လွန်လွန်းတယ်ဗျာ

nicolus agralJune 22, 20121min15914

ဒီနေ ့ လမ်း၃ဝမှာ ဆေးသွားဝယ်တယ်ဗျာ

ဆိုင်ကယ်ကို ခဏလေးရပ်ပြီး လိုချင်တဲ့ ဆေးရှိမရှိလှမ်းမေးတာ

စက်တောင်မရပ်ထားဘူး

အဲဒါကို ယဉ်ရပ်နားခတဲ့ လာတောင်းတာ

ငွေဝင်တော့ဝင်ငွေခွန်

အိမ်ရှိတော့ မြေခွန် အိမ်ခွန် ရေခွန် အမှိုက်ခွန် လမ်းခွန် လမ်းမီးခွန် မီတာထိမ်းသိန်းစောင့်ရှောက်ခ

ဆိုင်ကယ်ရှိတော့ ရောင်း/ဝယ်ခွန် ဘီးလိမ့်ခွန် ရပ်နားခွန်

ခွန်ခွန်ခွန်ခွန်ခွန်……..

ငါတို ့များကြ ဆောင်လိုက်ရတာ ဆုံးကိုမဆုံးနိုင်ဘူး

အခွန်ဦးစီးကကြေငြာတဲ့ ထိပ်တန်းအခွန်ဆောင်သူစာရင်းမှာ Top သူဌေးတယောက်မှမပါဘူး

အခွန်လွတ်ဈေးပဲရှိတာမဟုတ်ဘူး

အခွန်လွတ်လူလဲရှိတာပဲနော့

အံရော …..အံရော

14 comments

  • water-melon

    June 22, 2012 at 6:10 pm

    ဆိုင်ကယ်ပေါ်ကမဆင်းရင်
    မပေးနဲ့
    တစ်ချို့တောင်းတဲ့ကောင်တွေကရင့်တယ်
    ကျွန်တော်ဆို တစ်ခါတစ်လေပြန်ငေါက်လို်က်တယ်
    ၅ဝ ဘဲပေးရတယ်
    ချလန်မယူနဲ့

    • nicolus agral

      June 22, 2012 at 6:26 pm

      (တစ်ချို့တောင်းတဲ့ကောင်တွေကရင့်တယ်)
      ဟုတ်တယ်ဗျာ
      အခုကောင်လဲတော်တော်ရင့်တယ်
      ငယ်ငယ်ကစိတ်နဲ ့ဆိုလို ့ကတော့ တပွဲပဲ
      အမေက ကျွန်တော်ရန်ဖြစ်ရင်ငိုတယ်ဗျ
      ကျွန်တော့်ကြောင့်ငိုရတာများပီ
      အသက်လည်းနည်းနည်းကြီးလာတော့ အမေ့ကိုမငိုစေချင်တော့ဘူးဗျာ
      စိတ်လျှော့လိုက်တယ်

      • ချစ်ရင်ထူးနှစ်

        June 22, 2012 at 11:39 pm

        အဲ.. ပြောမနေပါနဲ့ဗျာ အစထဲကအခွံပါဆိုမှ အနှစ်မှ မရှိတာ ..

  • mocho

    June 22, 2012 at 6:11 pm

    စနစ် တကျ မဖြစ်တဲ့ အခွန် တွေ က တော် တော် ဆိုးပါတယ်။ ကိုယ် ဆောင် လိုက် တဲ့ အခွန် တွေ က နိုင် ငံ တော် အတွက် အမှန် တကယ် မဖြစ် လာတာက ပို ဆိုးပါတယ်။

  • နွေဦး

    June 22, 2012 at 8:11 pm

    ရန်ကုန်တော့ မဟုတ်ဘူးထင်တယ်….
    မန ္တလေးလား….
    ရန်ကုန်ဆိုရင်တော့ ဆိုင်ကယ်စီးတဲ့သူတွေက
    ယာဉ်ရပ်ခ မပေးရတဲ့အပြင် လဘက်ရည်ပါသောက်သွားကြသေးတာဗျ ..။
    သူတို့ က……ဘသူလေးလဲ….။

