ကျေးလက်ဘုရားဖူးသွားခြင်း(သူတို့ဆီမှာ)

1 ဒီလမ်းမကျယ်ကြီးကနေကွေ့ဝင်သွားရပါတယ် အဲဒါဆင်ခြေဖုံးရပ်ကွက်တွေကို သွားတဲ့လမ်းမပါ။

2 လယ်ကွင်းတွေကြားထဲကမြင်ရတဲ့ စက်ရုံအလုပ်ရုံတွေ(ကားပေါ်က ရိုက်တော့ နည်းနည်းဝါးတယ်)

3 ကျနော်တို့ဆီကနဲ့တူတဲ့ ဆင်ခြေဖုံးရပ်ကွက်လေးပါ(ဒါလဲကားပေါ်ကရိုက်တာလေ)

 

4 အမြင်ဆန်းတဲ့စေတီတော် (ဦးနုစေတီလို့ခေါ်သလို ကျေးလက်စေတီလို့လည်းခေါ်ပါသတဲ့)

5 ရိုက်ချက်ဆန်းဆန်းလေး (ကိုယ်တတ်တာဟုတ်ပါဘူး သူများလုပ်ထားတာ အဆင်သင့်ဝင်စားတာပါ)

6 အရှေ့ဘက်မှဖူးမျှော်ခြင်း

 

6သစ်ပင်စောင်းစောင်းလေးက ကိုပေါက်အကြိုက်ပါဘဲ

7 ထုူူးဆန်းသောကံ့ကော်ပင် တစ်ခြမ်းထဲဘဲအပွင့်တွေပွင့်နေတာ

8အနီးကပ် ကံ့ကော် ဘုရားလှူဖို့ ခူးသွားနော်

9 ဘုရားပေါါ်မှာမွေးထားတဲ့ဒေါင်း

 

10 ကိုပေါက်လက်ဆော့လို့ ထွက်ပြေးရတဲ့ဒေါင်း

11 စိန်ပန်းနီလွင် စေတီတော်ဝါရွှင်

12 မအို့တအို ကျောင်းကလေး

13 အဝင်ဝက နာမတော်(ကျနော်ကတော့ မဖတ်တတ်ဘူး သိသူက ဘာသာပြန်ပေးကြပါ)

13 အသစ်ဆောက်နေတဲ့ ………………………………….

14 အဝင်ဝက ကျောက်စာတိုင် (တရုတ် ထိုင်း ရှမ်း )စာနဲထိုးထားတယ်လို့ ထင်ပါတယ် သေချာတော့မသိ

15 ကျနော်အကြိုက်ဆုံးပုံလေးပေါ့

“ကျေးလက်ဘုရားဖူးသွားခြင်း(သူတို့ဆီမှာ)”

 

တစ်ညနေမှာတော့ ရွှေလီမှာရောက်နေတဲ့ ကျနော်တို့ရွာသူနဲ့ ဖုန်းချိတ်မိကြပါတယ်။

ညနေအားရင်း ဘုရားဖူးသွားမယ်လို့ဆိုပါတယ်။

ဒါနဲ့ဘဲသူနဲ့လာခေါ်မယ့်အချိန်ကိုမေးရပါတယ်။

ဒီမှာရောက်တော့ အချိန်ကွာခြားချက်က နည်းနည်းလေးပြဿနာတက်ပါတယ်.။

သူတို့ဆီက ကျနော်တို့ထက် တစ်နာရီခွဲစောပါတယ်။

အဲတော့ ချိန်းတယ်ဆိုရင် တရုပ်နာရီလား ဗမာနာရီလား သေချာအောင်မေးရပါတယ်။

အချိန်ခြင်းလွဲကုန်မှာစိုးလို့ပါ။

သူုတို့နဲ့ချိန်းတဲ့ရက် ညနေခင်းလေးက မိုးက ဖွဲလိုက်တိတ်လို်က်။

ညနေခြောက်နာရီလောက်မှာတော့သူတို့ရောက်လာပါတယ်။

သူတို့က သုံးယောက်ကျနော်တို့က နှစ်ယောက်ပေါင်းငါးယောက်။

ကျယ်ဂေါင်ကနေ ရွှေလီဖက်ကိုထွက်ခဲ့ပါတယ်။

ရွှေလီတံတားကို ဖြတ်လာရင်း အခုရက်အစစ်အဆေးရှိတယ်လို့သိတော့

ကျနော်တို့ကို ကဒ်အစိမ်းပါလားမေးရင်း သူတို့ စာအုပ်တွေပါမလာတာသတိရတော့

သူတို့နေတဲ့အိမ်ကိုပြန်လို့ယူကြရပါတယ်။

 

