က စာဖတ်ရမှာပျင်း တယ်၊ မင်းပြောတာပဲ နားထောင် ချင်
တာ။ နောက်ပြီး မင်း ဖွင့် ပေးတဲ့ ရုပ်ရှင် တွေ က ကောင်းတယ်။ ကိုယ့်
ဘာသာ ကို ဆို ဘယ်ကားကောင်းမှန်း မသိဘူး။ မင်း စာဖတ် တာက
ကိုယ် အလုပ် သွားတဲ့ အချိန် တနေကုန်   ဖတ်လို့ ရတာပဲ။
သူမ                                     ။ ။ အိုး …ကိုယ့် မျက်စိနဲ့ ကိုယ် ပဲ ရှင်လဲ ကြိုက်တာကြည့် ၊ ကျုပ်လည်း
ကြိုက်တာကြည့်မှာပဲ…%#$^^^^&$%##@%$^$#&
သူ (လေသံမာလာလျက်) ။ ။ မင်းတို့ သားအမိ ကို အကုန်အကျ ခံပြီး ဒီမှာ ခေါ် ထားတာ မင်း ကို
အင်တာနက်ရှေ့ ထိုင်ခိုင်း ဖို့ မဟုတ်ဘူးကွ။
သူမ                                     ။ ။ဘယ်သူကကော အတင်း နေမယ် ပြောနေလို့ လဲ၊ ရှင့် ဘာ သာ ရှင်
မနေနိုင် မထိုင်နိုင် ခေါ်ထားပြီးတော့…%#&^%><(*^#$@^%
သူ                                        ။ ။ ဟာကွာ…..မင်း……..ခွမ်း……
ခွမ်း… လို့ ပဲ မြည် သလား……ခွပ်….. ခနဲ ပဲလား ….ဒုံး…. ကနဲပဲမြည်လိုက် သလား မသေချာ၊ သေချာ တာကတော့ ကျမ လက်ပတော့ လေးရဲ့ နိဂုံး မလှတဲ့ အသံ ပါပဲ။ ကုလား မနိုင် ရခိုင် မဲ ( ဤ စကားပုံ ကို ခုချိန် မသုံးသင့် မှန်းသိ ၊ အလားတူ စကားပုံ စဉ်းစားမရ၊ တချို့ က …..ကုလားမနိုင် ရခိုင် မေး ….ဟူသတတ် )
….. အဲ….. ရေးရင်း စဉ်း စားလို့ ရပြီ … ကြွက် မနိုင် ကျီ မီးနဲ့ ရှို့ ….သို့ သော် ပထမ စကားပုံ ကို သုံးတာ အကျင့် ပါ နေပြီ။
ဇာတ် ကြောင်း ပြန် လှန်ရရင် သူမက ကျမ…မိုချို .. ဆိုရင် သူက တော့ အိမ် က လူကြီး ပေါ့။
ကျမ ရဲ့ တနေ့ တာ က စပြောရ ရင် မိုးလင်းတာ နဲ့ အိမ် က လူကြီး အတွက် မနက်စာ ပြင် ပေး ၊ နေ့ လည် စာ ထုတ်ပေး ၊ သူ အလုပ်သွားတာနဲ့ သားတော် မောင် ကို မနက်စာကြွေး ၊ ဆေးကြော ၊ ရှင်းလင်း၊ လျှော် လှန်း ( လျှော်ရတာ မပင်ပန်း ပေမယ့် လှန်းရတာ ပင်ပန်း) ၊ပြီးတာနဲ့ ကွန်ပျူတာရှေ့ ထိုင် ၊အင်တာနက် ဖွင့် ၊ ဆိုဒ် ပေါင်း စုံ ၀င် ဖတ်၊ အရင်ဆုံး ၀င်ဖြစ်တဲ့ ဆိုဒ် က မန်း ဂေဇတ် ဆို တာတော့ ပြောဖို့ လိုမယ် မထင်။ သားတော် မောင် က လည်း ကျောင်း မနေ တော့ ကျောင်း လိုက် ပို့ ရခြင်း အိမ်စာ ကူ လုပ် ရခြင်း တို့ မရှိပဲ ထမင်း စားချိန် ထမင်း ကြွေး၊ အော် တစ်ဇင် ကလေးတွေ ထုံးစံ ပေါက်ကရ တွေ လျှောက် မလုပ် အောင် စောင့် ကြည့် ပေးရတာ က လွဲ လို့ အချိန် တွေ က အများကြီး ပို နေတော့ စာဖတ်လိုက်၊ စိတ်ပါရင် စာရေး လိုက်၊ ကွန့် မန့် တွေပေးလိုက် နဲ့ တနေကုန် ရောဆိုပါတော့။
စိတ်လို လက်ရ ရှိရင်တော့ auto cad သုံးပြီး ဒီ တသက် ဘယ် တော့ ပိုင်ဆိုင် ခွင့် ရမလဲ မသေချာ တဲ့ လှပေ့၊ ခမ်းနားပေ့ ဆိုတဲ့ အိမ် တွေ (အပျင်းပြေ) ထိုင် ဆွဲ။ ညနေ စောင်းရင် တော့ စက် ပိတ်ပြီး တာနဲ့ ညနေစာချက်ပြူတ် ၊ရေ မိုးချိုး ဖီးလိမ်း ပြီး သကာလ ၊ သားအမိ ၂ယောက် အောက်ဆင်း လမ်း လျောက် ၊ ယောက်ျား အပြန် ကို စောင့် ။
ညဘက် ရောက်သွားရင်တော့ ကျမ အင်တာ နက် သုံး လို့ မရတော့ ပါဘူး ၊ စက် တယောက် တ လုံး ပေမယ့် သူ့ ကို ဘေးနား ထားပြီး အင် တာ နက်ရှေ့ ငုတ်တုတ် ထိုင် နေတာ ကို မကြိုက်ပါဘူး။ သူကိုယ် တိုင် လည်း အလုပ် နဲ့ ပတ်သတ်တာတွေ၊ သိချင်တဲ့ အချက် အလက် တွေ ရှာတာကလွဲ ပြီး သတင်းအပါ အ၀င် ဘာမှ ဖတ် လေ့ မရှိ ဘူး( ဖတ်စရာ မှ မလိုတာ၊ ထပ်ဆင့် လွှင့် စက်ရုံ ရှိနေတာကိုး…) ..အဲ…ရုပ်ရှင် တော့ ကြည့် တယ်၊ မြန်မာကား၊ ဟောလိဝုဒ်ကား၊ ဘော လိဝုဒ် ကား၊ တရုတ်ကား ….ကျမ စိတ်ကူးတည့် ရာ တကားကား အင်တာနက် ထဲက နေ ဖွင့်  ပေးပြီးရင် ကျမ ပါ အတူတူ ကြည့် ပေါ့ လေ။
ကျမ ဖျော် ပေးတဲ့ လလက် ရည် (ရယ်ဒီမိတ်) လေးသောက်၊ ပြင်ဆင် ပေးတဲ့ အသီးနှံ၊   မုန့် လေး စား၊ ကျမ ပြော ပြတဲ့ ( တနေ့ တာ ဖတ်ထားတဲ့ )သတင်းတွေ၊ အတင်းတွေ၊ ဟာသတွေ နားထောင်ပြီး ရုပ်ရှင် လေး ကြည့်လိုက်၊ ကလေး လေး လို ဖြစ်နေတဲ့ သားတော် မောင် ကို စ လိုက် နဲ့ အဲဒီ အချိန် တွေ ဟာ သူ့ သူငယ် ချင်းတွေ ( မိသားစုနဲ့ ဝေးနေတဲ့ သူတွေ) အား ကျကြ တဲ့ သူ့ ရဲ့ စည်းစိမ် ခံ နည်း ပဲ ပေါ့ ။
သူအပြစ် တခုခု လုပ်မိရင် တော့ ( ဥပမာ….ဘီယာသောက်တာ၊ တပတ်စာ ပေးထားတဲ့ အသုံးစရိတ် ကို ၃ ၊၄ ရက် နဲ့ ကုန်သွားတာ ) အဲဒီနေ့ စည်းစိမ် ပျက်တဲ့ နေ့ပဲ။ ခုလည်း စည်းစိမ် ပျက်တဲ့အပြင် အဆက်မပြတ်  ပွမ် နေတဲ့ ကျမ ကို ဘာမှ လုပ် လို့ မရတော့ ကျမ စက် ကို ကိုင် ပေါက် ပစ်လိုက် တယ်။….. ပေါက် ပေါ့….. သူ့ ပိုက် ဆံနဲ့ ၀ယ် ထားတာပဲ ။ စက် က တော် တော် အကြမ်း ခံတယ် ပြောရမယ်။ မော် နီ တာ ကွဲ သွားရုံ ကလွဲ လို့ ကျန် တာ  ဘာ မှ မဖြစ်ဘူး။

