ဝေဖန်ရေးသမား ( Critic ) ဆိုတာ…. ( ၂ )

alinsettJune 23, 20121min1354

ဝေဖန်ခြင်း ။ ။

၁ ။။ ။။ ဝေဖန်ခြင်း ဆိုသည်မှာ….

အရာဝတ္ထု တစ်ခု၏ ကောင်းခြင်း ၊ ဆိုးခြင်းဆိုင်ရာ ဂုဏ်သတ္တိများ ၏ တန်ဖိုး ကို ခွဲခြား..သတ်မှတ် စိတ်ဖြာ..ခြင်း ဖြစ်သည်..ဟု ဆိုလျှင် မမှားနိုင်ပါ ။။

တန်ဖိုးနှင့် အကောင်း အဆိုး ဆိုင်ရာ စံ / သတ်မှတ်ချက်များ…ပါဝင်လာသောကြောင့် …

အရေးကြီးသော အလုပ် ဖြစ်ပါသည် ။

ဆုံးဖြတ်ချက် တစ်ချက် မှားသွားလျှင်… တစ်သက်စာ နောင်တ ရ ဖွယ် ဖြစ်၏ ။ သတ်မှတ်ချက် တစ်ခု လွဲချော် သွားလျှင်…

ဘာနဲ ့မှ မတူသော အရှက် ရစရာ အဖြစ် အနုပညာသမိုင်းမှာ ကျန်ရစ် ပါလိမ့်မည် ။

အနုပညာ ပစ္စည်းတစ်ခုကို ဝေဖန်တော့မည် ဆိုလျှင်… ထို အနုပညာ ပစ္စည်းတွင် ပါဝင်သော..

အရာ ဟူသမျှကို တစ်ခုချင်းစီ…ဝေဖန် သတ်မှတ်ရမည် ဖြစ်သည် ။ ဝေဖန်ရာတွင် …. အနုပညာရှင်က ဖန်တီးထားသော အနုပညာပစ္စည်း ( အနုပညာ ပစ္စည်း )

ကိုသာ ဝေဖန်သင့်ပြီး..အနုပညာရှင် ၏ ပုဂိ္ဂုလ်ရေးရာ အချင်းအရာများ ကို မဝေဖန်မိအောင် ထိန်းသိမ်း နိုင်ရပါမည် ။

အကယ်၍…….. ဝေဖန်သူ သည်….ဝေဖန်ခြင်း နှင့် ကဲ့ရဲ ့အပြစ်ဆိုခြင်း ၊ သို့မဟုတ်.. ချိင်္းမွမ်း မြှောက်စားချင်းများ..ရောထွေးကာ…

ပြောမိပြီဆိုလျှင် …..ထိုဝေဖန်သူသည်….. ပုဂိ္ဂု လ် စွဲ..၊ အယူဝါဒ အစွဲ နှင့် အခြား အစွဲများ..ရှိနေသောကြောင့်…ဟု ဆိုရမည် ။

ကဗျာကို ဝေဖန်ပါ ။ သို ့သော် ကဗျာဆရာ ၏ ကိုယ်ရေးကိုယ်တာ ကို မဝေဖန်သင့် .၊

ကဗျာကို ဝေဖန်ပါ..။ သို ့သော်….ဝေဖန်သူ ၏ အကြိုက် ..၊ ခံစားချက်နှင့် စွဲလမ်းမှုများဖြင့် မဝေဖန်သင့် ။

ဝေဖန်သူ ထံမှာ စနစ်တကျ သေချာသော စံ သတ်မှတ်ချက် ..တစ်ခု မက .ရှိရပါမည် ။

ထို စံ / သတ်မှတ်ချက်များကို ပေတံသဖွယ်…အသုံးပြု၍ တိုင်းတာ ရသည့် အခါများလည်း..ရှိတတ်ပါသည် ။ သို ့သော်…..

ထိုပေတံ၏ အတိုင်းအတာဖြင့်သာ…..အရာတိုင်း (အနုပညာ ပစ္စည်းတိုင်း ) ကို တိုင်းတာနေလျှင် မှား..သွားနိုင်ပါသည် ။

အဘယ်ကြောင့်ဆိုသော်…..

