တွဲလက်များ

maung khinminJune 23, 20121min1298

ဒို ့တိုင်း ဌါနီ…မြန်မာပြည်ဝယ်

ဆန် ရေ စပါး…လွန်ပေါများပြီး

သစ် ကျောက် လောင်စာ…ပေါလျံ ပါ၏…

 

သို ့ပေငြားလည်း…ဒို ့ပြည်သားတို ့

ဝမ်းမီးတောက်လောင်…လူတို ့ဘောင်ဝယ်

မကြွယ်ဓန…မလောက်ငှရှာ

တစ်နေ ့စာအတွက်…အရှာ ခက်မြဲ..

 

ငတ်မြဲ ကြာရှည်….မြန်မာပြည်မှာ

အာဇာနည်ဘွား…ပြည်ချစ်သားတို ့

ကြိုးစား မျှော်ရည်…တန်းတူညီဖို ့

ညီညာ ပေါင်းစု….ဓိဌါန် ပြုရင်း

ဖြေရှင်း ပညာ…အနာဂတ်သာအောင်

ညီ နောင် တိုင်းရင်း….သွေးစည်းခြင်းဖြင့်

ရင်း နှီးအောင်ပြု….ပြည်ထောင်စု မှာ

တိုး တတ် ချမ်းသာ….မြန်ပြည် သာမည်

တွဲလက် များလည်း….ညီစေသော်…။။။

 

 

8 comments

  • Thel Nu Aye

    June 23, 2012 at 11:48 am

    ဒီကဗျာလေးကိုလဲလက်မထောင်လို့အားပေးသွားပါတယ်။ ကိုယ်တိုင်ရေးခံစားချက် ကဗျာလေးဆိုရင် FB မှာ ရှဲခွင့်ပြုနိုင်မလား။

    • maung khinmin

      June 23, 2012 at 9:16 pm

      ရှဲပါခင်ဗျားးးး
      နို ့ပေတည့်…ရေးသူမောင်ခင်မင်ရဲ့…နာမည်လေးတော့တပ်ပေးစေချင်ပါတယ်နော့..

  • စိန်ဗိုက်ဗိုက်

    June 23, 2012 at 2:37 pm

    စုပေါင်းညီညာ အောင်ကြောင်းဖြာ ပေါ့နော..
    တွဲလက်ညီဖို ့တော့ အတော်လေး ကြိုးစားကြရမယ်ထင်ပါတယ်..
    လက်မလေး ထောင်သွားပါတယ်..အာကို

    • maung khinmin

      June 23, 2012 at 9:18 pm

      ကျေးဇူးတင်ပါတယ်…စိန်ဗိုက်၂ရေ…တွဲလက်ညီဖို ့ဆိုတာတော့…ဟုတ်ပါတယ်..
      အများကြီးကြိုးစားတည်ဆောက်မှရမှာပါ….

  • သားဦး၊မြေးဦး

    June 23, 2012 at 6:51 pm

    တိုင်းရင်းပေါင်းစုံအတူတွဲ၍ ပြည်ကြီး တိုးတက်ဖို ့အတွက်
    ထမ်းရွက်မယ့်နေရာမှာ ကုလားမို ့၊ဗမာမို ့မရွေးသင့်တော့
    ပါဘူး။မတူတာကိုလဲ အသိအမှတ်ပြု၊တူတာလေးတွေကို
    လဲ အတူဆက်လုပ်ရမှာပါ။

    • maung khinmin

      June 23, 2012 at 9:20 pm

      မှန်ပါ့…သားဦး..မြေးဦးရေ..နာမည်ခေါ်ရတာ…အတော်ဆိုးသဗျာ….
      ဘကြီးများဖြစ်နေပြီလားမသိတော့ဘူး…

  • မောင်ပေ

    June 23, 2012 at 8:12 pm

    ဆြာခင်မင် ကဗျာက မျိုးချစ်စိတ် ၊ နိုင်ငံချစ်စိတ် နဲ ့အမိနိုင်ငံတော်ကြီးတိုးတက်အောင် လှုံ ့ဆော်နိုင်စေတဲ့ အင်အားအပြည့်နဲ ့ဘဲဗျို ့။ အားပေးပါတယ်ဆြာရေ

    • maung khinmin

      June 23, 2012 at 9:23 pm

      ကျုပ်တို ့နိုင်ငံကြီးတိုးတတ်စေချင်တယ်ဗျာ…

Leave a Reply