မြွေ

ဂ်စ္စူJune 22, 20121min40770

မမြင်လို ့လဲ………..
မနင်းမိစေနဲ ့

မသိလို ့လဲ………….
မနင်းမိစေနဲ ့

ယောင်လို ့လဲ……….
မနင်းမိစေနဲ ့

မတော်တဆဆိုလို ့လဲ…..
မနင်းမိစေနဲ ့

ငါဟာ…….

ငါ့လမ်းငါသွား
ငါ့အစာငါစား လို ့..
တိတ်ဆိတ်စွာ နေလိုတဲ့…….

အာရုံနောက် မခံနိုင်တဲ့….

အသည်းနုသော
အညှိုးကြီးသော
သတ်ရဲသေရဲသော…..

အဆိပ်ပြင်းသူ ဖြစ်တယ်။

( ဘာရယ်မဟုတ် ဒီလိုပဲ လက်စမ်းခြင်းသာဖြစ်ပါ၏ )

 

70 comments

  • mamanoyar

    June 22, 2012 at 3:05 pm

    ဗိုက်ဗိုက်ရယ် ဘယ်လိုအကြောင်းမျိုးကြောင့်ပဲဖြစ်ဖြစ်
    မနင်းမိချင်ပါဘူးနော်
    ကြောက်လို့ တွေ့တောင်မတွေ့ချင်ဘူးးးးးးးးးးးး

    • စိန်ဗိုက်ဗိုက်

      June 22, 2012 at 3:10 pm

      အနော်လဲ ကြောက်ဒယ် အန်တီရေ့
      ဟိဟိ..

    • သားဦး၊မြေးဦး

      June 22, 2012 at 5:54 pm

      ခေတ်ဆန်းစာပေကို တခေတ်ဆန်းစေသော တွေထဲက
      တစ်ယောက်လမ်းမှားပြီး ရွာထဲရောက်နေလေ၏။

  • နွေဦး

    June 22, 2012 at 3:12 pm

    မြည်းစရာ ရှာနေတာ
    မြွေသားတော့စားရချေသေးရဲ့ ။
    မြွေသားဆို အဆိပ်ပြင်းလေ ချိုလေ ဆိုဘဲ ။
    မနင်းမိလဲ တွေ့အောင်ရှာ ရိုက် ချက်ကွာ…။

    • စိန်ဗိုက်ဗိုက်

      June 22, 2012 at 3:15 pm

      ဟုတ်ကဲ့ပါ အတို

  • water-melon

    June 22, 2012 at 3:16 pm

    မမြင်ဘူးထင်ပြီး
    ရမ်းမနှိုက်နဲ့
    မသိဘူးထင်ပြီး
    ရမ်းထောက်လှမ်းရေးမလုပ်နဲ့
    မမြင်ဘူးထင်ပြီ
    ကစ်ဆင်မပေးနဲ့
    မမြင်ဘူးထင်ပြီး
    အဟီ…..ပေါ်တင်မကဲကြနဲ့

    ကမ္ဘာကျော် ဖရဲရဲ့အလိုတည်း

    • စိန်ဗိုက်ဗိုက်

      June 22, 2012 at 3:18 pm

      မြင်တတ်ပါပေ့ ဖျဲသီးရယ်..
      မြွေအန္တရာယ် ကာကွယ်ရှောင်ရှားတဲ့အထဲမှာ
      ကျွမ်းကျင်အဆင့်တွေထင်ပါ့

  • ဘဲဥ

    June 22, 2012 at 3:20 pm

    မြွေပွေးသားက ပိုစားလို့ကောင်းသဗျ သူ့သည်းခြေအိတ်ကို အစိမ်းလိုက်မြိုရင် ကင်ဆာပျောက်တယ်ဆိုပြီး
    ဈေးကောင်းပေးဝယ်နေတယ်ဗျ

    • စိန်ဗိုက်ဗိုက်

      June 22, 2012 at 3:24 pm

      အဟင့်
      ကြောက်မရားရို ့ ကြောဒါ
      မကြောက်ဘဲ ရှားမယ်ရှိုဒါချီးဘဲ..
      အူးလေးဒို ့ကို ဘီအီးတိုက်တော့ဝူး..