အဲဒီကနေမှ ပန်းခြံကလေးတွေကိုပါတ်ပြီးမြို့မြောက်ဘက်ကိုသွား။

မြောက်ဘက်ခြမ်းကနေ ဟိုတစ်ခါ ထမင်းသွားစားကြတဲ့လမ်းအတိုင်းသွားရာကနေ ပထမဆုံးတွေ့တဲ့

လမ်းကျယ်ကြီးအတိုင်းလိုက်သွားလိုက်ကြပါတယ်။

အတော်ဝေးဝေးရောက်ချိန်မှာတော့ အရှေ့ဘက်ကိုပြန်တက်တဲ့လမ်းကလေးအတိုင်းဝင်သွားတော့

မြို့ပြရဲ့ဆင်ခြေဖုံးရပ်ကွက်လေးကိုရောက်သွားပါတယ်။

ဒီနေရာလေးကတော့ လယ်ကွင်းလေးတွေနဲ့ မြေစိုက်အိမ်လေးတွေ ကတော့ကျနော်တို့ဆီက

ဆင်ခြေဖုံးရပ်ကွက်လေးများနဲ့ ဆင်တူပါတယ်။

အရှေ့ဘက်ကိုသွားနေရင်းက လမ်းဘေးမှာသစ်လုံးအပိုင်းတွေမြင်လို့မေးကြည့်တော့

ပရိဘောဂလုပ်တဲ့စက်ရုံအတွက်သစ်တွေခွဲနေတယ်ဆိုတာသိရ၊

သူ့မနီးမဝေးမှာ ထမင်းဆိုင်လေးတွေ လဲမြင်ရ။

သိပ်မကြာခင်မှာ သူပြောတဲ့ဘုရားကိုရောက်ပါတယ်။

ဘုရားအဝင်ဝက ကျောက်စာတိုင်မှာဘာသာသုံးမျိုးနဲ့ စာတွေရေးထားတာတွေ့ရပေမယ့်

ကျနော်ကတော့ မဖတ်တတ်ပါဘူး။

ဒီဘုရားကို ဦးနုဘုရားလို့ခေါ်တယ်ဆိုတာ သိရပါတယ်။

တရုပ်လိုတော့ (jei li) (ကျဲ့လီ) လို့ခေါ်ပါသတဲ့။

မြန်မာလို တော ကျေးလက်ဘုရားလဲခေါ်တယ်လို့သိရတယ်။

ဒီဘုရားကို ဝင်ဖူးမယ်ဆိုရင် တစ်ယောက်ကို ငါးကျပ်ပေးရပါတယ်။

ကျနော်တို့သွားတဲ့အချိန်မှာတော့ ညနေစောင်းလဲဖြစ်မိုးလဲရွာဆိုတော့ အစောင့်မရှိတော့ မပေးခဲ့ရပါဘူး။

ဘုရားပုရဝုဏ်ထဲက ညောင်ပင်ကြီးအောက်မှထမင်းဆိုင်လေးတစ်ခု။

စားပွဲလေးငါးဝိုင်းမှာတော့ ထိုင်နေသူတွေရှိ။

လှမ်းကြည့်တော့ဖဲရိုက်နေကြပါတယ်။

သူတို့ပြည်မှာထူးခြားတာကတော့ ဖဲရိုက်တာကို ပြောင်ပြောင်တင်းတင်းရိုက်နေတာကိုမြင်ရတာပါ။

