ဘာမှ မရှိတာ နိဗ္ဗာန်တဲ့လားကွယ်။

mggwaJune 24, 20121min39023

(သူများတွေ ဓါတ်ပုံတွေတင်နေတာ အားကျလို့ တွေ့တာလေးတွေ တင်လိုက်တယ်နော်။)

မရှိတာတွေကို ရှာနေကြတော့ မရှိတာတွေပဲ ဖြစ်မှာပေါ့။

ပုံ မစ္စတာဂွ

 

ဗုဒ္ဓဘုရားပွင့်လာတာ

အလုပ်ဒေသနာ ညွှန်ဖို့ပါ။

အထိုင်နည်းပြ ဂျိန်းဂိုဏ်းဗျ

သူတို့ကတော့ ထိုင်တာပါ့။

(အပီအပြင်ထိုင်နေကြသူများ)

ထိုင်နေလို့တော့ ဘာမှ ဖြစ်မလားဘူး ဟူး . . . . . ။

ထိုင်နေလို့တော့ ဘာမှ ဖြစ်မလား ဘူး .. …….။

(အဆိုတော် ကိုင်ဇာရဲ့သီချင်းစာသား)

 

23 comments

  • စိန်ဗိုက်ဗိုက်

    June 24, 2012 at 4:02 pm

    အူးလေးက မရှိတာ မရှာချင်ဘူးဆိုဒေါ့
    အူးလေးက ဘာကိုရှာနေတာလဲ သိပါရစေခင်ဗျ

  • စိန်ဗိုက်ဗိုက်

    June 24, 2012 at 4:03 pm

    အပေါ်က ကာတွန်းလေးတော့ သဘောကျသဗျာ..
    ကိုယ်တိုင်ဆွဲထားတာလား မသိ..

  • မဟာရာဇာ အံစာတုံး

    June 24, 2012 at 4:04 pm

    မရှာတိ .. မရှိတာ
    ဗလာအတိ .. ဗလိအတာ
    ငါ ဘာမှ မသိတာပါလားကွယ် ..

    အော် .. နိဗ္ဗာန် နိဗ္ဗာန်
    တကယ်ခေါ်မယ်ဆိုတော့
    အိမ်က မိန်းမနဲ့ တိုင်ပင်ရဦးမယ်တဲ့ ..
    ဒါ ကြားဖူးတာလေးပါဂွယ် …

  • နွေဦး

    June 24, 2012 at 4:31 pm

    ဒါမျိုးတွေ တွေ့ပါများလာတော့ ဆီးဘန်းနီ ဆရာတော်ဘုရားကြီးရဲ့ ဆုတောင်းကို သတိရပါတယ် ။
    ကျုပ် လည်း ဒီလိုဘဲ ထပ်တူ ဆုတောင်း ပါတော့မယ်…။
    “၁။ တရားမကြိုက် အမှားလိုက်
    မိဘမိုက်နဲ့ လွဲစေသော်။
    ၂။ တရားမကြိုက် အမှားလိုက်
    မိတ်ဆွေမိုက်နဲ့ လွဲစေသော်။
    ၃။ တရားမကြိုက် အမှားလိုက်
    ဆရာမိုက်နဲ့ လွဲစေသော်။”
    သင်ကော…

  • ကိုရင်မောင်

    June 24, 2012 at 5:01 pm

    ထိုင်တာကလွယ်ပါတယ် စိတ်ငြိမ်နေအောင်ထားဘို့ကခက်တာပါ….
    ဘာမှ မရှိတာ နိဗ္ဗာန်လို့မပြောပါနဲ့ ဒီဘဝပြီးနောက်ဘဝဆိုတာမရှိတော့ဘဲ
    ပြီးပြတ်သွားတယ်လို့ပြောပါ… မင်းကဒီစကားတွေပြောရအောင် ဘာ ဘာသာ
    ကိုးကွယ်တာလဲ အစ္စလမ် ထင်တယ်……

