မြန်မာ့ဆက်သွယ်ရေးမှ တန်းဖိုးနည်းဖုန်းများ အရစ်ကျစနစ်ဖြင့်ရောင်းရန်စီစဉ်

kalinkJune 23, 20121min23718

 

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ GSM/ WCDMA မိုဘိုင်းဖုန်းများကို ဇွန်လ (၂၉) ရက်နှင့် ဇူလိုင်လ (၃၁) ရက်နေ့များတွင်အရစ်ကျငွေချေစနစ်ဖြင့်ရောင်ချသွားရန်စီစဉ်ထားကြောင်းသိရသည်။
GSM အတွက်တစ်လ လေးသောင်းနှုန်းနဲ့ (၅)ရစ်ကိုလစဉ်ပေးသွင်းသွားရမှာဖြစ်ပြီး WCDMA အတွက်တစ်လ ငါးသောင်းနှုန်းနဲ့ (၅)ရစ်ကိုလစဉ်ပေးသွင်းရမှာဖြစ်ပါတယ်။
အင်တာနက်အသုံးပြုလိုသူများအတွက်အသုံးပြုလိုသည့်အချိန်မှာ သတ်မှတ်နှုန်းထားဖြင့်သုံးစွဲသွား ရမှာဖြစ်ပါတယ်
သတ်မှတ်အရစ်ကျငွေမပေးသွင်းပါက လိုင်းဖြတ်တောက်ထားမှာဖြစ်ပြီး ပေးသွင်းပြီးမှသာလိုင်းပြန် ဖွင့်ပေးမှာဖြစ်ပါတယ်
ပထမအရစ်ပေးသွင်းပြီးပါက ကဒ်အားထုပ်ပေးပြီးစတင်သုံးစွဲနိုင်မှာဖြစ်ပါတယ်
နောက်ဆုံးအရစ်ပေးသွင်းပြီးချိန်မှာစာရွက်စာရွက်စာတမ်းတွေ လွှဲပေးမှာဖြစ်ပါတယ်….

18 comments

  • ဖိုးထောင်

    June 23, 2012 at 1:45 pm

    နာလည်းဝယ်မယ်တော့ ဟဲ့ရွာထဲက ကောင်မတွေ လာသွားတန်းစီရအောင်

    • ဘဲဥ

      June 23, 2012 at 2:16 pm

      ဝယ်ဘူး ဝယ်ဘူး ငါးထောင်တန်ဘဲစောင့်မှာ

      • kyaw swar

        June 23, 2012 at 11:09 pm

        တားတားကတော့ အိမ်က အိမ်ဦးနတ်ကတော် အတွက် တလုံးလောက် ဝယ်ပေးဦးမှ
        နောက်မို့ဆို တားတားဟာပဲမြတ်ဆောင်း ထိုးနေတာ
        ဖုန်းကိုပြောတာနော်
        အဲဒိ့ အရစ်ကျ က ဘယ်မှာ ရစ်တာလဲ တားတားတို့ ဘက်မှာမပေးတေးပါဝူး
        တားတားကို ဘယ်တူ အာမခံပေးမှာလဲ
        တကြီးလား 🙂
        ဖောင်တိုးလား
        ဦးဗိုက်လား
        ဖရဲးလား
        ******

      • kyaw swar

        June 24, 2012 at 8:49 am

        ဘဲဥရေ ငါးထောင်ကဘယ်ဆီနေမှန်းမတိဝူး ရရာပဲစွဲ စိထားရမှာ
        တားတားတို့က တော သားဆိုတော့ ဆပ်ပြာခွက် ကိုတိုင်တပ်ပေးလဲ
        တပေါကျတာပဲ
        အခုတောင် အိမ်တာနက် ရလို့ ဆက်သွယ်ရေးကို ရှဲရှဲ တင်နေရတာ
        ဒါ့ကြောင့် အနော် အခု တငယ်ချင်းတွေနဲ ပေါက်ပေါက်ဖေါက်ရတာ
        မရတာနဲ့စာရင် ဆ သ ရ ကို ရှဲရှဲ ပါ

  • စိန်ဗိုက်ဗိုက်

    June 23, 2012 at 2:41 pm

    အင်တာနက် ၂၄ နာရီကို ၂၀ဝ ကျပ်နဲ ့သုံးရမယ်လို ့လဲသိရပါတယ်ဗျား..
    တစ်လ ခြောက်ထောက်နုတ်မယ်လို ့ဆိုပါတယ်..
    မသုံးချင်တဲ့ရက်ကို ပြောထားရင် အဲဒီရက်ကို ၂၀ဝ မနုတ်ပါဘူးတဲ့

