ရဟန်းသံဃာတွေ ရှောင်ကြဉ်ရမယ့် အနေသန(၂၁)ပါး

နွေဦးJune 24, 20121min1536

ရဟန်းသံဃာတော်များသာမက သာမဏေများအဖို့ အနေသန (၂၁) ပါးကို ရှောင်ကြဉ်ရန်

အရေးကြီးပါသည်။

အဆိုပါ အနေသန (၂၁) ပါးမှာ …

၁။ အံဖွယ်ဖြစ်အောင် ပြောဆိုနေထိုင်ခြင်း။

၂။ လာဘ်ရအောင် မြှူဆွယ်ပြောဆိုခြင်း။

၃။ တစ်ဦးလှူဒါန်းထားသည်ကို တစ်ဦးအားသိစေခြင်း။

၄။ သူတစ်ပါး၏ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုခြင်း။

၅။ တစ်နေရာမှရသောပစ္စည်းကို အခြားတစ်နေရာသို့ ပေးခြင်း။

၆။ သစ်သားပေးခြင်း၊ ဝါးပေးခြင်း။

၇။ သစ်ရွက်၊ ပန်းပွင့်၊ သစ်သီးပေးခြင်း။

၈။ ဆပ်ပြာ၊ မြေညက်ပေးခြင်း။

၉။ မိမိကိုယ်ကို နှိမ့်ချ၍ပြောခြင်း။

၁၀။ အမှန်နည်းပါး အမှားများသောစကားကိုဆိုခြင်း။

၁၁။ မျက်နှာသစ်ရေ၊ ဒန်ပူပေးခြင်း။

၁၂။ ကလေးထိန်းပေးခြင်း။

၁၃။ မပင့်ဖိတ်ဘဲ အိမ်တွင်းသို့ဝင်ရောက်ခြင်း။

၁၄။ မြေနေရာ ကောင်း၊ မကောင်း ရွေးပေးခြင်း။

၁၅။ မဂ်ဖိုလ်မှ ဖီလာအတတ်ကို သင်ပေးခြင်း။

၁၆။ အင်္ဂဝိဇ္ဇာဟောခြင်း၊ ဗေဒင်ဟောခြင်း။

၁၇။ နက္ခတ်ရွေးပေးခြင်း။

၁၈။ လူတို့၏ ခိုင်းစေမှုကို ခံယူခြင်း။

၁၉။ ဆေးကုပေးခြင်း။

၂၀။ ဆွမ်းတုံ့ပေးခြင်း။

၂၁။ မိမိအား လှူထားသောပစ္စည်းကိုပေးခြင်း။

စသည်တို့ ဖြစ်ကြသည်။

ရဟန်းသံဃာဖြစ်လာကြလျှင် “အနေသန”ကို ရှောင်ကြဉ်ရပါမည်။

အနေသနဟူသည် မရှာမှီးအပ်သော အခြားအရာဖြင့် ရှာမှီးခြင်းဖြစ်၏။

ရှင်းစွာဆိုရလျှင် ဒကာ၊ ဒကာမများ မိမိအပေါ်ဝယ် လာဘ်လာဘများ

သွန်းဖြိုးလာစေရန် မအပ်စပ်သော လာဘ်ခေါ်သည့် အပြုအမူ၊ အလုပ်အကိုင်များ

ဆောင်ရွက်ခြင်းပင် ဖြစ်လေသည်။

 

 

6 comments

  • နွေဦး

    June 24, 2012 at 1:58 pm

    ကွန်နက်ရှင်က မကောင်းတော့ ခေါင်းစဉ်ကျန်ခဲ့ပါတယ်..
    ဖြည့်ပေးကြပါ..
    ခေါင်းစဉ်က
    “ရဟန်းသံဃာတွေ ရှောင်ကြဉ်ရမယ့် အနေသန(၂၁)ပါး” ပါ။

  • မဟာရာဇာ အံစာတုံး

    June 24, 2012 at 2:39 pm

    ခုခေတ်ကြီးက
    ဆုတ်ခေတ်ကြီးဆိုတော့လည်း …
    ကျုပ်တို့မှာ သင်္ကန်းကို မြင်ရတာတောင် ကံကောင်းလှတယ်လို့ မှတ်ရမယ်ဗျို့ ..
    နောက်များမှာ သင်္ကန်းစလေးကို နားကပ်အဖြစ် တပ်ဆင်ထားတဲ့ လူကိုတောင် ရဟန်းလို့ သတ်မှတ်ရဦးမယ်ဆိုပဲ ….

