ကျတော်မမြင်ခဲ့တဲ့အချစ်

anybodyJune 24, 20121min15613

(ရင်ဖွင့်ခွင့်လေးပေးကြပါ)တကယ်တော့ အချစ်ကမြင်နိုင်တဲ့အရာမဟုတ်ပါဘူး အချစ်ဆိုတာ စိတ္တဇနာမ်ဖြစ်နေလို့ပါပဲ သို့သော်တစ်မျိုးတစ်ဖုံမြင်နိုင်တယ် အဲဒါကခံစားမှုဆိုတဲ့အရာပါပဲ။ကျတော်တို့ချစ်သူနှစ်ယောက် လွန်ခဲ့တဲ့ရက်အနည်းက အနည်းငယ်အဆင်မပြေမှုလေးတွေဖြစ်ခဲ့တယ်။သောကြာနေ့ဖုန်းပြောဖြစ်ခဲ့တယ် (ဒီနေ့ သောကြာနေ့ မင်းဆီကိုဖုန်းဆက်ရမယ်ဟေ့ မနက်ဖြန်စနေနေ့ မင်းနဲ့ငါဆုံမယ်ဟေ့)ဆိုတဲ့အတိုင်းပဲ ချစ်သူနဲ့တွေ့ချင်တဲ့အကြောင်းပြောခဲ့တယ် ဒီနေ့ သောကြာနေ့က သူပင်ပန်းတယ်ပေါ့ မနက်ဖြန်မတွေ့တော့ဘူး၊နောက်စကားတစ်ခွန်းက မတွေ့ချင်တော့ဘူးဆိုတာပါပဲ။ကျတော်ဘယ်လိုခံစားရမလည်း ဝင်ပြီးခံစားကြည့်နော် ညနေပိုင်းအချိန်လေးတော့တွေ့ချင်ခဲ့တယ်လေ တစ်နေ့လုံးနားလိုက်ပေါ့။ဒီလိုနဲ့ကျတော်ချစ်သူနဲ့တွေ့ခွင့်မရတဲ့အတွက် စိတ်အရမ်းဆိုးသွားတယ် အဲဒါနဲ့ပတ်သက်လို့ စကားတွေများခဲ့ရတော့တာပေါ့ အာလပ်ရက်လေးမှာ ချစ်သူနဲ့ကြည်ကြည်နူးနူးလေးနေချင်တဲ့စိတ်ကလွန်ကဲမှုကြောင့်ပါပဲ။အဆင်မပြေမှုတွေကြောင့် အရက်တွေကျတော်သောက်ဖြစ်ခဲ့တယ် နောက်တစ်ရက် တနင်္ဂနွေမှာလည်းအလုပ်ကိုမသွားနိုင်တော့ပါဘူး ဘာမှမလုပ်ချင်တော့ဘူး ချစ်သူပဲလိုအပ်တယ် ကျတော်အဲလိုမျိုးစွဲလန်းနေပြီ။ ကျတော်တို့တွေ ကြည်ကြည်နူးနူးနဲ့အတူမဆုံရတဲ့နေ့တွေ ရက်ပေါင်း(20)လောက်ရှိသွားခဲ့ပြီလေ ကျတော်တွေ့ချင်တာမလွန်ပါဘူး။နေ့စဉ်မကြာမကြာမလွတ်မလပ်တော့မြင်တွေ့ရပါတယ် ဒါပေမဲ့ခံစားလို့မရဘူးလေ ကိုယ့်မှာလည်းအလုပ်တွေနဲ့ သူ့မှာလည်းအလုပ်တွေနဲ့လေ။အချိန်တွေကြာစိတ်တွေဆိုးခဲ့ကြပေမဲ့ ရင်ဘက်ထဲမှာတမ်းတမ်းတတရှိနေတာဟာ ကျတော်မမြင်လိုက်တဲ့အချစ်ပါပဲ။ ကျတော်အရက်တွေသောက်တာ သူအရမ်းမုန်းတယ် ကျတော်လည်းအမြဲတမ်းမသောက်ပါဘူး။လူမှုရေးအရ ပွဲတစ်ခုခုရှိမှပါ။ဒီလိုနဲ့ဆက်ပြောရမယ်ဆို ကျတော့်ချစ်သူကို mail account တစ်ခုဖွင့်ပေးထားတယ် အပြင်ရောက်နေတဲ့သူငယ်ချင်းတွေနဲ့အဆက်အသွယ်လုပ်ပြီး စကားပြောခွင့်ရစေချင်လို့ပါ။ ချစ်သူက အင်တာနက်ပေါ်မှာ ဘာမှတော့မဟုတ်ပါဘူး ချက်ရွန်းထဲက