မေဂျီးဖေဂျီး လေဟုန်စီး Senior Parent

အဖေထက် သားတလကြီးဆိုဒဲ့ စဂါးဗုံသာကြားဖူးဒါ ဂုဒေါ့ အမေထက် သား၊သမီး တလကြီးလည်း ရှိနေဗီဗျို့။ မနေ့က တင်လိုက်တဲ့ စနစ်မှာအပြစ်ရှာ System ပို့စ်မှာ https://myanmargazette.net/132139/society-lifestyle/ethnicity-gender-lifestyles-subcultures-morals-values-norms-society-lifestyle#comments ရွာသူားထင်မြင်ချက် အတော်များများက လူဂိုလည်း အပြစ်နေဒါတွေ့ရဒယ်။ သဂျီးဂဒေါ့ ထုံးစံအတိုင်း ကွန်ဆားဗေးဒစ်အစွန်း ဘာညာဆိုပီး ဝါးလုံးရှည် ချိစ်သုတ် ရမ်းဒေါ့ဒါဗဲ။ ကျန်သူများဂလည်း လူပိုအရေးကြီး ဒါမှမဟုတ် အနည်းဆုံးဒေါ့ မူနဲ့လူ အတူတူ အရေးကြီးဒယ် ပြောဂျဗျံဒယ်။ လောကဂျီးမှာ သူများထက် ဂေါင်းတလုံး ပိုမြင့်ဖို့ ဂုဏ်သိက္ခာနဲ့ ငွေကြေး တပြိုင်ထဲ ရယူနိုင်ရင် အကောင်းဆုံးပေါ့ဗျာ၊ သို့သော ပြည့်စုံမှုမရှိတဲ့လောက imperfect world မှာ တခုလိုဂျင်ရင် အခြားတခုဂို ပေးဆပ်ရဒါ ဓမ္မတာမဟုတ်လား။ ပီအိပ်ချ်ဒီ ဒေါက်တာဘွဲ့နဲ့ မီလျံနာ သန်းကြွယ်သူဌေး ပြိုင်တူဖြစ်နိုင်ရင်ဒေါ့ အကောင်းဆုံးပေါ့၊ သို့သော် ဒါလက်တွေ့အကျဆုံး ဟုတ်ဖူး။
တိုင်းပြည်တပြည် လူမျိုးတမျိုး တိုးတက်ဖို့ မူနဲ့လူ ဘယ်ဟာကို ကနဦး ပြင်ဂျမလဲ၊ ဒေါ်စုဂဒေါ့ တရားဥပဒေ စိုးမိုးမှုရှိရေး ဦးစားပေးဒဲ့။ တရားသူဂျီး၊ ရဲ၊ ရှေ့နေ၊ အစိုးရ အရာရှိများ အကျင့်မကောင်းလို့၊ ပြည်သူအများစု အသုံးမကျလို့ ဖြစ်ပါဒယ် လက်ညှိုးမထိုးဗူး။ ဥပဒေရှိပီး တရားမဲ့နေဒဲ့ စနစ်ကုို ထောက်ပြဒယ်။ စနစ်ဆိုဒါ အခြေခံအားဖြင့် အပြန်အလှန် ဆက်နွယ်နေတဲ့ အစိတ်အပိုင်း အသီးသီး စနစ်တကျ ပုံမှန်လည်ပတ်စေခြင်း ဖြစ်တယ်။ တခုထက်တခု ပိုအရေးကြီး အားပြုရဒါ ရှိဗေမဲ့ သီးသန့်တခုဂျင်း ခွဲမကြည့်စဂေါင်းဘူး။ အားလုံး စုပေါင်းစပ်ပေါင်းကို စနစ်ခေါ်တယ်။ ဒီကောင် လုပ်ပုံကိုင်ပုံ စနစ်ကျဒယ်ဆိုဒါ ကောင်းတာ တခုထဲမဟုတ်ဘူး၊ လျင်မြန်မှု၊ တိကျမှု၊ လေလွင့်မှု စတာတွေ အားလုံးကို ခြုံငုံပြောခြင်းဖြစ်တယ်။