ကျယ်ဂေါင် ရွှေလီအတူတူ။

လမ်းနံဘေးမှာ အိမ်ထဲမှာ စားသောက်ဆိုင်ထဲမှာ ဖဲရိုက်တာ မြင်ရပါတယ်။

ကျနော်တို့ဆီကလို အသုဘအိမ်ရှာစရာမလို ကျိတ်ဝိုင်းမလိုပါဘဲ။

 

ကျနော်တို့ ဘုရား ရင်ပြင်တော်ပေါ်ကိုတက်လာ ခဲ့ကြပါတယ်။

စေတီတော်ပုံစံကတော့ထူးခြားပါတယ်။

ကျနော်တို့မြင်နေကြပုံစံမဟုတ်တာကိုတွေ့ရပါတယ်။

သူတို့တစ်တွေ ဘုရားပုရဝုဏ်ပေါ်မှာ လှည့်ပါတ်ကြည့်နေချိန် ကျနော်ကတော့ထုံးစံအတိုင်း

ဓါတ်ပုံလိုက်ရိုက်နေပါတယ်။

ဘုရားအနောက်ဘက်ခြမ်း စိန်ပန်းပင်ရဲရဲပွင့်နေတဲ့ကြားက ရိုက်။

ဟိုဘက် မြေစာပုံပေါ်ကတက်ရိုက်။

ရိုက်လို့မဝနိုင်အောင်ပါဘဲ။

ဘုရားအရှေ့ဘက်ခြမ်းမှာတော့ လဲကျတော့မလိုစောင်းနေတဲ့သစ်ပင်။

အရှေ့တောင်ဘက်ဒေါင့်မှာတော့ တစ်ခြမ်းထဲဘဲ အပွင့်တွေဝေနေတဲ့ကံကော်ပင်။

အဲဒီအပင်အောက်မှာတော့ ဘုရားဂေါပက တွေထို်င်နေတာတွေ့ရ။

“လေးပေါက်….ဒီဘက်ကြည့်လိုက်”လို့လှမ်းအော်သံကြားလို့စေတီဘက်ကြည့်လို်က်တော့။

အမြီးရှည်ကြီးနဲ့ဒေါင်းတစ်ကောင်။

သူ့နောက်ကိုကျနော်တစ်ကောက်ကောက်လိုက်ရိုက်တော့သူကကျောင်းပေါ်တက်ပြေး။

ပြေးရင်းလွှားရင်သတိရလိုက်တာကတော့ ရွာသူကြီးပြောဘူးတဲ့

“ဒေါင်းကနေတာ နောက်ဖက်က ကြည့်ရင်အရုပ်အတော်ဆိုးတယ်”လို့ပြောဘူးတာကိုပါ။

နောက်တော့ အတူပါလာသူတွေကို အမှတ်တရဓါတ်ပုံရိုက်။

မိုးလေးကလဲ တဖွဲဖွဲကျ။

နောက်ထပ်တနေရာဆက်သွားဘို့ရှိသေးတော့ ကားပေါ်ပြန်တက်။

ကျနော်တို့ခရီးဆက်မယ့်နေရာကတော့ “စွေဟူ”(sui hu)လို့ခေါ်တဲ့တောင်ပေါ်ရေကန်ကြီးဆီကို။

 

 

ကိုပေါက်လမ်းသလားနေသည်

(25-6-2012)

 

 

 

 

 

27 comments

  • ရှမ်းပြည်သား (တောင်ပိုင်း)

    June 27, 2012 at 9:15 am

    လေးပေါက်ရေ…..
    အပေါ်ဆုံးကပုံကိုကြိုက်တယ်ဗျာ…..
    စကားမစပ်ဗမာနာရီနဲ့တရုတ်နာရီကအချိန်တကယ်ပဲတစ်နာရီခွဲလောက်ကွာတာလားဗျ……
    ရွှေလီတို့ကြယ်ခေါင်တို့ကကျွန်တော်တို့နဲ့သိပ်မဝေးဘူးမလား…….

