ရွာသူ/သား အားလုံး ကို လွမ်း ( ၂ ) ကနေပဲ မင်ဂလာ ပါလို့ နှုတ် ဆက် လိုက်မယ်နော် ။

” လွမ်း ( ၂ ) ”

ငါလေ  ကိုလေးဖြူ ရဲ့” စာမျက်နှာ တစ်ဆယ့်ငါး” ကို ပထမဆုံး အကြိမ် နားထောင်ခဲ့ ရတဲ့အချိန်တုန်းက မင်းရယ် သူငယ်ချင်းတွေရယ် ငါတို့ရဲ့ ကျောင်းတော်ကြီးရယ်ကို ငါအရမ်းလွမ်းမိသွားတယ် ။ဒါပေမဲ့ ငါ့အတွက် မင်းနဲ့ပတ်သက်တဲ့ အတိတ်တွေက အဲဒီ သီချင်းလေး ထဲကလို မှုံဝါးဝါး တော့ မဟုတ်ပါဘူးကွာ။ ငါ့ရင်ထဲမှာ ငါ့အတွေးထဲမှာ အမြဲတမ်း ကြည်လင်ပြတ်သား ရှင်းလင်းနေတယ်။ မင်းပေးတဲ့ ဆေးဝါးနဲ့ အဟာရ တွေကြောင့် ငါ အချိန်တို အတွင်း နေကောင်း ကျန်းမာလာတော့ အဲဒီ အဆောင်က သူငယ်ချင်းက နေပြန်ကောင်းတာ မြန်လှချည်လားတဲ့။ ကံ စိတ် ဥတု အဟာရ ဆိုတာ သိပ်မှန်တာပဲတဲ့ ။ ကံကောင်း တဲ့ သူများ ကြတော့ အဆောင်ထိ တောင် ရောက်လာတယ် ဆိုပြီးနောက်တယ် ။ သူနောက်တာကို ငါက မခံယူရဲ ခဲ့လို့ ငါတို့က သူငယ်ချင်း တွေပါဆိုတာ သူယုံကြည်အောင် ပြန်ရှင်းခဲ့ရသေးတယ် ။ကိုယ့်ကိုယ် ကို လည်း လိမ်ညာရင်း နဲ့ပေါ့ ။ အဲဒီ နောက်ပိုင်း ရက်တွေ ထဲက တရက် မင်းကျောင်း မတက်ခဲ့ဘူး ။ အချိန်တန်လို့ ရောက်မလာနိုင်တဲ့ မင်းကို ငါစောင့်မျှော်နေမိခဲ့တယ် ။ ငါ့စာသင်ခန်းရှိရာကို မသွားနိုင်သေးပဲ မင်းရဲ့စာသင်ခန်းထဲမှာ လူစုံချိန်လောက်အထိအောင် ငါစောင့်ကြည့်နေခဲ့တယ် ။မင်းရောက်မလာ ခဲ့ဘူး ။မင်း ကျောင်းမတက်ခဲ့ တဲ့နေ့ရက်တွေတိုင်းရဲ့ စာသင်ချိန်တွေမှာ ငါမနည်းအာရုံ စိုက်ခဲ့ရတယ်ကွာ ။ ရင်ထဲမှာ ဟာဟာတာတာ နဲ့ ငါမင်းကို လွမ်းတယ် ။ အဲဒီနေ့ ညနေမှာ ကျောင်းနားက စတိုး ဆိုင်ကနေ ငါနီညိုရောင် ဒိုင်ယာရီ စာအုပ် လေး တအုပ်ဝယ် ခဲ့တယ် ။အဲဒီ စာအုပ်ရဲ့ ပထမ ဆုံးငါရေးတဲ့စာမျက်နှာ ပေါ်မှာ” မင်းကျောင်း မတက်တဲ့ နေ့”ဆိုတဲ့ ခေါင်းစဉ် နဲ့ မင်းကိုလွမ်းတဲ့ အကြောင်းတွေ စာစီခဲ့တယ် ။ အခု ငါ အဲဒီ စာအုပ် ကလေး ပြန်ဖတ်ကြည့်နေမိတယ် ။ နောက်တနေ့ ရက်စွဲ မှာ မင်းက နေသိပ်မကောင်း လို့ ကျောင်းမတက် ခဲ့ တာတဲ့ ။ဒီ စာအုပ်လေးထဲ မှာပဲ ငါ့ အတွက် မင်းနဲ့ အတူ သူငယ်ချင်း တွေ ပျော်ခဲ့ရတဲ့ အကြောင်း လေးတွေလည်း ငါပြန်ဖတ် ကြည့်နေတယ် ။ ကျောင်း အားချိန်တွေ မှာ ငါ့   အတွက် အမြဲတန်း အလုပ်ရခဲ့တာရယ် ဆန်ဂိုထောင် တွေမှာ ညစောင့်အလုပ် ရခဲ့တဲ့တာရယ် အတွက်လေ ။ တည စောင့် ရင် ( ၁၀၀ ) ရတဲ့ ညစောင့် အလုပ် က ငါ့ကို ပျော်ရွှင်မှု တွေ အများကြီး ဖြစ် စေ ခဲ့တယ် ။ အကြောင်း က ဂိုဒေါင် နှစ် လုံး ကို တလှည့် စီ စောင့်ရတဲ့ အထဲမှာ တလုံး က မင်းအိမ်နဲ့ နီးတယ်လေ ။ မင်း အဖေရယ် မင်းရယ် နှစ် ယောက် ပဲ နေတဲ့ မင်း အိမ် ကို မင်းက ဆန် ဂိုထောင် ကနေ ညဦးပိုင်း စာအတူ လာကြည့်ဖို့ ပြောခဲ့သလို ငါလည်း အခွင့် သာတိုင်း မင်းရှိရာ ခြေဦး တည်ခဲ့တာပေါ့ ။ ဒါပေမဲ့ ဒို့နှစ်ယောက် စာသိပ် မကြည့်ဖြစ် ခဲ့ကြပဲ စကားတွေ ပဲ ထိုင် ပြော နေခဲ့ ကြတယ်နော် ။ ငါ့ရင်ထဲ မှာ လေ ” ပျော် လိုက်တာ ” ။ စာမေးပွဲ ရက်နီးလို့ အားလုံးစုပြီး စာကြည့် ချိန် မှာတော့ငါတို့ အားလုံး ခေါင်းမမော့တမ်း ကြည့်ခဲ့ကြတယ်။ တည သူငယ်ချင်းအိမ်တအိမ်မှာ စာ စုကြည့် နေတဲ့ မင်းရှိရာကို အဆောင်က သူငယ်ချင်းတွေဆီက ဟော့စပေါ့ ရလို့ငါ ပြန်လာချိန် မှာ နံနက် ( ၃း၃၀ ) ကျော်နေပြီ ။မင်းလည်း အိပ်ပျော်နေပြီ ။ စာအရမ်း ကြည့်တဲ့ သူငယ်ချင်း တယောက်ပဲ မအိပ်သေးတာ ။ ဒါနဲ့ ငါလည်း သူ့ ကို စပေါ့ ပေးပြီး မင်း အိပ်နေတာ ကို ထိုင်ကြည့် နေခဲ့တယ် ။ ဒါကြောင့်မို့ ထင်ပါရဲ့—-  ခုငါလေ” အေဂျီ ဖြိုး” ဆိုတဲ့ အဆိုတော် တစ်ယောက်ရဲ့” အလောင်း  မီ တူ ဆီး ” ဆိုတဲ့ သီချင်းလေးကို အရမ်း ကြိုက်နေတယ် ။ မြန်မာ အဆိုတော် မြန်မာ သီချင်း ဖြစ်ပေမဲ့ ဒီသီချင်းကို ငါမြန်မာပြည် မှာ နေတုန်းက နား မထောင်ခဲ့ရ ဘူး ။ အသိ တယောက် ဆီကနေ ငါ့ကွန်ပျူတာ ထဲကို ကော်ပီ လုပ်ထားပြီး ဒီရောက်မှ နားထောင်မိရင်း ငါ အရမ်း ကြိုက် သွားတာ ။ သီချင်းနာမည် က သီချင်းထဲ ကလို ” မြင်နေ ခွင့်လေး” လို့ ငါထင်တယ် ။

