အင်တာနက် Speed မြန်အောင်ဘယ်လိုလုပ်မလဲဆိုတော့……

cum minJune 24, 20121min14414

ရွာသားတွေအတွက်လိုအပ်မယ်ထင်လိုပါနော်……သိပြီးသားဆိုလဲခွင်လွတ်ကျပါနော………အင်တာနက်နှင့် အီးမေးလ် လက်တွေ့ အသုံးပြုနည်း စာအုပ်မှ (အကျဉ်းချုပ်) ကူးယူ ဖေါ်ပြပေးထားတာပါ။
အင်တာနက် အသုံပြုနေတာ user အများစုဟာ အင်တာနက်ဆိုင်တွေမှာပဲ သုံးနေကြတာ ဖြစ်တဲ့အတွက် ကွန်ပျူတာထဲမှာ ရှိတဲ့ ဖိုင်တွေစီတဲ့ အကြောင်းတွေ log ကျနေတဲ့ ဖိုင်တွေရှင်းပစ်တဲ့ အကြောင်း အရာတွေ ထည့်မရေးတော့ပါဘူး။
Network Connection Bandwidth ကို မိမိ ကြိုက်သလောက် ကြိုတင် သတ်မှတ်တာလောက်ပဲ ပြောသွားမှာပါ
ပတမဆုံး Start ကိုနှိပ်ပါ Run ကိုရွေးပါ Run Box ထဲမှာ gpedit.msc ကိုရိုက်ထည့်ပါ။ပြီးရင် OK နှိပ်ပါ။
Group Policy ဆိုတဲ့ box တစ်ခု ကျလာပါလိမ့်မယ်
Adminstrative Templates ဆိုတဲ့ စာတန်းလေးကို ရှာပြီး နှိပ်ပါ။
Network ကို နှိပ်ပါ
Qos Packed Sheduler ကို နှိပ်ပါ။
Limit reservable bandwidth ကိုနှိပ်ပါ။
Enable ကိုရွေးပြီး Bandwidth limit(%)ဆိုတဲ့ စာတန်းလေးရဲ့ ဘေးက box ထဲမှာ 50 လို့ ရိုက်ထည့်လိုက်ပါ။
ပြီးရင် Apply ကို နှိပ်ပြီး OK ကို နှိပ်ပါ။

Internet Speed မြန်သွားပါလိမ့်မယ်။

14 comments

  • စိန်ဗိုက်ဗိုက်

    June 24, 2012 at 2:55 pm

    Already finished.
    but,
    အရင်တိုင်းပဲဗျ
    😀

  • မဟာရာဇာ အံစာတုံး

    June 24, 2012 at 3:29 pm

    ကျနော်လည်း ..
    ထိုနည်း လည်းကောင်း ..
    ထိုနည်း လည်းကောင်း ..
    စီးပွားရေး .. အဲ .. အင်တာနက်ရေး အခြေအနေမကောင်းလို့ ..
    ရို့ .. ရို့ … (ဒုံရင်းပဲဗျ)
    😀

  • ဖိုးထောင်

    June 24, 2012 at 4:04 pm

    ဟ လိုက်လို့မမီတော့ဘူး ဗျို့ မြန်လိုက်တာ (စတာ လုပ်ကြည့်လိုက်ဦးမယ်) MPT က စပိကန့်သတ်ထားရင် ကောရနိုင်လားမသိ

  • water-melon

    June 24, 2012 at 4:08 pm

    လိုင်းကောင်းတဲ့ ဆော့ဝဲမျိုးစုံလည်းထည့်ဘူးပါတယ်ဂျာ
    အဲနည်းလမ်းစမ်းဘူးပါတယ်
    ဒီတိုင်းဘဲ အိုး အိုး 😆

  • မောင်ပေ

    June 24, 2012 at 8:09 pm

    သိပ်မထူးခြား လို ့နောက်တစ်နည်း ထပ်ပြောဗျား ။

  • ရွာစားကျော်

    June 24, 2012 at 8:45 pm

    အစကတည်းကမှ.. အဆင်မပြေတဲ့ ကိုယ်တို့ ဘဝပါ…%#@$ ^%$##

    သူများဆီက ၁ဝ မတ်ဂ် လောက် ပေးထားတာကနေ ကျသွားလို့ အဲလိုတွေ လုပ်တော့ကောင်းလာနိုင်တာပေါ့
    ဒို့ဆီမှာက ဟင်း ဟင်း ၁ဝ kbs လောက်ကို ဘယ်လိုတတ်မလဲ

    • ကြောင်လေး

      June 25, 2012 at 7:53 am

      မူရင်းကောင်းမှ မိတ္တူကောင်းမည်။
      အဲလေ…….. ဆိုင်သလားတော့သိဝူး။

  • naymyolinn

    June 24, 2012 at 10:27 pm

    သိပ်ပြီးမထူးခြားသလိုပဲ…ဘာပဲဖြစ်ဖြစ်ခုလိုပြန်shareပေးတဲ့အတွက်ကိုcum minကိုကျေးဇူးတင်ပါတယ်… 🙂

  • we R one

    June 25, 2012 at 9:06 am

    Myanmar Info Tech မှာ လာသုံးလေ.. အပြင်မှာထက်တော့ နည်းနည်းသာတယ်…:D

  • mamanoyar

    June 25, 2012 at 10:15 am

    ကျေးကျေးပါ

  • ကြောင်ဝတုတ်

    June 25, 2012 at 10:17 am

    မြန်အောင်လုပ်တဲ့နည်းတစ်နည်းပဲရှိပါတယ်…
    SkyNET, Redlink တို့လို SubISP တွေခွဲပြီး ရတနာပုံတယ်လီပို့ဆိုတာကြီးက ထိန်းမထားပဲ…
    လုပ်ချင်ရာလုပ်ကြ… တောင်းချင်သလိုတောင်းကြဆိုပြီးဖွင့်ပေးလိုက်ကြည့်ပါလား…
    ပိုလဲမြန်လာမယ်… ဈေးလဲကြလာမယ်….

    ကြောင်ဝတုတ်

  • Shwe Tike Soe

    June 25, 2012 at 11:06 am

    အော်မိုက်ပ အေ…….. တောင်ကြီးကိုမှ ခေါင်းနဲ.ပြေးတိုက်ချင်တာကိုးးးးးးးး…
    ဘယ်လောက် မြှင့်မြှင့် ဟိုထိပ်က သရေပင်းနဲ.စည်းထားတော့ အဟင့်……………… ပြောချင်ပါဘူးအေ မုန်းထာ……..

  • snow white

    June 25, 2012 at 3:11 pm

    မသိသေးလို့မှတ်သားသွားပါတယ် ဆက်လက်လည်း ရေးသားတင်ပြပေးပါအုံးနော် ။

Leave a Reply