စာဖတ်ပရိတ်သတ် အားလုံးကို……ဒီ ဘလော့ လေးမရေးခင်း တောင်းပန်းခြင်ပါတယ်..နော်..။ အမှားများပါခဲ့ရင်ခွင့်လွတ်ပါ.. အမြင်လေးတစ်ခုနဲ့ ကျွန်တော် အတွေးတစ်ခု ကို ချပြရေးသားလိုက်တာပါ….။

       အချစ် ကြောင်းကို ပြောမယ်ဆိုရင်း.. ကျွန်တော်လည်း သေသေချာချာ တော့ မသိပါဘူး..။ အချစ်ဆိုတာကို မသိဘူးဆိုပေမယ့် ကျွန်တော်ချစ်သူကိုတော့ ကျွန်တော် တကယ်မြတ်နိုးစွာနဲ့ ချစ်မိတယ် အချစ်စစ်နဲ့ ချစ်တယ်ဆိုတာကိုတော့ ပြောရဲပါတယ်..။

       အပြင်ပတ်ဝန်းကျင်မှာ…. ယခုမြင်တွေ့နေရတယ်.. လူငယ်တွေလည်းသိကြမှာပါဗျာ…. ချစ်သူထားတယ်.. ပြီး ကွဲတယ် ပျက်တယ်..ဒါတွေဟာ.. ခဏခဏ ဆိုသလို ကြားနေရတာပါလေ..။ မိန်းကလေးတွေကို ယောင်္ကျားလေးတိုင်း ချစ်ရေးဆိုကြပါတယ်..။

ငါနင့်ကို တကယ်ချစ်တာပါဟာ

ငါနင့်တစ်ယောက်ထဲကို ပဲ တကယ်မြတ်နိုးတာပါ

ငါ နင်တစ်ယောက်ကလွဲရင် အခြား ဘယ်သူမှ မလိုချင်ဘူး

ငါ နင့်ကို ဘာနဲ့ မှ မလဲနိုင်ဘူး

အစရှိတဲ့ စကား လုံးတွေကိုလည်း ပြောဖြစ်ကြမှာပါ..။ ဒါပေမယ့် အပြောနဲ့ အလုပ်နဲ့ က သိပ်မညီဘူးဗျ…. အချစ်တစ်ခု တည်ဆောက်ရင်
 နားလည် မူဆိုတာ က အရေးကြီးပါတယ်.. နားလည်မူမရှိရင်တော့ အချစ်ဆိုတာ အလကားပါပဲ…။   ချစ်တယ်လို့ပြောကြပြီးမှာ အသဲကွဲခြင်းဆိုတဲ့ ခေါင်းစဉ်တစ်ခုဟာ ပေါ်ထွက်လာတယ်..။ ချစ်ပြီးတာနဲ့ မုန်းကြရောတဲ့လား….ပျက်ကြရောတဲ့လား.. ဒါဆို အချစ်စစ်ဆိုတာ ဘယ်နားမှာရောက်နေမလဲ…..ချစ်ရေးဆိုခဲ့တုန်းက စကားလုံးတွေကလည်း.. မုသားတွေ ဖြစ်ရကုန်ပြီပေါ့..။

    မိန်းကလေးတွေကို ပန်းလေးတွေ နဲ့ နိုင်းကြပါတယ်…..။ ပန်းလေးတွေ ကိုလည်း တန်ဖိုးထားသင့်ပါတယ်လေ…. ပန်းကို ခြွေရက်သူယောကျာင်္းသားဟာ လည်း.. တကယ်ချစ်တယ်ဆို… တန်ဖိုးထားရမှာပါပဲလေ..။ ခုခေတ်မှာက .. ပန်းကို ခြွေတယ် မလိုရင်း ပစ်တယ်.. ဒူးနဲ့ မျက်ရည်သုတ်ရတာ မိန်းမသားတွေ ဖြစ်နေကြရတယ်..။ ကျွန်တော်ကိုယ်တိုင်းလည်း ယောကျာင်္းတစ်ယောက်ပါ.. ဒါပေမယ့် ယောကျာင်္းတွေ အားလုံးကို ယောကျာင်္း ပီသ စေချင်တာပါ…။

    ကျွန်တော် သူငယ်ချင်းတွေနဲ့ စကားပြောတဲ့ခါ.. ကြားကြားနေရတာတွေရှိတယ်…..