    • tharli kar

      June 24, 2012 at 6:56 pm

      ကိုရင်မောင်ရေ……. “မင်းကဒီစကားတွေပြောရအောင် ဘာ ဘာသာကိုးကွယ်တာလဲ အစ္စလမ်ထင်တယ် “……ဆိုတဲ့စကားလိုပဲ…” ဒီဘဝပြီး နောက်ဘဝဆိုတာမရှိတော့ဘဲ
      ပြီးပြတ်သွားတယ်လို့ပြောပါ…” ဆိုတဲ့ကိုရင်မောင်ပြောချက်ကလည်း……လုံးဝဆိုးသွမ်းပြီး သုံးစားလို့မရတဲ့ တကယ့်လူမိုက်၊ လူရမ်းကားတွေဟာ သေပြီးရင် ဘယ်လိုအကောင်သတ္တဝါမှ မဖြစ်တော့ဘဲ (black hold) ထဲမှာအမြဲတမ်းရောက်သွားတယ်ဆိုတဲ့ ခရစ်ယာန်အယူတွေနဲ့များ တူနေသလားလို့………………………………………………………………………….
      ဟီး………..ပြောကြည့်တာ…..ရမလားလို့………….

    • kyaw swar

      June 24, 2012 at 11:37 pm

      ကေ်ပြတ်ပြီးမာင်ဂွရေ နိဗ္ဗာန်ဆိုတာ မရှိတာမသိတာ မဟုတ်ပါ ဘူး
      ငြိမ်းအေးရာအမှန် ကိုပြောတာပါ
      နိဗ္ဗာန်ဆိုတာ လိုချင်တပ်မက်ခြင်း ခံစားရခြင်း မနာလိုခြင်း စသည် စသည်
      ဖြင့် အအျားကြီးရှိပါတယ်
      လောကမှာ အသက်ရှင်လျက်နဲတောင်ရ နိုင်ပါတယ်
      တို့ဟာ ဗုဓ္ဓဘာသာ လူမျိုးအျား ဖြစ်တဲ့အတွက် လက်ခံရပါမယ်
      ဥပမာ-အနဂ္ဂံ တို့ဘာတို့လိုပေါ့
      တရားထိုင်တယ် ဆိုတာလဲ နိဗ္ဗာန်ကြောင့် အဓိက မဟုတ်ပါဘူး
      သူတို့ရဲ့စိတ် ကို ငြိမ်းအေးအောင်လို့ပါ တို့တွေအခုလို ဟိုရေးဒီရေး ရေးနေ ရရင်
      လောကကြီး ကို ခဏအဆက်ပြတ်ပြီး ငြိမ်းအေးနေသလိုပေါ့