  • စိန်ဗိုက်ဗိုက်

    June 24, 2012 at 2:51 pm

    စည်းကမ်းတကျ နေထိုင်ဖို ့ တယ်မလွယ်လှပါဘူးနော်..

  • ဦးဦးပါလေရာ

    June 24, 2012 at 5:12 pm

    အင်း…. ကိုယ့်ပေါင် ကိုယ်လှန် မထောင်းတော့ပါဘူးကွယ်….

    အခုတလော သူများထောင်းနေတာနဲ့တင် ဖွတ်ဖွတ်ကြေနေပြီ…. 😀

  • ဇောက် ထိုး

    June 24, 2012 at 6:16 pm

    ၁-ဘုန်းဘုန်းတို့က တရားတွေဘယ်လိုအားထုတ်ခဲ့တာ။ စာတွေ ဘယ်လိုသင်ခဲ့ရတာ။
    ၂- လှူမှ တန်းမှ ကိုယ့်နောက်ပါမှာ မဟုတ်လား။ နတ်ပြည်မှာဆိုတာ တဖက်ကို ၅၀၀.. နော်။
    ၃-ဟို ဒကာ မောင်ဇောက်ထိုးက သိန်းပေါင်းဘယ်လောက် ဘုန်းကြီးကိုလှူထားပါတယ်။
    ၄- အမလေး ဒကာဗိုက်ရယ်.. အဲဒီကိုယ်တော်က ဘာမှမဟုတ်ဘူး။ လုပ်စားနေတာ။
    ၅-ရော့ရော့ ဒကာဗိုက် ယူသွား။ ဒီ စတီးဂျိုင့်လေးက ဘုရားပွဲက ရလာတာ။
    ၆- ရော့ရော့ ကျောင်းက အသားယူသွားကြ။
    ၇-ရော့ ဒါကျောင်းက အုန်းပင်က အုန်းသီး။ အလွန်ချိုဗျာ
    ၈-ရော့ မိုးယုံစံ… ဒါက မွှေးဆပ်ပြာခဲလေး. မွှေးမှမွှေး
    ၉-ဦးဇင်းတို့ကလေ.. ဒကာတွေလှူမှ ရမှာမဟုတ်လား။
    ၁၀-အော်မလေး ဦးဇင်းတို့က တရားကို တနေကုန် အားထုတ်ခဲ့တာ။ တရားပဲ လေ့လာပါတယ်ဗျာ။
    ၁၁- မရှိရင် ဟိုဗီဒိုထဲမှာ သွားတိုက်တံနဲ့သွားတိုက်ဆေးရှိပါ့ပဲ. ယူသွားပါ့လား။
    ၁၂- လာသမီး ဘုန်းဘုန်းဆီလာခဲ့… ဟေး.. သမီးကချစ်စရာကြီးကွ…
    ၁၃- ဒကာမကြီး အိမ်ထဲလာခဲ့မယ်နော်။
    ၁၄- ဒီနေ့ မြေခံ မကောင်းဘူး။ အိမ်မဆောက်နဲ့။ ဒီနေရာက မြေက စိတ်မချရဘူး။
    ၁၅-ဒကာကြီးရဲ့ ဒီအပတ်ကတော့ အခွမှ အခွပဲ။
    ၁၆- လာဒကာမကြီး ဒီလိုစီးပွားတက်အောင်က သူရဇ္ဖ သောကြ ဗုဒ္ဓ ဆိုတော့
    ၁၇- ဒီနေ့က ဘာနက္ခတ်ဆိုတော့… အဲဒီအချိန်မှာ နက္ခတ်ကောင်းပဲ။
    ၁၈- ဒကာမကြီး မသွားနိုင်ရင် ဘုဉ်းဘုဉ်းသွားပေးလိုက်မယ်လေ။
    ၁၉- ရော့ဗျာ.. ဒီအေရောဂါလောက်တော့ အင်ဒရင်း နှစ်ပုလင်းသာသောက် သေချာပေါက်ပျောက်ဗျာ။
    ၂၀-ရော့ ဒကာကြီး ကျောင်းမှာ ဆွမ်းတွေပိုနေတာ ထည့်သွား။ ယူသွား။
    ၂၁- ရော့ ဒကာပေ. ဒါက ဦးဗိုက်က လှူထားတာ… ယူသွား အိမ်ကျမှသောက်….

Leave a Reply