မိတ်ဆွေတွေရှာပါတယ် ပြီးတော့ ထုံးစံအတိုင်းတစ်ခြားစကားတွေလက်ခံပြောတယ် အိမ်၊ရုံး ဖုန်းနံပါတွေပြောတာတွေ ကျတော်သိလာတယ် အွန်လိုင်မှာ ချစ်သူရည်းစားလိုလိုပြောတာတွေဖြစ်လာရပါတယ် ကျတော်သေလောက်အောင်မုန်းတဲ့အလုပ်ပါ ဘယ်သူလက်ခံနိုင်ပါသလဲ ကျတော်တော့ ကိုယ့်ချစ်သူကို အဲလိုဖြစ်နေတာ တွေ့နေတာ လမ်းမှာနေတာတွေကိုသိလိုက်ရတော့ အရမ်းဝမ်းနည်းတယ် အရမ်းပေါက်ကွဲတော့တာပေါ့ အမှတ်တမဲ့ကနေ ….ဘာတွေဆက်ဖြစ်မလည်းဆိုတာ ကျတော်မတွေးရဲတော့ပါဘူး ကျတော်ချစ်သူကို ဆုံးရှုံးရမှာအရမ်းကြောက်မိပါတယ် ကျတော်သဝန်တိုတယ်ဆိုတာအလွန်အကျူမဟုတ်ပါဘူး။အင်တာနက်ပေါ်က ချက်ရွန်းဆိုတာ သိကြတဲ့အတိုင်း ညာတာပတေးများလွန်းလှတာကို အားလုံးမဟုတ်ပါဘူး တစ်ချို့ အကျိုးရှိမှုတွေလည်းအများကြီးရှိပါတယ် တကယ်တော့အင်တာနက်ဆိုတာ အဆင်တန်းရှိတဲ့အရာပါ လိုချင်တာသိချင်တာတွေရှာဖွေရရှိနိုင်သလို စီးပွားရေးတွေအတွက်အများကြီးအထောက်ကူပြုတဲ့အရာပါ။ကိုယ့်ချစ်သူကို ယခုလိုလမ်းလွဲပြီးမသွားစေချင်ဘူး မမြင်မတွေ့ရတဲ့သူကို ယခုလိုဆက်သွယ်ပြောဆိုနေတာတွေကို ကျတော်ခွင့်မလွတ်နိုင်ခဲ့ဘူးလေ။ ချစ်သူအကောင့်ရဲ့ password က ကျတော်တို့ချစ်နှစ်ယောက်အမှတ်တရလေးပါ ညနေပိုင်းမှာ ချစ်သူအဲလိုတွေပြောနေတာသိလိုက်ရတော့ ကျတော်စိတ်အရမ်းညစ်သွားတယ် ကျတော်နောက်အလုပ်တစ်နေရာရောက်တော့ ချစ်သူ chat history ကိုကြည့်မိတော့ တော်တော်လေး စိတ်ညစ်ခဲ့ရတာပေါ့ အဆိုးရွားကြီးတော့မဟုတ်ပါဘူး ဖုန်းနံပါတ်တွေပေးထားတယ် ဖုန်းအဆက်သွယ်တွေလုပ်ထားတာတွေတွေ့လိုက်ရတော့ ကျတော်ရင်ဘက်တွေ ခေါင်းတွေ ဆူပွက်နေရတော့တာပါပဲ ဒါနဲ့ ကျတော် ချစ်သူအကောင့်ကိုဖွင့်ပြီး သူနဲ့ပတ်သက်သမျှှတွေကို ပြောခဲ့မိတယ် ဒါငါ့မိန်းမအကောင့် ပေါ့ဗျာ မပက်တော့အောင် အဲလိုပြောချင်လို့တော့မဟုတ်ပါဘူး ဘာမဟုတ်တဲ့ဟာတွေဆိုတာကျတော်သိပါတယ် နောက်တစ်ခု ကျတော်လုပ်မိတာက ကာစတမ်မက်စေ့မှာ Fuck ဆိုပြီးရေးထားမိခဲ့တယ် အဲဒါကလည်းချက်ရွန်းထဲကလူတွေနဲ့ကျတော်ချစ်သူဖုန်းအဆက်သွယ်ဘယ်လောက်ရလဲဘယ်လိုမြန်လဲသိချင်လို့ပါပဲ ကျတော်ကတော့ချစ်သူကိုချစ်တဲ့စိတ်နဲ့ရိုင်းသလိုဖြစ်သွားတော့တာပေါ့။သေချာတာပေါ့ ချက်ရွန်းထဲကငနဲ့တွေကျတော်ချစ်သူဆီဖုန်းဆက်ပြောတော့တာပေါ့ အဲဒီလူတွေကကျွန်တော့်ချစ်သူရဲ့မိတ်ဆွေအရင်းတွေမဟုတ်သလိုငယ်ငယ်ကပေါင်းခဲ့တဲ့သူငယ်ချင်းတွေလည်းမဟုတ်ခဲ့ပါဘူး ချစ်သူကအဲထဲကလူတွေတိုင်ပြောတော့ ကျတော့်ကိုအပြစ်မြင်ပြန်တယ် အဲဒီအချိန်မှာလည်းကျတော်အရမ်းပေါက်ကွဲခဲ့တာပေါ့ ကျတော့်ချစ်သူကကျမချစ်သူပါ ချစ်သူရှိပါတယ်မပြောခဲ့လို့ ဖုန်းနံပါတ်တွေပေးပြီးဆက်သွယ်ခဲ့လို့ ဒီလိုမဖြစ်သင့်တာတွေဖြစ်ခဲ့ရတာပေါ့ ကျတော့်အပေါ်ကိုယ်ချစ်တဲ့သူက ဒီလိမျိုးဖြစ်နေရင်ကျတော်ဘယ်ရင်ဘက်နဲ့ခံနိုင်မှာလည်း ချက်ရွန်းထဲကလူကို ကျမချစ်သူပါလို့မပြောပဲ ကျမဆရာပါ ပြောခဲ့တော့ဖြစ်ကုန်ပြီပေါ့ အစောကတည်းရှင်းခဲ့ရင်အားလုံးရှင်းပါတယ်။တကယ်တော့ကျတော့်ချစ်သူက ဘာစိတ်နဲ့မှမဟုတ်ပါဘူး။ချက်ရွန်းကဟာ ချက်ရွှန်းမှာထားခဲ့ရင်တောင်အခုလို စိတ်တွေမဆင်းရရပါဘူးချစ်သူရယ် ဖုန်းတွေအဆက်သွယ်လုပ်ခဲ့တော့ ဒီကောင်ရူးပြီပေါ့။ဒီလိုနဲ့ ကျတော်တို့တွေအချိန်အခိုက်တန့်စိတ်ညစ်ရတော့တာပေါ့ အရမ်းခံစားရခဲ့တယ်။နောက်တစ်ရက်ခါမှာတော့ အဲဒီချက်ရွှန်းထဲကလူတွေအကြောင်းလာပြောပြတယ် သူကကုမ္ပဏီက ဘာညာပေ့ါ ဒါပေမဲ့ချစ်သူကသူကုမ္ပဏီကဟုတ်မဟုတ်ဆိုတာလည်းသေချာမသိဘူး ဘယ်သူဘယ်ဝါဘယ်မှာနေတယ်အိမ်ထောင်ရှိမရှိဘာမှမသိပါဘူး ဒီလိုနဲ့အဲဒီတစ်ယောက်ကိုလည်း ကျတော့်ကိုတောင်းပန်ခိုင်းခဲ့တယ် ကျတော်တောင်းပန်ပေးခဲ့ပါတယ် ကျတော်ကျတော့်ချစ်သူကိုအရမ်းချစ်လို့ပါဘူး ကျတော့်မာနတွေ စိတ်ဓါတ်တွေအားလုံးအမှိုက်ပုံးထဲရောက်ကုန်တော့တာပါပဲ ဘယ်သူဘယ်ဝါမှန်းမသိ တစ်ခါမှမမြင်မတွေ့ဘူးတဲ့သူတစ်ယောက်ကို အဲဒီလိုဖြစ်တဲ့ပြသနာမှာ ကျတော်ပဲတောင်းပန်ပေးခဲ့ပါတယ် ကျတော်ချစ်သူပေါ်မှာကျတော်ဘယ်လောက်ချစ်တယ်ဆိုတာကိုမမြင်ခဲ့တဲ့ချစ်ခြင်းတွေပေါ့။ကျတော့်ချစ်သူကိုပြောထားပါတယ် အရင်ကလည်းပြောထားခဲ့ပါတယ် ဒီလိုမျိုးတွေမကြိုက်ဘူးမလုပ်ပါနဲ့ဆိုတာမျိုးတွေပါ ချစ်သူကိုလည်းတောင်းပန်ခဲ့ပါတယ်။ချစ်သူစိတ်ညစ်မှာကြောက်ပေမဲ့ ဒီလိုမျိုးတွေ ခွင့်မလွတ်နိုင်တာ ယောက်ကျားတိုင်းပါပဲ။ကျတော်မြင်နေပါပြီ ကျတော်ချစ်သူကိုကျတော်အရမ်းချစ်ခဲ့ပြီ။