ငါက ဘယ်ကောင်မလေးကို ဘယ်လို ထားခဲ့တာကွ

ငါက ဘယ်ကောင်မလေးကို ဘယ်လို အသဲခွဲခဲ့တာ

ဟို မာန မင်းသမီးကို ငါချိုးပြီး lesson တွေ ပေးခဲ့တာလေ..

ဒီစကားတွေကိုပြော….. ဂုဏ်ယူနေသော ယောကျာင်္းလေးတွေဟာ….. ယောကျာင်္း ပီသ တယ်လို့ ပြောချင်ပါသလား..?  မိန်းကလေးတွေကို တန်ဖိုးထားစေချင်ပါတယ်……။ ယောကျာင်္းတွေ မကောင်းကြောင်းပြောပြနေတာတော့ မဟုတ်ပါဘူး.. မိန်းကလေးတွေလည်း… မာယာတွေနဲ့ လည့်စားအရူးလုပ်သူ တွေ ရှိပါတယ်…။  သူတို့ မာယာပဲ ထားထား ကိုယ့်ကိုယ် အရူးလုပ်လုပ် ကိုယ်က ချစ်ခဲ့တာပဲလေ….. သူထားရင်းလည်း ခံရမှာပါ…. ဘာလို့လဲ ကိုယ်က ချစ်နေတာလေ…..။ ဒါကို သည်းမခံနိုင်လို့ ပျက်မယ် ခွဲမယ်ဆိုရင် လိမ္မာပါးနပ်စွာနဲ့ …… ပြုလုပ်သင့်ပါတယ်…။ အထင်လွဲမူတွေ ဖြစ်ကောင်းဖြစ်နိုင်လို့ပါ….

        မိန်းကလေးနဲ့ ယောကျာင်္းလေးဟာ ချစ်မိကြပါပြီ…. ဒီလိုဆို နားလည်မူ ခွင့်လွတ်မူ ထောက်ထားမူ ငဲ့ညာမူတွေ အပေးအယူ မျှတမူတွေဟာ လိုအပ်ပါတယ်…။  နားလည်မူနဲ့ အပေးအယူမမျှတပဲ.. ထပ်တူမကျရင်တော့…. အချစ်ဆိုတာ .. ပျော်စရာမကောင်းတော့မှာ အမှန်ပါ….။

        ပန်းလေးတွေကို .. တန်းဖိုးထားစေချင်တာ တစ်ခုပါပဲ..ဗျာ…..။ အရှက်နဲ့ လူလုပ်နေကြရတဲ့ …မိန်းမသားတွေ… အဓိကကတော့ ကိုယ့်ချစ်သူ ကိုယ်ချစ်တဲ့သူကို နားလည် တန်ဖိုးထားစေချင်တာပါ…..။ (အရှက်မရှိတဲ့ မိန်းကလေးတွေ တော့ မပါဘူးပေါ့ဗျာ ..)

         ချစ်သူနဲ့ ကွဲတယ် ပျက်တယ် ဆိုကတည်းကိုက… တကယ်မချစ်ကြလို့ ပျက်ကြရတာပါ..။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မူမရှိတာတွေ… မငဲ့ညာမူတွေ .. ကိုယ့်ဘက်ကိုယ်ကြည့် တစ်ကိုယ်ကောင်းဆန်မူတွေကြောင့် အများစုဟာ လမ်းခွဲပန်းတိုင်ကိုသာ ရောက်ရှိသွားကြတယ်…….။

