ယူရို၂၀၁၂ ပွဲမှီလေးပါ

မောင် ပေJune 22, 20121min22310

22.6.2012 သောကြာည (သို ့မဟုတ်) စနေနံနက် ၁.၁၅ အချိန်မှာ ယူရို၂၀၁၂ ကွာတားဖိုင်နယ် ဒုတိယ ပွဲ ကို ကန်မှာဖြစ်ပါတယ် ။ သည်ကနေ ့မှာတော့
“ ဂျာမနီ ” အသင်းနဲ ့ “ ဂရိ ” အသင်းတို ့ကန်ကြမှာဖြစ်ပါတယ် ။
သည်ပွဲအတွက် ပွဲကြိုအထောက်အကူပြု အချက်အလက် အနည်းငယ် ကို ရေးပြချင်ပါတယ်။
“ဂျာမနီ” အသင်းဟာ အုပ်စု ဘီ ရဲ ့အုပ်စုပထမ ဖြစ်ပြီး ၊ အုပ်စုအဆင့် ကန်ခဲ့တဲ့ရလဒ်များမှာ
9.6.2012 ဂျာမနီ ၁-ဝ ပေါ်တူဂီ
13.6.2012 နယ်သာလန် ၁-၂ ဂျာမနီ
17.6.2012 ဒိန်းမတ် ၁-၂ ဂျာမနီ
“ဂရိ” အသင်းဟာ အုပ်စု အေ ရဲ ့အုပ်စုဒုတိယ ဖြစ်ပြီး ၊ အုပ်စုအဆင့် ကန်ခဲ့တဲ့ရလဒ်များမှာ
8.6.2012 ပိုလန် ၁-၁ ဂရိ
12.6.2012 ဂရိ ၁-၂ ချက်
16.6.2012 ဂရိ ၁-ဝ ရုရှား
“ ဂျာမနီ ” ရဲ ့ဖြစ်နိုင်ဖွယ် ကစားသမားများမှာ
ဂိုး Neuer
နောက် Boateng, Hummels, Badstuber, Lahm
လယ် Khedira, Schweinsteiger
လယ် Muller, Ozil, Podolski
ရှေ ့ Gomez
“ ဂရိ ” ရဲ ့ဖြစ်နိုင်ဖွယ် ကစားသမားများမှာ
ဂိုး Sifakis
နောက် To’sidis, Pa’poulos, K Pa’poulos, Tzavelas
လယ် Katsouranis, Maniatis
လယ် Salpingidis, Fotakis, Samaras
ရှေ ့ Gekas
“ ဂျာမနီ ” အသင်းဟာ “ ဂရိ ” အသင်း နဲ ့ ၈ကြိမ်တွေ ့ခဲ့ရာမှာ ၊ ၅ ပွဲနိုင်ခဲ့ပြီး ၊ ၃ ပွဲသရေကျခဲ့ပါတယ်။
““ဈေးအနေအထားအရ အာရှဘက်မှာ ဂျာမနီ တစ်ဂိုးသွင်းရင် အပြည့်ရှုံးအနေအထား ကို သည်ဘက်မှာ ဂျာမနီ တစ်ဂိုးသွင်းရင် ၉၀/၉၅ အရှုံး ဖွင့်လာပါတယ်။””
““ဂိုးဈေးအနေအထားက နှစ်ဂိုးသွင်းရင်အပြည့်ရှုံးအနေအထားကို ၊ သုံးဂိုး ၉ဝ အနိုင် အနေအထား ဖွင့်လာပါတယ်””
သည်နေ ့ပွဲကို
လင်ဆိုက “ဂျာမနီ” ၊ အာရှဘက်က “ဂျာမနီ” ၊ ဆော်ကာဟော့က “ဂရိ” လို ့ခန် ့မှန်းပေးထားပါတယ်။
သည်နှစ်သင်း ကစားသမားအင်အားမှာ “ဂျာမနီ” ကို “ဂရိ” အနေနဲ ့လုံးဝ မယှဉ်နိုင်ပါဘူး ။
သည်ပွဲမှာ ယူရို၂၀၀၄ ချန်ပီယံ ဂရိ ရဲ ့၊ ချန်ပီယံဖြစ်ခဲ့တုန်းက ကစားဟန် ကို သေချာပေါက် ပြန်တွေ ့ရပါမယ် ။ ခံစစ်ကို လုံးဝအသားပြုပြီးမှ ကောင်တာနဲ ့ပြန်ဖောက်ကစားမှာပါ ။ဂရိ ရဲ ့ထာင့်ကန်ဘောတွေ ၊ ဖရီးကစ်ကနေ တစ်ဆင့်ပေးဘော တွေ ဟာ ဂျာမနီ ကို ဒုက္ခကောင်းကောင်း ပေးနိုင်ပါတယ် ။
ဂျာမနီ အသင်းကတော့ တိုက်စစ်အသားပေးကစားလာမှာဖြစ်ပြီး ၊ ခံစစ်အားပြုထားမယ့် ဂရိ ကို အလွယ်တကူ ကျော်ဖြတ်လာဖို ့ဆိုတာ သိပ်မသေချာလှပါဘူး။
ကျုပ်မောင်ပေ စိတ်ကြိုက်ရွေးခြယ်မှုအရတော့ ၊ “““ ဂရိ ””” နဲ ့ ““ ဂိုးအများ ”” ပါဘဲ။
“““ ဂရိ ””” ကို အားပေးရင် နှစ်ဂိုးအသွင်းခံရမှ အပြည့်ရှုံးမှာမို ့၊ ဂရိနဲ ့ဘဲ နေချင်ပါတယ်။
““ဂိုးအများ”” ကို ရွေးခြယ်တာကတော့ ဂျာမနီသာ ၂ဂိုးအရင်သွင်းခဲ့မယ်ဆိုရင် ဂရိဘက်က သေချာပေါက် တိုက်စစ်ဖွင့်ပြီး ၁ဂိုးလောက်တော့ အောက်ထစ်ပြန်ရနိုင်လို ့ပါ။
ဂျာမနီ နောက်တစ်ဆင့်တက်ဖို ့ရာခိုင်နှုန်း ၈ဝ လောက်ရှိပေမယ့် ၊ ဂရိ ကို ဂိုးပြတ်ဖို ့တော့ လုံးဝ မလွယ်လောက်ဘူး လို ့မြင်မိပါတယ် ခင်ဗျား ။
……. အားလုံး အောင်မြင် ရွှင်လန်း ပါစေ …….

