ကြားလို့မှကောင်းသေးရဲ့လား အရပ်ကတို့ရေ

Phaung PhaungJune 23, 20121min32324

ဇွန်လ(19)ရက်နေ့ကရခိုင်ပြည်နယ်မှာ ပြုလုပ်တဲ့အစည်းအဝေးမှာ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဒု ဝန်ကြီး ဘုန်းဆွေက အစိုးရ အနေဖြင့် ယခု ရခိုင်အရေးတွင် ဒိုင်လူကြီး လုပ်မည်ဟု ပြောကြားခဲ့သည်ဟု သိရသည်။
ထိုသို့ပြောကြားလိုက်ခြင်းမှာ အစိုုးရအဖွဲ့ဝင် ဝန်ကြီး တစ်ဦး အနေဖြင့် မပြောသင့် မပြောထိုက်သော စကားဖြစ်ပြီး တာဝန်မဲ့ရာ ကျလွန်းသည်ဟု အစည်းအဝေးသို့ တက်ရောက်ခဲ့သူ လွှတ်တော်ကိုယ်စား လှယ် တစ်ဦးက ပြောသည်။

၎င်းပြင် အစည်းအဝေးတွင်လည်း ရခိုင်ကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးရွှေထွန်းအောင်မှ အစိုးရ အနေဖြင့် ဒိုင်လူကြီး မလုပ်ဘဲ ပြည်ထောင်စု အရေးနှင့် အချုပ်အချာ ပိုင်စိုးမူအတွက် အသေအချာ စဉ်းစား လုပ်ဆောင်ရန် လိုအပ်ကြောင်း အကြံပြု ပြောကြားခဲ့သည်ဟု ဆိုသည်။

“ ဦးရွှေထွန်းအောင်က ဘယ်လိုတင်ပြသလဲဆိုရင် ယခုအချိန်တွင် တိုင်းရင်းသား၊ နိုင်ငံခြားသားကို ခွဲခြားရမည့် အချိန်ဖြစ်ပါကြောင်း၊ အစိုးရ အနေဖြင့် ဒိုင်လူကြီးမလုပ်ဘဲ ပြည်ထောင်စုကြီးနဲ့ အချုပ် အချာ ပိုင်စိုးမူ အတွက် ပြတ်သားစွာ ဆုံးဖြတ်ရမည့် အချိန်အခါကောင်းဖြစ်ကြောင်း၊ တိုင်းရင်းသား များမှာ အမိမဲ့သား ရေနည်းငါး ပမာ အားကိုးရာမဲ့ ဖြစ်နေကြရသည်ကို စဉ်းစားပေးရန် သင့်ပါကြောင်း တင်ပြခဲ့ပါတယ်” ဟု အစည်းအဝေးသို့ တက်ရောက်ခဲ့သူ တစ်ဦးက ပြောသည်။

နောက်ပို်င်းတွင် ဒုဝန်ကြီး ဦးဘုန်းဆွေ မိမိက ထိုသို့ ပြောလိုခြင်းမဟုတ်ကြောင်း ပြန်လည် ပြောဆို ခဲ့သည်ဟု ဆိုသည်။

