နှစ်တိုင်းနှစ်တိုင်း နှစ်ပါတ်လည်ပွဲ တွေ လုပ်နေကြတယ်..

ဒီနှစ်ကတော့ ဘယ်နှနှစ်မြောက်ပွဲပေါ့ ဆိုပြီး အမည်တတ်ကြတယ် ။

ဒါကို ဘာရတု ညာရတု ဆိုပြီး ခေါ်ကြပြောကြ တာ ကြားဖူးကြတယ်မလား  ။

မှတ်မှတ် သားသားလေး သိအောင် ကြုံတုန်း သိထားတာလေး…အဲ.. ကူးထားတာလေးတင်ပေးလိုက်ပါတယ် ။

 

၁။ ၁-နှစ်မြောက် – စက္ကူရတု

၂။ ၂-နှစ်မြောက် – ဂွမ်းရတု

၃။ ၃-နှစ်မြောက် – သားရေရတု

၄။ ၄-နှစ်မြောက် – ပိုးရတု

၅။ ၅-နှစ်မြောက် – သစ်သားရတု

၆။ ၆-နှစ်မြောက် – သကြားရတု

၇။ ၇-နှစ်မြောက် – သက္ကလုပ်ရတု

၈။ ၈-နှစ်မြောက် – ကြေးရတု

၉။ ၉-နှစ်မြောက် – ဥဿဖရားရတု

၁၀။ ၁၀-နှစ်မြောက် – သံဖြူရတု

၁၁။ ၁၁-နှစ်မြောက် – သံမဏိရတု

၁၂။ ၁၂-နှစ်မြောက် – ချည်ရတု

၁၃။ ၁၃-နှစ်မြောက် – ဇာပန်းရတု

၁၄။ ၁၄-နှစ်မြောက် – ဆင်စွယ်ရတု

၁၅။ ၁၅-နှစ်မြောက် – သလင်းရတု

၁၆။ ၂၀-နှစ်မြောက် – ကြွေရတု

၁၇။ ၂၅-နှစ်မြောက် – ငွေရတု

၁၈။ ၃၀-နှစ်မြောက် – ပုလဲရတု

၁၉။ ၃၅-နှစ်မြောက် – ကျောက်စိမ်းရတု

၂၀။ ၄၀-နှစ်မြောက် – ပတ္တမြားရတု

၂၁။ ၄၅-နှစ်မြောက် – နီလာရတု

၂၂။ ၅၀-နှစ်မြောက် – ရွှေရတု

၂၃။ ၅၅-နှစ်မြောက် – မြရတု

၂၄။ ၆၀-နှစ်မြောက် – စိန်ရတု

၂၅။ ၇၅-နှစ်မြောက် – ဒုတိယစိန်ရတု

၂၆။ ၉၀-နှစ်မြောက် – နဝရတ်ရတု

အဲ .. ကြားထဲကျော်နေတဲ့ နှစ်တွေ ရှိတယ်နော် ။

ဘယ်လိုလုပ်မလဲ..လွယ်ပါတယ်နော်..

ဥပမာ   ၃၂နှစ်မြောက်ဆို   ပုလဲ ဂွမ်းရတု ပေါ့  ။

 

ခရက်တစ်က တော့ ဘယ်ပေးရမှန်းမသိတော့ဘူး  ကူးထားတာ ကြာသွားပြီဆိုတော့

မူလ ပိုင်ရှင် ခွင့်ပြုပါနော်..။

About နွေဦး

has written 99 post in this Website..

နွေဦးရဲ့ ရင်ထဲက မွေးလာတဲ့ သားတွေကိုကိုယ်တုံးလုံးနဲ့ ရွာထဲလွှတ်တတ်သူပါ ။ အမြင်မတော်သူ ရွာသူကြီးကအစ ရွာသူရွာသားအားလုံး အမြင်မတော်တာရှိက ချစ်လို့ဖြင့်မညှာ မုန်းလို့ဖြင့် မနာစေဘဲ ရိုက်နှက်ဆုံးမကြပါလို့.... နှဦေးရဲ့ ရင်ထဲက မွေးလာတဲ့ သားတွေကိုကိုယ်တုံးလုံးနဲ့ ရွာထဲလွှတ်တတ်သူပါ ။ အမြင်မတော်သူ ရွာသူကြီးကအစ ရွာသူရွာသားအားလုံး အမြင်မတော်တာရှိက ချစ်လို့ဖြင့်မညှာ မုန်းလို့ဖြင့် မနာစေဘဲ ရိုက်နှက်ဆုံးမကြပါလို့....