ဖတ်စေချင်ပါတယ်

mamanoyarJune 22, 20121min31134

မင်္ဂလာပါရှင်

ကျမတွေ့နေရတဲ့ အမှားလေးတစ်ခုကို ပြောပြချင်ပါတယ်။

ဒါကတော့ တော်တော်များများ လွဲနေတဲ့အလွဲလေးပါ။ တစ်ချို့က အမှန်ကိုသိပေမယ့်

Key တစ်ခုထဲမှာဆိုတော့ အလွယ် ရေးလိုက်တာလဲဖြစ်နိုင်ပါတယ်။

နိုရာသိတဲ့ အသိလေးပြန်မျှဝေချင်ပါတယ်။

ဒါကတော့ မြန်မာစာရေးနေကျ မကြာခဏတွေ့ရတဲ့ ရကောက်(ရ) နဲ့ ဂဏန်း (၇)

လွဲပြီးရေးတတ်ကြတာလေးပါရှင်။တော်တော်များများ တွေ့ရပါတယ်။

ဥပမာ- ရေ (အမှန်) ၊ ရေ (အမှား)။

နိုရာ သိတဲ့ကာရန်လေးကို ပြောပြချင်ပါတယ်ရှင်

“ရကောက်(ရ) မှန်ခဲ့ အဆံထည့် အဆံမဲ့လျှင် ခုနှစ်(၇) ပင်”

ဒီစာသားလေးကိုသာ ရွတ်လိုက်မယ်ဆို နောက်မှားမှာမဟုတ်ဘူးလို့ ထင်ပါတယ်ရှင်။

ဆရာလုပ်တာမဟုတ်ပါဘူးရှင် နိုရာလဲဘာမှမသိပါဘူး သိတာလေးကို မျှဝေတဲ့သဘောပါ။

34 comments

  • ko khin kha

    June 22, 2012 at 2:36 pm

    ဖတ်စေချင်ပါတယ်လို့ ခေါင်းစဉ်ပြုသမို့
    ဖတ်လို့ပြီးပါ့ သိစေဗျ။

    • mamanoyar

      June 22, 2012 at 2:48 pm

      ဟုတ်ကဲ့ပါရှင် ကျေးဇူးတင်ပါတယ်

  • မွန်မွန်

    June 22, 2012 at 2:56 pm

    ဟုတ်တယ် နိုရာရေ..မွန်မွန်လည်း သတိထားမိတာကြာပြီ။ typing error လို့ပဲ မှတ်ထားလိုက်တာ။

  • manawphyulay

    June 22, 2012 at 3:11 pm

    ဒါတွေက မြန်မာစာသတ်ပုံမှာ သတိပြုစရာတွေပါပဲ။ လူတွေက အလွယ်ရိုက်ကြတာ များပါတယ်။ နောက်တစ်ချက်က အောက်ကမြင့်တွေကိုလည်း အလွယ် ဘေးကိုပဲ ရိုက်ကြတယ်။နောက် ကွန်ပျူတာကိုလည်း ကွန်ပြူတာလို့ ရေးကြတာများတယ်။

    • ကြောင်လေး

      June 23, 2012 at 10:13 am

      မနောရေ…..
      အောက်ကမြင့် သုံးမျိုးအကြောင်း ဥပမာတွေနဲ့ သေချာ ရှင်းပြပေးပါခင်ဗျာ။

      • ရွာစားကျော်

        June 25, 2012 at 9:34 am

        မေ့တေ့တေ့.. မှာ (h-key)
        ကန့်လန့်.. (shift+ y-key)
        ဟိုရွှေ့ဒီရွှေ့… (shift + u-key)

  • mamanoyar

    June 22, 2012 at 3:17 pm

    ဟုတ်ပါတယ် မွန်မွန်နဲ့ manawphyulay ရေ အသုံးများတဲ့အက္ခရာလေးဆိုတော့
    သိသာနေတယ်လေ

  • Azzurri

    June 22, 2012 at 3:20 pm

    သတ်ပုံဂိုဏ်းချုပ် မာမားရေ …
    သတ်ပုံဂိုဏ်းသူ သစ် တိုးပြီ ခည…

    လာထား တစ်ဆယ်…

  • etone

    June 22, 2012 at 3:24 pm

    ဟုတ်ပါတယ် မမနိုရာရေ …. ။
    ရကောက်နဲ့ ခုနစ်က … ကီးချင်းတူနေတော့ မှားရေးကောင်းရေးလေ့ရှိပါတယ် … ။
    ကျွန်မကိုယ်တိုင်လည်း … ရကောက်နှိပ်လျှင် ခုနစ်ဖြစ်တယ် … ၊ ခုနစ်နှိပ်လျှင် ရကောက်ဖြစ်တယ်လေ …. ။
    တစ်ခါတစ်လေ မှားမှန်း သိပေမယ့် …. ရောချလိုက်တာမျိုးလည်းပါတယ် .. ပြင်းလို့ မပြင်ဖြစ်တာလည်းပါတ ယ် .. သိသိကြီးနဲ့ မှားနေတဲ့ အမှားမျိုးပေါ့လေ .. ။ 🙂