      • ဘဲဥ

        June 23, 2012 at 3:59 pm

        ဟဲ့တောင်မရေ့
        ဆောင်းတွင်းချမ်းအေးနေတဲ့အချိန်ဆို
        မြွေဗွေးသားကြွတ်ကြွတ်ကြော်လေးနဲ့ ဘီဘီလေးနဲ့ဆိုရင် တယ်နိပ်တာဟ

        • စိန်ဗိုက်ဗိုက်

          June 23, 2012 at 4:04 pm

          ဘဲအုမနော်..
          ဖျဲသီးနဲ ့တွဲမြည်းပလိုက်ပြီး အဆုံးစီရင်ပလိုက်မယ်

  • marblecommet

    June 22, 2012 at 3:20 pm

    တော်ဘီ တော်ဘီ
    ဒါဆို ဘီအီးသောက်ဖို့လည်း
    ခေါ်တော့ဘူး…
    အကင်ချားဖို့လည်း
    ခေါ်တော့ဘူး..
    ဟိုဒင်းသွားဖို့လည်း
    ခေါ်တော့ဘူး
    နင့်ဘာနင် ဝပ်နေဒေ့ါ
    အာဟိ
    ဒက်ဂလောက်….ဒက်ဂလောက်
    အခုပဲ လစ်ပီ….

    • စိန်ဗိုက်ဗိုက်

      June 22, 2012 at 3:23 pm

      ဟင့်အင်း..ဟင့်အင်း..
      ဟိုဒင်းမှာ သွားခွေချင်တာ 😆

  • ကိုရင်မောင်

    June 22, 2012 at 3:26 pm

    မြွေမှန်သမျှအကုန်ဝယ်ဒယ်…
    ဈေ းကောင်းပေးတယ်..အရောက်လာဝယ်ဒယ်
    ပုံပေါက်ဖေါ်..တရုတ်ပြည်……

    • စိန်ဗိုက်ဗိုက်

      June 22, 2012 at 3:29 pm

      မြွေမကြောက် ကင်းမကြောက် လူဒွေ..
      နောက်ခါ
      ဂေါ်ဇီလာ ကဗျာကို စပ်ဦးမယ်..

    • ဆူး

      June 22, 2012 at 3:53 pm

      တရုတ်ပြည်က ဆိုရင် ဂေါ်ဇီလာတောင် မလွတ်နိုင်ဘူး။ ကွမ်းတုံးသားတွေ စကားပုံတောင် ရှိသေးတယ်.. တိရိစာ္ဆန်ရုံထဲက အကောင်တောင် ခြံခတ်ထားလို့ လွတ်ပေးထားတာ တဲ့.. ဗိုက်ဗိုက် ခြံခတ်ပြီး နေရင်တော့ လွတ်မယ်။ ခြံခတ်လိုက်ရင် သံဗရပ်နဲ့ ဆွဲပေးမည့်သူတွေ အားဂျီး ရှိလဒယ်ကွယ် စိတ်မပူနဲ့နော်..

  • king zawgyi

    June 22, 2012 at 3:34 pm

    အော် နီက အဆိပ်ရှိတော့ မိုက်ရဲတာပေါ့ဟယ်
    ငါလို ရေမြွေကျ လူတွေ့ရင် ပတ်ပြေးနေရတယ်…
    ခုမိုးမရွာလို့ ပြေးစရာရေမရှိ…
    ရေရှိတော့လည်း လျှပ်စစ်နဲ့ ရှောခ်ရိုက်ပြီး ငါးဖမ်းလို့
    ဓါတ်လိုက်တာ ခံရသေး…
    မြွေဖြစ်တဲဘဝ. မြွေအခွင့်အရေး အပြည်မရပါလားနော်…
    မတတ်နိုင်ဘူး… ငါကိုပစ်သွားတဲကရှမ်းမလေးအိမ်ထဲပဲ သွားခွေနေတော့မယ်… 🙂

    • စိန်ဗိုက်ဗိုက်

      June 22, 2012 at 3:41 pm

      ပေါ်ဘီ..ပေါ်ဘီ..
      ခုတော့ ပေါ်ဘီ..
      ရှမ်းမလေးတဲ့..

