လူရိုင်း

တွေးမိတာလေးကတော့ လူရိုင်းဆိုတာရဲ့ အဓိပ္ပါယ်ပါဗျာ လူရိုင်းဆိုတာ ရှေးခေတ်က သစ်ရွက်လေးတွေပဲ ဝတ်ပြီး သားစိမ်းငါးစိမ်းတွေ စားခဲ့ကြတဲ့လူတွေကို ခေါ်တာထင်ပါ့ ၊ သူတို့ ကိုင်ခဲ့တဲ့ လက်နှက်တွေကတော့ မြှားရယ် လှံရယ် လေးရယ် ဓားရယ်.. မြှားကလဲ တစ်ချက်ပစ်မှ တစ်ယောက်ပဲ သေစေသလို လှံတို့ ဓားတို့ဆိုတာလဲ အတူတူပဲ တစ်ချက်မ တစ်ယောက်ပဲ သေစေတယ် အဲဒါတောင် ချက်ကောင်းကိုထိမှနော် ၊ သူတိုနေထု်ိင်ခဲ့တာက ဂူတွေထဲမှာလို့ ဖတ်ဖူးတယ် ဂူထဲနေတာဆိုတော့ အိမ်ဆောက်စရာ မလိုသလို တောတွေပြုန်းမယ့် အန္တရာယ်လဲ မရှိတော့ဘူးပေါ့ ၊ သူတို့ ခရီးနှင်တာကတော့ ကိုယ့်ခြေထောက်ကို အားကိုးတယ်ဆိုပဲ ၊ အဲဒါမှ ကိုယ့်အားကို ကိုးတယ်လို့ ခေါ်တယ်ထင်ပါ့ ၊ အခုခေတ်လူတွေကတော့ အဲဒီလူရိုင်းတွေကို တော်တော်ရက်စက်ကြတယ်လို့ သမုဒ်ခဲ့ကြတယ် ကျုပ်ကတော့ အဲဒီလို မထင်ဘူး ၊ သူတို့ သားကောင်တွေသက်ခဲ့တယ်ဆိုတာလဲ သူတို့ရဲ့ အစာအတွက်ပဲ သက်ကြတယ်လေ ရွှေတွေဆင်ဖို့ စိန်တွေဆင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေ မပါခဲ့ကြဘူးနော်၊ သူတို့အတွက် အသုံးမဝင်တဲ့ အကောင်းလေးတွေဆိုရင် သူတို့က လက်ဖျားနဲ့တောင်မတို့ခဲ့ကြဘူး သူတို့ စားဖို့နဲ့ သူတို့ကို အန္တရာယ်ပေးတဲ့ အကောင်တွေလောက်ပဲ သက်ခဲ့ကြတာ ၊ အခုခေတ်ယဉ်ကျေးပါတယ်ဆိုတဲ့လူတွေကမှ ရွှေတွေ စိန်တွေ ဝတ်နိုင်ဖို့အတွက် ငါးဖမ်းတဲ့ တံငါသည်တွေကလဲ စက်လှေကြီးတွေနဲ့ အပြည့်ဖမ်းကြတယ် ၊ ဂုဏ်တွေပိုင်နိုင်ဖို့ ငွေတွေ အပြိုင်ရှာကြတယ် ၊ သူသုံးခဲ့တဲ့ လက်နှက်နဲ့ အခုခေတ် ယဉ်ကျေးပါတယ်ဆိုတဲ့ လူတွေ သုံးတဲ့ လက်နှက်ကို ယှဉ်ကြည့်မလား သူတို့တုန်းက တစ်ချက်မ တစ်ယောက်ပဲ သေစေတဲ့ လက်နှက်ပဲ ရှိခဲ့တယ် အခုခေတ်ကတော့ တစ်လုံးလောက် ချလိုက်ရင်
မြို့တစ်မြို့မက ပြုန်းသွားနိုင်တဲ့ နျူးကလီးယားဗုံးဆိုတာတွေကို တီးထွင်ပြီး သုံးနေကြပါလားဗျာ့ ၊ လူရိုင်းတွေခေတ်တုံးက အဝတ်အစားမလုပ်တတ်သေးလို့ သစ်ရွက်နဲ့ အရှက်လုံအောင် ဝတ်ဆင်ခဲ့ကြတယ်။ အခုခေတ်ကလူတွေ အဝတ်အစားတွေ ပေါပါရဲ့နဲ့ ဆောင်းခါမှာတောင် မလုံ့တစ်လုံလေးတွေဝတ်ကြတယ်၊ နောက်တစ်ခု ခရီးသွားတဲ့ အခါမှာရော သူတို့က ကိုယ့်ခြေထောက်ကို အားကိုးပြီးသွားခဲ့ကြတယ် ၊ နည်းနည်းယဉ်ကျေးလာတာလို့ သက်မှတ်နိုင်တော့ မြင်းတို့ ဆင်တို့ကို ဖမ်းပြီး သွားလာကြတယ် အဲဒီအထိက သိပ်ပြီး ပြဿနာ မဖြစ်သေးဘူး မြင်းတို့ ဆင်တို့စီးပြီးသွားတာက မြင်းတို့ ဆင်တို့ပဲ ဒုက္ခရောက်သေးတယ် ။ အခုခေတ် ကားတို့ လေယာဉ်တို့နဲ့ သွားတဲ့ခေတ်ရောက်တော့ မြင်းတို့ ဆင်တို့တော့ သက်သာပါ့ ဒါပေမယ့် ကားတွေ စက်တပ်ယာဉ်ကထုပ်လိုက်တဲ့ စွန့်ပစ်တဲ့ မီးခိုးတွေကြောင့် အိုးဇုန်းလွှာဆိုတာကြီးပေါက်ခဲ့လို့ ရာသီဥတုတွေ ဖေါက်ပြန်ခဲ့တော့ သတ္တဝါတွေ အားလုံးကို ဒုက္ခရောက်ရော။
နောက်ထပ် နေထိုင်မှုကိုကြည့်ဦးမလား သူတို့က ဂူတွေထဲမှာ နေခဲ့ကြတယ် ၊ နည်းနည်းလေး ယဉ်ကျေးလာတော့ သစ်ပင်နဲ့ ဆောက်တဲ့ အိမ်တွေနဲ့ နေခဲ့ကြတယ် ၊ အဲဒီထိက မဆိုးသေးဘူး သူတို့ နေဖို့လောက်ပဲ သစ်ပင်ကို ခုတ်ခဲ့ကြတာ ။ အခုကျတော့ သစ်ပင်တွေကို ကိုယ် နေထိုင်ယုံအတွက်တင်မကဘူး စီးပွားဖြစ်ခုတ်လာကြတယ် ၊ လူမှုဆက်ဆံရေးကြည့်ဦးမလား လူရိုင်းတွေက သဘောမကျရင် သဘောမကျသလို သဘောကျရင်လဲ အသက်ပေးပြီးမိတ်ဆွေပီသခဲ့ကြတယ်၊ အခုခေတ် ယဉ်ကျေးပါတယ်ဆိုတဲ့ လူတွေမှာတော့ သဘောမကျရင်လဲ စိတ်ထဲမှာ ထားပြီး တစ်နေရာရာတော့ တွေ့သေးတာပေါ့ကွာဆိုတဲ့ စိတ်ဓာတ်တွေနဲ့ အပြုံးတုတွေ တပ်ဆင်ထားကြတယ်။
တွေးမိတာတွေကို ရေးထားပါသည် အမှားပါရင်လဲ ခွင့်လွှတ်ကြပါဗျာ..