13 comments

  • ညလေး

    June 24, 2012 at 2:04 pm

    ဒီထက်မကလည်းချစ်နိုင်ကြပါစေနော်……..
    ဪ.သူများတွေချဉ်လိုက်ချိုလိုက်……
    ချစ်သူ.ဘဝကချိုချဉ်လိုလား…….
    မညိုညင်ရင်တော့…ချိုတယ်……
    မလိုချင်တော့ရင်……ချဉ်တယ်……
    ငါကော..အချိုကြိုက်လား…….အချဉ်လား…..
    မသိမသိ…ဂွမ်းတယ်…10ယူသွားပြီနော်…..

    • မဟာရာဇာ အံစာတုံး

      June 24, 2012 at 2:24 pm

      ညလေး အချိုကြိုက်ရင်
      ကိုယ်က အချိုဆုံး ပျားရည်လေး ဖြစ်ပါရစေ …
      ညလေး အချဉ်ကြိုက်ရင် ..
      ကိုယ်က ညလေးအတွက် အကောင်းဆုံး အချဉ်လေး ဖြစ်ပါရစေ ..
      စေ .. စေ .. စေ …
      (ဟိုလူဒွေ မလာခင် … အရင် ကြောင်ထားရတာ ..)
      😀

  • water-melon

    June 24, 2012 at 6:10 pm

    တော်သေးတာပေါ့
    ရွာဇရပ်အကောင့်မဟုတ်လို့
    ဟီး

  • ညလေး

    June 24, 2012 at 6:13 pm

    ဇရပ်ထဲမှာ…ဖြဲဖြဲ…..ရေငါးလေးနဲ…ချိုတာလား…….ချဉ်တာလား.
    ချိုချိုချဉ်ချဉ်လား…..

    • water-melon

      June 24, 2012 at 6:14 pm

      ဟဲ့ဟဲ့ ဘာတွေဖွနေတာလဲ
      ရှက်လိုက်တာတော်
      အဟီ

  • johnphyo paing

    June 24, 2012 at 6:26 pm

    ကိုယ် ့ချစ်သူ ချက်တင်းတာမကြိုက်ရင်………
    ထမီတို ့ဘောင်းဘီတို ့တင်းတင်းမဝတ်ခိုင်းနဲ ့

  • ဖိုးထောင်

    June 24, 2012 at 7:15 pm

    အော် ဒုက္ခဒုက္ခ ချက်တင်ဒုက္ခ တို့ကတော့ရှင်းတယ် ယောကျင်္ားလေးအကောင့်ဆို လက်ကိုမခံတာ

  • မောင်ပေ

    June 24, 2012 at 7:32 pm

    “ကျတော်” ဆိုတဲ့ သုံးစွဲပုံလေးကို သဘောကျမိပါတယ် ဗျား။

  • snow white

    June 25, 2012 at 3:22 pm

    ကောင်းပါတယ် အင်တာနက်ဇာတ်လမ်းလေးတွေ ဆိုဖတ်ရတာ ကြိုက်ကိုကြိုက်တယ်အားပေးသွားပါတယ်နော် တကယ်ချစ်တဲ့သူနဲ့လည်းပေါင်းဖက်နိုင်ပါစေနော် ။

  • mamanoyar

    June 25, 2012 at 3:31 pm

    တကယ့်အချစ်စစ်မှန်ရင် မလွဲနိုင်ပါဘူး
    သူလဲနားလည်မှာပါ

  • အရင့်ရောင်

    June 25, 2012 at 4:03 pm

    ငါချင်းစာပါတယ်………….
    ဟိဟိ

  • ခပ်မိုက်မိုက် ကောင်မလေး

    June 25, 2012 at 4:04 pm

    တွေ့ချင်တာမလွန်ပါဘူး…
    ရက်ပေါင်းအတော်ကြာအောင်..
    ကိုယ့်ကို ပစ်ပယ်ထားတဲ့သူတွေကို…
    အဲ့လောက်ထိ မလွမ်းလောက်ပါဘူးလေ..
    ချစ်ခဲ့တုန်းကလည်း ရိုးသားစွာချစ်ခဲ့တာပဲ..
    ကိုယ့်အပေါ်သက်ရောက်မှုက မှန်တစ်ချပ်လိုပါပဲ….
    မိုက်လေး..တော့အဲ့လိုပဲယူဆိမိပါတယ်..
    မလွမ်းလောက်ပါဘူးပေါ့..။

Leave a Reply