      မှတ်ထားကြဘာ..မှတ်ထားကြဘာ..

      • king zawgyi

        June 22, 2012 at 3:53 pm

        ဗိုက်ဗိုက်ရဲ့
        ဒီတစ်သက်မိန်းမမရရင်နေ
        ရှမ်းမလေး ကနေ တစ်ပြားမှ မလျှော့ဘူးဗျ…
        အစွဲအလမ်းကြီးတယ်… ဟဲဟဲ 🙂 🙂 🙂

  • အရီး Khin Latt

    June 22, 2012 at 3:44 pm

    ရေမြွေ အကြောင်း ပြောမလို့ အပေါ်က ဇော်ဂျီ ဦးသွားပြီ။ 😛

    ပေး ၁၀၊ အင့် ၂ကျပ် နဲ့ လက်မ။။ 😉

    • စိန်ဗိုက်ဗိုက်

      June 22, 2012 at 3:50 pm

      သဂျီးမသိစေနဲ ့နော်..
      😀

      • amatmin

        June 22, 2012 at 4:12 pm

        သဂျီးအိပ်နေတယ်..
        နိုးလာရင်တော့ မြွေခြောက်ကိုက်မှာနော်.. 😛
        သတိပေးခ..၁ဝကျတယ်ဗျ.. 🙂

  • PaLote Tote

    June 22, 2012 at 3:50 pm

    စိန်ဗိုက်ဗိုက်က ဘာမြွေလဲ ။ (ပဲလင်းမြွေလား)

    • စိန်ဗိုက်ဗိုက်

      June 23, 2012 at 10:56 am

      မဟုတ်ပါဘူး
      အဲဗား ပုလင်းထောင်နေလို ့ ပုလင်းမြွေဖြစ်ပါတယ်

      • နွယ်ပင်

        June 23, 2012 at 11:55 am

        မြွေတော့ မြွေပဲ ဒါပင်မယ့်တစ်ကောင်ထဲ နာမယ်က ဘာတဲ့
        ပုလင်းမြွေတဲ့ တော်တော်ထူးဆန်းတယ် ဒီမြွေနာမယ် တစ်ခါမှ မကြားဖူးဘူး … 😛

  • ဆူး

    June 22, 2012 at 3:55 pm

    မြွေဘယ်နှစ်မျိုး ရှိမယ် ထင်လဲ..
    ရုတ်တရက် ဦးနှောက်ထဲ ပေါ်တဲ့ နာမည်တွေ ချ ရေးပေးလိုက်မယ်။
    ၁။ရေမြွေ
    ၂။မြွေပွေး
    ၃။လင်းမြွေ
    ၄။ဂျက်မြွေ
    ၅။စပါးကြီးမြွေ
    ၆။စပါးအုန်းမြွေ
    ၇။နန်းတော်ကြား
    ၈။မြွေသူတော်
    ၉။မြက်လျော
    ၁၀။…. နောက်မှ ကျန်တာတွေ ဆက်လာရေးတော့မယ်။

    • amatmin

      June 22, 2012 at 4:16 pm

      အံ့ပါရဲ့ ဒေါ်ဆူးရယ်
      လူတကာကြောက်တဲ့..
      မြွေဟောက်မောင်မောင်ကို ဘယ်မှာထားခဲ့ဒုန်း 🙂

      ၄။ ဂျပ်မြွေ
      ၇။ ငန်းတော်ကြား.

      (သတ်ပုံအဖွဲ့ကိုယ်စား) 😛

      • ဆူး

        June 22, 2012 at 4:48 pm

        မှားမိပါတယ်.. အခုက စပြီး အမှန်ကို မှတ်သားထားလိုက်ပါမယ်။

        ၁၀။ မြွေဟောက်
        ၁၁။ ….