 

14 comments

  • မမ အညာသူ

    June 22, 2012 at 2:28 pm

    ကိုလူရိုင်းရေ……….
    တကယ်အမှန်တွေပါပဲ……..

  • ကိုရင်မောင်

    June 22, 2012 at 3:20 pm

    ကမာ္ဘမြေကြီးဟာ သက်ရှိသတ္တဝါတွေဖြစ်ထွန်းဘို့
    အနှစ်သန်းပေါင်းများစွာ ဆင့်ကဲဖြစ်စဉ် အရပြောင်လဲခဲ့ရတယ်
    သတ္တဝါတွေဖြစ်ထွန်းလာတော့ သတ္တဝါထဲမှာမှ လူဆိုတဲ့အသိဉာဏ်
    ရှိတဲ့လူ လူသတ္တဝါဖြစ်ဘို့အနှစ်သန်းနှစ်ချီပြီး အဆင့်ဆင့်ပြောင်းလဲလာခဲ့ရတယ်
    အသိဉာဏ်ရှိလာတော့လူယဉ်ကျေးမှု့ တီထွင်မှု့ကြတော့အချိန်တိုအတွင်းမှာ
    ပြောင်းလဲ နိုင်ခဲ့ကြသလို ကမာ္ဘမြေကြီးပျက်စီးပျောက်ကွယ်ဘို့ကြတော့
    အနှစ်ထောင်စုအတွင်းလောက်မှာဘဲ
    ပျက်စီးပျောက်ကွယ်သွားနိုင်ပါကြောင်း…..သုနောင် မန်း ရေ…..
    အော်..အနိစ္စ..အနိစ္စ…အနိစ္စ….