အကြောင်း၊အကျိုး ဆက်စပ်မှု ဓမ္မသဘောအရ အကြောင်းကြောင့် အကျိုးဖြစ်တယ်၊ အကျိုးကြောင့် အကြောင်း မဖြစ်ဘူး။ ပြသနာတခု ဖြစ်ရပ်တခုရဲ့ အရင်းခံဂို ရှာဂျင်ရင်ပေါဒါဗာ သို့သော် အချိန်ကြာမြင့်လာဒေါ့ တခုနဲ့တခု ရောထွေး ယှက်တင်ပီး ကြက်ဥကြက်မလို မူလအစ မသိနိုင် ဖြစ်တော့ဒယ်။ ဒါနဲ့ဗဲ ဂျာအေး သူ့အမေရိုက် မုန့်လုံးစက္ကူကပ် သံသရာလည်ဒယ်။ ပြသနာတခုမှာ အကြောင်းကို မရှင်း၊ အကျိုးလိုက်ရှင်းနေရင် ဘယ်ဒေါ့မှ မပီးဘူး၊ မူနဲ့လူဖက် ပြန်လှည့်ရရင် စနစ်သည်လူကို အကောင်းအဆိုး ပြောင်းလဲစေဒယ်၊ လူက စနစ်ကို ဖန်တီးတာ မှန်ဗေမဲ့ သူချမှတ်ထားဒဲ့အတိုင်း ဖြစ်ဖို့ခဲယဉ်းလှဒယ်၊ (လူဂို ဈောင်းပေးလွန်းရင် ပေါဒါဗာ)။ တရုတ်ဥပမာကိုဗဲကြည့်၊ လယ်သမားတွေကို စုပေါင်းဘုံလယ်မြေစနစ်နဲ့ လုပ်ခိုင်းဒေါ့ ယခင်ဂ ဖူလုံနေတဲ့ လယ်ယာစနစ်ပျက်တယ်၊ ကိုယ်ပိုင်လယ်လုပ်ခွင့် ပြင်လိုက်တော့ ကောင်းလိုက်တဲ့ အထွက်နှုန်း ဖုံးဖိလို့တောင် မရဒေါ့ဘူး။ ဘုံစနစ်မှာ သဂျီးဒို့ ရုပ်ဝါဒီတွေပေါသလို မူလအကျင့်ဆိုးတွေပြင်ရမယ်၊ အများကောင်းဖို့လုပ်ရမယ် ဘာညာနဲ့ လူဂိုပြင်ခဲ့ဂျဒါနော်၊ နောက်တော့ အဲဒီပြောဒဲ့လူဒွေကိုယ်ဒိုင်ဂ မဟုတ်တရုတ်လုပ်၊ ကျန်သူများဂလဲ အောင်ပုလို အရက်သမားမှ မဟုတ်တာ၊ မျက်စိနားနှာခေါင်းလျှာလဗြွတ်ရှိတဲ့ လူတွေဗဲ သိဒါပေါ့။ မရဒဲ့အဆုံး မူလည်းပြင်လိုက်ရော တရုတ်ကြီး ဟုတ်သွားလိုက်တာ ကြေးမုံဂျီးဆို အမြဲတမ်း ဂေါင်းမော့တော့မော့တော့နဲ့ အယင်ဂမျာဆို အချိန်ရှိသ၍ ကိုကြောင် ကိုကြောင်ဆိုပီး သူ့အိမ် ကြွက်လာခုတ်ပေးဖို့ အသနားခံနေဒါ။