    • mamanoyar

      June 22, 2012 at 3:27 pm

      မှန်တာပေါ့ etone ရေ သိပြီးမှားနေကြတာပါ
      ပျင်းလို့လဲပါတယ်လေ ဘာပဲဖြစ်ဖြစ် သတိပေးလိုက်တော့
      နည်းနည်းသက်သာမယ်လို့ ထင်လို့ပါ

      • etone

        June 22, 2012 at 3:41 pm

        ဟုတ်ပါတယ် …. သိသိကြီးနဲ့ မှားတဲ့အမှားကိုက … ပြင်ရခက်တာ …
        အပျင်းရောဂါကပ်သွားလို့ပါ အဟီး 😀

  • စိန်ဗိုက်ဗိုက်

    June 22, 2012 at 3:27 pm

    မှန်အိ..မှန်အိ..
    မမေ့အောင် (ရ)ခါ အဲလေ.. (၇)ခါ မှတ်တွားဘာဒယ်..

  • Aung Man

    June 22, 2012 at 3:32 pm

    ရ..ရသည် key တလုံးတည်းဖြစ်ပါသည်…

    မှားသည်ဟုယူဆရသော…typing များမှာ…
    (၁) တချို့ shift key နှင့်တွဲရိုက်ရန်..အားနည်းမှု..
    (၂) တွဲရိုက်ရန်…ပျင်းရိမှု…(အမြန်သာ..စာရိုက်လိုပြီး..ဖတ်ရှုသူနားလည်သည်ကို..သိနေခြင်း)
    ဟု..ယူဆပါသည်..

    မသိကြ၍..မဖြစ်နိုင်ပါ…တထောင့်တနေရာက…အကြံပြုတာ…ကျေးဇူးတင်ပါသည်…

  • king zawgyi

    June 22, 2012 at 3:38 pm

    ကျွန်တော့က နဲနဲပိန်းတယ်ဗျ မမနိုရာ
    လူကိုတိုင် လာသင်ပေးပါ… 🙂 ရှမ်းမဆိုရင်ပေါ့..
    စတာနော်…
    အပြည့်အဝ မှတ်သွားပါတယ်ဗျာ

    • mamanoyar

      June 22, 2012 at 3:44 pm

      လူကိုယ်တိုင်လာသင်ပေးချင်ပါတယ် king zawgyi
      ရှမ်းမ မဟုတ်တော့ ဟီးးးးးးးးးးးး မသင်ရဲဝူးးးးးးးးး

  • sugar sugar

    June 22, 2012 at 3:50 pm

    ဖတ်စေချင်လို့ ဖတ်ပြီး ပါ့ဗျား

  • cobra

    June 22, 2012 at 4:53 pm

    ဖတ်လိုက်တော့လည်းသိရတာပေါ့ဗျာ။

  • ချာလီဂဇက်ဒလဝမ်

    June 22, 2012 at 5:01 pm

    နာ့ကိုလဲ လာသင်ပေးပါဦး
    မသိတာ မတတ်တာတွေ တနင့်တပိုးဖြစ်နေတယ် ဟ ။

  • Ma Ei

    June 22, 2012 at 5:25 pm

    နိုရာရေ…
    ဖတ်စေချင်ပါတယ်…
    ဖတ်ပြီးရင်
    ပြင်စေချင်ပါတယ်လို့…
    ဆက်ရေးလိုက်မယ်နော်…

  • စောင့် ကြည့်သူ

    June 22, 2012 at 5:34 pm

    ဟိုတယောက် တတ်ချင်ရင် စာအုပ်ဝယ်ဖတ်
    လာသင်ဖို့ မအားဖူးဖြစ်နေတယ် ဆိုပဲ

  • mocho

    June 22, 2012 at 5:44 pm

    ရနဲ့ ရ က key တခုတည်း ဆိုတော့ shift ခံရမှာ ပျင်းတာနဲ့ ရော ချ လိုက် တာများတယ်။

  • we R one

    June 22, 2012 at 6:10 pm

    ဟုတ်ကဲ့ ဖတ်ပြီးသွားပါပြီ ဖတ်စေချင်တဲ့ အတိုင်း..:D

  • မောင်ပေ

    June 22, 2012 at 9:08 pm

    အော် မနိုလေးရယ်
    စေတနာတွေကောင်းလှချီလား
    ကိုပေ အသိအမှတ်ပြုပါတယ်ကွယ်။
    ဟီဟိ