အနုပညာ ပစ္စည်း တစ်ခု သည်….” တရားသေ ‘ ဖြစ်တည်လာသော ” ထုတ်ကုန် ပစ္စည်းတစ်ခု ” မဟုတ်သောကြောင့် ဖြစ်ပါသည် ။

ဦးပုည ၏ ကဗျာတစ်ပုဒ်တွင်ရှိသော…အနုပညာဆိုင်ရာ ဂုဏ်သတ္တိများကို ဝေဖန်သူ ၏ ပေတံ ( စံ ) ဖြင့် တိုင်းတာရာ….

အလွန် အဖိုး ထိုက်တန်သော…တန်ဖိုးတစ်ခု တွေ ့ရသည် ဆိုပါစို ့…။

ထိုပေတံ ( စံ )ဖြင့်ပင် “တာရာမင်းဝေ” ၏ (မော်ဒန် ) ကဗျာ တစ်ပူဒ်ကို တိုင်းတာကြည့်ပါ ။

မတုူသော သတ်မှတ်ချက် များ ( တန်ဖိုးမျာ း) ထွက်လာသည်ကို တွေ ့ရမည် ဖြစ်သည် ။

ဦးပုည ၏ ကဗျာမှာ တွေ ့ရသော..စည်း / စနစ် / စံ / သတ်မှတ်ချက်များ နှင့် မတူနိုင်ပါ ။

” မတူခွင့် ( အနုပညာ လွတ်လပ်ခွင် ့) ရှိသင့်ပါသည် ။ ”

တစ်ခု နှင့် တစ်ခု စည်း / စနစ် / စံ / သတ်မှတ်ချက်ဆိုင်ရာ တန်ဖိုးများ မတူသောကြောင့်

“အနုပညာ “အရာ” မမြောက်ဘူး..”.ဟု ဆိုလျှင် မှား မည်လား၊ မှန် မည်လား….။
____________________________________________________
၂ ။။

ထို ့ကြောင့် ဝေဖန်သူတွင်……စနစ်ကျသော စံ / စနစ် / ပေတံ …ရှိရမည် ဆိုသော်လည်း….

ထိုပေတံသည် “တရားသေ.”..တည်မြဲနေ၍ မရပါ ။

အလွန် နက်ရှိုင်းသော .. ၊ ဆန်းကြယ် ၍ ” သိမ်မွေ ့သော သဘော ” ရှိသည် ့ အနုပညာကို ဘယ်အရာနှင့်မျှ တရားသေ ဆုပ်ကိုင်ချင်၍ မရ ပါ ။

ဤ နေရာတွင်….

ကျွန်တော့် ကျေးဇူးရှင် ဆရာ တာရာမင်းဝေ ပြောခဲ့သော စကားတစ်ခွန်းကို ပြန်ပြောပြချင်ပါသည် ။

“သူ ့ဘက်ကမ်း က မီး ဘယ်လောက် လင်းသလဲ သိချင်လျှင်…

ကိုယ် ့ဘက် ကမ်းက မီးကို မှိတ်ကြည့်ပါ.”…..တဲ ့ ။

ယခု အခါတွင်…

ကိုယ့် စံ / စနစ်များကို စွန် ့လွတ်လိုက်မှ အလှတရားကို မြင်တွေ ့နိုင်သော အနုပညာ လက်ရာများ…ပေါ်ပေါက်လာပြီ ..။

ထို ့ကြောင့်…

သူ ့ ဘက်ကမ်းက မီး..ဘယ်လောက် လင်းသလဲ….

သိချင်လျျွှှင်…………….

____________________

၃ ။။ ။။

လူတစ်ယောက်ကို ဝေဖန်ခြင်းနှင့် အနုပညာ ပစ္စည်းတစ်ခုကို ဝေဖန်ခြင်း မတူနိုင်ပါ ။

ရပ်ကွက်ထဲမှ အတင်းပြောတတ်သော မိန်းမကြီးအချို ့ အခြားတစ်ယောက်ယောက်ကို ဝေဖန်သလို အနုပညာကို ဝေဖန်၍ မရပါ ။

ကဲ ့ရဲ ့လိုသော…/ ချီးမွမ်းလိုသော… ဝေဖန်သူ ၏ ဘက်လိုက်မှု ပါသော စိတ်ခံစားမှု ဖြင့် ..ဝေဖန်လို ့မရပါ ။