      ရေးရရင်တော့အများကြီးပါ ဒါပါပဲ ဆရာလုပ်တယ်မထင်ပါနဲ့နော်

  • မိုးချမ်းမြေ့

    June 24, 2012 at 5:03 pm

    (ပုံ ၁) ဘာမရှိတာ…နိဗ္ဗာန်ထင်
    (ပုံ ၂) အိမ်ကယောက်ကျား..မေ့ထားချင်
    (ပုံ ၃) ကိုယ်လုံးတီးနဲ့ထိုင်နေမှ
    (ပုံ ၄) အဝါရောင်လည်း..ငြိမ်းအေးလှ…။
    ……..လူတို့ပြောတဲ့ နိဗ္ဗာန်ဟာ
    ……..လူတောမတိုးပဲနေပြန်တာ…။
    ……..ငြိမ်းချင်လျှင်တောထဲကြွ
    ……..ရဟန္တာထင်မှ မြို့ပြန်လှ….။
    ……..တရားဆိုတာ မငြိုညင်
    ……..ဘာဆိုဘာမှ မလိုချင်
    ……..ပြောနေရင်းပင် အလှူခံကြ
    ……..လက်ကမကိုင် ဘာဏ်မှာပြ
    ……..ငွေတိုးလည်းလည်းရ စိတ်လည်းချ……။
    ……..သူတော်စင်များ နိဗ္ဗာန်ဟာ
    ……..တဦးတည်းပဲငြိမ်းနေရာ
    ……..ဆက်ဆံပြန်တော့ သမုတိဗျ(တဲ့)
    ……..သူတော်စင်များ နပ်တယ်ဟ……။
    ……..တရားလိုလို့ထိုင်ပါသော်
    ……..ရပ်၊သွား၊လျောင်းတော့ ပယ်တာနော်
    ……..သေတဲ့အခါမှ နိဗ္ဗာန်ရ
    ……..ဆရာသခင်များ…အရှက်မရ….။
    ……..မရပဲနဲ့ ဟန်လုပ်လျင်
    ……..စောတင်မောင်နဲ့ ဘာထူးချင်
    ……..မသိရင်မှတ်လိုက်ကြ
    ……..မိရိုးဖလာ နိဗ္ဗာန်ဗျ……။
    (စောတင်မောင်ဆိုသည်မှာ…မြိုင်ရာဇာတွတ်ပီဇတ်လမ်းမှ…ဟာသဗီလိန်ဖြစ်ပြီး…
    ကြူံတိုင်းရွာမှာမိန်းကလေးတစ်ယောက်ဘယ်သွားသွာ…သူနဲ့သွားတာဟု ရွာမှလူများအထင်ခံရအောင်
    သူပါလိုက်ပြီး ပုန်းနေတတ်သူဖြစ်ပါကြောင်း)

  • မောင်ပေ

    June 24, 2012 at 8:25 pm

    သည်ပို ့စ် ကို ကြည့်ပြီး စိတ်မကောင်း ဖြစ်ရပါတယ် ။
    “ ထိုင်နေရင်း နဲ ့ဘာမှ ဖြစ်မလာဘူး ” ဆိုတဲ့ စကား ကို ၊ ယုံကြည်ချက် နဲ ့တရားဓမ္မရှာဖွေကျင့်ကြံ အားထုတ် ဖို ့ထိုင်ခြင်း မှာ လာသုံးထားတာကို အပြင်းအထန် ရှုံ ့ချပါတယ် ။ ပို ့စ်တင်သူ ဟာ ဘယ်ဘာသာ ကိုးကွယ်သလဲ ဆိုတာကို မသိရပေမယ့် ၊ သုံးထားတဲ့ စကားနဲ ့ပြထားတဲ့ ပုံဟာ မလုပ်အပ်ပါဘူး။

    • HM S

      June 24, 2012 at 10:40 pm

      ကိုပေပြောတာကို လက်ခံတယ်။
      တကယ်တော့ နိဗ္ဗာန်ဆိုတာဘာမှမရှိတာမဟုတ်ပါဘူး။ တကယ်ရှိပါတယ်လို့ဘုရားရှင်ကိုယ်တော်တိုင်က သေသေချာချာဟောထားတာပါ။ ဘယ်လိုလူတွေက နိဗ္ဗာန်ကိုမြင်နှိုင်သလဲဆိုတော့ တစ်မဂ်တစ်ဖိုလ်ရရင် မြင်နှိုင်တယ်လို့ ဟောထားတာ ရှိပါတယ်။ တစ်မဂ်တစ်ဖိုလ် ဆိုတာဘာလဲ ဆိုတော့ သောတပတ္တိမဂ်၊ သောတပတ္တိဖိုလ်၊ သကာဒါဂါမိမဂ်၊ သကာဒါဂါမိဖိုလ်၊ အနာဂါမိမဂ်၊ အနာဂါမိဖိုလ်၊ အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ဆိုတဲ့ မဂ်ဖိုလ် ရှစ်ပါးကိုဆိုလိုတာပဲဖြစ်ပါတယ်။ အဲဒီအထဲကမှ အောက်ဆုံးထစ် သောတပတ္တိမဂ်နဲ့ သောတပတ္တိဖိုလ် ရရင်ပဲ နိဗ္ဗာန်ကို မြင်လဲမြင်နှိုင်တယ်၊ နိဗ္ဗာန်ချမ်းသာကိုလဲ ခံစားနှိုင်တယ်လို့ ဘုရားရှင်ကိုယ်တော်တိုင်က သေသေချာချာဟောထားပါတယ်။ အဲဒါကြောင့်လဲ တရားထိုင်တဲ့အခါမှာ ဖိုလ်ဝင်စားတယ်ဆိုတဲ့စကားဟာ ဖြစ်လာတာပေါ့။ ဖိုလ်ဝင်စားတယ်ဆိုတာဟာ မိမိမဂ်ရတုန်းက နိဗ္ဗာန်ကိုမြင်၊ နိဗ္ဗာန်ချမ်းသာကိုခံစားခဲ့ရတဲ့ အခြေအနေကို ပြန်လည်ခံစားတာကို ခေါ်တာပါပဲ။ ကျေးဇူးတင်ပါတယ်။