        • pan pan

          June 22, 2012 at 5:00 pm

          ၁၁မှာ ဆက်မတစ်အောင်
          ၁၁။ ခလောက်မြွေ

        • စိန်ဗိုက်ဗိုက်

          June 23, 2012 at 10:57 am

          သံကွင်းရွှတ် မြွေ ကျန်တေးဒယ်ဂျ

      • flamingo

        June 22, 2012 at 10:13 pm

        နန်းတော်ကြားကငန်းတော်ကြားကိုပြောတာဖြစ်မှာပါ..

    • မွန်မွန်

      June 22, 2012 at 4:28 pm

      မြက်လျှော နဲ့ မြွေစိမ်းမြီးခြောက် အတူတူပဲလားဟင်…

      • ဆူး

        June 22, 2012 at 4:49 pm

        တိဘူး.. ကြားဖူးတာလေး ချ ရေးလိုက်တာ.. ဟိဟိ.. တိရိစာ္ဆန်ရုံမှာ မြွေစိမ်းမြီးခြောက် လို့ ရေးထားတာ မြင်ဖူးတယ်။
        လမ်းမှာ ဟိုဟိုဒီဒီ ဖြတ်သန်းသွားတာတွေ့ရင် အဲဒါ မြက်လျောပါကွာ မကြောက်ပါနဲ့ အဲလို တော့ ပြောတာ ကြားဖူးတယ်။

        • မွန်မွန်

          June 22, 2012 at 4:57 pm

          ရုံးက အဘကို မြွေစိမ်းမြီးခြောက်ကိုက်တာတော့ မသေဘူးလို့ပြောတယ်။ တူမယ်ထင်တယ်နော်…

      • shwe kyi

        June 23, 2012 at 10:13 am

        ရွှေကြည်သိသလောက်ကတော့ မတူဘူးရယ်။
        မြက်လျှောဆိုတာ ပတတ်လည်နီလည်းခေါ်တယ် အဆိပ်မပြင်းဘူး။
        မြွှေစိမ်းမြီးခြောက်က မြွေစိမ်းနဲ့အတူတူပဲ အမြီးဖြားက ခြောက်နေတယ် အဆိပ်ပြင်းတယ်ကြား
        ဖူးတယ် မြင်တော့မြင်ဖူးတယ် အကိုက်ခံရတဲ့သူတော့ မကြုံဖူးလို့မသိဘူးရယ်။

    • ကြောင်လေး

      June 24, 2012 at 7:09 am

      ၁။ရေမြွေ
      ၂။မြွေပွေး
      ၃။လင်းမြွေ
      ၄။ဂျပ်မြွေ
      ၅။စပါးကြီးမြွေ
      ၆။စပါးအုန်းမြွေ
      ၇။ငန်းတော်ကြား(မြွသူတော်)
      ၈။မြွေသူတော်(ငန်းတော်ကြား)
      ၉။မြက်လျော
      ၁၀။ မြွေဟောက်
      ၁၁။ ခလောက်မြွေ
      ၁၂။မြွေစိမ်းမီးခြောက်
      ၁၃။ခလောက်မြွေ
      ၁၄။သံကွင်းစွတ်မြွေ
      ၁၅။ဆင်ပစ်မြွေ
      ၁၆။ငန်းစောင်း
      ၁၇။ငန်းနက်
      ၁၈။မြွေပတုတ်

  • etone

    June 22, 2012 at 3:57 pm

    ဟင့် … ဗိုက်ကလေးရေ … နင့်တော့ ငါ့ကို ဝေဒနာတွေပေးပြန်ပလားဟေ …
    သေသွားတဲ့ မြွေလေးပုံကို အခုလေးတင် ..အမှတ်မထင်ပြန်ကြည့်မိရင်း ဒီပို့စ်ဖတ်မိတာ .. ငါ့သားလေးကို သတိရသွားတယ် …. ။ တိုက်လည်း တိုက်ဆိုင်တတ်ပါ့ … ။ 🙁 🙁 🙁