လူတစ်ယောက်ကို ဝေဖန်ခြင်း သည် …………………

ရည်ရွယ်ချက် အမျိုးမျို းရှိနိုင်ပါသည် ။ ကောင်းစေလို၍ ဝေဖန်ခြင်း နှင့် ကဲံ့ ရဲ ့ အပြစ်ဆိုလို၍ ဝေဖန်ခြင်း ဘယ်ဝေဖန်ခြင်းက မှန်သလဲ…။

ကောင်းစေလို ၍ ဝေဖန်ခြင်းသည် အပြုသဘော ဖြစ်သည် ။ ကဲ့ရဲ ့ အပြစ်ဆိုလို၍ ဝေဖန်ခြင်းသည်…

အပျ့က်သဘော ဖြစ်ပါသည် ။

အပြုသဘောနှင့် အပျက်သဘော ( အပေါင်း + နှင့် အနှုတ် – ) သာဖြစ်ပါသည် ။

အဲဒါ “အမှန်တရား ” မဟုတ်သေးပါ ။

အဖြေမှန် မထွက်နိုင်သေးပါ ။

အနုပညာ ပစ္စည်း တစ်ခု (သို ့မဟုတ် ) လူတစ်ယောက် ( သို ့မဟုတ် ) နိုင်ငံ တစ်နိုင်ငံ ..လူ ့အဖွဲ ့အစည်းတစ်ု..ကို ဝေဖန်ရာတွင်…

ထိုအရာ ၏ ” အရှိတရား နှင့် ရှိမှု ဆိုင်ရာ…အမှန်တရား ၏ တန်ဖိုး” ကို တိတိကျကျ

ခွဲ ခြား..စိတ် ဖြာ….လိုသော ရည်ရွယ်ချက်…။

ထို ” အမှန်တရားကို လိုလားသော ရှည်ရွယ်ချက်” ဖြင့် ဝေဖန်မှသာ..အဖြေမှန် ..ထွက်နိုင်ပါသည် ။

( ကျွန်တော့် အယူအဆ သာ ဖြစ်ပါသည် ။

ကျွန်တော် တွေး / သိ သလောက် ကို ကျွန်တော် ပြောခြင်းသာ ဖြစ်ပါသည် ။

ကျွန်တော် ပြောသလောက်ကို ကျွန်တော် တာဝန်ယူပါသည် ။ )

အမြင် မတူသူများ…ဆက်လက် ဆွေးနွေးကြပါ ..။

_________________________________
၄ ။။ ။။

ကျွန်တော် ပြောခဲ့သမျှကို ပြန် ချုပ် ပါဦးမည် ။

၁ ။ ။ အနုပညာဝေဖန်ရေးသည်…. တစ်ချက် တိမ်းစောင်း သွားရုံဖြင့်

နောင်တ ကြီးကြီး ရသွားနိုင်သည် အထိ အရေးကြီးသော…

ခက်ခဲ / နက်နဲသော ပညာရပ် ဖြစ်ပါသည် ။

၂ ။။ ။ ဝေဖန်သူသည်…. အနုပညာ ပစ္စည်း နှင့် အနုပညာရှင် ၊ အနုပညာ ဖန်တီးသူ

( ကဗျာနှင့် ကဗျာဆရာ ) ကို ရောထွေး ၍ မဝေဖန်သင့် ။

၃ ။ ။ ဝေဖန်သူတွင်… တိကျ ၍ စနစ်တကျရှိသော သီဝရီများ ၊ စံ ၊( ပေတံ ) များ…ရှိရမည် ဆိုသော်လည်း ….

တရားသေ သဘောတရားများဖြင့် ပုံသေ မတိုင်းတာ သင့် ။

၄ ။ ။ ဝေဖန်သူ ကိုင်စွဲထားသော စံများ / ပေတံများ..ကို စွန့် လွှတ် ပြီး.. ကြည်လင်သော နှလုံးသားဖြင့် ပေါင်းစည်းကြည့်မှ မြင်နိုင်သော အနုပညာ လက်ရာများ

ယခုအခါတွင်.ပေါ်ပေါက် လာပြီး ဖြစ်ကြောင်း….