10 comments

  • သားဦး၊မြေးဦး

    June 22, 2012 at 8:53 pm

    ကိုပေက ဂရိကြိုက်ပေမယ့် ကျနော့်အကြိုက်က ဂျာမနီပါ။
    တမျိုးမထင်ပါနဲ ့ဗျာ ဂျာမနီက ကျနော့်အပေါ်ကျေးဇူးတွေ
    ရှိနေလေတော့ အားပေးလိုက်ပေါ့မယ်။
    Deutcher!!!!!!,

  • တယ်ရီ လမ်းပတ်ရာမီးရက်စ်

    June 23, 2012 at 7:34 am

    ကိုပေ ရေ !!!!!!!
    ဒီဆိုက်ကို ကိုပေ့ ဒီပိုစ့် ကြောင့် register လုပ်ဖို့ ဆုံးဖြတ်လိုက်တာပါ (comment ပေးချင်လို့ပါ)
    ပွဲကြို ခန့်မှန်းလေးတွေကို အမြဲအားပေးနေပါမယ်(နိုင်နိုင်/ရှုံးရှုံး ပေါ့)

    ကျေးကျေးဘာ
    တယ်ရီ လမ်းပတ် ရာမီးရက်စ်

  • Crystalline

    June 23, 2012 at 8:28 am

    4:2 ဆိုတော့ ဦးပေ ပလုံပြန်ပေါ့လို့ထင်ပါ့… ယနေ့ညအတွက်တော့ ပြင်သစ်နိုင်နိုင်သည်ဟုထင်သော်လည်း စပိန်ကိုသာအားပေးပါမည်…

  • lu lay

    June 23, 2012 at 9:29 am

    ပြင်သစ် အနိုင်ပဲ…………..

  • သားဦး၊မြေးဦး

    June 23, 2012 at 9:41 am

    နိုင်သွားပီလားဗျို ့။အိမ်ပြင်မထွက်ရသေးလို ့အဖြေတောင်မသိသေးဘူး။

  • lu lay

    June 23, 2012 at 9:42 am

    နောက်ဆုံး 12 နှစ်တွေ့ဆုံမှုမှာ စပိန်ကတော့ပြင်သစ်ထက်နည်းနည်းလေးသာနေပါတယ် …..ဒါမေယ့်
    ယူရို ၂၀၁၂ မှာ စပိန်က အကျဘက်နည်းနည်းရောက်လာသလိုဖြစ်နေတယ်…….
    ပြင်သစ်ကလည်း အုပ်စုနောက်ဆုံးပွဲမှာ ဆွီဒင် ကိုးရှုံးပြီး အုပ်စုတက်လာတာဆိုတော့ နည်းနည်းတော့စဉ်းစားစရာ လိုမယ်…….
    ဒါပေမယ့် လူဂျိုးလေး အကြိုက်ကတော့ ပြင်သစ်ပဲ……
    မှားရင်လဲ ခွေးလွတ်ပြီး ကိုက်ခိုင်းလိုက်ပါ

  • မဟာရာဇာ အံစာတုံး

    June 23, 2012 at 11:40 am

    ကျုပ် အတပ် ဟောလိုက်မယ် ..
    ((((((( ဂျာမနီ ၄ – ၂ ဂရိ ))))))))
    ဖြစ်ရမယ်ဗျို့ …
    (တော်ဒယ်နော် .. 😀
    ပွဲပြီးမှ ရဲရောက်တယ်ဆိုတာ အဲ့ဒါကြောဒါ … )

    • စိန်ဗိုက်ဗိုက်

      June 23, 2012 at 3:56 pm

      အူးလေးကော
      ဘယ်လောက်ခိုင်သွားခဲ့သလဲဗျ

Leave a Reply