***…ပရုပ်လုံးများ…***

maung khinminJune 24, 20122min694

အမှားတစ်ရာ  မကကြတော့ဘူး…

အမှန်တရားဆီ  ခရီးနှင် ခဲ့ကြတယ်…

နောက်ပြန်မလှည့်ချင်တဲ့  စိတ်ကို

အတိတ်  တွေက  ပဲ့ကိုင်ခဲ့……….

 

ကောင်းကင် အမိုးကို  ဖောက်ခွဲ

ဆန္ဒ မျိုးစေ့တွေ ကြဲချ….

ညည်းတွား မှုတွေကို  ခဝါချဖို ့..

ခွန်အားအသစ် …မွေးဖွား ဖို ့လိုတယ်…

 

လွတ်လပ်မှု ကငါ့ထံ  မလာတော့လည်း..

လွတ်လပ်ခြင်းဆီ…ငါပျံ ရမှာ ပ

တစ်နေ ့ တစ်လံ မက….ခရီးဆန် ့…

နောက်ပြန် စီးဆင်းနေတဲ့…မြစ်ထဲ

တစ်ကယ်ဆို….လုံ ့လ ကအားနည်းနေသေး….

 

တစ်မိန် ့ တစ်သံကို….

နိမ္ဗာန် ထင်မှတ်ခဲ့ကြတာတော့….မဟုတ်ဘူး..

စိတ်မမှန်တဲ့  အရူးတွေရဲ့  လက်မှာ

အနာဂတ် ဆိုတာ….မှုန်ဝါးဝါး

ဒီလိုနဲ ့..လုံးပါးပါးခဲ့ကြ….

 

အဖိအနှိပ် ခံရတာ…ကြာတော့

အသိစိတ် မှာ…အမှန်တရား ကို….မြတ်နိုး

ဘယ်တန်ခိုး ရှင်ကို မှ…အားကိုးလို ့မရဘူး…

 

ကိုယ့်ပေါင်ကိုယ်  လှန်ထောင်းမိလည်း..

အပြစ် ရှိတယ်…ဆိုတဲ့ ခေတ်ထဲ…

ကိုယ့်လက်သည်း  ကိုယ်ဝှက်ထားရ..

 

အာဃာတ  နဲ ့ အငြိုးလုပ်

အမျိုးယုတ်တွေ…တစ်ခန်းရပ်ဖို ့အရေး..

ကိုယ့်သွေး နဲ ့ ကိုယ်ရေပြန်ချိုးခဲ့ရတာ ပ….

တရားကျ ဖို ့တောင်ကောင်းသေး ရဲ့..

 

အမှောင်မှာ…ဝင်ဆွဲတတ်တဲ့..စစ်ခွေးတွေက

သူ ့ပထွေး အလိုကျ..အစွယ်တပြပြ..

သွားရေ တမြမြ….နဲ ့

အာဏာရ  ပါးကွက်သားတွေ  လို

တောင်စွယ်မှာ….နေကွယ်မယ့် အချိန်ကို..

မျှော်နေကြ…..

 

ဒီလိုနဲ ့…………

အကြောက်တရား ရဲ့ အောက်မှာလည်း..

ရဲရင့် ခဲ့ကြဘူး…

အမှန်တွေ…တရားဖို ့…

သံတိုင် တွေကြား ….နားသူလည်း  နားရ

အမိ နဲ ့ဝေးတဲ့  သားတွေလည်း….

ထားရာ မနေတတ်တဲ့….စိတ်ဓါတ်ကြောင့်

အနာဂတ်အတွက်…ပေးဆပ်ကြဘူးတယ်…

 

တစ်နေ ့တစ်လံ  မကခဲ့ပါဘူး…

သွားခဲ့ကြ တာ….

နောက်ပြန်စီးဆင်းနေတဲ့  မြစ်ထဲ

အလဲလဲ….အကွဲကွဲ

ချွေးရွဲရွဲ…သွေးရဲရဲ..

သားတကွဲ…..မယားတကွဲ..

တရားသဖြင့်  တိုက်တဲ့ပွဲ ပ..

ခုမှ….အလင်းက..

မှုန်ပြပြ….ရှိသေးရဲ့….။။။

 




 

4 comments

  • သားဦး၊မြေးဦး

    June 24, 2012 at 5:31 pm

    တစ်မိန် ့ တစ်သံကို….
    နိမ္ဗာန် ထင်မှတ်ခဲ့ကြတာတော့….မဟုတ်ဘူး..
    စိတ်မမှန်တဲ့  အရူးတွေရဲ့  လက်မှာ
    အနာဂတ် ဆိုတာ….မှုန်ဝါးဝါး
    ဒီလိုနဲ ့..လုံးပါးပါးခဲ့ကြ….
    ——–
    ဆိုလိုပုံကို ကျနော့်အထင်က လက်တဆုပ်စာ
    အမိန် ့ကိုနာခံနေတဲ့ သူရူးတွေအထြစ်က ရှက်
    ဖွယ်ပါဗျျ

  • မောင်ပေ

    June 24, 2012 at 7:09 pm

    နောက်ပြန်စီးဆင်းချင်နေတဲ့ မြစ်က အားယူ လုံးပန်းနေရဲ ့
    မြစ်ညှာမှာ တမံဆောက်လို ့၊ လုံးစုံ ဖြိုခွဲ….။

  • mamanoyar

    June 25, 2012 at 12:33 pm

    ကိုခိုင်မင်းရေ အားပေးတယ်နော်
    ဆက်ရေးပါဦး

    • maung khinmin

      June 25, 2012 at 12:58 pm

      ကိုခိုင်မင်း….ဆိုတာဘယ်သူလဲဟင်….
      မောင်ခင်မင် ဆိုတာ ..တဲ့ကျွန်တော်က..ကိုခိုင်မင်းကိုတွေ့ရင်ပြောပေးပါမယ်ဗျားးးးးးးးးးး
      မမနိုရာရေ……

Leave a Reply