ငွေကိုဘယ်လိုရမလဲ ဘယ်တော့ရမလဲ

ခင္ခJune 23, 20121min15715

ဒီနေ့မနက် အလုပ်လာရင်း အချိန်စောနေတာနဲ့ လ္ဘက်ရည်ဆိုင်မှာ လ္ဘက်ရည်နဲ့မုန့်မှာစားနေတုံး  လူလတ်ပိုင်းအမျိုးသားနှစ်ဦး ဆိုင်ထဲဝင်လာပြီး စားပွဲခုံအလွတ်မရှိသေးတာနဲ့ ကျွန်တော်ထိုင်နေ တဲ့စားပွဲမှာ ထိုင်တဲ့လူရှိလား ကျွန်တော့ကိုမေးပြီး ကျွန်တော်ကမရှိပါဘူးမို့ ဝင်ထိုင်မုန့်စားရင်း စကားပြောတာကို ကြားမိလိုက်တာလေးကို ပြန်ရေးပြမယ်နော်။

တီရှပ်ဝတ်ထားတဲ့သူက – မန္တလေးက နောက်လဆန်းလောက်ဆို မိုးမှန်တော့မှာ၊ နယ်ကပစ္စည်း အမှာတွေပို့ရမှာကအများကြီးကွာ လကုန်ဖို့ကလည်း တပတ်ဘဲကျန်တော့တာ အချိန်ကလည်း ကုန်လွယ်လိုက်တာ။

ဝန်ထမ်းယူနီဖောင်းဝတ်ထားသူ- မင်းတို့ကုန်သည်တွေဘဲငြီးနေ ငါတို့ဝန်ထမ်းတွေဘက် လည်းအားနာအုံး၊ခုမှ ၂၃ ရက်ဘဲရှိသေးတော့ လကုန်ဖို့တပတ်ကြီးများတောင် လိုသေးတာပေါ့ အချိန်ကလည်းကုန်ခဲလိုက်တာကွာ—တဲ့။

ကျွန်တော်လည်း အလုပ်သွားရမှာမို့ ကျသင့်ငွေရှင်းပြီး ဆိုင်ကယ်လေးမောင်းထွက်လာရင်း အတွေးလေးတွေ တွေးမိပါတယ်။မိမိလုပ်ဆောင်ကျင်လည်နေရတဲ့ အသက်မွေးမှု့၊ ရှာဖွေမှု့ အခြေအနေပေါ်မူတည်ပြီး ပြောဆိုငြီးတွားမှု့တွေဖြစ်ကြတာဖြစ်ပေမယ့် အဲဒီ၂ယောက်လုံးရဲ့ ဦးတည်မှု့ကတော့တူညီပါတယ်။ အဲဒါဘာလဲဆိုတော့ ငွေကိုဘယ်လိုရမလဲ၊ဘယ်တော့ရမလဲ ဆိုတာပါဘဲ။

 

 

15 comments

  • manawphyulay

    June 23, 2012 at 1:44 pm

    နှစ်ယောက်ထဲရဲ့ အတွေးမဟုတ်ပါဘူး။ လူတိုင်းရဲ့ အတွေးထဲမှာ ဒီအကြောင်းအရာပဲ ပဲ့တင်ထပ်နေပါတယ်ဆိုရင် ယုံပါ့မလား… 😛

  • စိန်ဗိုက်ဗိုက်

    June 23, 2012 at 3:00 pm

    ငွေအကြောင်း မပြောပါနဲ ့တော့ဗျာ..
    ဒီနေ ့ဟာ ပြတ်တုန်း လပ်တုန်း နှစ်ဆယ့်သုံး အစစ်ပဲမို ့ ပြတ်လပ်နေတုန်းပါပဲ..
    အုခိုင်ရဲ့ ဘဏ္ဍာကိုပဲ ပြေးပြီး သွားဖောက် လိုက်ချင်ပါရဲ့

    • ဘဲဥ

      June 23, 2012 at 3:41 pm

      နာလည်းလိုက်မယ် တောင်မရေ့ ဖြဲမကလည်းဘိုင်နေဘီတဲ့
      သူ့ပါအမှုတွဲလိုက်ရအောင်

      • water-melon

        June 23, 2012 at 4:16 pm

        ဟဲ့ဟဲ့ နာဘိုင်ကျနေတယ်
        သူကြီးအိမ်ကို သွားဖောက်ရအောင်
        အဟီ
        (စော်ကြည်ထီပေါက်မင်းသမီးနဲ့ညားရလိုပါ၏)