    • Thel Nu Aye

      June 23, 2012 at 10:13 am

      တုန်တုန်သား အစိမ်းလေးသေပြီလား။ စိတ်တောင်မကောင်းဘူးဟယ်။

    • ဘဲဥ

      June 23, 2012 at 4:03 pm

      ဟမ်………………. ဘ လို .. ဘလို ….
      အာပျိုဂျီးမှာ သားလေးရှိဒယ်

    • water-melon

      June 23, 2012 at 4:40 pm

      မတုံသားလေး သေတာ
      ဘာကျွေးတာလဲဟင်
      ဖဲမရိုက်ရတာနာတာကွာ 😀

  • Mon Kit

    June 22, 2012 at 4:11 pm

    ဥူးဗိုုက်ရယ်… အဲဒီ အကောင်ရှည်တွေ တွေ့ရင် အူထဲ.. အသည်းထဲကကို ယားထှာ..
    ဝေးဝေးရှောင်ဘဲ… တစ်ဆယ်တော့ ယူသွားမယ်နော်.. ဟိ..

  • မွန်မွန်

    June 22, 2012 at 4:23 pm

    မြင်သည်ဖြစ်စေ
    မမြင်သည်ဖြစ်စေ
    သိသည်ဖြစ်စေ
    မသိသည်ဖြစ်စေ
    ဆတ်ကနဲအထိ
    ဖြတ်ကနဲကွိသွားစေတဲ့
    နင်ရဲ့ အမိအရဒေါသ..
    အသက်ကိုပင် စတေးလို့
    ဒေါသကို အနိုင်ပေးခဲ့…
    ခြေမခိုင်လောက်အောင်
    ကြောက်စိတ်ပိုင်တဲ့ငါ…
    (တွတ်ပီယောက်ဖရေ)
    ပြေးပါပြီဟဲ့ အဝေး….။ ။
    😛

  • cobra

    June 22, 2012 at 4:39 pm

    ကျွန်တော့်ကိုများစောင်းမြောင်းရေးထားသလားအောက်မေ့ရတယ်။
    ကျေးဇူးတင်ပါတယ်ဗျာ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 22, 2012 at 4:40 pm

    မြွေဆိုလို့ ရောမြွေအုန်းမှ
    မြွေမြွေခြင်းခြေမြင်
    မြွေဘာလည်းဆုံးသားလည်းဆုံး
    မြွေ
    မြွေ
    မြွေ
    မြွေ
    မြွေ
    မြွေ
    မြွေ
    မြွေ
    မြွေ
    မြွေ
    မြွေ
    မြွေ
    ကံကြမ္မာဂြိုလ်စီး ကိုယ့် 😀 ကိုယ်မြွေထင်

    • ကြောင်လေး

      June 24, 2012 at 6:57 am

      မြွေမြွေခြင်းခြေမြင်
      မြွေဘာလည်းဆုံးသားလည်းဆုံး

      မြွေပွေးပိုးထိ
      မြွေပူရာကင်း မှောက်
      မြွေမသေ တုတ်မကျိုး
      မြွေပွေး ခါးပိုက် ပိုက်
      မြွေမှန်ရင် တွင်းဝင်ဖြောင့်
      မြွေငယ်ဆိုပေမဲ့ အထင်မသေးနဲ့
      မြွေ
      မြွေ
      မြွေ
      မြွေ
      မြွေ
      မြွေ
      မြွေ
      မြွေ
      မြွေ
      ကံကြမ္မာဂြိုလ်စီး ကိုယ့် အမြီး ကိုယ်မြွေမှတ်လို့ခုန်(ကြောင်များပြောပါတယ်)

  • ဖွတ်ငပျင်း

    June 22, 2012 at 4:43 pm

    ငမွေထိုး လဲ ကျန်သေးပါဒယ် ။

    • Ma Ei

      June 22, 2012 at 5:21 pm

      ငမွေထိုး က ငါးပါဟယ်…

  • we R one

    June 22, 2012 at 5:43 pm

    ဘာမြွေလဲ ဟင်! မြွေပွေးလား.. မြွေဟောက်လား .. လင်းပြွေလား ရေမြွေလား ဟင်..