၅ ။ ။ အရာ တစ်ခုကို ဝေဖန်ရာတွင် ……..ထိုအရာ ၏ အရှိတရား…./ အမှန်တရားကို

( မြင်သာ ထင်သာ ရှိအောင် ) ခွဲ ခြား ..စိတ် …ဖြာ.. ဝေဖန်ပြမှသာ…

မှန်ကန်သော ဝေဖန်ခြင်း ဖြစ်ကြောင်း….

__________________________________________-

၅ ။။ ။။

နိဂုုံး အနေနှင့်…..

ပြောခဲ့ပြီးသော စကား ( ၂ ) ခွန်းကိုသာ ပြန်ပြောပါမည် ။

( ၁ ) သူ ့ဘက် ကမ်းက မီး… ဘယ်လောက် လင်းသလဲ..သိချင်လျှင်..

ကိုယ့် ဘက် ကမ်းက မီးကို ..မှိတ်ကြည့်ရပါမည် ။

( ၂ ) ကျွန်တော့် အယူအဆ သာ ဖြစ်ပါသည် ။

ကျွန်တော် တွေးလို ရသလောက် ( ဉာဏ်မီ သလောက်ကလေးပေါ့လေ ) ၊ သိ ထားသလောက် ကိုသာ တင်ပြ ခြင်း ဖြစ်ပြီး..

ကျွန်တော် ပြောခဲ့သလောက်ကို လည်း..တာဝန်ယူပါကြောင်း. ။ သိ ထားတာ ထက် ပို ၍ ပြောမသွားပါကြောင်း ..

ထို ့ပြင်……. ကျွန်တော့် ထက် တတ် ၊ သိ ..သူများ က အနုပညာ အကြောင်း ပြောဆိုဆွေးနွေး.စေလိုပါေြ့ကာင်း

ပြောလာ လျှင်လည်း..လေးစားစွာ နာယူ မှတ်သားမည် ဖြစ်ပါကြောင်း……

_______________

လေးစားစွာဖြင့်….

” အလင်းဆက်”
23 / 6 / 2012 / 11 : 30 am

alinsett.art@gmail.com

4 comments

  • စိန်ဗိုက်ဗိုက်

    June 24, 2012 at 2:25 pm

    ဆတ်ဆတ်ရေ
    လက်မလေးထောင်ပြီးအားပေးသွားပါတယ်..
    ဝေဖန်တယ်ဆို တယ်မလွယ်လှဘူးလို ့ထင်ပါတယ်..
    အဝေဖန် မတတ်ရင် သမိုင်းမှာ နာမည်ဆိုးဂျီးကန်ခဲ့မှာကိုးဗျာ..
    တယ်မလွယ်လှပါဘူး..

    ကိုယ့်ဘက်ကမ်းက မီးလေး ပိတ်ပြီး လေ့လာသွားဒယ်ဗျား..

  • အလင်းဆက်

    June 24, 2012 at 6:36 pm

    စိန်ဗိုက်ဗိုက်ရေ.. လက်မ ထောင် အားပေးလို ့ကျေးဇူးပါ ။ တွေးမိသလောက်လေးနဲ ့ရေးကြည့်တာပါဗျာ.။

    ဝေဖန်ရေးသမား…အကြောင်း တစ်ခါ ရေးခဲ့ ဖူးတဲ ့ ပိုးက မသေသေးလို ့ အခု အပိုင်း ( ၂ ) အဖြစ် ဆက် ရေးဖြစ်သွားတယ်.

    အားလုံးကို ခင်မင်လေးစားလျက်…

  • စိန်ဗိုက်ဗိုက်

    June 24, 2012 at 6:47 pm

    ဆက်ဆက်ရေ..
    ရှင်သန်တာလေးတွေ ကျန်သေးရင် ဆက်ရေးပါဦး..

  • အလင်းဆက်

    June 24, 2012 at 6:54 pm

    ဆက်ဆက် တဲ ့…။ ခေါ်လိုက်ပုံလေးက သင်း…နေတာပဲ.။

    ဗိုက်ဗိုက်ရေ..
    ပိုးတွေ က မသေသေးတာတွေ ရှိသေးတယ်ဂျ ။

    ပိုး မသေသ၍ ဆက်ရေးနေမှာပါနော် ။

    ခင်မင်စွာ..

Leave a Reply