  • ဘိုရှမ်းရေ
    အတိအကျပြောမယ်ဆိုရင ်ရွှေလီ ကျယ်ဂေါင် မူဆယ်ကပ်နေတော့ သူတို့သုံးယောက်အချိန်က အတူတူ
    တစ်နာရီခွဲကွာတာ အတိအကျက ရန်ကုန်နဲ့ ပီကင်းခေါ်ပေ့ကျင်း ပါ

    • ရှမ်းပြည်သား (တောင်ပိုင်း)

      June 27, 2012 at 9:44 am

      အဲဂလိုနေမှာပါနော့်…..

  • မောင်ပေ

    June 27, 2012 at 9:25 am

    ဘုရားမှာရေးထားတဲ့ မြန်ာစာအပေါ်ကစာက ဘာ ဘာသာလဲဗျ။

    • ရှမ်းပြည်သား (တောင်ပိုင်း)

      June 27, 2012 at 9:42 am

      ယိုးဒယားစာယိုးဒယားစာ…..ဦးပေကြီးရေ…….

      • ညလေး

        June 27, 2012 at 10:29 am

        ကိုရှမ်းကြီးရယ်……ရှမ်းတိုင်းရင်းသားဖြစ်ပြီးတော့…ကိုယ့်စာကိုတောင်သိဝူးလားတော့်……
        အဲ.ဒါက…..ပဲပင်ပေါက်ရှမ်းစာလို.ခေါ်တယ်…..

    • ညလေး

      June 27, 2012 at 10:25 am

      ဦးပေရယ်….တရုတ်ပြည်ဘတ်ကသုံးတဲ….ရှမ်းစာ…တစ်မျိုးပါရှင်…….

      • မောင်ပေ

        June 27, 2012 at 10:52 am

        အဖြေပေးတဲ့ညလေး နဲ ့ကိုရှမ်းကြီးတို ့ကို ဂျစ်မိသွားပြီဗျာ ဟီဟိ

  • Ma Ei

    June 27, 2012 at 9:35 am

    ကိုပေါက်ရေ…
    အဲ့ဒီ ဘုရားလည်း ကျမတို့ဆီက ကောင်းမှုတော်ဘုရားကြီးလို
    အရင်က အဖြူရောင်ထုံးသင်္ဃန်းကနေ ရွှေရောင်ပြောင်းသွားပြီကိုး…

  • Mလုလင်

    June 27, 2012 at 10:07 am

    ဦးပေါက် ကင်မရာ က ၄ ပုံမြောက် က ပုံအတွက် Function ပါ ပြီးသားလားဗျ ….. မိုက်ဒလယ်ဗျာ။

  • မွန်မွန်

    June 27, 2012 at 10:21 am

    လေးပေါက်ရေ…အရင်ကလို နံပါတ်လေးတွေနဲ့ စာလေးတွေမပါတော့ ကြည့်ရတာ တစ်မျိုးဖြစ်နေတယ်…ဖြစ်နိုင်ရင် ပြန်ထည့်ပေးပါဦးနော်…
    စိန်ပန်းနဲ့ စေတီကို အရမ်းသဘောကျပါတယ်…နံပါတ်ငါး ပုံကိုလည်း အရမ်းကြိုက်တယ်…

  • mamanoyar

    June 27, 2012 at 10:38 am

    ဒုတိယပုံနဲ့ တတိယပုံက နည်းနည်းဝါးသလိုပဲ
    ကျန်တာကတော့ ကြည့်ရတာအဆင်ပြေပါတယ်ရှင်
    အခုလိုတင်ပေးတာ ကျေးဇူးတင်ပါတယ်

  • ညလေး

    June 27, 2012 at 10:47 am

    လေးပေါက်ရယ်ပုံလေးတွေအတွက်ကျေးဇူးတင်ပါတယ်ရှင့်……
    ရွှေမင်းဝံစေတီကို……..ရှမ်းလို……..“ကောင်းမူးဟိုမောဝ်”လို.ခေါ်ကြပါတယ်……
    မောရှမ်းတို.ရဲ.အခေါ်အဝေါ်လေးပါ….
    ဘုရားဖူးရင်း….
    ကံကော်ပန်းလေးခူးသွားပါတယ်လေးပေါက်ရယ်…….