         ယောကျာင်္းလေးတွေ ကိုယ့်ချစ်သူကို တကယ်သာချစ်တယ်ဆို ကိုယ်က ဘယ်တော့မှ မထားပါဘူး….။ သူမကောင်းလဲပဲ အကျိုးကြောင်းပြောပြပြီး.. ညှိယူသင့်ပါတယ်….။ သူထားတာကိုပဲ ခံလိုက်ပါ ကိုယ်က ဘယ်တော့မှ မိန်းကလေးတွေကို မထားပါနဲ့..။ ပြောကြမှာပါ…..( ငါတို့က ယောကျာင်္းကွ.. ငါတို့ ယောကျာင်္းသိက္ခာ ငါတို့ ယောကျာင်္းမာန တွေ ရှိသေးတယ် ဒါတွေ ဘယ်မှာထားမလဲဆိုတာတွေပေါ့…) အဲ့ဒါတွေကို ခဏလေး ဖယ်ပီး ရိုးရှင်းစွာ မြင်ကြည့်လိုက်ပါ သင်သူ့ကို မချစ်ခဲ့ပေဘူးလားး?

       သူက ကိုယ့်ကို ထားခဲ့တယ်ဆို သူ့အမှားပါ…။ ကိုယ်က သူ့ကို သာ ထားခဲ့ရင် ကိုယ့်အမှားပါ…. ကိုယ်က သစ္စာရှိသူလုပ်မှာလား..သစ္စာဖောက်သူလုပ်မှာလား…ဆိုတာကို ပြန်တွေးပါ…..။ယောကျာင်္းသားအများစုဟာ .. မိန်းကလေးတွေကို သူတို့ကိုယ်တိုင် အရင်စ ထားခဲ့ခြင်ကြတယ်…. သူမထားခင် ငါ ထားတာကွ.. ဆိုပြီး ဂုဏ်ယူနေကြတာ ရှိတယ်..။ မှားနေတာပါ တကယ်ဆို သူတို့ … သစ္စာ ဖောက်သူဖြစ်နေတာ မသိကြရှာဘူးလေ….။

       ချစ်သူတွေ မကွဲ မကွာ ပဲ …… အချစ်စစ်ဆိုတာ မြင်ချင်မိတယ်ဆို  နားလည်မူလေးနဲ့ .. တစ်ယောက်နဲ့ တစ်ယောက်ညှိယူကြပါ..။သင်တို့ တကယ်ကို ပျော်ရွင်ကြရမှာပါ……. အတ္တတွေ မာနတွေ ဒေါသ တွေ ခဏလောက် ဖယ်ထားပါ..။

       ကျွန်တော် ကျွန်တော်ချစ်သူကို အရမ်းချစ်ပါတယ်…။ သူက .. ကျွန်တော် စိတ်ချမ်းသာဖို့ကိုပဲ တွေးနေသလို ကျွန်တော်ကလည်း သူပျော်ဖို့ကိုပဲ တွေးနေတက်တယ်…….။ ပွင့်လင်းစွာ တိုင်ပင်ကြတယ်…… ရိုးရှင်းစွာနဲ့ ဆုံးဖြတ်တယ် တစ်ခုခု လုပ်မယ်ဆို အသိပေးပြီး ညှိယူကြတယ်…..။ မျှမျှ တတ တွေးမိတာလေးတွေ…ပေါ့…..ငါဒါကို လုပ်မယ်ဆိုင့ါချစ်သူ ကြိုက်ပါ့မလား…….အမြဲတွေးမိတယ်…။ တကယ်ချစ်တဲ့သူတိုင်းက ကိုယ့်ချစ်သူကိုတန်ဖိုးထားပြီး.. ချစ်သူ… အတွက် ချစ်သူကို အမြဲ ဦးစားပေးကြမှာပါ….။

               -သီချင်းဆိုတာကိုဝါသနာပါသူ … ချစ်သူက သ၀န်တိုတက်ပြီး အရမ်းချစ်တက်သူဆို.. သင် ဘယ်ဟာကို ရွေးမလဲ…?

