လူတွေနေထိုင်တဲ့
ကမာ္ဘကြီးကို
လူတွေက ဖျက်ဆီးဖို့
ကြိုးစားနေကြတာလား………..?
တိုက်ရိုက်တစ်မျိုး
သွယ်ဝိုက်လို့ တစ်ဖုံ
ဒုက္ခမျိုးစုံခဲ့ရပြီ ! ။
လူသားတွေရဲ့ ကိုယ်ကျင့်တရား
တဖြည်းဖြည်းနဲ့ တိုက်စား
စာရိတ္တတွေပျက်ပြားလို့
ဖြစ်ပွားလာတာစစ်ပွဲတွေ!!…….
မရပ်မနားပဲ ခရီးနှင်နေတဲ့
သိပ္ပံပညာတီထွင်မှုတွေ
အကောင်းတွေရှိသလို
ဆိုးကျိုးတွေလဲ ကြုံနေရပြီ ! ။
“CO2″ တဲ့ !
လူတွေကို ချက်ချင်းမရူးစေနိုင်ပေမဲ့
ကမာ္ဘကြီးပျက်စီးဖို့
တစ်နေရာကသူပါတယ်…………။
မြောက်ဝင်ရိုးစွန်းက
ရေခဲတွေအရည်ပျော်တဲ့ အခါ
ကျွန်းနိုင်ငံတွေ ဘယ်လိုနေမှာလဲ….?
Polar ဝက်ဝံလေးတွေရော
ဘယ်သွားကြမှာလဲ……….?
လူတိုင်းဟာ
တစ်နေ့မှာ သေကြရမှာပေမဲ့
ကိုယ်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိတာမို့
1997 ” တိုကျို မှ သည်
2009 ” ကိုဖေဟေဂင် ” အထိ
ဘယ်လောက်များ
အကောင်အထည်ဖော်ခဲ့ကြပြီလဲ……..?
” အပူမီးတွေ ” နဲ ” ငြိမ်းချမ်းရေး ”
ကဲ့ မိတ်ဆွေ !
သင်ဘာကိုရွေးမှာလဲ…………?

ွှအန္တရယ်နဲ ရင်ဆိုင်နေရတဲ့ ပိုလာဝက်ဝံ

ွှအန္တရယ်နဲ ရင်ဆိုင်နေရတဲ့ ပိုလာဝက်ဝံ

ကန္တရ ဖြစ်ထွန်းခြင်း

ကန္တရ ဖြစ်ထွန်းခြင်း

မှတ်ချက်။       ။ ကျွန်မ blog အတွက် သူငယ်ချင်းတစ်ယောက်က ရေးပေးထားတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကှဗျာဖြစ်ပါတယ်..။ ကိုယ်တို်င်ရေထားတာ မဟုတ်တဲ့အတွက် Copy Paste အဖြစ်သတ်မှတ်နိုင်ပါတယ်..။

About we R one

has written 65 post in this Website..

https://5tds.wordpress.com/