  • ဇောက် ထိုး

    June 27, 2012 at 11:38 am

    ဘုရားဖူးပို့ပေးတဲ့ … ဘုရားတွေကို လိုက်ပြပေးတဲ့ လေးပေါက် နောက်လဲ ပြနိုင်ပါစေ။

  • ဖိုးထောင်

    June 27, 2012 at 12:49 pm

    ခေါင်းစဉ်က ကျေးလက်ဘုရားဖူးသွားခြင်းတဲ့ သစ်ပင်ပုံတွေပါနေတော့ သေချာပေါက် အူးပေါက်တစ်ယောက် ဗုဒ္ဓဘာသာစစ်စစ်ဟုတ်လောက်ဘူး အနော်တို့ရွာထဲက ပို့တစ်ခုကလို သစ်ပင်ကိုးကွယ်မှုတွေရှိနေပုံရတယ် အင်းမဖြစ်ချေဘူး ဒီနှစ်သင်္ကြန်ကျရင် အူးပေါက်ကြီးကို ရွာထဲကလူငယ်တွေစု ကတုံးတုံးပြီး ဘုန်းကြီးဝတ် ပေးရရင်မကောင်းဘူးလား

  • ဟုတ်တယ်လုလင်ရေ ဖန်ရှင်ပါတယ်.။
    သုံးခါစမ်းကြည့်ပြီးပြိ။
    ကျောက်တော်ကြီးတစ်ကြိမ်
    ပင်းဒယတစ်ကြိမ်နဲ့ အခုတစ်ကြိမ်
    ပုံစံတစ်မျိုးနဲ့ထွက်လာတယ်လို့ ခံစားရပါ၏။

  • စတင်ကတည်းက ပုံမှာစာတွေပါတာပျောက်ကုန်လို့ထပ်တင်ပေးလိုက်ပါတယ်။
    ကိုကိုဇောက် အလှုငွေလက်ခံရရှိပါ၏။

  • kyeemite

    June 27, 2012 at 3:49 pm

    တရုတ်ကြီး ကောက်ပို က တရုပ်ပြည်အလည်ပြန်နေတာကိုး..
    ပုံတွေထဲသတိပြုမိတာတော့..သန့်ရှင်းမှု့ဘဲဗျို့…
    ပထမဆုံးလမ်းမကြီးပုံမှာ ပိုသိသာတယ်…ဒေါ်အီးတုံးဆုံးမထားသလို
    အတုယူကြပါကွယ်တို့ရယ်..

  • Khaing Khaing

    June 27, 2012 at 5:15 pm

    လေးပေါက်တို့ကတော့ သွားလည်းသွားနိုင်ပ ရိုက်လည်းရိုက်နိုင်ပ ……… ဘဝရဲ့လွတ်လပ်ခြင်းအရသာ ပါပဲ …….. အနှောင်အဖွဲ့နည်းတော့ပိုကောင်းတာပေ့ါ ……….

  • ဟုတ်လား မောင်ဂီဒေါင်းတော့ ကျနော်မကြည့်ရသေးဘူး။
    ဒေါင်းကတာလိုချင်တယ်ဆိုမှ ဒီဒေါင်းကလျှောက်ပြေးနေတာ

  • surmi

    June 28, 2012 at 1:10 am

    အမြင်လည်းဆန်းတယ်
    အသွင်လည်းဆန်းတယ်
    တင်ပြပုံကလည်းညက်ညောတော.
    ဘောပွဲဘေးချိတ်ပြီး ပုံတွေကြည်.နေမိတော.တာပဲ ။

  • မွန်မွန်

    June 28, 2012 at 11:06 am

    ဒုတိယအကြိမ်အနေနဲ့ ပုံနဲ့စာကို တွဲပြီး ထပ်မံခံစားသွားပါကြောင်း….

  • snow white

    July 5, 2012 at 7:11 pm

    ပုံလေးတွေကြည့်ရတာအရမ်းကောင်းပါတယ် ဒါပေမယ့်ဒေါင်း က ဘယ်ကဘယ်လိုရောက်လာတာလည်း ဟင်..

Leave a Reply