အဲလိုဖခင်မျိုးရှိသင်.တယ်….နော်………

cum minJune 24, 20121min18412

ဟာသလေးပါ…ရယ်သောသူသည်အသက်ရှည်တယ်လိုပြောလို…ရွာသားတွေရှည်အောင်လို.(အသက်နော်)…တင်ပေးလိုက်ပါတယ်……. အားကျပြီးတော ခင်ဗျတို့အဖေတောသွားပြောမပြနဲနော်…….အနော်ကို..ဆဲနေပါမယ်…….. ဖခင်။ ။ သားရေ.. အဖေ မင်းကို မိန်းမပေးစားမလို့ စီစဉ်နေတယ်ကွ။
သား။ ။ ကျုပ်က ကိုယ့်ကြိုက်တဲ့လူပဲ ကိုယ်ယူမှာ ဗျ။
ဖခင်။ ။ နေအုံး သား… ကောင်မလေး က ဘီလ်ဂိတ် သမီးကွ။
သား။ ။ အော် ဒီလိုလား… အဖေ့ စကားနားထောင်လိုက်ပါမယ်။

ထို့နောက် ဖခင် သည် ဘီလ်ဂိတ် ထံသို့သွား ပြီး….
ဖခင်။ ။ ခင်ဗျား သမီးအတွက် အင်မတန်သင့်တော်တဲ့ ကောင်လေးတစ်ယောက်တွေ့ထားတယ်။
ဘီလ်ဂိတ်။ ။ ကျွန်တော့် သမီးလေး က ငယ်ပါသေးတယ်ဗျာ။
ဖခင်။ ။ နေအုံး… ဟိုကောင်လေး က ကမ္ဘာ့ဘဏ် လက်ထောက် ဥက္ကဌ ဗျ။
ဘီလ်ဂိတ်။ ။ အာ.. ဒီလိုဆိုတော့လဲ လက်ခံရမှာ ပေါ့ဗျာ။

နောက်ဆုံးတွင် ဖခင်သည် ကမ္ဘာ့ဘဏ် ဥက္ကဌ ထံသို့သွားသည်။
ဖခင်။ ။ ဥက္ကဌ ကြီးခင်ဗျား… လစ်လပ်နေတဲ့ လက်ထောက်ဥက္ကဌ ရာထူးအတွက် အထူးသင့်တော်တဲ့ သူငယ်လေးတစ်ယောက် တွေ့ထားပါတယ်။
ဥက္ကဌ။ ။ကျွန်တော်မှာ လိုအပ်တာထက် အဲဒီရာထူးအတွက် လိုအပ်တာထက်တောင် ပိုများနေပါတယ်။
ဖခင်။ ။ နေအုံး.. ဒီသူငယ်လေးက ဘီလ်ဂိတ်ရဲ့ သားမက်ကလေးဗျ။
ဥက္ကဌ။ ။ ဒီလိုလား… ရပါတယ်။

သင့်လက်ထဲမှာ ဘာမှမရှိလဲ သင့်မှာ positive attitude ရှိရင်… သင်ဖြစ်ချင်တာတွေ ဖြစ်လာပါလိမ့်မယ်။

12 comments

  • စိန်ဗိုက်ဗိုက်

    June 24, 2012 at 3:04 pm

    ကျုပ်က သဂျီးတူဗျ
    အဲတော့…..

    • မဟာရာဇာ အံစာတုံး

      June 24, 2012 at 4:12 pm

      အဲ့ဒေါ့ ..
      နင့်ကို သဂျီးက ခေါ်နေဒယ် ..
      သူ့ပိုက်ပိုက် ဗက်သွားလို့ ဆိုပဲ …

    • စိန်ဗိုက်ဗိုက်

      June 24, 2012 at 4:05 pm

      ဒါဆို ဘင်ဂါလီသမီးနဲ ့ပေးဇားမယ်
      😀

  • water-melon

    June 24, 2012 at 4:46 pm

    တားတားက သူဂျီးတူမ ချစ်သူဗျ
    အဟီ

  • Shwe Tike Soe

    June 25, 2012 at 10:50 am

    အော်ကောင်းလိုက်တဲ့ အဖေ
    ဒီဟာလေးကို ဖတ်ရတော့ တခုခုကို ရလိုက်သလို ပါပဲ……. မိုက်တယ်ဗျာ…

  • ဘဲဥ

    June 25, 2012 at 12:36 pm

    တားတားက ……………..ရဲ့ ………… ဗျ အဟီး 😳

  • mamanoyar

    June 25, 2012 at 12:42 pm

    ကွက်လပ်ဖြည့်လိုက်မယ်နော် ကိုဘဲဥ
    ဗေလုဝရဲ့ တစ်ဦးတည်းသော ရုပ်တူသူလေးပါလို့
    စတာနော် ….

  • Phaung Phaung

    June 25, 2012 at 3:35 pm

    တော်လိုက်တဲ့အဖေနော်…အိုင်ကျူကတော့ မြင့်လိုက်တာ။ ချီးကျူးပါတယ်… ချီးကျူးပါတယ်။

  • snow white

    June 25, 2012 at 3:47 pm

    အပေါ်စာမရယ်ရဘူး comment ပေးတဲ့စာလေးတွေဖတ်ရတာ ရယ်ရတယ် မန်းဂေဇက်က ရွာသူ/သားတွေ မောင်နှမတွေ ကပျော်ဖို့ကောင်းတယ် တယောက်နဲ့တယောက် စနောက်ပျော်ပါးနေကျတာ တကယ်ချစ်စရာ့မြန်မာ မောင်နှမတွေပါဘဲ ။

Leave a Reply