ဒီလို ဘ၀ ရာက် သွားတယ်

HDMI  cable လေး သုံးပြီး  ဒီလို ကြည့် တယ်။ ကေ၀ဋ် ပုဏ္ဏား အမာရွက် မြင်တိုင်း မဟော် သဓာ ကို သတိရ သလို စက်ဖွင့် တိုင်း သူ့ အပြစ် ကို သတိရအောင်  တမင် မလဲပဲ ထားထားတယ်။

နောက်လထဲ ရန်ကုန် ပြန် ရင် ယူသွားပြီး အိမ် ကလူတွေ အတွက် ထားခဲ့ မှာ ဆိုတော့ တခါတည်းပဲ မော်နီတာ လဲ ပြီး ယူ လာ ရင် ကောင်း မလား၊ ရန်ကုန်ေ၇ာက် မှ လဲခိုင်း လိုက် ရင် ကောင်းမလား။ သုံးနှစ် ကျော် ပြီ ဆိုတော့ warranty  ကုန်ပြီ ၊ ဒီမှာ လဲ ရင် စလုံး ၂၀၀ ကျော် ကျ မယ်၊ ရန်ကုန် မှာ ဆို ဘယ် လောက် ကျမလဲ ၊ ဘယ်ဆိုင်မှာ ကောင်းလဲ သိချင် ပါ တယ်။ အိုင် တီ ဆရာများ အကြံ ပေးကြ ပါ ကုန်။

Model              Compaq Presario CQ 40 Notebook PC

ရွာ ထဲ ၀င် ရင်း တန်းလန်း ဖြစ်တာဆိုတော့ သဂျီးဆီ က အလျော် တောင်း ရင် ကောင်း မလား လို့ …ဟိ..ဟိ… ပြေး ပြီ… ဒက် ဂလောက် … ဒက် ဂလောက်

 

 

 

 

About မိုချို

မို co has written 41 post in this Website..