  • ငွေရနိုင်ဘို့ လမ်းရှာနေသူနဲ့
    ငွေလာမယ့်လမ်းကို ထိုင်စောင့်နေသူလို့ ခံစားရပါကြောင်း။

  • သားဦး၊မြေးဦး

    June 23, 2012 at 4:50 pm

    ဟုတ်တာပေါ့ ကိုခင်ခရေ။
    အားလုံးသူက ဘယ်ချိန်ရမလဲ၊ဘယ်လောက်ရမလဲ၊
    ဘယ်လို သုံးရမလဲ ရယ်ဘဲပေါ့ဗျာ။

  • ညလေး

    June 23, 2012 at 4:56 pm

    အင်း…..တဝေထိုးငဝဆွဲေ၇…..ငွေ……
    ငွေ…..ငွေ……လာမယ်….ကြာမယ်မျှော်….ပေါ့

  • နွေဦး

    June 23, 2012 at 5:05 pm

    မရှိတဲ့လူကလဲ လိုချင်..
    ရှိတဲ့ လူကလဲ လိုချင်..
    မရှိတဲ့လူက စားလောက်ရုံ ဘဲ မှန်းကြတယ်..
    ရှိတဲ့လူကတော့ အတိုင်းအဆ မရှိ မှန်းကြတယ်..
    မရှိတဲ့လူက မရရင် ကြေကွဲ ခံစားရရုံအပြင် မပိုလှဘူး..
    ရှိတဲ့လူက မရရင် မနေဘူး မရအရ သေသေကြေကြေဘဲ..
    ဒါလေးတော့ ကွာပါလိမ့်မယ်…

  • may flowers

    June 23, 2012 at 5:15 pm

    အင်း ဒါတော့နာလဲ တူတူပါပဲ။ လကုန်ရက်တွေနေ့တိုင်းရောက်ချင်တယ်…ဟိ။

  • မိုး မင်းသား

    June 23, 2012 at 6:39 pm

    ကိုခင်ခရေ……………

    ပြတ်တုန်းလတ်တုန်း(၂၃)ဆိုတာမှားနေတယ်ဗျ……………..

    အမှန်ဆိုတစ်လလုံး……..

    ဟုတ်တယ်မို ့လား……….

    ချစ်ခြင်းမေတ္တာဖြင် ့

  • မောင်ပေ

    June 23, 2012 at 6:58 pm

    ကိုခင်ခ ကျုပ်နဲ ့မတွေ ့သွားလို ့..
    ကျုပ်ဆိုရင် လလယ် လကုန်ခါနီးမှ မဟုတ်ဘူး
    လဆန်းကတဲက
    ငွေဘယ်တော့ရမလဲ ၊ ဘယ်ကနေများ အလကားရမလဲ ၊ ထီပေါက်ပါစေ ထိုင်ပွားနေတာကလား။

  • ရဲစည်

    June 23, 2012 at 11:51 pm

    အင်း ..အနော်လဲ ဘိုင်ကျနေပီ
    ခုနေဘာမှ ဝင်စရာမရှိတောင် ပိုက်ဆံလေးတော့ ကောက်ရခြင်ရဲ့
    ဘီအီးလေး တစိပ်လောက် ပြေးဆွဲလိုက်ချင်လို့ ခုတောင် လက်တွေတုန်နေတယ်
    ပြောရင်း ဆိုရင်း လေထလာပီ ရေကိုဘဲ အရက်လုပ်ပီး သောက်အုံးမှ…ဂွပ်..ဂလု..အေ့…ကောင်းထှာ

  • Thel Nu Aye

    June 24, 2012 at 3:17 am

    ငွေဆိုတာ မရှိမကောင်းရှိမကောင်းတဲ့။ မရှိပြန်တော့လဲ ရှိအောင်လုပ်ရတယ်။ ရှိလာပြန်တော့လဲမ ကုန် အောင်ချွေတာသုံးရတယ်။ ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • ဖိုးထောင်

    June 24, 2012 at 11:20 am

    ငွေ ငွေ ငွေ အော် ငွေ တစ်ဆယ်ရဘို့လက်တော်တော်ညောင်းတာဘဲ အဟိ

  • Htet Htet Soe Hlaing

    June 24, 2012 at 11:40 am

    ငွေ ငွေ ငွေ တော်တော်အရေးပါတယ်ထင်တယ်နော် ရှာရတာတော့တော်တော်မလွယ်ပေမယ်က ဖြုန်းလို့တော့တော်တော်ကောင်းတဲ့အရာလို့ဘဲသိထားတယ်

Leave a Reply