  • စိန်ဗိုက်ဗိုက်

    June 22, 2012 at 3:49 pm

    ဧကန်စင်စစ်..ကျနုပ်တို ့သည် လူရိုင်ူးဖြစ်၍ အနှီလူရိုင်းများသည် လူကောင်းများပင် ဖြစ်ကြလေသည်တမုံ ့
    😀

  • ဂဂျီဂဂျောင် ပျိုတို့မောင်

    June 22, 2012 at 3:59 pm

    ဆက်၍ ဒုက္ခ .. ဒုက္ခ.. ဒုက္ခ ..
    အနတ္တ .. အနတ္တ .. အနတ္တ … ပါလား ။

    • သုနောင် မန်း

      June 25, 2012 at 12:28 pm

      အနိစ္စ ကိုကျ ဘာလို့ ချန်ခဲ့လဲဗျာ…

  • mamanoyar

    June 22, 2012 at 4:02 pm

    အခုခေတ် ယဉ်ကျေးပါတယ်ဆိုတဲ့ လူတွေမှာတော့ သဘောမကျရင်လဲ စိတ်ထဲမှာ ထားပြီး တစ်နေရာရာတော့ တွေ့သေးတာပေါ့ကွာဆိုတဲ့ စိတ်ဓာတ်တွေနဲ့ အပြုံးတုတွေ တပ်ဆင်ထားကြတယ်။

  • နွေဦး

    June 22, 2012 at 4:22 pm

    သိပ်မသိသေးတော့ သိပ်မရိုင်းသေးဘူး..
    သိလာလေလေ ရိုင်းလာလေလေ ပေါ့ကွယ်…။

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 22, 2012 at 4:32 pm

    ဟုတ်သလိုလိုနဲ့ မဟုတ်သွားတာက
    လက်သည်တရားခံ လူရိုင်းအထီးနဲ့အမ ကိလေသာထ တာကို ချန်ထားခဲ့ဒါဂိုး
    ကိလေသာတို့ကင်းစင်တော်မူထသော မြတ်စွာဘုရားကို ရှိခိုးပါ၏။

    • သုနောင် မန်း

      June 25, 2012 at 12:23 pm

      ဟုတ်ကဲ့ ကိုအောင်ပု ရေ အဲဒီ ရိုင်းတယ်ဆိုတဲ့ လူရိုင်း အထီးနဲ့ အမက ကိလေသာပဲ ထ တာ အခုခေတ် လူကြီးလူကောင်း မျက်နှာဖုံးတပ်ထားတဲ့ လူယဉ်ကျေးတုကြီးတွေလို့တော့ ရာဂတွေသောင်းကြမ်းပြီး သူများ သားပျို သမီးပျိုတွေကို ငွေနဲ့ ပေါက်ပြီး ဖျက်စီးခဲ့မယ်လို့တော့ ကျုပ် မထင်ဘူးဗျာ့… ကိလေသာကင်းစင်တဲ့ ဗုဒ္ဓကိုတော့ ကျုပ်လဲ အသက်မက ယုံကြည်ပါတယ်ဗျာ…

  • mocho

    June 22, 2012 at 6:04 pm

    ကျမ တခါမှ မတွေး ဖူးကြည့် တဲ့ အတွေးကောင်းလေးပါ။

  • nicolus agral

    June 22, 2012 at 6:14 pm

    အဲဒီလူရိုင်းတွေက physical needs နည်းတယ်လေ
    မကောက်ကျစ်ဘူး
    ခုအခါတော့ ရသာလျှင်ဘနဖူး သိုက်တူးမဲ့လူတွေ
    လောဘ ဒေါသ မောဟ တွေ ခုံ ပုဂံ သေနပ် တွေ ပေါမှပေါ

  • သားဦး၊မြေးဦး

    June 22, 2012 at 6:29 pm

    လူရိုင်း ဆိုတဲ့ခေါင်းစဉ်လေးကို
    လိုက်ဖက်အောင် တွေးသွားတာ
    ကောင်းတဲ့အတွေးလေးပါဘဲဗျာ။

  • နွေဦး

    June 22, 2012 at 8:28 pm

    လူရိုင်းဆိုတာ..
    လိုင်းယူပြီး
    လုပ်စားတာပေါ့ကွာ……။

  • Thel Nu Aye

    June 23, 2012 at 10:05 am

    အင်းမှန်လွန်းလို့ဘာပြောရမှန်းတောင်မသိတော့ပါဘူး။ လက်မလေးပဲထောင်လိုက်ပါတယ်။ အဲလိုအတွေး ကောင်းကောင်းဆန်းဆန်းလေးတွေကိုမျှော်နေပါမယ်။

Leave a Reply