                 ကျွန်တော် အလှည့်တုန်းကတော့ ကျွန်တော် ကိုယ်တိုင် သီချင်းဆိုဖို့ တိုင်ပင်ခဲ့ဖူးတယ်.. သူအသံကို ကြည့်တာနဲ့ သိပါတယ်..ဒါနဲ့ ပဲ ကျွန်တော်….. မောင်သီချင်းမဆိုတော့ပါဘူး… မေ့အတွက်ပဲဆိုမယ်.. မေ့ကိုပဲ ဆိုပြမယ်….. အောင်မြင်မူတွေရမှ မောင်ပျော်ရတာမှမဟုတ်တာ.. မေ့ကို ဆိုပြနေတာဟာလည်း သီချင်းဆိုရတာပဲလေ…..။ ဒီလိုပြန်ဖြေပြီး ညှိတော့ ကိုယ်လည်းပျော်တယ်… ချစ်သူလည်း ၀မ်းသာသွားတယ်…..။

                 – game ကစားသူဟာ.. ဂိမ်းကို အရမ်းကစားမှာပါ…… ချစ်သူနဲ့ ဂိမ်း ဘယ်ဟာကိုရွေးမလဲ……

ကျွန်တော် dota ကို play  ပါတယ်…..  ဒါပေမယ့် ချစ်သူ လိုင်းပေါ်တက်တာနဲ့ …. ချစ်သူ… နဲ့ပဲ ပြောပြီး ဂိမ်းကို out လိုက်ပါတယ်..။ နောက်ဆုံး ဂိမ်းတောင် မနှိပ်တော့ဘူး ဖြစ်သွားတယ်…။

                  -ဆေးလိပ်တို့ အရက်တို့ ကွမ်းတို့ ကတော့ ကျွန်တော်မစားမသောက်တက်လို့ မသိဘူး.. ဒါပေမယ် ချစ်သူနဲ့ ဒါတွေ သင်ဘယ်ကိုရွေးမလဲဆိုတာတော့ မေးချင်မိပါသေးတယ်…။

                  ကိုယ်သာ တကယ်ချစ်တယ်ဆို ချစ်သူစိတ်ချမ်းသာဖို့… ငဲ့ညာပြီး… အလျှော့ပေးမှာပါ….. ဒါကို ချစ်သူက နားလည်ပြီး..အချစ်တွေ တိုးလို့… ပျော်ရွင်တဲ့ ချစ်သူတွေ .. ဖြစ်ကြမှာပါ…..။

                   လူငယ်တွေ အများစုဖြစ်နေကြတာကတော့ တကယ်ချစ်တယ်သာပြောတာ တကယ်မှ မချစ်တာပဲလေ..သူကတင်း ကိုယ်ကလည်း တင်း ပျက်ထွက်ကုန်တော့တာပေါ့…

                 ကျွန်တော်ဒေါသ အရမ်းကြီးပါတယ.် စိတ်လဲကြီးပါတယ်….. ချစ်သူက စကားမပြောပဲ…ငိုသွားတာနဲ့ ကျွန်တော် နေရထိုင်ရခက်လာတာအမှန်ပါ… တကယ်ချစ်မိတော့… ဒေါသတွေ.. ဟာ ပျောက်ကုန်ပြီး.. သူ့ကို အလျှော့ပေးလိုက်တာပါပဲလေ..။ ဒီလိုဆိုတော့ ခဏလေးနဲ့ ပြန်ဖြေသာသွားတယ်လေ….ချစ်သူပျော်တယ်ဆို ကိုယ်လည်း ပျော်ပြီး စိတ်ချမ်းသာနေမိတာဟာ အမှန်ပါ……။ သူနားလည်မယ် ကိုယ်လည်း ခွင့်လွတ်မယ်.. တစ်ယောက်နဲ့ တစ်ယောက် စိတ်တွေကို ခွင့်လွတ်ပြီး ညှိယူလိုက်ရင်း…… အရမ်းကို ပျော်စရာကောင်းမှာပါ.. သံယောဇဉ်တွေလဲ ဒီထက်မကတိုးပြီး အရမ်းကိုချစ်တဲ့ချစ်သူတွေဖြစ်ကြမှာပါ…………..။

