တွေးမိတာလေးကတော့ လူရိုင်းဆိုတာရဲ့ အဓိပ္ပါယ်ပါဗျာ လူရိုင်းဆိုတာ ရှေးခေတ်က သစ်ရွက်လေးတွေပဲ ၀တ်ပြီး သားစိမ်းငါးစိမ်းတွေ စားခဲ့ကြတဲ့လူတွေကို ခေါ်တာထင်ပါ့ ၊ သူတို့ ကိုင်ခဲ့တဲ့ လက်နှက်တွေကတော့ မြှားရယ် လှံရယ် လေးရယ် ဓားရယ်.. မြှားကလဲ တစ်ချက်ပစ်မှ တစ်ယောက်ပဲ သေစေသလို လှံတို့ ဓားတို့ဆိုတာလဲ အတူတူပဲ တစ်ချက်မ တစ်ယောက်ပဲ သေစေတယ် အဲဒါတောင် ချက်ကောင်းကိုထိမှနော် ၊ သူတိုနေထိုင်ခဲ့တာက ဂူတွေထဲမှာလို့ ဖတ်ဖူးတယ် ဂူထဲနေတာဆိုတော့ အိမ်ဆောက်စရာ မလိုသလို တောတွေပြုန်းမယ့် အန္တရာယ်လဲ မရှိတော့ဘူးပေါ့ ၊ သူတို့ ခရီးနှင်တာကတော့ ကိုယ့်ခြေထောက်ကို အားကိုးတယ်ဆိုပဲ ၊ အဲဒါမှ ကိုယ့်အားကို ကိုးတယ်လို့ ခေါ်တယ်ထင်ပါ့ ၊ အခုခေတ်လူတွေကတော့ အဲဒီလူရိုင်းတွေကို တော်တော်ရက်စက်ကြတယ်လို့ သမုဒ်ခဲ့ကြတယ် ကျုပ်ကတော့ အဲဒီလို မထင်ဘူး ၊ သူတို့ သားကောင်တွေသက်ခဲ့တယ်ဆိုတာလဲ သူတို့ရဲ့ အစာအတွက်ပဲ သက်ကြတယ်လေ ရွှေတွေဆင်ဖို့ စိန်တွေဆင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေ မပါခဲ့ကြဘူးနော်၊ သူတို့အတွက် အသုံးမ၀င်တဲ့ အကောင်းလေးတွေဆိုရင် သူတို့က လက်ဖျားနဲ့တောင်မတို့ခဲ့ကြဘူး သူတို့ စားဖို့နဲ့ သူတို့ကို အန္တရာယ်ပေးတဲ့ အကောင်တွေလောက်ပဲ သက်ခဲ့ကြတာ ၊ အခုခေတ်ယဉ်ကျေးပါတယ်ဆိုတဲ့လူတွေကမှ ရွှေတွေ စိန်တွေ ၀တ်နိုင်ဖို့အတွက် ငါးဖမ်းတဲ့ တံငါသည်တွေကလဲ စက်လှေကြီးတွေနဲ့ အပြည့်ဖမ်းကြတယ် ၊ ဂုဏ်တွေပိုင်နိုင်ဖို့ ငွေတွေ အပြိုင်ရှာကြတယ် ၊ သူသုံးခဲ့တဲ့ လက်နှက်နဲ့ အခုခေတ် ယဉ်ကျေးပါတယ်ဆိုတဲ့ လူတွေ သုံးတဲ့ လက်နှက်ကို ယှဉ်ကြည့်မလား သူတို့တုန်းက တစ်ချက်မ တစ်ယောက်ပဲ သေစေတဲ့ လက်နှက်ပဲ ရှိခဲ့တယ် အခုခေတ်ကတော့ တစ်လုံးလောက် ချလိုက်ရင်
မြို့တစ်မြို့မက ပြုန်းသွားနိုင်တဲ့ နျူးကလီးယားဗုံးဆိုတာတွေကို တီးထွင်ပြီး သုံးနေကြပါလားဗျာ့ ၊ လူရိုင်းတွေခေတ်တုံးက အ၀တ်အစားမလုပ်တတ်သေးလို့ သစ်ရွက်နဲ့ အရှက်လုံအောင် ၀တ်ဆင်ခဲ့ကြတယ်။ အခုခေတ်ကလူတွေ အ၀တ်အစားတွေ ပေါပါရဲ့နဲ့ ဆောင်းခါမှာတောင် မလုံ့တစ်လုံလေးတွေဝတ်ကြတယ်၊ နောက်တစ်ခု ခရီးသွားတဲ့ အခါမှာရော သူတို့က ကိုယ့်ခြေထောက်ကို အားကိုးပြီးသွားခဲ့ကြတယ် ၊ နည်းနည်းယဉ်ကျေးလာတာလို့ သက်မှတ်နိုင်တော့ မြင်းတို့ ဆင်တို့ကို ဖမ်းပြီး သွားလာကြတယ် အဲဒီအထိက သိပ်ပြီး ပြဿနာ မဖြစ်သေးဘူး မြင်းတို့ ဆင်တို့စီးပြီးသွားတာက မြင်းတို့ ဆင်တို့ပဲ ဒုက္ခရောက်သေးတယ် ။ အခုခေတ် ကားတို့ လေယာဉ်တို့နဲ့ သွားတဲ့ခေတ်ရောက်တော့ မြင်းတို့ ဆင်တို့တော့ သက်သာပါ့ ဒါပေမယ့် ကားတွေ စက်တပ်ယာဉ်ကထုပ်လိုက်တဲ့ စွန့်ပစ်တဲ့ မီးခိုးတွေကြောင့် အိုးဇုန်းလွှာဆိုတာကြီးပေါက်ခဲ့လို့ ရာသီဥတုတွေ ဖေါက်ပြန်ခဲ့တော့ သတ္တ၀ါတွေ အားလုံးကို ဒုက္ခရောက်ရော။
နောက်ထပ် နေထိုင်မှုကိုကြည့်ဦးမလား သူတို့က ဂူတွေထဲမှာ နေခဲ့ကြတယ် ၊ နည်းနည်းလေး ယဉ်ကျေးလာတော့ သစ်ပင်နဲ့ ဆောက်တဲ့ အိမ်တွေနဲ့ နေခဲ့ကြတယ် ၊ အဲဒီထိက မဆိုးသေးဘူး သူတို့ နေဖို့လောက်ပဲ သစ်ပင်ကို ခုတ်ခဲ့ကြတာ ။ အခုကျတော့ သစ်ပင်တွေကို ကိုယ် နေထိုင်ယုံအတွက်တင်မကဘူး စီးပွားဖြစ်ခုတ်လာကြတယ် ၊ လူမှုဆက်ဆံရေးကြည့်ဦးမလား လူရိုင်းတွေက သဘောမကျရင် သဘောမကျသလို သဘောကျရင်လဲ အသက်ပေးပြီးမိတ်ဆွေပီသခဲ့ကြတယ်၊ အခုခေတ် ယဉ်ကျေးပါတယ်ဆိုတဲ့ လူတွေမှာတော့ သဘောမကျရင်လဲ စိတ်ထဲမှာ ထားပြီး တစ်နေရာရာတော့ တွေ့သေးတာပေါ့ကွာဆိုတဲ့ စိတ်ဓာတ်တွေနဲ့ အပြုံးတုတွေ တပ်ဆင်ထားကြတယ်။
တွေးမိတာတွေကို ရေးထားပါသည် အမှားပါရင်လဲ ခွင့်လွှတ်ကြပါဗျာ..

 

About သုနောင် မန်း

သုနောင် မန်း has written 7 post in this Website..