ဒီဟာကိုဖတ်ပြီးနောက် အတွေးများတန်းစီဝင်လာပါတယ်။ဒေါသလည်းထွက်ရပါတယ်။
အစိုးရအနေဖြင့် ဘာကြောင့် ရခိုင်အရေးမှာ ပြတ်ပြတ်သားသားမကိုင်တွယ်ရသလဲ။ ဘင်္ဂလီတွေဟာ တိုင်းရင်းသားလူမျိုးစုထဲမှာပါမှ မပါဘဲ။ ရခိုင်ကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးရွှေထွန်းအောင်ပြောသွားတာတွေ အရမ်းမှန်ပါတယ်။ အခုချိန်မှာ တိုင်းရင်းသား ရခိုင်လူမျိုတွေဘက်က လုံခြုံမှုအပြည့်နဲ့ ကိုယ့်မြေ၊ ကိုယ့်ရေမှာနေနိုင်ဖို့က အရေးကြီးဆုံး နံပါတ်(1)ပါ။
ဘင်္ဂလီတွေကို သေသေချာချာစိစစ်ပြီး မှတ်ပုံတင်မရှိသူတွေကို နယ်နှင်ပြီး မှတ်ပုံတင်ရှိသူတွေကိုတော့ စည်းကမ်းချက်တွေထုတ်ရပါမယ်။
ငါတို့မြေပေါ်မှာနေချင်ရင် ဒီစည်းကမ်းတွေကိုလိုက်နာရမယ်။ မလိုက်နာနိုင်ရင် ဥပဒေကိုရင်ဆိုင်ရမယ်။ (သို့) နယ်နှင်ခံရမယ်။ စသဖြင့် ဘင်္ဂလီတွေအတွက် တင်းကြပ်တဲ့ စည်းကမ်းဥပဒေတွေထားသင့်ပြီး ပြတ်သားတဲ့သဘောထားရှိရပါမယ်။
အခုတော့ ဒိုင်လူကြီးလုပ်မယ်ဆိုတဲ့စကားက ဘာသဘောလဲ။ ဘင်္ဂလီတွေက အစိုးရရဲ့ဘိုးအေတွေမို့လို့လား။ ဒါမှမဟုတ် ဒိုင်လုပ်ချင်လို့ ကြက်နှစ်ကောင်ခွပ်ခိုင်းတဲ့သဘောလား။ ဘင်္ဂလီတွေကို မျက်နှာသာပေးသလိုဖြစ်နေမှာပေါ့။ ရခိုင်တိုင်းရင်းသားတွေဘက်ကနေ ခံပြင်းမိပါတယ်။ ဒီလိုအစိုးရသာဆက်အုပ်ချုပ်နေရင် ကိုယ့်မြေ ကိုယ့်ရေမှာနေပြီးတော့တောင် လုံခြုံမှုမရှိဘူးဖြစ်နေပါတယ်။
ဘယ်လိုခေါင်းတွေနဲ့စဉ်းစားပြီး ဒီစကားကိုပြောထွက်ရတာလဲလို့ စဉ်းစားလို့ကို မရပါဘူး။ စကားအပြင် လုပ်ရပ်တွေကလည်း သိသာထင်ရှားနေပါတယ်။ ဘင်္ဂလီတွေအပေါ်ဘာမှထိထိရောက်ရောက်အရေးယူတိုက်ခိုက်တာတွေလည်းမရှိဘဲ
ဟိုကလုပ်သမျှ ရခိုင်တိုင်းရင်းသားတွေပဲ ခံနေရတယ်။

ဒါကြောင့် ရာထူးကတော့ ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေး ဒုဝန်ကြီးတဲ့
ပြောလိုက်တဲ့စကား “ကြားလို့မှကောင်းကြသေးရဲ့လား အရပ်ကတို့ရေ” လို့သာ ရင်ဘတ်စည်တီးပြီး ငိုလိုက်ချင်ပါတော့တယ်။

24 comments

  • ဘဲဥ

    June 23, 2012 at 10:46 am

    သေချင်းဇိမ်းဒွေ ကိုယ့်အိတ်ကပ်ထဲထည့်ဖို့လောက်ပဲသိဒယ်

    • နေဝန်းနီ

      June 23, 2012 at 9:48 pm

      ဘုအဲ…။ အဲဒိလိုမဆဲရဘူးလေ…။ နီးရာနဲ့ ဆွဲထုလိုက်ရတယ်…။ လူချင်းတွေ့မှ…….

  • etone

    June 23, 2012 at 10:47 am

    အစ်မ ဖောင်းဖောင်းရေ ..
    ကြည့်ရတာ သူလည်း သွားကြား ညပ်နေတယ် ထင်တယ် .. ။
    ဒါကြောင့် ဒိုင်လုပ်မယ်ပြောသွားတာ … ဒိုင်လုပ်ရအောင် အနိုင်ရှုံး သရေကျအောင် ကစားနေတဲ့ ပွဲလည်း မဟုတ် ။ အပျော်တမ်း လုပ်နေကြတာလည်း မဟုတ်ဘူး .. အခုလို ကျူးကျော် အကြမ်းဖက်သူတွေက … သူတောင်းစား ထမင်းဝတော့*** တဲ့ ကိစ္စဖြစ်နေတာ … ဘာကို ဒိုင်လုပ်ချင်သေးလည်း မသိဘူး … စိတ်ကုန်တယ်နော် 🙁

  • ဘဲဥ

    June 23, 2012 at 10:52 am

    ဖောင်းဖောင်းရေ့ ကိုယ်လည်း ငှက်တစ်သောင်းထဲက ငှက်ကလေးတစ်ကောင်ဖစ်ရဘာလို၏ :mrgreen:

  • နွယ်ပင်

    June 23, 2012 at 11:04 am

    ကြားရတဲ့ သတင်းကတော့ တကယ့်ကို စိတ်ကုန်စရာပါပဲ ..
    ရခိုင်အရေးက ဒီလောက်အရေးကြီးနေတာတောင် သူက ဒီုင်လုပ်ချင်သေးတယ် …
    ယူထားတဲ့ ရာထူးကတော့ ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေး ဒုဝန်ကြီးဆိုပဲ ………..

