လျှပ်စစ် မီတာထိန်းသိမ်းခ တစ်လ (၁၀၀၀)ကျပ် ပေးသင့်သလား။

the bestJune 23, 20121min22114

ပြည်သူတွေ အားလုံးလိုလို ဒီကိစ္စကို သိချင်နေကြတယ်။

နောက်ဆိုရင် ပုဂ္ဂလိက ဓါတ်အားပေးစနစ်ကလာတော့မှာ

လျှပ်စစ်ဝန်ကြီးဌာနက ရှင်းရှင်းလင်းလင်း အသိပေးစေလိုပါတယ်။

 

လျှပ်စစ် မီတာထိန်းသိမ်းတာ သူတို ့မဟုတ်ဘူး။

ကိုယ့်မီတာ မလောင်အောင်၊ သူများတွေ ပျက်စီးပြီး မီးမခိုးနိုင်အောင်၊

ကိုယ်ကပဲ ထိန်းသိမ်းနေရတယ်။

တစ်လ (၁၀၀၀)ကျပ်ဆိုတာ သူကကိုယ့်ကိုပြန်ပေးသင့်တာလေ။

 

လျှပ်စစ်ဝန်ကြီးဌာနဆိုတာ ပြည်သူ တွေကို သေသေချာချာ ရှင်းပြတယ်။

အကြောင်းတစ်ခုခုကြောင့် မီတာ သူ ့ဘာသာသူ ပျက်သွားရင်တောင်

ထိန်းသိမ်းခ ယူထားတဲ့ သူ ကတာဝန်မရှိဘူး။ တာဝန်မယူဘူး။

ပြည်သူတွေဆီက ငွေပြန် တောင်းတာ နည်းလမ်းမှန်သလား။

14 comments

  • htoosan

    June 23, 2012 at 7:10 am

    ဟုတ်ကဲ့ခင်ဗျ ။ လူကြီးမင်းတို့ စိတ်ချမ်းသာအောင် နံမည် ပြန်ပြောင်းပေးထားပါ့မယ် ။
    “မီတာ တပ်ဆင်ထားပေးခ”
    ပုံ
    ပြည်ထောင်စုဝံကြီး

  • Crystalline

    June 23, 2012 at 8:34 am

    မှန်ပါ့…ကိုယ်အိမ်မှာကိုယ့်ဖာသာထိန်းသိမ်းပြီးသူတို့က ၁၀၀ဝယူတယ်…မီတာအလုံးတစ်သိန်းနဲ့တင် ထိန်းသိမ်းခသူတို့ တလသိန်းတစ်ထောင်ရတယ်..အဲဒါတွေကိုဘာလုပ်သလဲမသိ…
    ဟန်းဖုန်းတွေလည်းဒီအတိုင်းပဲ…ကိုယ့်ဖာသာထိန်းသိမ်းရတယ်..ပျောက်ရင်လည်း ငွေပေးပြန်လျှောက်ရတယ်သူတို့က ပုံမှန်တစ်လ ၁၀၀ဝယူတယ်..

  • သားဦး၊မြေးဦး

    June 23, 2012 at 9:08 am

    ဆရာရေ ကျနော်တို ့နယ်ဖက်မှာ မီတာထိနိးသိမ်းခက (၁၀၀၀)နောက်ထပ်
    ဘာအတွက်လဲ မသိဘူး(၁၀၀၀)ပေါင်း (၂၀၀၀)လတိုင်းပေးနေရပါကော။

  • shwe kyi

    June 23, 2012 at 10:25 am

    နည်းလမ်းမမှန်ပါ။ 😀

  • myanmarcitizen

    June 23, 2012 at 11:48 am

    မပေးသင့်ပါဘူး။ အဲ့ကိစ္စ အစာမကြေတာကြာပြီ။ ပြောတော့သူတို့ကထိမ်းသိမ်းတယ်တဲ့ နောက်ပြီး cover seal များမပျောက်မပျက်အောင် ပိုင်ရှင်မှတာဝန်ယူရမည် တဲ့ တွေးသာကြည့်တော့။ cover seal ဘယ်သကောင့်သားက လက်ဆော့ပြီး ဖြတ်သွားတယ်မသိ ပြတ်သွားတော့ ဒဏ်ရိုက်တာခံရသေးဗျား။ ပြောချင်ပါဘူး။

  • နွေဦး

    June 23, 2012 at 12:10 pm

    မင်းတို့ ယူသင့်သလား….လို့ မေးရမှာ..
    လုပ်ချင်သလိုသာလုပ်နေကြတာ ကြာခဲ့ပြီကော..။
    ကြာရင် တို့အစိုးရလဲ မသထာရေစာ စားနေတဲ့စရင်းထဲပါတော့မယ်..။