             အဓိက ပြောချင်တာကတော့ ယောကျာင်္းလေးတွေဟာ ကိုယ်ချစ်တဲ့သူကို တန်ဖိုးထားပါ….။ မြတ်နိုးပါ… တကယ်အချစ်စစ်နဲ့ချစ်ပါ..။ မိန်းကလေးတွေကလည်း ကိုယ့်ကို သူက တကယ်ပေးဆပ်ပြီး တကယ်ချစ်တယ်ဆို အနိုင်မယူချင်ပဲ.. သူ့အချစ်ကိုတန်းဖိုးထားပါ…… အနိုင်လိုချင်တဲ့စိတ်ရှိတယ်..ဆိုရင်း ငါဒီလိုလုပ်လို့ ငါချစ်တဲ့သူ ဘာဖြစ်သွားမလဲဆိုတာကိုတွေးပါ..။ ဒီလိုဆို ပျော်ရွင်သာယာလှပတဲ့ ချစ်သူတွေ ဖြစ်ကြမှာပါ……။ လွမ်းခွဲခြင်းပန်းတိုင်ကို မရောက်ပဲ ဆုံဆည်ခြင်း ပန်းတိုင်ကိုသာ ကျွန်တော် ရောက်စေချင်ပါတယ်…….။ 

               ချစ်သူ.. တိုင်းကို ကျွန်တော် ဆုံဆည်းစေချင်ပါတယ်…… ကျွန်တော်နဲ့ ကျွန်တော်ချစ်သူ နားလည်မူတွေနဲ့ တည်ဆောက်ထားသလို … ချစ်သူတိုင်းကိုလည်း….. ဒီလို လေး တည်ဆောက်စေချင်ပါတယ်လို့ အကြံပြုပြီး.. လမ်းခွဲခြင်းတွေမရောက်မယ့် နည်းလမ်းလေး ကို ပေးတာပါ..။ တစ်ခုတော့ရှိတယ်… ကိုယ်က တကယ်ချစ်တယ် သူကလည်း ကိုယ့်ကို တကယ်ချစ်ဖို့တော့လိုမယ်နော်.. အချစ်စစ်ဆိုတာ အမြဲ ( =  ) ညီမျှခြင်းကျနေမှ .. ဖြစ်လာတာပါ…..။

                                ချစ်သူတိုင်း.. တကယ်ချစ်သူတိုင်း အထင်လွဲမူတွေ.. ပူပင်မူတွေ.. သောကတွေ နဲ့ ကင်းဝေပြီး တစ်ယောက်ကို တစ်ယောက် ယုံကြည်မူတွေနဲ့ လျှောက်လှမ်းနိုင်ကြပါစေ……..။ ဒါမှလည်း.. ပျော်ရွင်သော ချစ်ခြင်းတွေကို ပိုင်ဆိုင်ကြမှာပါ….. အချစ်ဆိုတာ မပူလောင်ပါဘူး…… တကယ်သာ အချစ်စစ်ဖြစ်သွားရင်း အရမ်းကို ပျော်စရာကောင်းတဲ့ ချစ်ခြင်းတစ်ခုပါ…… မယုံရင်း ကျွန်တော်ကောင်မလေးကို မေးကြည့်ပါ…… ခစ်ခစ်. အလကားစတာနော်….။

မေးခွန်းလေးမေးခြင်တာကတော့…သင့်ချစ်သူကို သင်တကယ်ပဲချစ်တာလားးး?..

ကျွန်တော်က တော့ ကျွန်တော်ချစ်သူကို အမှန်တကယ် စစ်မှန်သောချစ်ခြင်းနဲ့ ချစ်ပါတယ်…

               တကယ်ချစ်သောသူတိုင်းဟာ ပျော်ရွင်တဲ့ ချစ်ခြင်းတွေကို ပိုင်ဆိုင်ပြီး.. ထာဝရပျော်ရွင်သော

အချစ်အိမ်လေးတစ်ခုကို တည်ဆောက်.

ထာဝရ စိတ်ချမ်းသာပြီး

ယုံကြည်မူတွေနဲ့

အပြုံလေးတွေဝေလို့

ဘ၀ခရီးကို

တူတူ လျှောက်လှမ်းနိုင်ကြပါစေ ဗျာ…

။နဂါးလေး။

Blingee
Glitter Graphics

Glitter Graphics
    
           ဖူးစာရှင်လေး မှ တင်ပြလိုက်ရပါသည်
                နဂါးလေး(စူးရှ) ရေးသားသည်
               အရင့်ရောင် ထပ်မံတင်ပြသည်

About အရင့်ရောင်

အရင့်ရောင် အရင့်ရောင် has written 56 post in this Website..