  • maung khinmin

    June 23, 2012 at 11:10 am

    စိတ် ပျက် မိတယ်ဗျာ

  • Thel Nu Aye

    June 23, 2012 at 11:24 am

    အင်းတိုင်းးပြည်တိုးတက်အောင်အမေစုကတော့ဟိုမှာအားကျိုးခနွဲလုပ်နေ။ သူတို့ကတော့ နောက်ပြန်ဆွဲ လမ်းစဉ်နဲ့ဘယ်လို အနေချောင်မလဲစဉ်းစားနေ။ တာဝန်မယူချင်သူတွေကို ရာထူးပေးထားမှတော့ ဒီလို အဖြေထွက်တာ အံ့ဩစရာတော့မရှိပါဘူး။ ရိုဟင်ဂျာကိုခဏထားပြီး သူတို့ကို အရင် ပြန်လည်နေရချရမှာ။

    • အရီး Khin Latt

      June 23, 2012 at 8:20 pm

      အပြတ်အသတ်ကို ထောက်ခံ ပါတယ် သဲနု ရေ။
      တစ်ချို့ ကိုယ့်အလုပ် ကိုယ်တောင် ဘာ အလုပ်ဆိုတာ မသိတဲ့ သူတွေ နေရာ ကနေ ဘေးဖယ်သင့်ပါပြီ။

      • Thel Nu Aye

        June 24, 2012 at 2:53 am

        ဟုတ်တယ်အရီးလတ်ရေ။ ကြည့်မရတဲ့ကိစ္စတွေအခုတလောတော်တော်များလာလို့ ဘာလုပ် ရင် ကောင်းမလဲစဉ်းစားနေတာ။ နောက်ပြန်ဆွဲဖို့ အုပ်စုတစုက တော်တော်လေးပြန်ကြိုးစားနေ တယ်လို့လဲကြားတယ်။ ထောက်ခံတဲ့ နောက်မြီးဆွဲတွေဆီကလဲ စကားတွေကြားနေရ တာ တော်တော်အဆင်မပြေဖြစ်နေတယ်။ စိတ်ပူမိတယ်။ စိုးရိမ်မိတယ်။

  • စိန်ဗိုက်ဗိုက်

    June 23, 2012 at 11:29 am

    နားမလည်ရင် ဘယ်နေရာမှ တာဝန်မယူတာအကောင်းဆုံးပဲ..
    လူကြီးပိုင်းတော်တော်များများ ဘာမှနားမလည်ပဲ နေရာယူခဲ့လို ့ ခုနောက်ပိုင်း ဗရုတ်သုက္ခတွေ အတော်ကြားရတယ်..

  • ahnyartamar

    June 23, 2012 at 11:51 am

    ဒီလိုစဉ်းစားကြည့်ရအောင်ပါ။ ဒိုင်ဆိုရင်လည်း အဖြစ်အပျက်ကိုသေချာလေ့လာပြီး တိကျပြတ်သားတဲ့ လုပ်ဆောင်မူမျိုးနဲ့ အများယုံကြည်အောင် ဆောင်ရွပ်သင့်ပါတယ်။

  • နွေဦး

    June 23, 2012 at 12:52 pm

    ဒု ဝန်ကြီး ဘုန်းဆွေက ဒီလိုပြောတာ မဟုတ်ပါဘူးဗျာ…
    စကားရောသွားတာပါ
    သူ့မိသားစု ကိုယ်ပိုင် စီးပွါးရေး နဲ့ ရောသွားတာပါ
    တလုံး နှစ်လုံး သုံးလုံး ဒိုင် လုပ်နေကြမို့
    ဒီရခိုင် အရေး ဒိုင် ကိုင် ပြီး လုပ်စားမယ်ပြောတာပါဗျာ..

