***…ခေါင်းဆောင်စိတ်…***

maung khinminJune 22, 20121min18118

လူအများက…သင့်အား ယုံကြည်

အားထား မည်ဟု…တူညီ စိတ်ထား

တင်မြှောက် ထားရျ်…သင်ကား သမ္မတ…ဖြစ်ရသည်

 

ချစ်ရ ပေမည်….ကိုယ့်တိုင်း ကိုယ့်ပြည်

ကိုယ့်ပြည်သူ အတွက်….မားမား ရပ်လျှက်

မွန်မြတ် နှလုံး….ကျင့်သုံး ရွက်ဆောင်…..နာမည် ပြောင်မည်

 

လူထု စကား….ဦးထိပ် ထားစေ

ပေးဝေ စွန် ့ကြဲ…သူဆင်း ရဲကို

လက်တွဲ မြှင့်တင်…ပြုပြင် နိုင်မှ…သမ္မတ

 

ကြက်ဥ အရောင်…တိမ်တောင် သဖွယ်

မင်းရေး ကျယ်လင့်…သမို်င်းတွင် ရစ်အောင်

ကြံဆောင် မျှော်တွေး….ပြည့်ရှေ့ရေးအတွက်

ပေးဆပ် သူမှ….သမ္မတ

 

သားအတွက် မလုပ်….မယားအတွက် မဟုတ်

အများဘက် ရပ်တည်…ဘက်ညီ မျှတ

ကိုင်တွယ် ပြမှ….ခေါင်းဆောင် ပီသ……သမ္မတ

 

အို……သမ္မတ

အချိန် ကျပြီ….ပြည်သူ ့ဘဝ

ရှေ့တန်း ကျအောင်….စံပြ ဦးဆောင်

မီးရှုး တန်ဆောင်သို ့…ရွက်ဆောင် ကြိုးပမ်း

ပြည့် ဝန်ထမ်းငဲ့…။။။


18 comments

  • laypai

    June 22, 2012 at 1:06 pm

    ဦးဦးဖျားဖျား အားပေး သွားပါ သည်။

    • maung khinmin

      June 23, 2012 at 10:16 am

      ဦး၂ဖျား၂ကျေးဇူးတင်ပါ၏

  • မောင်ပေ

    June 22, 2012 at 1:15 pm

    အခုအချိန်ထိကို မရဲတရဲ နဲ ့စောင့်မျှော် အားပေးနေတုန်းပါဘဲ ။

    • maung khinmin

      June 23, 2012 at 10:18 am

      ဆြာပေရေ…ယုံကြည်မှုဟာ..
      ရဲရင့်တယ်လို့ကြားဖူးတယ်ပ…
      ဒီတော့….ရဲ၂သာဆက်အားပေးစေချင်ပါတယ်

  • မမ အညာသူ

    June 22, 2012 at 1:53 pm

    ညာတော့ဒီနေ့ကံမကောင်းဘူး……..
    ဒါပေမဲ့အားပေးသွားပါတယ်………

  • marblecommet

    June 22, 2012 at 2:08 pm

    ဒီကဗျာလေး ဖတ်မိတော့ ….
    ဖတ်ဖူးတဲ့ စာချိုးလေး တစ်ခုသွား
    သတိရတယ်…
    ….
    သဘင်မှန်ရင် မှင်ကောင်းရတယ်၊ ဘုရင်မှန်ရင် ဖင်ကောင်းရတယ်..တဲ့
    မှင်မောင်း ကောင်းမှ သဘင်သမားစစ်တယ်ပေါ့…
    ဖင်ကောင်းမှ ဘုရင်ကောင်းဖြစ်တယ်ပေါ့…
    ဗြဟ္မစိုရ်တရား(၄)ပါး
    မင်းကျင့်းတရား (၁၀)ပါးနဲ့ ပြည့်ပြည့်စုံစုံ အုပ်ချုပ်ပါမှ
    ပလ္လင်မြဲမယ်လို့ ဆိုသကိုး
    ဒါကြောင့်
    ခေါင်းဆောင်တွေလည်း ဖင် ကောင်းဖို့ လိုတယ်ထင်ပါကြောင်း….
    အာဟိ..

    • maung khinmin

      June 23, 2012 at 10:21 am

      ပလ္လင်မြဲဖို ့ထက်…ဖင်မကွဲပါစေနဲ့လို့ပဲ..ဆုတောင်းကြရအောင်ဗျာ…

  • ko khin kha

    June 22, 2012 at 2:30 pm

    သားအတွက် မလုပ်….မယားအတွက် မဟုတ်
    အများဘက် ရပ်တည်…ဘက်ညီ မျှတ
    ကိုင်တွယ် ပြမှ….ခေါင်းဆောင် ပီသ……သမ္မတ

    သမ္မတလူပျိုကြီးအတွက် စာသားစပ်ပေးပါအုံး

    • စိန်ဗိုက်ဗိုက်

      June 22, 2012 at 2:34 pm

      အေးဗျာ..
      အဲမှာ ကဗျာနဲ ့ ဂွကျတော့တာပဲ..
      မိန်းမတစ်ယောက်တော့ ပေးစားလိုက်ကြရအောင်..
      😀

      • အရီး Khin Latt

        June 22, 2012 at 3:49 pm

        မရှုပ် ရှုပ် အောင် လာလုပ်ကြပြန်ပြီ။
        “သမ္မတ သည် လူပျိုကြီး မဖြစ်စေရ” လို့ စည်းမျဉ်းတစ်ခု လွှတ်တော်တွင် တင်သွင်းလိုက်ရင်ပြီးရော။
        ဒါဆို တို့ ရွာသားကဗျာ ပြင်စရာမလိုတော့။ 😛

        အားပါတဲ့ ကဗျာလေးကို အားပေးသွားပါတယ် ကိုခင်မင် ရှင့်။ 🙂

        • ကိုလတ် ဘုတ်တော့ပြီးပြီ
          သူများလိုစာရေးချင်တာ ရေးစရာနေရာရှာမရ
          ကူညီပါအုံးဗျ

      • maung khinmin

        June 23, 2012 at 10:22 am

        စိန်ဗိုက်၂ ပဲ….ရှာထားလိုက်ဗျာ..စိတ်ကြိုက်တွေ့ရင်…
        အကြောင်းပြန်ပေါ့

  • etone

    June 22, 2012 at 3:08 pm

    အာလူးမဖုတ်……….သတင်းမရှုပ်
    မှန်တာကိုပြော…. ပြည်သူ့သဘော….
    တူညီစွာပေး…. အခွင့်ရေး
    လာဘ်မယူမှ…… သမ္မတ :mrgreen:

    • maung khinmin

      June 23, 2012 at 10:23 am

      ဟုတ်ပါ့ဗျာ…ကျုုပ်တစ်ပိုဒ်ကျန်ခဲ့တယ်…
      ဆောရီး..

  • စစ်ကဲ

    June 22, 2012 at 3:44 pm

    မျှော်လင့်နေမယ် …

    • maung khinmin

      June 23, 2012 at 10:24 am

      မျှော်လင့်ချက်ဆိုတာ…ထားအပ်တဲ့အရာပါ…စစ်ကဲကြီးရယ်

    • maung khinmin

      June 23, 2012 at 10:25 am

      တိုင်းပြည်တိုးတတ်လာရင်တော့…
      ရွန်းနေ လိုဆံပင်တုစိုက်ပေးကြတာပေါ့…

Leave a Reply