  • အရီး Khin Latt

    June 24, 2012 at 8:44 pm

    ကျွန်မ အထင် ပြောကြည့်ပါမယ်။

    တကယ်တော့ ဗုဒ္ဓဘာသာ မှာပြောလေ့ရှိတဲ့ နိဗ္ဗာန်မဂ်ဖိုလ် ဆိုတာဟာ သေပြီး ရောက်သွားတဲ့ နေရာ လို့ လုံးဝ (လုံးဝ) မထင်ပါ။
    မသေခင် မှာဘဲ တဏှာအားလုံး ချုပ်ငြိမ်း ပြီး နောက် ဘဝ တစ်ခု နဲ့ ခန္တာ ကို ဆက်ပေးမဲ့ ကိလေသာ အစရှိတဲ့ လောဘ၊ မောဟ၊ ဒေါသစိတ် တွေ ဟာ လေတိုက်လို့ ဖယောင်းတိုင် မီးငြိမ်း သွားသလို ဝုပ်ကနဲ ငြိမ်း သွားတာ ကို ခေါ်တယ်လို့ ထင်ပါ၏။
    အဲဒီ ငါကောင် ဆိုတဲ့ စိတ်ကလေး ပြတ်သွားလို့ ကူးစရာ ဘဝ မရှိတော့တာလို့ မှတ်ထားမိပါတယ်။
    အဲဒီမရှိ ဆိုတာ ကို သရော်ထားတာလား ဒါမှမဟုတ် ရေးသူ က ခပ်ပေါ့ပေါ့လေး နောက်လိုက်တာလား မသိပါ။

    ဒီတော့ နိဗ္ဗာန်မဂ်ဖိုလ် ရဖို့ နောက်ဘဝ သစ် မဖြစ်တည်နိုင်ဖို့ အဲဒီ ကိလေသာ စိတ်တွေ ငြိမ်းအောင် ကျင့်ကြံ ကြရမှာဖြစ်ပါတယ်။
    ကျွန်မ အနေနဲ့ နည်းကျလမ်းကျ ပညာရှိ စကားနဲ့ ထဲထဲဝင်ဝင် တော့ မပြောတတ်ပါဘူး။
    အကြမ်း သဘောပါဘဲ။
    (မှား ရင်လဲ မှားနိုင်ပါတယ်)
    ကျွန်မ ကိုယ့်ဟာကိုယ် ပြန်ဝေဖန် ကြည့်ရရင်လဲ ဒီဘဝ မှာတင် ဘဝ ပြတ်စရာ မရှိသေး။
    ကိလေသာ တွေ ဖုံးဆဲ။

    အနောက်တိုင်း က ယောဂ ကျင့်တာတွေ က စိတ်ကို တည်ငြိမ်အောင်၊ အေးချမ်းအောင် လုပ်တာ မှန်ပါတယ်။
    ကိလေသာချုပ်ငြိမ်း ဖို့၊ လောဘ မောဟ ဒေါသ စိတ်တွေ ချုပ်ငြိမ်းဖို့ အသိ မပါလောက်ပါဘူး။
    ဒါပေမဲ့ ကျွန်မ တွေ့ရတဲ့ တစ်ချို့ ဟာ ဗုဒ္ဓဘာသာ မဟုတ်ပေမဲ့ ကိလေသာ စိတ်တွေ၊ လောဘ မောဟ ဒေါသ တွေ၊ မာန်မာန တွေ၊ မနာလို မှုတွေ အရမ်း နဲတာ တွေ့ရပါတယ်။
    လိုအပ်သူများ ကို ပေးကမ်းကူညီဖို့၊ မေတ္တာ မျှဖို့ အဆင်သင့်ပါဘဲ။