လူနောက်လိုက်လွန်းရင် ကိလေသာ သိပ်ထကုန်မယ် ရွာသူားများ..

ဆိုရှယ်လစ် ကူမြူနစ်စနစ်ကို တည်ထောင်ခဲ့ဂျတဲ့ တော်လှန်ရေးများ ကျဆုံးသွားဒါ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု၊ လူအဓိက ယုံကြည်ချက်ကြောင့်ဆိုဒါ သမိုင်းမှာ အထင်အရှားရှိဒယ်။ မှန်ကန်တဲ့စနစ် တည်ဆောက်ဖို့ထက် လူတွေကို အတွေးအခေါ် ခံယူချက် ရိုက်သွင်းဒယ်၊ သဘောတရား ရေးရာမူဝါဒ ပို့ချဗေမဲ့ လူဆိုဒါ အသိညဏ် သိပ်ရှိတယ်၊ ပုံစံချပေးတဲ့အတိုင်း မဖြစ်နိုင်ဗူး။ ဘာသာရေးအရ ပြောရင်ဒေါ့ သူ့ကံနဲ့ သူလာဒယ်။ စနစ်ကြဒေါ့ သက်ရှိသတ္တဝါ မဟုတ်ဘူ၊ ကွန်ပြူတာ ပရိုဂရမ်လိုဗဲ ခိုင်းရင်ခိုင်းသလို လုပ်တယ်၊ ဗိုင်းရပ်စ်မကိုက်ဖို့၊ အမြဲဒမ်း ပြုပြင်မွမ်းမံနေဖို့လိုဒယ်။ ဘဏ်မှာဆိုရင် သူခိုင်းသလိုသာ ငွေအသွင်းအထုတ် စာရင်းဇယား အတိအကျလုပ်၊ ဘယ်ဒေါ့မှ မမှားဘူး။ တချို့လည်း ကွန်ပြူတာဆိုဒါ လူလုပ်တာလို့ ပြန်ပြောဒယ်။ ဟုတ်တယ် ဒါပေမဲ့ လူဂ ထွင်လိုက်တဲ့ ကွန်ပြူတာကို တဦးတယောက် သဘောနဲ့ ထိန်းချုပ်မရအောင် စနစ်တခု စီမံထားတယ်။
ထင်ရှားဒဲ့ သာဓကပြပါဆို အများသုံးနေဂျဒဲ့ ဝင်းဒိုးစစ်စတမ်ကိုဗဲကြည့်၊ မိုက်ခရိုဆော့ဖ်သူဌေး ဘီလ်ဂိတ်ကနေ သူ့သဘောနဲ့သူ မလုပ်နိုင်ရှိအောင် ထိန်းချုပ်ထားတယ်။ ငါထွင်တာ၊ လူအများစုလည်း သုံးနေတယ်ဆိုပီး ဈေးကွက်ကို မောင်ပိုင်စီးခွင့် မရှိဘူး၊ ငါ့ဆော့ဖ်ဝဲမှာ မင်းပစ္စည်းတွေ လာမထည့်ရလို့ တားလို့မရဘူး။ ပြိုင်ဖက် ထုတ်ကုန်မှန်း သိလျက်နဲ့ anti trust ဥပဒေကြောက်ပီး လက်ခံရဒါဗဲ။ ဥပဒေ စည်းမျဉ်းတွေ အင်အားသုံး လိုက်နာစေတာမျိုးသာမက ဈေးကွက်တောင်းဆိုမှုလို ညှင်သာတဲ့ စေခိုင်းမှုတွေလည်း တပုံဂျီးရှိဒယ်။ စနစ်တခု ချမှတ်ပီး လူကို စည်းဝါးမလွတ်အောင် ထိန်းကွပ်ပေးဒယ်။ အဲဒီစနစ်ကို လူဖန်တီးတာ မှန်ဗေမဲ့ ပီပီပြင်ပြင် ဖြစ်မလာခင် စနစ်ရဲ့ အခြေခံမူဝါဒ ဘောင်ထဲမှနေ အစပြုစေဒယ်။ အမေရိကန် အခြေခံဥပဒေကို ရေးဆွဲခဲ့ဒါ လူသားများဖြစ်ပေမဲ့ မှန်ကန်တဲ့ စနစ်မူဝါဒအောက်မှ နေခဲ့ဂျလို့ အောင်မြင်တယ်၊ ပြည်တွင်းစစ်၊ ကမာ္ဘစစ် ဖြစ်ပွားစဉ်များဂတောင် အာဏာရှင်စနစ် မဖြစ်ခဲ့ဘူး။ လူဦးစားပေးစနစ်များကြဒေါ့ တိုင်သူပြည်သား အများစု မလိုက်နိုင်လို့ ဖရိုဖရဲ တပ်ပျက်သူပျက်၊ ခေါင်းဆောင်သေတဲ့အခါ ဖောက်ပြန်တဲ့အခါ ကြောင်ကြောက်လို့ ကြေးမုံကိုး၊ ကြေးမုံ ကြောင်ထက်ဆိုး ဖြစ်ရဒယ် အမေထက် တလကြီးဒဲ့ ရွာသူားများ။ 😆