  • shwe kyi

    June 23, 2012 at 1:20 pm

    ဒိုင်ဆိုရင် ရေသန့်ဗူးနဲ့ထုပစ်မယ် ခေါင်းတည့်တည့်ချိန်ပစ်မယ်။

  • Y.K

    June 23, 2012 at 3:31 pm

    သေး ထုပ် နဲ့ ပစ် မယ်
    မ လို အပ် သူ ကို ပြန် နေ ရာ ချ ထား စ ရာ မလို တဲ့ ဟာ ။

  • R Ga

    June 23, 2012 at 3:51 pm

    ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဒု ဝန်ကြီး ဘုန်းဆွေ ။ သူက ရခိုင်တွေ(မြန်မာ့တိုင်းရင်းသားညီအကို)တွေဘက်က ကူညီဖြေရှင်းလိုက်ရင်။ ဟို အခြေမအနေမဲ့ ခြေသလုံးအိမ်တိုင် နိုင်ငံမဲ့ လူရမ်းကား ရိုဟင်ဂျာတွေ အကုန် ရခိုင်ပြည်ကနေ ရှင်းသွားပြီး။ ငြိမ်းချမ်းသွားရင်။ သူအတွက် အလုပ်မရှိတော့ ဘဲ ဒုက္ခရောက်ကုန်မှာ ဆိုးလို့နဲ့တူပါတယ်။ အေးအေးချမ်းချမ်းနဲ့ ဖြစ်သွားရင် သူတို့ ကယ်ဆယ်ရေး၊ပြန်လည်(ဝါးတီး)အဲ နေရာချထားရေး ဝန်ကြီးဌာန အနေနဲ့ ပိုက်ပိုက်တွေ မရတော့မှာ ဆိုးလိုနဲ့တူတယ်။ ဒင်းတို့ဌာန က ဆူမှ ပူမှ ။ မငြိမ်းချမ်းမှ ကယ်လို့ရမယ်။ ရတဲ့ပိုက်ဆံကိုမှ ခါးကြားထိုးလို့ရမယ်ဆို တော့လေ…။

    ပြောကိုမပြောချင်ပါဘူး…အေ့

  • ko win

    June 23, 2012 at 7:09 pm

    ကြားရတာကတော့ ကောင်းပါတယ်….စိတ်ပျက်ဖို့။

  • မောင်ပေ

    June 23, 2012 at 8:13 pm

    တစ်ကယ်အမှန်ကြီးဆိုရင် လုံးဝမကောင်းပါဘူးဗျာ။

  • cobra

    June 23, 2012 at 9:51 pm

    ခွေးကောင်
    ဒိုင်လုပ်ချင်ရင်ကွင်းထဲဝင်ပါလား။
    သောက်ရူး
    ယူထားတဲ့နေရာက ကယ်ဆယ်ရေးနဲ့နေရာချထားရေး
    လုပ်ချင်တာက ဒိုင်လူကြီး ဘယ်လိုကောင်လဲကွ……..။

  • ရဲစည်

    June 24, 2012 at 12:00 am

    “ကြားလို့မှ ကောင်းသေးရဲ့လား”
    အင်း ကြားရတာ နားဝမှာ ဘယ်လိုမှ မသက်သာကြောင်းပါ..
    စိတ်လေတယ်..တကယ်
    “တာဝန်ဆိုတာ သိမှရှိတယ်တဲ့” ဒီစကားလေး ကြားဖူးပါတယ်

  • kokothandar

    June 24, 2012 at 8:04 am

    ဒိုင်လုပ်မယ်ဆိုတာ နှစ်ဘက်လုံးကို ဆက်သတ်ခိုင်းတာဘဲ။ တော်တော် ယုတ်ညံ့တဲစကားပါ။ နယ်မြေလုခိုင်းပြီး နိူင်တဲ့သူကို ပြည်နယ်ပေးမဲ့ အပြောမျိုး ဖြစ်နေပါရောလား

  • ဖိုးထောင်

    June 24, 2012 at 10:56 am

    ကဲလာဟေ့ သွားကြစို့သွားကြည့်ရအောင် ဒီနေ့ဒိုင်လူကြီးက ဒုဝန်ကြီးတဲ့တော်ရေ့ ထူးဆန်းလိုက်တာ တို့လည်း ဒိုင်ကိုဝိုင်းဆွမ်းကြီးလောင်းကြရအောင်

  • cum min

    June 25, 2012 at 12:31 pm

    hoke tal… bar twe man la’ ma tee bu
    byar……..

  • နေ ့သစ်/ ဘဝသစ်

    July 4, 2012 at 8:57 am

    ဒိုင်ကိုအနီကဒ်ပြတယ်

  • Mon Kit

    July 4, 2012 at 9:04 am

    ဒိုင်လူကြီးက ခေါက်ဆွဲစားထားတယ်လေ…

Leave a Reply