***…တော်ဝင် သဇင်…***

maung khinminJune 24, 20121min16511

အလှပေါ် အယဉ်ဆင့်ပါလို  ့

ပန်းတော်ဝင်  သဇင်ပွင့်တွေက

ပင်မြင့်မှာ…စံ

 

တောဂနိုင် နံနက်ခင်းမှာလ

ပန်းရောင်စုံ  ကတ္တီပါခင်း တွေနှင့်

အလှချင်း လည်းပြိုင်

 

ဘယ်မနိုင် ပြိုင်စံရှားပါပေ့..

မော်ကြွားကာ လှဂုဏ်မောက်မာတယ်..

ကွယ်…….တစ်နေ ့တော့ ရင်ဖြင့်..

ကြွေလွင့်မှာ ဓမ္မတာ…သူမသိပေ သမို ့

ဝေပွင့်ပါ….ပင်ယံထက်ဆီမှာ

စွမ်းကုန် ဝင့်ဝါလို ့…

ပန်းတို ့ သဘော…..။။။။

11 comments

  • ညလေး

    June 24, 2012 at 2:24 pm

    သဇင်……..သဇင်…..ပင်မြင့်စံပန်းလေးမို.ကွယ်အဝေးကလှမ်းလို.ချစ်မိလိုက်တယ်…….
    နှင်းရည်ဖျည်းမှလန်းသည်……သဇင်…
    မြင်ရသက်သက်……မပန်ရက်……
    ခူးရခက်တဲ……ပန်းသဇင်….

  • စိန်ဗိုက်ဗိုက်

    June 24, 2012 at 2:58 pm

    ဒီကဗျာလေးလဲ ကြိုက်ပြန်သဗျား..
    ထောင်သွားပါတယ်..
    ဗဲဒီးဂွတ်

    • maung khinmin

      June 24, 2012 at 3:02 pm

      စိန်ဗိုက်၂ရေ…
      အမြဲကိုထောင်နေတော့ သကိုးဗျ…
      ဝေဖန်ရေးနဲ ့..လေကန်ပေးပါဦး

      • စိန်ဗိုက်ဗိုက်

        June 24, 2012 at 3:08 pm

        အာကို ့ကဗျာစပ်ပုံလေးတွေ ကြိုက်တယ်ဗျ
        ရှေ ့က ကဗျာလေးတွေလဲ ဖတ်ခဲ့ဖူးသမို ့..ကြိုက်တယ်..မိုက်တယ်ကလွဲ၍ မဝေဖန်တတ်ပါဗျာ
        ရွာထဲက အူးကမ်းတို ့ အူးထက်ဝေးတို ့ အူးအလင်းဆက်တို ့.အူးစည်သူတို ့ကတော့ အဲဒီအပိုင်းမှာ ကျွမ်းကျင်ကြတယ်ဗျာ..
        အပြင်မှာလဲ စာရေးသားနေသူတွေသမို ့..သူတို ့ ဆီက ဝေဖန်ရေးလေးတွေရမိရင် အထောက်အကူ ဖြစ်စေမှာပါ..
        အနော်ကတော့
        ကြိုက်ယုံကလွဲ ကျန်တာမသိ..
        တစ်ကယ်မိုက်၏

  • TTNU

    June 24, 2012 at 3:30 pm

    သဇင်ပန်းတွေတွေ့ရမယ်မှတ်လို့ ဝင်ကြည့်သွားတာ။
    ကဗျာလှလှလေးနဲ့ တွေ့သွားခဲ့ပါတယ်။ 😛

  • ရှင်းသန့် နွယ်

    June 24, 2012 at 3:31 pm

    ကြွေလွင့်မှာ ဓမ္မတာ…သူမသိပေ သမို ့
    အရမ်းကောင်းတဲ့စာသားလေးပါ….good!!!!!!!!!

  • မဟာရာဇာ အံစာတုံး

    June 24, 2012 at 3:39 pm

    ပန်းတို့သဘော
    လှမ်းတို့ပြောပါတဲ့ အကိုငယ် …
    ဘယ်လိုဝယ် ပြောပေမယ့်
    ပန်းသဇင်နဲ့ တန်းညီတဲ့ သူမငယ်
    ငါ တရားကျလို့ မရနိုင်သေးဘူးကွယ် ..
    ဂယ် .. ဂယ် .. ဂယ် …
    အားပေးသွားပါဒယ် ..
    ကဗျာလေးက လန်းဒယ် .. မိုက်ဒယ် .. ခိုက်ဒယ်ဂျာ ..

  • မောင်ပေ

    June 24, 2012 at 5:34 pm

    ကျုပ်တော့ အကယ်ဒမီပေးပွဲ ပြေးမြင်မိတယ်ဗျို့…..

  • ဖိုးထောင်

    June 24, 2012 at 6:53 pm

    အော်သဇင် သဇင် မင်း ကြွေမှာကိုမသိဘူးကိုး အခုတော့ အဟင့် အနော့်ရည်းစားသဇင် ယောကျင်္ားယူပြီဗျ

  • ခပ်မိုက်မိုက် ကောင်မလေး

    June 26, 2012 at 1:31 pm

    ပင်မြင့်မှာ စံတဲ့ ပန်းသဇင်….
    ကြွေချိန်တန် သူအလေးမထားသည်မို့…
    ဝင့်ကြွားတဲ့ သူ့ဂုဏ်ရည်…
    ပန်ထိုက်သူ သဇင်ရယ်…
    ပွဲအကြော်အမော် သူဂုဏ်တင့်လို့…
    နာမည်ခေါ် ကျော်ဇောခဲ့တယ်…
    တော်ဝင်တဲ့ အမည်ပေး….။

Leave a Reply