မေတ္တာ တခဏ အကျိုး

နွေဦးJune 23, 20121min691

ဗုဒ္ဓဘာသာဝင် သူတော်စင်များအနေဖြင့် မေတ္တာစွမ်းအင်အကျိုးကို သိရှိနားလည်ပြီး
မေတ္တာဓာတ် ကိန်းအောင်းကာ ဝိပဿနာတရားများကို အားထုတ်လာစေချင်လို့ ဒီ post လေးကို တင်ပေးပါတယ်  ။

သည်ကမာ္ဘလောကကြီး၌ စွမ်းအားအထက်မြက်ဆုံးတရားကို ပြပါဆိုလျှင် မေတ္တာတရားကိုသာ ပြရမည် ဖြစ်ပါတယ် ။

မဟာမေတ္တာဂရုဏာ ကြီးမားစွာ ဖြန့်ကြလျက်ရှိသော မြတ်စွာဘုရား ရှင်က

မေတ္တာစွမ်းအင်ကြီးမားပုံကို အဆင့် (၁၀)ဆင့် ခွဲခြားလျက် အောက်ပါအတိုင်း ဟောကြားတော် မူခဲ့ပါသည်။

၁။ ထမင်းရည်ချောင်းစီးအောင် လှူဒါန်းခဲ့သော ဘုရားအလောင်း ဝေလာမပုဏ္ဏားကြီး၏ အလှူဒါန မျိုးထက်

သောတပန်တစ်ဦးကို လှူဒါန်းရခြင်းက သာလွန်၍ အကျိုးကြီးမား၏။

၂။ သောတာပန် (၁၀၀)ကို လှူရခြင်းထက် သကဒါဂါမ် တစ်ဦးကို လှူရခြင်းက သာလွန်၍ အကျိုး ကြီးမား၏။

၃။ သကဒါဂါမ် (၁၀၀) ကို လှူရခြင်းထက် အနာဂါမ် တစ်ဦးကို လှူရခြင်းက သာလွန်၍ အကျိုး ကြီးမား၏။

၄။ အနာဂါမ် (၁၀၀) ကို လှူရခြင်းထက် ရဟန္တာတစ်ပါးကို လှူရခြင်းက သာလွန်၍ အကျိုးကြီးမား၏။

၅။ ရဟန္တာ (၁၀၀) ကို လှူရခြင်းထက် ပစ္စေကဗုဒ္ဓါတစ်ပါးကို လှူရခြင်းက သာလွန်၍ အကျိုး ကြီးမား၏။

၆။ ပစ္စေကဗုဒ္ဓါ အဆူ (၁၀၀) ကို လှူရခြင်းထက် သမ္မာသမ္ဗုဒ္ဓ ဘုရားတစ်ဆူကို လှူရခြင်းက သာလွန်၍

အကျိုးကြီးမား၏။

၇။ သမ္မာသမ္ဗုဒ္ဓဘုရားတစ်ဆူကို လှူရခြင်းထက် ဘုရားအမှူးပြုသော သံဃာတော်များကို လှူရခြင်းက

သာလွန်၍ အကျိုးကြီးမား၏။

၈။ ဘုရားအမှူးပြုသော သံဃာတော်များကို လှူရခြင်းထက် စတုဒိသာ သံဃာတော်ကို ရည်စူး၍

ကျောင်းဆောက်လှူရခြင်းက သာလွန်၍ အကျိုးကြီးမား၏။

၉။ စတုဒိသသံဃာတော်ကို ရည်စူး၍ ကျောင်းဆောက်လှူရခြင်းထက် သရဏဂုံသုံးပါးကို ဆောက်

တည်ခြင်း၊ ငါးပါးသီလသိက္ခာပုဒ်ကို စောင့်ထိန်းခြင်းက သာလွန်၍ အကျိုးကြီးမား၏။

၁၀။ သရဏဂုံဆောက်တည်ခြင်းနှင့် ငါးပါးသီလ စောင့်ထိန်းခြင်းထက်  အချိန်ပိုင်းလောက်

မေတ္တာပွားများခြင်းက သာလွန်၍ အကျိုးကြီးမား၏။

ဒီအချိန်က ဂေဇက်ရွာထဲ ဝင်ပြီး တွေ့တွေ့ မြင်ရာ စာတွေဖတ်တော့  ဟို “ဝထကလသ”တွေရဲ့ စာတွေဖတ်မိ ကြည့်မိ

ဒေါသတွေထွက်လာတာ  ..

မေတ္တာပို့ ဖို့ ဆို တော်တော်ခက်တယ်..

ဒီ့အတွက် မေတ္တာတရားအကြောင်းလေးတွေ  တွေးကြ ရေးကြရင် စိတ်သက်သာရာသက်သာကြောင်းများ ဖြစ်မလားလို့ပါ ။

One comment

  • မောင်ပေ

    June 23, 2012 at 6:54 pm

    မှန်လိုက်တာ ဆြာနွေဦးရယ်
    မေတ္တာသည်သာ အထက်ဆုံးလက်နက် ဖြစ်၏
    ကိုယ်ကမေတ္တာပို ့၊ မေတ္တာထားနေတဲ့သူက ကိုယ့်ကို ရန်ရှာရင် မေတ္တာစူးတတ်တယ်ဆိုတာလေးလဲ ရှင်းပြပေးပါဦး ။

Leave a Reply