ဓါတ်ပုံမှ ခဲရောင်ပုံပြောင်းပေးတဲ့ Photo Convert Portable

khinmintatthuJune 25, 20101min800

ကျောင်းလေး ပိတ်တုန်း နေတိုင်းလိုလို ပို့စ်လေးတွေ တင်ပေးဖြစ်ပါတယ်။ ဒီနေ့လည်း Portable လေး
တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီ Portable ကတော့ Photo Convert လေးဗျာ။ အပျင်းပြေပေါ့ မိမိ
ဓါတ်ပုံလေးကို ပုံကြမ်းလေး ခဲရောင် မှင်ရောင် အဲလိုလေးတွေ ပြောင်းလဲ
ကြည့်ရအောင်။ စိတ်ဝင်စားတဲ့ မိတ်ဆွေတွေ အတွက် အပြည့်အစုံလေး
ဖော်ပြပေးပါ့မယ်။ အခု ကတော့ Potable လေးကို သုံးလို့ အဆင်ပြေမယ် ထင်လို့
ရွှေးတင်ပေး လို်က်ပါတယ်။ Portable မကြိုက်တဲ့ သူငယ်ချင်းတွေ အတွက်လည်း
Software အသုံးပြုနိုင်ရန် စီစဉ်ပေးထားပါတယ်။ ဒါမှမဟုတ် Online မှာ
တိုက်ရိုက် Convert
လုပ်ပေးနိုင်တဲ့ လင့်လေးကိုလည်း ညွန်းပေးသွားပါမယ်..။

ဒီပို့စ်လေးက Portable လေး
တင်ပေးထားတဲ့ အတွက် သူနဲ့ ပတ်သက်တဲ့ အသုံးချနည်းလေး အကြမ်းမျဉ်း
သဘောပေါက်အောင် ပြောပြပေးပါမယ်။ အရင်ဆုံး Download ကို အောက်မှာ ယူလိုက်ပါ။
9.56 MB ပဲရှိပါတယ်။

ဒီမှာဒေါင်းယူပါ

ဒေါင်းယူပြီးရင် အထဲမှာ
Portable လေးဖွင့်လိုက်ပါ။ ဒီကောင်လေးက တစ်ခုရှိတာ မိမိ ပြောင်းလဲ လိုတဲ့
ဓါတ်ပုံတွေကို Folder မခံပဲ ပြောင်လဲလိုမရပါဘူး။ ဒီလိုဗျာ သူက
ပြောင်မယ်ဆိုရင် Folder ထဲမှာ ရှိတဲ့ ပုံတွေကို အကုန်ပြောင်းပေးတဲ့ အတွက်
မိမိပြောင်းချင်တဲ့ ပုံလေးတွေကို ရွှေးပြီး New Folder လေးထဲထည့်ပြောင်းဗျာ
ဒါဆို မိမိပြောင်ချင်တဲ့ ပုံလေးတွေပဲ သီသန့် ပြောင်းသွားပါလိမ့်မယ်။

စသုံးမယ်ဆိုရင် Make
ကိုသွားလိုက်ဗျာ။ Standard နဲ့ Professional နှစ်နေရာရှိတယ် စိတ်ကြိုက်
တစ်ခုရွှေးလိုက်။ နှစ်နေရာလုံးမှာက input ; output လေးတွေ
သတ်မှတ်ပေးရပါတယ်။ စမ်းကြည့်ဗျာ သဘောပေါက် လွယ်ပါတယ်။ Input နေရာမှာ မိမိ
ပြောင်းလဲလိုတဲ့ Photo ဖိုင်ကိုထည့်လိုက်ဗျာ။ output နေရာမှာ
ပြောင်းလဲလိုက်တဲ့ ပုံအသစ်တွေ အတွက် နေရာပေးရပါတယ်။ အဲဒါလေးပါပဲ
ကျန်တာကတော့ မိမိ စိတ်ကြိုက် အရောင် အသွေးလေးတွေ ရွှေးပြီး convert button
လေး Click လိုက်တာနဲ့ အရင် Output မှာ မိမိ သတ်မှတ်လိုက်တဲ့နေရာလေးမှာ
ပြောင်းလဲလိုက်တဲ့ ပုံအသစ်လေးတွေ ရှိနေမှာဖြစ်ပါတယ်။

Portable မသုံးချင်တဲ့
မိတ်ဆွေတွေကတော့ Software ပဲ သဘောကျတယ်ဆိုရင် ဒီနေရာမှာ
Click ပြီး ယူလိုက်ဗျာ။

နောက်တစ်ခုက ခုလို Portable
တွေ Software တွေ သုံးဖို့ အချိန်မရတဲ့ User သူငယ်ချင်းတွေကို လင့်တခု
ဖော်ပြပေးပါမယ်။ Online မှာ တိုက်ရိုက် အသုံးချလို့ရတယ်ဗျာ။
အဲလင့်လေးမှာတော့ ဓါတ်ပုံတစ်ပုံချင်းပဲ ပြောင်းလဲလို့ရပါတယ်။ ခုလို Portable တွေ Software တွေလိုတော့
ဖိုင်လိုက်ကြီး အကုန်ပြောင်း မပေးနိုင်ပါဘူး မိမိပြောင်းလိုတဲ့ Photo
တစ်ပုံချင်း ပြောင်းယူလို့ပဲ ရပါတယ်။ Online မှာ တိုက်ရိုက်
ပြောင်းတဲ့လင့်လေးကတော့ ဒီနေရာလေး ကနေသွားလိုက်ဗျာ။
ပုံလေးထည့်ပြီ continue နှိပ်လိုက်ရင်ရပြီဗျာ။ ဒါဆို အားလုံး
ပြီးသွားပါပြီ။ စိတ်ဝင်းစားတဲ မိတ်ဆွေတွေ အဆင်ပြေပါစေဗျာ။

Read More: http://www.poemlover.net/

မေးလ်ထဲမှ တစ်ဆင့်ဖော်ပြလိုက်သည်။