    တကယ်တော့ ဘာသာရေးလုပ်တယ် ဆို တာ ပါးစပ် နဲ့ လုပ်ရတာ အင်မတန်လွယ်ပါတယ်။
    ငါဟာ ဘာဘာသာကိုးကွယ်သူ လို့ ပြောဖို့လဲ အလွန်လွယ်ပါတယ်။
    ဒါပေမဲ့ တကဲ့ စိတ်ရင်းမှန် နဲ့ မလုပ်ကြရင်
    ဘယ်ဘာသာ ဘဲကိုးကွယ်တယ် ပြောပြော အားလုံးဟာ အတူတူ နဲ့ ဘာသာမဲ့တွေ သဘောလိုပါဘဲ။
    ပြောရရင် အဲဒီ ဘာသာမဲ့ ဆိုသူတွေ ကမှ ငါစွဲ အစွန်းထွက် ကင်းသမို့ ပိုကောင်းဦးမယ်။

    • မိုးတိမ်

      June 25, 2012 at 9:55 am

      မောင်ဂွရေ…
      ငါတို့က မင်းတို့အစ္စလမ်ဘာသာကို ဘာမှမစော်ကားပါဘူးကွာ။
      မင်းတို့က ဘာသာရေး၊လူမျိုးရေးနဲ့ဆိုင်တဲ့(ပိုစ့်)တွေ မတင်စေချင်ဘူး။
      ကိုယ်ယုံကြည်ရာဘာသာကို ကိုးကွယ်နှိုင်ပါတယ်။
      သူများဘာသာကို လူကြီး၊လူကောင်းဆိုရင်မစော်ကားသင့်ပါဘူး။
      မင်းတို့ကောင်တွေ တင်လိုက်ရင် ဘာသာရေး၊လူမျိုးရေးနဲ့ဆိုင်တဲ့(ပိုစ့်)တွေချည်းပဲ။
      စိတ်တိုလို့ ဆဲမိရင် ငါတို့လွန်ဦးမယ်။နိဗ္ဗာန်အကြောင်းသေသေချာချာမသိပဲ လျှောက်ပြောမနေနဲ့။
      ချီးစိမ်းပန်းသေလိမ့်မယ်။မတန်မရာတွေလျှောက်မပြောနဲ့။ကိုယ့်ဘာသာယုံကြည်ရာကိုးကွယ်ပါ။
      အခြားယုံကြည်ကိုးကွယ်မှု့ကို မဖျက်ဆီးမနှောင့်ယှက်ပါနဲ့။

  • first last

    June 24, 2012 at 9:28 pm

    How stupid you are.

    Ko pyu tha mya kan koh htan pyan.

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 24, 2012 at 10:01 pm

    ဒါဆိုရင်လည်း နိဗ္ဗာန်ဆိုတာ ဘာရှိသလဲ ပြောဘာဆယာရယ်
    ဘီအီးတိုက်ပါ့မယ်

  • ဖိုးထောင်

    June 25, 2012 at 12:02 am

    ဗုဒ္ဓဘာသာမှန်ရင် နိဗ္ဗာန် ဘာဆိုတာသိသင့်ပါတယ် ဂဃနဏမသိဘူးပဲထား ဒီလောက်တော့မရေးရဲ လောက်ပါဘူး အသင်္ခတဓါတ်ဆိုတဲ့ ငြိမ်းအေးခြင်းရဲ့အရသာကို မသိတဲ့လူတွေအတွက် ပါရမီအခံမရှိပဲပြောပြနေရင်လည်း ကန်တော့နော် နွားပလာတာကျွေးသလို ဘာမှဖြစ်မြောက်လာမှာမဟုတ်ပါဘူး ဘုရားတောင် ချွတ်လို့ရမယ့် လူမှချွတ်တာလေ ——-
    အနော်ဘာမှတိဘူးနော် တူညားညှောက်ပေးရို့ရေးတာ ဟိဟိ