    • water-melon

      June 23, 2012 at 3:45 pm

      ဟဲ့ အင်တာနက် ၂၄ နာရီကို ၂၀ဝ ကျပ်က mail only ဟဲ့
      ဒီတောင်မ ဘယ်ချောင်က မူးပြီးထလာတာလဲ
      အူကြောင်ကြောင်နဲ့

    • myanmarcitizen

      June 23, 2012 at 5:10 pm

      account and password ပါပေးထားရမယ်ဆို။ ဒီတော့ သွားပေးထားကြပေါ့။ 🙁

  • သားဦး၊မြေးဦး

    June 23, 2012 at 4:45 pm

    အူးဗိုက် ကိုဖရဲပြောတာမှန်ပါတယ်။မေးလ်သီးသန် ့ပါဗျာ။
    တလုံးလောက်ဝယ်ရ မလားဘဲ။ဟီးးးး

    • စိန်ဗိုက်ဗိုက်

      June 23, 2012 at 5:12 pm

      ဒေါ်ဖျဲမနဲ ့အူးလေးကိုင်စရာကို ကျေးဇူးပါဗျာ..
      တော်သေးတယ်..
      တစ်ရက် နှစ်ရာဆိုတော့ လောဘတက်ပြီး.
      ယောင်ရမ်းပြီး အမ်ပီတီကို မတ်ဆေ့ချ် လှမ်းပို ့တော့မလို ့
      တော်တေးဒယ်..တော်တေးဒယ်..

  • မောင်ပေ

    June 23, 2012 at 7:02 pm

    တစ်ဆင့်ချင်း လျှော့ချပေးနေတာပေါ့နော်…
    လောလောဆယ် ၊ လိုင်းကြပ်တာတွေ ၊ နက်ဝေါ့အယ်ရာ ဆိုတဲ့အသံမျိုးကြားရတာလေးတွေ အရင်ဖြေရှင်းပေးရင် ကောင်းမှာဘဲဗျာ ။

  • ကြောင်လေး

    June 23, 2012 at 7:45 pm

    ဟုတ်ပ ကပေရာ……
    ပြောပြလိုက်စမ်းဘာ
    ဖင်မနိုင်ပဲ ပဲကြီးဟင်းမသောက်ပါနဲ့လို့
    တခါ တခါ မှာ
    ဟိုကွေ့ ဟိုတက်နဲ့လှော်
    ဒီကွေ့ ဒီတက်နဲ့ လှော် ရတဲ့ အဖြစ်မျိုးလေးတွေလဲရှိသေး

  • cobra

    June 23, 2012 at 9:57 pm

    အဲလိူလဲမသုံးနိုင်သေးပါဘူး…….။

  • ရဲစည်

    June 23, 2012 at 11:55 pm

    ဘက်ဟမ်းနဲ့ ဒိုလေးတို့တောင် မြန်မာပြည်က ဖုံးဈေးနဲ့ ကားဈေးကြားပီး အကယ်၍ မြန်မာနေရှင်နယ်လိဂ် ရောက်လာရင်တောင် လက်ရှိဟိုက လစာထက် ၃ဆပိုတောင်းမယ်လို့ ကြားဖူးသေးရဲ့…..

  • the best

    June 24, 2012 at 12:07 am

    လွှတ်တော်က ဈေးချ ခိုင်းရင် အရှုံးခံ ဈေးချပေးမယ်လို ့ဆသရ ကပြောထားပါတယ်။
    မဝယ်သင့်ဘူးလို ့ထင်တာပဲ။

    • THE MOON

      June 24, 2012 at 3:53 pm

      လွှတ်တော်ကလဆန်းဆိုစတော့မှာ။ဒို ့သမ္မတကသဘောကောင်းပါတယ်။
      စောင့်လိုက်ဦးမယ်။50000လောက်ဖြစ်ရင်200000နဲ ့4လုံးလောက်ယူမှာမို ့
      စောင့်လိုက်အုံးမယ်။

  • ကြောင်လေး

    June 24, 2012 at 7:36 am

    ဝယ်လိုအားရှိသလောက် ရောင်းနေဦးမှာလို့ပြောထားသေးတယ်လေ…..
    ကိုင်ချင်ကြတဲ့သူတွေကလဲ အလုအယက်……
    ဆိုုတော့…………

  • johnphyo paing

    June 24, 2012 at 6:05 pm

    မလိုပါဘူးဗျာ တားတားတို ့အိမ်မှာတော ့အုန်းမှုတ်ခွက်ကို
    ကြိုးတပ်ပြီးတော ့ပြောနေတာပဲ ပြီးတော ့ကောင်းမှာလဲမဟုတ်ပါဘူး
    200000 တန်ပေါ်တော့ 500000 တန်ကလိုင်းမကောင်းဘူး
    ခုဈေးလျှော ့မယ်ဆိုတော ့ဟင်း……..
    စဉ်းစားစရာပဲ

Leave a Reply