14 comments

  • water-melon

    June 23, 2012 at 12:16 pm

    ပြောတော့ဖြင့် ကြေးမုံကို မုန်းတယ်မုန်းတယ်
    ပြောပြီ တင်လိုက်တဲ့ဟာတွေက ကြေးမုံလေးတွေကြည့်ဘဲ
    အဟီ ဘာကို ဒီလောက်ရိုက်နေပါလိမ့်

  • စိန်ဗိုက်ဗိုက်

    June 23, 2012 at 2:35 pm

    အူးကြောင်ရေ..
    အူးကြောင်ကို ပြိုင်ငြင်းဖို ့သဂျီးကို နှိုးလိုက်ပါဦးမယ်ဗျား..
    ဒါနဲ ့
    ပုံထဲက ကင်မရာမန်းတွေထဲမှာ အူးကြောင်က ဘယ်ဒေါင့်က တစ်ယောက်လဲဗျာ

  • gwa toe

    June 23, 2012 at 4:18 pm

    camera က သူကလဲရိုက် ကိုယ်ကလဲပြန် ရိုက်နေကြတာ

  • နွေဦး

    June 23, 2012 at 5:15 pm

    ဒီလောက် ဝိုင်းရိုက်နေတာ ဖြုံတောင် မဖြုံဘူးနော်..
    ရွာထဲက ဓါတ်ပုံဆရာတွေ တယောက်မှမတွေ့မိပါလား..
    ဒါမျိုးကျတော့ သတင်းမရဘူးထင်တယ်နော်..
    ဦးကြောင်..အဲဒီ ဒါ့ပုံတွေ တင်ပေးအုံးနော်..ဘယ်နှပုံလောက်ရခဲ့တုံး..

  • ရဲစည်

    June 23, 2012 at 5:25 pm

    အဲမနေ့ကတော့ ဝင်ပီး လျှာရှည်ပီးသွားပီ ဆိုတော့ ဒီနေ့တော့ သူများတွေ မန့်တာကိုဘဲ ထိုင်ကြည့်တော့မယ် စိတ်ကူးတယ်…. လောလောဆယ်တော့ ဟိုဘက်မှာ မျက်စိအေးစရာလေးတွေတွေ့လို့ အရသာသွားခံလိုက်ဦးမယ် ပြန်လာခဲ့မယ်ဗျို့……………။

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 23, 2012 at 6:42 pm

    ဟုတ်ဒယ်မှန်ဒယ် ဆယာကြောင်ဂျီးဂို ဖင်ပိတ်ပီးထောက်ခံဒယ်
    3. မြန်မာစာ စာလုံးပေါင်းသတ်ပုံကို သတိထားစစ်ဆေးပါ။ စာလုံးပေါင်းစစ်ရန် ( စနစ် )
    အဲ့သည် စနစ်ဂို ဖျက်ဒါ လူမဟုတ်ဘူး
    ညောင်……………………………….. 😀