  • thar ag

    June 22, 2012 at 10:47 pm

    ဟုတ်ကဲ့ ပါ ကျီန် တော် လဲ နောက်ဆိုရင် အဆံလေးထည်ါမယ် မနိုရာ ရေ တော်တော် အရေးကြီးတဲ့ အဆံလေးပဲနော် ဒီအဆံလေးကို အမြဲဘဲမှတ် ထားပါမယ်နော်( အဆံထည့် အဆံမဲ့လျှင် ) လူတွေကျ တော့ကောဘယ်လို ပြောရမလဲနော်??????

  • ရဲစည်

    June 22, 2012 at 11:06 pm

    သများလဲ နောက်မှားအောင် ရေးပါ့မယ်
    မမနိူရာရေ ….
    သများကို ခင်ရင်လည်း မူကိုပြင်ပေးပါ
    http://myanmargazette.net/130470/society-lifestyle/gossip-rumor အဲပို့စ် တတိယပိုဒ်မှာ သများရေးထားပါတယ်ရှဉ့်

    • mamanoyar

      June 23, 2012 at 7:24 pm

      ကိုရဲစည် ပြောတာနားမလည်ဘူး

  • ဖိုးထောင်

    June 23, 2012 at 12:23 am

    တားတားယေးတတ်တေးဘူး ချာမ နိုယာ တားတား ယက်ကရေးကိုင်ပီး ယေးကျ

  • YE YINT HLAING

    June 23, 2012 at 3:53 am

    အဲဒီ ကိတ်စ နဲ့ပါတ်သက်ပီးတော့ပဲ ကျွန်တော့ညီမငယ်ဆုံးလေးက ရွာထဲက စာသင်ပြပေးတဲ့ အိမ် ကနေပြန်လာဘူးတယ်ဗျို့ ! အဲဒီတုန်း က သူက ပထမ တန်းလေ ! ရွာထဲက စာသင် ပြတဲ့ အမတစ်ယောက်က မှားရေးမိ တာကို သူက တီဗီ မှာတောင်ပါတယ် ‘ ရ ‘ က ဘယ်လို ‘ ရ ‘ ဘယ်လို ပြန်ဆရာလုပ်တော့ ဟို က ငေါက် လွှတ်တယ်ထင်ပါတယ် !

  • mamanoyar

    June 23, 2012 at 7:42 pm

    နိုရာကိုတော့ ငေါက်မလွှတ်ပါနဲ့နော် ဆရာလုပ်တာမဟုတ်ပါဘူး
    မြင်မိတာလေးကို အပျင်းမကြီးဖို့ ရေးမိတာပါ

  • MaMa

    June 23, 2012 at 8:19 pm

    ရွာရဲ့ တတိယမြောက် နို ကို သတ်ပုံအသင်းကြီးက ကြိုဆိုပါတယ်။
    အမှားကြာ အမှန်ဖြစ် တတ်တာမို့ တစ်ယောက်နည်းနည်း သိသလောက်လေး ဝိုင်းဝန်းပြုပြင်ကြရင်းနဲ့
    သတ်ပုံမှန်ကန်တိုးတက်အောင် ကြိုးစားကြပါစို့။ 🙂

    • mamanoyar

      June 24, 2012 at 10:09 am

      mama ရေနိုရာက ဘာမှမတတ်ပါဘူး။
      သိသာလေးကို အပျင်းမကြီးရအောင်
      မျှဝေတာပါ။အခုလို ကြိုဆိုတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင်။

  • ရှင်းသန့် နွယ်

    June 24, 2012 at 11:02 am

    ကျေးဇူးပါနိုရာ..
    ရှင်းသန့်လဲတစ်ခါတစ်ခါ ပီးစလွယ်ရေးမိတယ်လေ
    နောက်ဆိုသေချာဂရုစိုက်ရေးလို့ရတာပေါ့

    • mamanoyar

      June 25, 2012 at 9:09 am

      အခုလို ပြောပေးတဲ့အတွက်
      ကျေးဇူးတင်ပါတယ် ရှင်းသန့်ရေ

Leave a Reply