  • kai

    June 25, 2012 at 12:58 am

    ကျုပ်မှာတေ့ာ.. နိဗ္ဗာန်နဲ့ပါတ်သက်တဲ့.. နိဗ္ဗာန်အကြောင်းတည့်တည့်ရေးထားတဲ့.. စာအုပ်တွေရှိတယ်..
    ရှေးးးးကစာအုပ်တအုပ်ဆို.. ဆရာတော်ကြီး၂ပါးက.. နိဗ္ဗာန်အကြောင်းအမြင်တမျိုးစီနဲ့ရေးထားတာ..

    ၂ပါးလုံးတအုပ်ထဲရေးပေမဲ့.. အယူအဆအမြင်.. မတူကြဘူးခင်ဗျ…
    အံ့ဖွယ်သုတ… :mrgreen:

    စကားအတင်းစပ်..
    အရီးလတ်ပြောထားတဲ့..

    တကယ်တော့ ဗုဒ္ဓဘာသာ မှာပြောလေ့ရှိတဲ့ နိဗ္ဗာန်မဂ်ဖိုလ် ဆိုတာဟာ သေပြီး ရောက်သွားတဲ့ နေရာ လို့ လုံးဝ (လုံးဝ) မထင်ပါ။

    ဆိုတာမှာ..
    ဘုရားလက်ထက်ကတည်းက.. နိဗ္ဗာန်ကို.. မသေခင်မျက်မှောက်ပြုလို့ရတယ်လို့.. ကျမ်းအခိုင်အမာတွေရှိပါတယ်..
    နိဗ္ဗာန်က.. လူသေပြီးမှ..ဆိုက်ရောက်ပါတယ်လို့.. ဘယ်တုံးကမှ..မပြောဖူး..မရေးဖူး..ထင်တာပါပဲ..။
    ထေရဝါဒရော..မဟာယာနရော..မိုးပြာရောပေါ့..

  • chityimhtoo

    June 25, 2012 at 3:32 am

    ကျုပ်တို့လိုသာမာန်လူ့ငပိန်းတွေအတွက် တော့ ထိုင်နေလို့တော့ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။လောကီဉာဏ်
    ရှိပြီးလောကုတ္တရာဉာဏ်မရှိတဲ့ကျုပ်တို့လိုလူတွေအတွက်ကတော့ နိဗ္ဗာန်အကြောင်းပြောတာရှက်ဖွယ်လိလိ၊
    နိဗ္ဗာန်အကြောင်းသိချင်ရင် နိဗ္ဗာန်အကြောင်းကိုသိနိုင်တဲ့ ဉာဏ်စဉ်မျိုးကောရှိရဲ့လားလို့ကိုယ့်ကိုသူအရင်
    စမ်းစစ်ကြည့်ကျပါဦး။မောင်ဂွရေ နောက်တစ်ကြိမ်ထပ်ပြီးအမှောင်ကျပြန်ပလားဟ။

