ရတုစုံ…..

နွေဦးJune 23, 20121min1875

နှစ်တိုင်းနှစ်တိုင်း နှစ်ပါတ်လည်ပွဲ တွေ လုပ်နေကြတယ်..

ဒီနှစ်ကတော့ ဘယ်နှနှစ်မြောက်ပွဲပေါ့ ဆိုပြီး အမည်တတ်ကြတယ် ။

ဒါကို ဘာရတု ညာရတု ဆိုပြီး ခေါ်ကြပြောကြ တာ ကြားဖူးကြတယ်မလား  ။

မှတ်မှတ် သားသားလေး သိအောင် ကြုံတုန်း သိထားတာလေး…အဲ.. ကူးထားတာလေးတင်ပေးလိုက်ပါတယ် ။

 

၁။ ၁-နှစ်မြောက် – စက္ကူရတု

၂။ ၂-နှစ်မြောက် – ဂွမ်းရတု

၃။ ၃-နှစ်မြောက် – သားရေရတု

၄။ ၄-နှစ်မြောက် – ပိုးရတု

၅။ ၅-နှစ်မြောက် – သစ်သားရတု

၆။ ၆-နှစ်မြောက် – သကြားရတု

၇။ ၇-နှစ်မြောက် – သက္ကလုပ်ရတု

၈။ ၈-နှစ်မြောက် – ကြေးရတု

၉။ ၉-နှစ်မြောက် – ဥဿဖရားရတု

၁၀။ ၁၀-နှစ်မြောက် – သံဖြူရတု

၁၁။ ၁၁-နှစ်မြောက် – သံမဏိရတု

၁၂။ ၁၂-နှစ်မြောက် – ချည်ရတု

၁၃။ ၁၃-နှစ်မြောက် – ဇာပန်းရတု

၁၄။ ၁၄-နှစ်မြောက် – ဆင်စွယ်ရတု

၁၅။ ၁၅-နှစ်မြောက် – သလင်းရတု

၁၆။ ၂၀-နှစ်မြောက် – ကြွေရတု

၁၇။ ၂၅-နှစ်မြောက် – ငွေရတု

၁၈။ ၃၀-နှစ်မြောက် – ပုလဲရတု

၁၉။ ၃၅-နှစ်မြောက် – ကျောက်စိမ်းရတု

၂၀။ ၄၀-နှစ်မြောက် – ပတ္တမြားရတု

၂၁။ ၄၅-နှစ်မြောက် – နီလာရတု

၂၂။ ၅၀-နှစ်မြောက် – ရွှေရတု

၂၃။ ၅၅-နှစ်မြောက် – မြရတု

၂၄။ ၆၀-နှစ်မြောက် – စိန်ရတု

၂၅။ ၇၅-နှစ်မြောက် – ဒုတိယစိန်ရတု

၂၆။ ၉၀-နှစ်မြောက် – နဝရတ်ရတု

အဲ .. ကြားထဲကျော်နေတဲ့ နှစ်တွေ ရှိတယ်နော် ။

ဘယ်လိုလုပ်မလဲ..လွယ်ပါတယ်နော်..

ဥပမာ   ၃၂နှစ်မြောက်ဆို   ပုလဲ ဂွမ်းရတု ပေါ့  ။

 

ခရက်တစ်က တော့ ဘယ်ပေးရမှန်းမသိတော့ဘူး  ကူးထားတာ ကြာသွားပြီဆိုတော့

မူလ ပိုင်ရှင် ခွင့်ပြုပါနော်..။

5 comments

  • မဟာရာဇာ အံစာတုံး

    June 23, 2012 at 12:46 pm

    ဗဟုသုတ ရပါရဲ့ဗျာ…
    ကျေးဇူးပါ …
    ကျုပ် ကိုယ်ပိုင် ကုမ္ပဏီဂျီး ဖွင့်ဒေါ့မှ …
    အံစာတုံး ကုမ္ပဏီ၏ ဆင်စွယ်ရတု အထိမ်းအမှတ် ..
    ပုလဲ ဂွမ်းရတု အထိမ်းအမှတ် ဆိုပြီး ..
    ပွဲတွေ ကျင်းပရဦးမယ်ဗျာ …
    😀

    • နွေဦး

      June 23, 2012 at 12:56 pm

      ကြွေစက္ကူရတု မွေးနေ့ရှင် ကောင်မလေးတွေကို ဧည့်ခံ ခိုင်းရမယ်ဗျ..။

      • မောင်ပေ

        June 23, 2012 at 7:04 pm

        ဒီစကားကိုတော့ အရမ်းစိတ်ဝင်စားသွားပြီ
        အဲဒါလေးတွေ ဘယ်လိုရှာရမရဲ ဟင်။

  • surmi

    June 23, 2012 at 2:09 pm

    ဒါနဲ ့ အဘနွေဦးကရောဘာရတုလုပ်မှာလဲဟင်

  • စိန်ဗိုက်ဗိုက်

    June 23, 2012 at 2:25 pm

    အလို..
    ကျုပ်လဲ ဘော်ဘီစော်ခါလေးနဲ ့ အကြောင်းပါခဲ့လို ့ နဝရတ် ရတုရောက်ရင် ခင်ဗျားတို ့ကို ဘီအီးအဝတိုက်ဦးမယ်

Leave a Reply