  • မောင်ပေ

    June 22, 2012 at 7:37 pm

    လက်စမ်း
    ကြက်သမ်း
    နင်သေချာရမ်း
    အဆိပ်ပြင်းရင်
    တရုတ်ပြည်ဒိုးလို ့
    ရောင်းပစ်လိုက်စမ်း
    အရမ်းဗိုက်… အရမ်းဗိုက်…
    အိုဘာတဲ့…
    (မှတ်ချက်.. စနဲ ၏ အရမ်းမိုက် သံစဉ်အားကြိုက်မိလွန်းသဖြင့်)

  • MaMa

    June 22, 2012 at 10:27 pm

    ကြောက်မလားဆိုပြီး မြွေနဲ့ ခြောက်ကြည့်တယ်။
    ချက်ပြုတ်ကင်သုတ် စားမယ့်သူတွေနဲ့ချည်း တွေ့သွားတယ်။
    ဒီနေ့ တွတ်ပီယောက်ဖ ကံမကောင်းပါလား။ 😆

  • ငယ်ငယ်က သင်ဘူးတာလေး
    ပွေး………………သွေး
    ဟောက်…………….နှောက် တဲ့
    မြွေပွေးကိုက်ခံရရင် သွေးကြောထဲအဆိပ်က ဝင်ပြီး သွေးလည်ပတ်မူ့ကိုဖျက်ဆီးသတဲ့။
    မြွေဟောက် ကိုက်ခံရရင် ကျောရိုးကတစ်ဆင့် ဦးနှောက်ထဲကို တန်းရောက်ပါသတဲ့။
    ငန်းတော်ကြားကတော့ မြွေပွေးနဲ့မြွေဟောက် နှစ်မျိုးပေါင်းစပ်ထားပါသတဲ့။
    မှားရင်ပြင်ပေးပါနော်

  • ရဲစည်

    June 22, 2012 at 11:14 pm

    မြွေဆို အနော်လဲ ကြောက်တတ်တယ်
    ငယ်ငယ်ကတော့ မသိသေးလို့ အိမ်ဘေးက ကားဂိုထောင်မှာ အန်နာကွန်ဒါပေါက်စလေး မွေးထားဘူးတယ်.. အာဟိ

  • surmi

    June 23, 2012 at 12:05 am

    ဘာမြွေဖြစ်ဖြစ် လာစမ်းပါ
    အဆိပ်ထုတ် မီးဖုတ်ပြီး
    မြွေဖုတ်စပ် ဟင်းချက်ပစ်လိုက်မယ်
    ဘီဘီ သာပြင်ထားဟေ. …..။

    • Mလုလင်

      June 23, 2012 at 1:16 am

      ဦးဆာမိ . လက်တို့ လိုက်ပါဗျာ … ဘီဘီ ကို ကျွန်တော့ တာဝန် သာထား လိုက်ပါ ….

    • ကိုရင်မောင်

      June 23, 2012 at 11:41 am

      ကိုဆာမိတို့များ…ကြက်ဖုတ်စပ် စားမိကာမှ
      မြွေဖုတ်စပ် ပါတွယ်ချင်လာပုံရတယ်…….ဟီ
      ဖွတ်တွေ ပတတ်တွေ တောက်တဲ့ တွေလဲ
      ဖုတ်စပ်နဲ့တွေ့သွားနိုင်တယ်နော့

      • စိန်ဗိုက်ဗိုက်

        June 23, 2012 at 11:47 am

        ကိုဆာတို ့က တစ်ခါလေး ဖုတ်စိုက်ကို စားမိတာနဲ ့
        အသဲထဲပါ စွဲထင်ကျန်ရစ်ခဲ့တယ်ထင်ပါ့..

        အူးပါလေရာတော့ သွားစားမယ်ပြောဒယ်..
        ကျနော်လဲ စားချင်ပါတယ်

        ကြိုက်ဖုတ်စိုက်တို ့
        ဝိုက်ဖုတ်စိုက်တို ့
        ငိုက်ဖုတ်စိုက်တို ့.

        သရေတောင်ကျလာဘီ..