” မြင်နေခွင့်လေး ”
* ဟိုအဝေးကြီးကို ငေးကာ စိတ်တွေလေးလံနေခဲ့တယ် —– မင်းမသိလိုက်ပဲ ရူးခဲ့တဲ့ နေ့ရက် တို့ တွေးကာကြေကွဲခဲ့ —— မင်းရဲ့အနားမှာ အရိပ်လို အမြဲသာ ခိုကပ်ခဲ့ပေမဲ့ —– နင်မမြင်နိုင်ခဲ့ပါ —– ငါမကြေငြာ ခဲ့တယ် —– အချစ်ကို —-   အနီးလေး ရှိ ပေမဲ့ —– ရင်ခုန်သံ များက  မိုင်  တွေခြားနေခဲ့ —– မှင်နီတွေ တား ကာ နင်ရက်စက်လည်း ငါ ကျေနပ်တယ် —– မြင်နေခွင့်လေး ပဲ —–  မြင်နေခွင့်လေးပဲ —– နေ့တိုင်း —–

* မင်းမျက်ဝန်း တွေက ငါ့ကို ကြက်ခြေခတ်ထားတယ် —– ရေ —–  ဝမ်းနည်းစိတ်နဲ့ရရှိခဲ့ မင်းပေးတဲ့ ဆု ဟာ သုညပဲ —– ညဘက် ညဘက် တိုင်း ငါ မင်းကို ထိုင်ငေး ကြည့်ခဲ့ လည်း —– နင် မမြင်နိုင်ခဲ့ပါ —- ငါ မကြေငြာ ခဲ့တယ် —– အချစ်ကို —–  အနီးလေးရှိပေမဲ့ —– ရင်ခုန်သံ များက    မိုင်  တွေခြားနေခဲ့ —– မှင်နီတွေ တား ကာ နင်ရက်စက်လည်း ငါ ကျေနပ်တယ် —– မြင်နေခွင့်လေးပဲ —–  မြင်နေခွင့်လေးပဲ —– နေ့တိုင်း —–

* အချိန် နာရီ တိုင်းမှာ အနီးလေး ရှိ ပေမဲ့ —– ရင်ခုန်သံများက  မိုင်  တွေခြားနေခဲ့ —– မှင်နီတွေ တား ကာ နင်ရက်စက်လည်း ငါ ကျေနပ်တယ် —– မြင်နေခွင့်လေးပဲ —–  မြင်နေခွင့်လေးပဲ —– နေ့တိုင်း —– ဟိုအဝေးကြီးကို ငေးကာ စိတ်တွေလေးလံနေခဲ့တယ် —–

About Yunn Nady

Yunn Nady has written 2 post in this Website..