    • pooch

      June 26, 2012 at 12:21 am

      မာမီပုကလည်း သူကြီးက စာလုံးပေါင်းကိုပဲ စစ်ခိုင်းတာလေ သတ်ပုံမှားရင် အရေးမှ မယူတာ အဲ့တော့ ဘယ်သူက အရေးလုပ်မှာလဲ … 😀

  • သားဦး၊မြေးဦး

    June 23, 2012 at 6:54 pm

    ကိုကြောင်ကြီး ရေ ဒါဆိုရင် ကြေးမုံကြီးက ကွန်မြူနစ်စနစ်
    ဘာကြောင့် ခုတိုင်သုံးစွဲနေတာတုန်း လင်းပါအုံး။

  • မောင်ပေ

    June 23, 2012 at 7:23 pm

    ကျုပ်ကတော့ သိပ်နားမလည်လို ့၊ ဂျပန်မ ပေါင်ကားနေတာကိုဘဲ သေချာကြည့်သွားပါအိ

  • အရီး Khin Latt

    June 23, 2012 at 8:05 pm

    ကကြောင်ကြီးရှင့်

    ဒီနေ့ခေတ်မှာ Computer Program တွေ ကို သူ့ဟာသူ ရေးတဲ့ Program တွေ တောင်ပေါ်နေပါပြီ။
    အဲဒီ Program ရေးတာ ကို အမှားစစ် တဲ့ Program တွေ လဲ ရှိရဲ့။
    Program ကို Program က ခိုင်းပြီး လူတွေက ဇိမ်ကျ လာတာကလား။
    ဟိုးရှေးက လူရေးခဲ့တဲ့ Coding ဆိုတာတွေ ဟာ နောက် ရာစု နဲနဲ ကြာရင် ပြတိုက်ထဲ တောင်ထား ရတော့မလားဘဲ။ 😉

    သို့ပင်သို့ငြား
    အဲဒီ Program ဆိုတာတွေ အထိုင်မကျခင်မှာတော့
    သေလုမျောပါး နေ့မအိပ်ညမအိပ် ရေးခဲ့ ရတာ
    လူ မှ လူ အစစ် တွေပါ
    အရပ်ကတို့ ရဲ့။ 😆

    • အရီး Khin Latt

      June 23, 2012 at 8:14 pm

      မေ့လို့ ရှိသေး။
      အခုခေတ်မှာ သူ့ဟာသူ Program ရေးတဲ့ Data က မှားလို့ Customer ဆီက ကွန်ပလိမ့် လာရင် အဲဒီ Program ကို မရေး တဲ့ “လူ” ဆီကို ပါခင်ဗျား။
      ဘယ်သူက မှ အဲဒီ အသုံးမကျဘဲ အမှားထွက် တဲ့ Program ကို အပြစ်မတင်ကြဘူး။
      ဒါဘာသဘောလဲ။
      ဟွန်း 👿
      😀

  • အလင်းဆက်

    June 23, 2012 at 8:07 pm

    အူးဂျောင် ယေ…
    သပ် ဗုံ ဒွေ..မွှား..ဏေ ဒယ်..ဂျ…

    သားလည်း…သိပ် နားမလည်ပါဘူး။ ဒါကြောင့် ကိုကြီးမောင်ပေ..လို…
    အဟိ..

  • တူတော်မောင်ကြောင်ကြီ း
    မင်းပြောတာတွေမှန်တယ်။
    အခုတော့ စကားလုံးနဲ့စစ်ထုးိလို့မဝသေးဘူး။
    လောလောဆယ် စကားဝအောင်ပြောလိုက်အုံးမယ်။
    နောက်မှ အလုပ်လုပ်မယ်ကွာ.

  • ဒိုးစနစ်

    June 25, 2012 at 9:13 am

    စာနဲ့ ပုံဘာမှမဆိုင်ဘူးဆိုတော့ကား…စာဖတ်ကြမလား…အင်း..စာဖတ်ကြမလားပေါ့

Leave a Reply