  • ဇောက် ထိုး

    June 25, 2012 at 7:01 am

    ဟဲဟဲ.. ကျွန်တော် သဘောကျသဗျာ။ ဗုဒ္ဓဘာသာမှာ နိဗ္ဗာနဲ့ပတ်သက်ပြီးတော့ အမျိုးမျိုးပြောကြတယ်ဗျ။
    ဆရာမာဃရေးတဲ့ နိဗ္ဗာန်သမိုင်း ဆိုတဲ့စာအုပ်မှာဆိုရင် ရှင်မဟာ ဗုဒ္ဓဃောသ လောက်ကစပြီး အယူအဆတွေကို တင်ပြတယ်။
    လယ်တီ။ မြောက်ပြင်ကြီး။ အုဋ်ဖို။ အငယ်ဆုံးအနေလောက်နဲ့ကို ဆရာတော် ဦးဇနက။ တပါးနဲ့တပါး မတူကြ ဘူးဗျ။ ခုရက်ပိုင်းအတွင်းမှာကိုပဲ ဘယ်ဆရာမှန်းတော့ မသိဘူး။ ပညာရှင်များ ပြောတဲ့ နိဗ္ဗာန်ဆိုပြီး စာအုပ်တအုပ်ထွက်လာတယ်။ သူစာအုပ်ကလဲ အဲဒီလိုပဲ ဆရာတော်ကြီးတွေ ပညာရှင်တွေရဲ့ နိဗ္ဗာန်အယူ အဆ အမျိုးမျိုးပဲ။
    ကဲစဉ်းစားကြည့် … ဆရာတော်ကြီးများတောင် ပညာရှင်ကြီးများတောင် အယူအဆမတူကြဘူးဆိုရင်…
    နိဗ္ဗာန်ဆိုတာက အရေးအကြီးဆုံး တစ်ခုတည်းသော အရာ…
    ကဲ.. ဒီလောက်ရှိတဲ့ နိဗ္ဗာန်ကို ကျွန်တော်ပို့စ်တင်မယ်။ ဒီမှာတော့ မပြောတော့ပါဘူး။ မတန်မရာလို့တော့ မပြောနဲ့။ ကျွန်တော့်မှာလဲ အကြွေးတွေနဲ့။ ဦးဗိုက်က မိစ္ဆာဒိဋ္ဌိ ၆၂=ပါးရေးပေးတဲ့။
    သူကြီးက ပုထုဇဉ်ကို စိတ်အမြင်နဲ့ခွဲပြပါတဲ့။ ဟီးဟီး ချလိုက်ကြသေးတာပေါ့။
    ဒါပေမယ့် အဆင်ပြေရင် နိဗ္ဗာန်ကို အရင်တင်လိုက်ဦးမယ်။

  • kai

    June 25, 2012 at 7:28 am

    အပေါ်ကမန့်တာမှာ..ပြောထားတဲ့..စာအုပ်ကို အဖုံးဓါတ်ပုံရိုက်တင်ပေးလို်က်တာ..

    နိဗ္ဗာန်.. အလင်းပြထားသူတွေက.. ရွှေကျင်ဆရာတော်နဲ့.အုဂ်ဖိုရ်ဆရာတော်ဖြစ်ပါကြောင်း.. 🙂

    • မိုက်ကယ်ဂျော်နီအောင်ပု

      June 25, 2012 at 10:38 am

      နိဗ္ဗာန ( နိဗ္ဗာန် နှင့် )
      သင်္ခေပ ( အဲ့ဒါကတော့ သားလည်းမသိပါဘူး 😆 )
      ကထာ ( စကား )
      နိဗ္ဗာန်နှင့် ( ဘာလည်းမသိဘူး) စကား
      လို့အဓိပ္ပါယ်ရပါတယ် ကိုသဂျီး
      ( နိဗ္ဗာန ပတိသံယုတ္တ ကထာ – နိဗ္ဗာန်နှင့်သက်ဆိုင်သောစကား ) ဆိုလား အဲ့လိုလည်းရှိတယ်လို့တော့
      ကြားဘူးဒါ ( ဘဲ/ပဲ ) )
      ဇာတ်ကားမစပ် ( ဘဲ ) နှင့် ( ပဲ ) ဘယ်ဟာမှန်သဒုံး ကွိကွိ

  • maungmoenyo

    June 25, 2012 at 11:06 am

    နိဗ္ဗာန် = မဲ့ခြင်း(ဝါ)မရှိခြင်း period!
    နာက်တခု – သေပြီးမှ နိဗ္ဗာန်ရောက်တယ်ဆိုသော အဆိုမကြားဘူးပါ။ period!

  • snow white

    June 25, 2012 at 2:54 pm

    ဘာဘဲပြောပြော တရားထိုင်နေတဲ့ထဲမှာအိပ်ငိုက်တဲ့သူတယောက်မှမပါဘူး တရားမှတ် နေတာ တည်ကြည်တဲ့မျက်နှာလေးတွေဘဲ တွေ့ရတယ် ။

Leave a Reply