  • the best

    June 22, 2012 at 8:16 pm

    ရန်ကုန် စည်ပင်က လုပ်စားနည်း တစ်ခုပါ။
    ကန်ထရိုက် နဲ ့ ဂွင်ရိုက်ပြီး ဈေးမတန်တဆတင်တယ်။
    များများတင်လေ သူတို ့တွက်များများ တောင်းစားလို ့ရမယ်လေ။

    ကန်ထရိုက်က တဆင့် ဆပ်ကန်ထရိုက်တွေထပ် ပေး၊
    ဆပ်ကန်ထရိုက်က တခါထပ်ပြီး ဆပ် ဆပ်ကန်ထရိုက်တွေပေး။
    ဆပ် ဆပ်ကန်ထရိုက်တွေက ငွေလိုက်တောင်းရတော့
    ဈေးက မြင့်ကုန်တာပေါ့။

    မြို ့တော်ဝန်ကမသိတာလား။ သိသိနဲ ့ လွှတ်ထားတာလား။

    • ချစ်ရင်ထူးနှစ်

      June 22, 2012 at 11:43 pm

      အဲဒါဆို ကိုယ့်အိမ်မှာကိုယ် မီတာ ကို ချိတ်ထားပြီးတော့ ထိမ်းသိမ်းခ ဆိုပြီး 1000 အလာကား နေရင်း ပေးနေရတာရော ..

  • the best

    June 22, 2012 at 8:27 pm

    nicolus agral ရေ
    လမ်း(၃၀)မှာ ဆိုင်ကယ်စီးလို ့ရလို ့လား။
    ရန်ကုန်မှာတော့မရဘူး။
    ွှ မန္တလေး က လား။ ရှင်းပါအုံး။

    • water-melon

      June 22, 2012 at 8:30 pm

      မန်းလေးပါ the best ရေ

      • the best

        June 22, 2012 at 9:01 pm

        ရန်ကုန်အတိုင်းပါပဲလား။

    • nicolus agral

      June 23, 2012 at 12:43 pm

      မန်းလေးမှာပါ
      (အဲဒါဆို ကိုယ့်အိမ်မှာကိုယ် မီတာ ကို ချိတ်ထားပြီးတော့ထိမ်းသိမ်းခ ဆိုပြီး 1000 အလာကား နေရင်း ပေးနေရတာရော ..)
      ကျွန်တော့အသိတယောက်တော့ ခရီးရှည်သွားတာ
      ပြန်လာတော့ မီတာခ ဝ ကျပ်
      ထိမ်းသိမ်းခ ၁၀၀ဝကျပ်
      ရက်လွန်ကြေး ၂၀၀ဝကျပ်
      သုံးလဲမသုံးရဘဲအချောင်ပေးလိုက်ရတယ် ….ဟီး

  • သားဦး၊မြေးဦး

    June 22, 2012 at 9:06 pm

    တလောက အခွန်တိမ်းရှောင်ထားမှုတွေ back date နဲ ့လာတော့မယ်ကြား
    လို ့ဝမ်းသာနေတာ။ပျောက်သွားပါရောလား။ကြားမိကြပါလားဗျာ။

  • ဖိုးထောင်

    June 23, 2012 at 12:26 am

    ဟဲ့ဒုက္ခပဲ ငါလဲ အခွန်အမြဲတမ်းရှောင်တယ် (အမှိုက်ပုံနားနီးလို့)

  • kokothandar

    June 23, 2012 at 8:35 am

    လိုင်စင်ရုံးမှာ ကထည်းက မျှတတဲ့ ပျမ်းမျှနှုန်း ကောက်လိုက်ရင် သင့်တော်မယ်။ ကားအားလုံးမြို့ထဲကို
    နေ့တိုင်းမရောက်ကြပါဘူး။နောက်ဆုံးလေလံပစ်လို့ ရထားတဲ့ ငွေပမာဏ နှုန်းကို ရန်ကုန်လိုင်စင်
    ကားစီးရေနဲ့စားပြီး ကျသင့်ထာ လိုင်စင်ရုံးကကောက်ပြီး စည်ပင်ကိုလွှဲပေးရင် လေလံတစ်ဆင့် ပြန်
    ဆွဲသူတွေရဲ့ မတရား အကောက်နေရတဲ့ဒုက္ခတစ်ခု ကနေ ပြည်သူတွေလွတ်ပြီပေါ့

Leave a Reply