        • မောင်ပေ

          June 23, 2012 at 9:45 pm

          ကျုပ်လဲ အဲဒီ ဖုတ်စပ်ဟင်း ဆိုတာကြီးကို စားချင်မိတယ်ဗျာ

  • ဖိုးထောင်

    June 23, 2012 at 12:20 am

    ဆင်ပစ်မြွေကျန်သေးတယ်လေ မေ့နေပြီလား အူးဗိုက် မြွေဒီဂါက တရုပ်ဝယ်ဖို့ မြွေအမျိုးအစားပို့နေတဲ့ ပွဲစားကျနေတာပဲ အဟိ

  • maung khinmin

    June 23, 2012 at 10:12 am

    ကြောက်တောင်လာပြီ…ဆရာရယ်..
    ဖြည်း၂လုပ်ပါ…

  • Thel Nu Aye

    June 23, 2012 at 10:16 am

    မြွေဆိုကြောက်ပါတယ်ဆိုမှ။ မြွေပိုစ့်နဲ့ပိုက်ဆံတွေလာယူနေပါတယ်ဂျို့။

  • မဟာရာဇာ အံစာတုံး

    June 23, 2012 at 11:29 am

    အော် …
    ပေါက်ဖော်တောင် မြွေ ဖြစ်သွားပါရောလား …
    ကတွတ် .. ကတွတ် …
    ရေးထားတဲ့ အတိုင်း ဆိုရင်တော့ ..
    မြွေပွေး ပဲ ဖြစ်ရမယ် …
    မြွေပွေးဆိုတာ သူ့မထိသရွေ့ ဘာမှ ပြန်လုပ်ဘူး .. တဲ့
    ပေါက်ဖော်လည်း ဘီအီး မသောက်သရွေ့
    ဘာမှ လုပ်ဘူးပေါ့နော် … 😀

  • စိန်ဗိုက်ဗိုက်

    June 23, 2012 at 11:37 am

    လာရောက် အားပေးကြသော အူးလေးအန်ခယ်လ်ဂျီးဒေါ်အန်ထီ အတိုရီးအားမရီးတို ့အား
    ရှဲရှဲပါဗျား.. (ရှဲရှဲ ဆိုတာ မြွေလျှောက်သံ မဟုတ်ပါနော်..)

  • ကြောင်ကြီး

    June 23, 2012 at 11:51 am

    မြွေဂျီး
    ရေကြီးလို့
    ခွေငြီးစဉ်
    ဆွေသမီး
    ကြွေပီး
    ရွှေထီးပေါက်..။

    • စိန်ဗိုက်ဗိုက်

      June 23, 2012 at 11:58 am

      အုကြောင်ရေ
      ရွှေထီးက မပေါက်ပဲ လက်ကိုင်ဂေါက် ကျိုးသွားလို ့ စူပါဂလူးနဲ ့ကပ်ထားရတယ်ဗျား..
      ထီးတော့ မပေါက်ခိုင်းပါနဲ ့ဦး..အတစ်ဝယ်ရှရာ ပိုက်ရှံ မချိတေးလို ့..

      ရွှေထီပေါက်ဆိုတော်သေး…
      ဟွန်း..လူဇိုး..အဲလေ..ကြောင်ဇိုး..

  • ba gyi

    June 23, 2012 at 12:28 pm

    အရက် ထဲမှာခွေ—- ဆေးဘက်ဝင်တဲ့မြွေ—-တဲ့
    ဘာကောင်းသလည်းတော့မသိပါဘူး ဆရာ ဗိုက်တော့သိလောက်ပါရဲ့။
    အရက်သ္မားအသဲကင်ဆာသ္မားစင်္ကာပူတရုတ်တစ်ယောက်တော့ မြွေပွေးသဲခြေအစိမ်းလိုက်မျိုတာ၊လေး ခုလောက်ရှိပြီ၊စွမ်းတယ်ဆိုပါပဲ။

    • စိန်ဗိုက်ဗိုက်

      June 23, 2012 at 3:46 pm

      အသဲယားရှရာဂျီး..
      ကွိ..ကွိ..

  • ညလေး

    June 23, 2012 at 4:27 pm

    ဪမြွေဆိုတာ…….ဒါကြီးလား….ဦးစိန်ဗိုက်ဗိုက်ရယ်…..

Leave a Reply