  • Uncle Lay

    June 23, 2012 at 12:30 pm

    တကယ် ထိန်းသိမ်းရင်တော့ကောက်ပေါ့…။
    မထိန်းသိမ်းရပဲကောက်တာတော့ မကောင်းဖူးပေါ့…။

    ဆိုတော့….ရှေ့ကကောက်ထားတာတွေလည်း ပြန်ထုတ်ပေးလိုက်ပေါ့…။

    • ချစ်ရင်ထူးနှစ်

      June 23, 2012 at 10:52 pm

      အစိုးရက ပြည်သူတွေဆီကနေ နည်းလမ်း အမျိုးမျိုးနဲ့ ကောက်နေတာ.. အဲဒီ ပိုက်ဆံတွေ ဘယ်ရောက်ကုန်တာလဲ ..??? သမ္မတကြီး ဦးသိန်းစိန်က ချစ်ရင်ထူး မဲပေးထားတာ မဟုတ်တော့ မပြောရဲဘူး .. သူ့ကို မဲပေးတဲ့လူ မျက်နှာ ကိုပဲ သူက ကြည့်မှာပေါ့ ရှင်းနေတာပဲ
      ဂျပန် ရေချိုးတာကမှ ရှုပ်ဦးမယ် ..

  • Uncle Lay

    June 23, 2012 at 12:33 pm

    တကယ် တာဝန်ယူထိန်းသိမ်းရရင်တော့ကောက်ပေါ့…။
    မထိန်းသိမ်းရပဲကောက်တာတော့ မကောင်းဖူးပေါ့…။

    ဆိုတော့….ရှေ့ကကောက်ထားတာတွေလည်း ပြန်ထုတ်ပေးလိုက်ပေါ့…။

  • စစ်ကဲ

    June 23, 2012 at 12:40 pm

    မပေးသင့်ဘူး မပေးသင့်ဘူး (လုံးဝ) မပေးသင့်ဘူး။ ဘာလို့ပေးရမှာလဲ၊ အဓိပ္ပါယ်မှမရှိတာ။
    (ဘာမှန်းတော့မသိပါဘူး၊ လူ့သဘာဝ လိုဘဲလိုချင်တယ်လေ၊ ပေးဖို့ဆို ဆောရီးဘဲ)

  • thar ag

    June 23, 2012 at 8:00 pm

    မိတာထိန်းသိန်းခယူထာတယ်ဆိုတော့ မီးပြတ်ရင်ကော လမ်းကဖြးစ်ကို အခမဲ့ လာတတ်ပေးလား

  • မောင်ပေ

    June 23, 2012 at 8:24 pm

    ဂရင်းရွိုင်ရယ် အရက် ကုမ်ပဏီ က လုပ်သလို လုပ်ပေးရင်တော့ ကောင်းသား ။
    ဒီလိုဗျ… သူတို ့အရက်ကြေငြာဆိုင်းဘုတ်တွေ ကို စတိုးဆိုင်တွေ ကုန်စုံဆိုင်တွေမှာ လိုက်ထောင်ထားတာ ရှိတယ်လေ ၊ အဲဒါတွေကို နေ ့တိုင်း ၊ သန် ့ရှင်းရေး လုပ်ပေးတယ်ဆိုဘဲ ။ ရွာထဲက အူးလေးကြီးတစ်ယောက် ပြောပြလို ့သိခဲ့တာလေးပါ။

  • နေဝန်းနီ

    June 23, 2012 at 9:34 pm

    ဟုတ်တယ်ဟေ့ ….။ မပေးသင့်ဘူး …။ ဒါပေမဲ့ ဘေလ် လာပို့ရင်တော့ အဲဒိထဲက ပါတဲ့ အတိုင်းပေးလိုက်ရတာပဲ…။ အဲနောက်ကျရင် ဒါဏ်ကြေးက နှစ်ထောင်တဲ့ နောက်မကျအောင်သတိထားနေရတယ်…။ နို့နို့ ဆို အပိုသုံးထောင်ပေးရမှာ ကြောက်လို့ (ကြောက်လို့)

  • THE MOON

    June 24, 2012 at 4:12 pm

    10000တောင်ထွက်နေပြီ။1000ကိုနိုင်ငံတော်တွက်လစဉ်အလှ ူငွေလို ့
    သဘောထားလိုက်ပါပြီ။

Leave a Reply